သတင်းများ
အလုပ်သမားများ၏ တိုက်ခိုက်မူ့ ခံရပြီးနောက် အထည်ချုပ် စက်ရုံ ပိတ်သိမ်း
ပြီးခဲ့သည့် အပတ်အတွင်း သပိတ်မှောက် လုပ်သားများ တိုက်ခိုက် ခဲ့သော ရန်ကုန်မြို့ရှိ တရုတ်ပိုင် Hangzhou Hundred Tex အထည်ချုပ်စက်ရုံ မှာ မတော်တဆ မူအတွင်း ထိခိုက်ပျက်ဆီး ခဲ့သည့် ပစ္စည်းကိရိယာ များနှင့် ပရိဘောဂ များအား ပြန်လည် ပြုပြင်ရန် ယာယီ ပိတ်သိမ်း ထားမည်ဖြစ်ကြောင်း စက်ရုံ တာဝန်ရှိသူများက ယမန်နေ့က ပြောကြားသည်။Keep reading (English) ...
MICS လုပ်သားများ သူတို့ ၏ အခွင့်အရေးအတွက် တောင်းဆို
မြန်မာနိုင်ငံ စက်မူလက်မူနှင့် ဝန်ဆောင်မူ လုပ်ငန်းပေါင်းစုံ သမဂ္ဂ အဖွဲ့ချုပ် (MICS) မှ အလုပ်သမား ၃၀၀ ခန့်မှာ အစိုးရမှ ယင်းတို့၏ တောင်းဆိုမူများအား နားထောင်ပေးရန် ယမန်နေ့က လမ်းများပိတ်ဆို့ကာ တိုက်တွန်းခဲ့သည်။ Keep reading (English) ...
မြန်မာနိုင်ငံ အနေဖြင့် ရာသီဥတု ပြောင်းလဲလာမူ အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများ ပြော
ရေသယံဇာတ အရင်းအမြစ်များ ကြွယ်ဝသော မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲခြင်း နှင့် လူဦးရေ တိုးတက်လာမူ ၏ ခြိမ်းခြောက်ခြင်း နှင့် အတူ အနာဂတ်တွင် ရေ အရင်းအမြစ်များ ဖူလုံစေရန် သင့်လျော်သည့် အစီအမံများ ထားရှိရန် လိုအပ်ကြောင်း ပညာရှင်များက ပြောကြားထားသည်။Keep reading (English) ...
ဂျပန် နိုင်ငံထုတ် စိုက်ပျိုးရေး စက်ပစ္စည်းများ အထူးစီးပွားရေးဇုံသို့ တင်သွင်းသွားမည်
သီလဝါ အထူးစီးပွားရေးဇုန် ရှိ စိုက်ပျိုးရေး စက်ပစ္စည်းများ ထုတ်လုပ်သူ ယန်မာ မြန်မာ ကုမ္ပဏီ မှ မြန်မာနိုင်ငံတွင် စက်ပစ္စည်းများအား ထုတ်လုပ်ခြင်း ပြုလိမ့်မည် မဟုတ်သော်လည်း တင်သွင်း ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ၏ မန်နေဂျင်း ဒါရိုက်တာ Takesi Terada က မြန်မာတိုင်းမ် သို့ ပြောသည်။Keep reading (English) ...
အနိမ့်ဆုံး လုပ်ခလစာ ကော်မတီ ပြန်လည် ဖွဲ့စည်း
မြန်မာနိုင်ငံ အနေဖြင့် တိုင်းပြည်အတွင်း လုပ်အားလာစာ တိုးတက်လာစေရန် အမျိုးသား အနိမ့်ဆုံး လုပ်ခလစာ ကော်မတီအား ပြန်လည်ဖွဲ့စည်း ခဲ့သည်။ ပြီးခဲ့သည့် အပတ်အတွင်း ဖွဲ့စည်းခဲ့သည့် အဆိုပါ ကော်မတီတွင် ဘဏ္ဍာရေး ကျွမ်းကျင်သူများ၊ ဝန်ကြီးဌာနများနှင့် အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။Keep reading (English) ...
ကျွမ်းကျင်လုပ်သား ရှားပါးမူ ပြဿနာ ကြုံတွေ့နေရဆဲ ဖြစ်
မြန်မာနိုင်ငံ သည် နှီးမြှပ်နှံမူများ ပိုမိုဝင်ရောက်ရန် ဆွဲဆောင်မူများ ရှိသကဲ့သို့ တိုင်းပြည် အနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်း၊ ခရီးသွား လုပ်ငန်း နှင့် ကုန်ထုတ်လုပ်မူ လုပ်ငန်း ကဏ္ဍများအတွက် ကျွမ်းကျင်လုပ်သား ရရှိရန် ရုန်းကန်နေရ သည်။Keep reading (English) ...
အခြေအတင် ဖြစ်ခဲ့သော ရန်ကုန်မြို့ တိုးချဲ့ရေး အစီအစဉ် ပြန်လည် စတင်
ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ကြည့်မြင့်တိုင် မြို့နယ်တွင် ရန်ကုန် မြို့သစ် စီမံကိန်း တစ်ခုစတင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သော်လည်း ရန်ကုန်အနောက်တောင်ပိုင်း မြို့သစ် စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီများအား အစီအစဉ် သစ်နှစ် ပတ်သတ်ပြီး အကြောင်းကြားထားခြင်း မရှိကြောင်း သိရသည်။Keep reading (English) ...
ပို့ကုန်များအား သတ်မှတ်ထားသည့် ကုန်သွယ်မူ ပမာဏ သို့ ရောက်ရန် ဦးစားပေး ဆောင်ရွက်မည်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တရားဝင် စာရင်းဇယားများအရ ယခုနှစ် ဘဏ္ဍာနှစ် ဇန်နဝါရီ လကုန်အထိ ကုန်သွယ်မူ ပမာဏမှာ အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံ အထိရှိခဲ့ကြောင်း သိရသည်။ ဝန်ကြီး ဌာနမှ ကုန်သွယ်မူ ပမာဏအား အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိ သတ်မှတ်ခဲ့ရာ လာမည့် နှစ်လ ကျော်အတွင်း သတ်မှတ်ထားသည့် ပမာဏ သို့ ရောက်ရှိရန် ဆက်လက် ကြိုးစား သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက် အတွင်းရေးမူး ဦးခင်မောင်လွင် က ပြောသည်။Keep reading ...
ဧရာဝတီ မြစ်တစ်လျှောက် ကျက်စားနေသည့် ငှက်များ လျော့ကျမည့် အန္တရယ် ရှိနေ
ဧရာဝတီ မြစ်ကြောင်း တလျောက် ကချင်ပြည်နယ် မြစ်ကြီးနား နှင့် မန္တလေးတိုင်း ဆင်ဘို ဒေသအတွင်းရှိ ရေငှက် မျိုးစိတ် အမျိုးမျိုး၏ အကောင် အရေအတွက်မှာ ကျက်စားရာ နေရာ ဆုံးရှုံးမူများ၊ ရွှေကျင်ခြင်း များကြောင့် ပြီးခဲ့သည့် ၁၄ နှစ်အတွင်း အနည်းဆုံး ကောင်ရေ ထက်ဝက်ခန့် တဖြည်းဖြည်း လျော့ကျခဲ့ကြောင်း စစ်တမ်းတစ်ခု တွင် ဖော်ပြထားသည်။Keep reading (English) ...
ကယားလွှတ်တော် ပြည်နယ် ဘတ်ဂျတ် များ စိစစ်
ကယားပြည်နယ် အစိုးရ မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျတ် ကျပ် ၅၁ ဘီလီယံ အဆိုပြုခဲ့ပြီး အဆိုပါ ဘတ်ဂျတ်များအား ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်ပြီး ကဏ္ဍအားလုံး အပေါ် အညီအမျှ သုံးစွဲသွားမည် ဖြစ်ကြောင်း ကယားပြည်နယ် လွှတ်တော် နာယက ဦးလှထွေး မှ ပြောကြားသည်။Keep reading (English) ...