အထူးစီးပွားရေးဇုန်ဆိုသည်မှာ နိုင်ငံ၏နယ်နိမိတ်အတွင်း သို့မဟုတ် တလျှောက်၌ သီးခြားဥပဒေဖြင့် စီမံအုပ်ချုပ်သော နေရာတစ်ခုဖြစ်ပါသည်။ ကင်း လွတ်ဇုန်များ၊ လုပ်ငန်းမြှင့်တင်ရေးဇုန်များနှင့် လိုအပ်ချက်အရ အခါအား လျော်စွာ သတ်မှတ်သည့် အခြားဇုန်များဟူ၍ အမျိုးအစားကွဲပြားပါသည်။1
သမိုင်းကြောင်း
မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်အယူအဆသည် သီလဝါနှင့် ထားဝယ် အထူးစီးပွားရေးဇုန်များမှ စတင်ပါသည်။ မြန်မာနိုင်ငံ၌ ၎င်းအထူးစီးပွားရေးဇုန်များကို ရင်းနှီးတည်ဆောက်နိုင်/ မနိုင် ဆုံးဖြတ်နိုင်ရေးအတွက် လေ့လာမှုများအား ၁၉၉၀ ခုနှစ်များ အလယ်လောက်ကပင် စတင်ခဲ့ကြပါသည်။2 သို့ရာတွင် ၂၀၁၅ ခုနှစ်အထိ မပြီး နိုင်ဖြစ်ကာ3 ထားဝယ်အထူးစီးပွားရေးဇုန်သည် ရင်းနှီးတည်ဆောက်ဆဲပင် ဖြစ်ပါသည်။4 တတိယဖြစ်သော ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ၂၀၁၃ ခုနှစ်၌ ကြေညာခဲ့ပြီး ၎င်းကိုလည်း လက်ရှိ တည်ဆောက်ဆဲပင် ဖြစ်ပါ သည်။5

ရန်ကုန်တောင်ပိုင်းရှိ သီလဝါစက်မှုဇုန်တွင် ရေနက်ဆိပ်ကမ်းအဖြစ် မြန်မာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း သီလဝါ ပါရှိပါသည်။ Photo by Harry and Rowena Kennedy via Flickr, licensed under CC BY-NC-ND 2.0.
ဥပဒေနှင့် မူဝါဒ
အထူးစီးပွားရေးဇုန်စီမံအုပ်ချုပ်ရေးစည်းမျဉ်းများသည် ရင်းနှီးမြှုပ်နှံသူနှင့် စီးပွားရေးလုပ်ငန်းအတွက် လွယ်ကူစေရန် ရည်ရွယ်ထားကာ နိုင်ငံဥပဒေများနှင့် သိသာစွာ ကွဲပြားနေပါသည်။ မြန်မာနိုင်ငံ၏ ကွဲပြားမှုအချို့မှာ အကောက်ခွန်နှင့် အခြားအခွန်အခများမှ ကင်းလွတ်ခွင့်၊ နိုင်ငံခြားသားများသည် ၁၀၀% ပိုင်ဆိုင်သူများ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများအဖြစ် လုပ်ကိုင်နိုင်ခြင်း တို့ဖြစ်ပါသည်။ သို့သော် ဥပဒေတွင်ချမှတ်ထားသော တည်ဆဲအလုပ်သမားရေးရာ စံနှုန်းများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လိုအပ် ချက်များကို အသုံးပြုဆဲဖြစ်ပါသည်။6 မြန်မာနိုင်ငံရှိ အထူးစီးပွားရေး ဇုန်များကို ဗဟိုချုပ်ကိုင်စနစ်၊ အာဏာဖြန့်ဝေစနစ် နှစ်မျိုးဖြင့် စီမံအုပ်ချုပ်သည်ဖြစ်ရာ မြန်မာအစိုးရသည် အထူးစီးပွားရေးဇုန်တစ်ခုချင်းစီ၏ စီမံခန့်ခွဲမှုကော်မတီများသို့ တာဝန်ဝတ္တရားများအား ဝေမျှထားပါသည်။7 ယင်းကိစ္စသာမက အခြားဥပဒေရေးရာများကို ချမှတ်ထားသော၊ အထူးစီးပွားရေးဇုန်များနှင့်သက်ဆိုင်သည့် ဥပဒေပြုမူဘောင်မှာ ၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ ဖြစ်ပါသည်။ အထူးစီးပွားရေးဇုန်များ နှင့်သက်ဆိုင်သည့် ဥပဒေများကို ပိုမိုသိရှိလိုပါက မြန်မာနိုင်ငံရှိ အထူးစီးပွားရေး ဇုန်များအတွက် ဥပဒေပြု မူဘောင် ဟူသည့် ကျွန်ုပ်တို့၏စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။
အထူးစီးပွားရေးဇုန်များသည် မြန်မာအပါအဝင် မဲခေါင်ဒေသအောက်ပိုင်းရှိနိုင်ငံများအတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒများ၏ အဓိကအပိုင်းဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒ၌ အထူးစီးပွားရေးဇုန်များကို ထည့်သွင်းဖော်ပြကာ အထူးအားပေးခဲ့ပါသည်။8 အထူးစီးပွားရေးဇုန်များ သည် မြန်မာနိုင်ငံတွင် အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အထောက်အကူပြုရန်၊ အလုပ်အကိုင် တိုးတက်စေရန်၊ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန် ဥပဒေက ဖော်ပြထားပါသည်။ 9မြန်မာအထူးစီးပွားရေးဇုန်များတွင် အဓိက ရင်းနှီးမြှုပ်နှံသူများမှာ ဂျပန် (သီလဝါ)၊ ထိုင်း (ထားဝယ်) နှင့် တရုတ် (ကျောက်ဖြူ) တို့ ဖြစ်ကြပါသည်။

ထားဝယ်အထူးစီးပွားရေးဇုန်သည် မြေပုံတွင် ဖော်ပြထားသည့်အတိုင်း တနင်္သာရီ တိုင်းဒေသကြီး၌ တည်ရှိပါမည်။ သီလဝါအထူးစီးပွားရေးဇုန်ကဲ့သို့ပင် ရေနက်ဆိပ်ကမ်း ပါရှိပါမည်။ Image via Wikimedia, licensed under CC BY-SA 3.0.
အကျိုးကျေးဇူးများနှင့် သက်ရောက်မှုများ
ကောင်းမွန်စွာပုံစံရေးဆွဲပြီး ထိန်းချုပ်ပါက အထူးစီးပွားရေးဇုန်များသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် သယ်ဆောင်လာရန်၊ ပိုမိုကောင်း မွန်သော မူဝါဒပြုပြင်ပြောင်းလဲရေးကို အားပေးရန်၊ ပြည်တွင်းစက်မှုလုပ် ငန်းများကို တိုးမြှင့်ရန် ဆောင်ရွက်ပေးနိုင်သောကိရိယာအဖြစ် အေဒီဘီကဲ့သို့ ဘက်ပေါင်းစုံဖွံ့ဖြိုးရေးဘဏ်များက ယူဆကြပါသည်။10 ထူထောင်ထားသော အထူးစီးပွားရေးဇုန် ၃ ခုအနက် သီလဝါတစ်ခုသာလျှင် လည် ပတ်လျက်ရှိသောကြောင့် မြန်မာနိုင်ငံ၌ ဤအကျိုးကျေးဇူးများကို သိမြင်နိုင်ရေးမှာ လိုပါသေးသည်။
ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနည်းလမ်းတစ်ခုအနေဖြင့် ထောက်ခံပေးထားသော်လည်း ဖြစ်နိုင်သောအကျိုးကျေးဇူးများကို အားလုံးမြင်ရမည်မဟုတ်ပါ။ အရှေ့တောင်အာရှရှိ အထူးစီးပွားရေးဇုန်များသည် စီမံမှုညံ့ဖျင်းသောကြောင့် ၎င်းတို့တည်ရှိရာ နိုင်ငံစီးပွားရေးနှင့် ဆက်စပ်မှုနည်းသည့် နယ်မြေများ ဖြစ်လာခဲ့ပါသည်။11 ဥပမာအားဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်သို့ လမ်းပန်းဆက်သွယ်မှုစနစ် မကောင်းခဲ့လျှင်12 ယင်းသို့သွားရန် စီစဉ်ထားသော လမ်းများအပေါ် သက်ရောက်မှုရှိနိုင်ပြီး ၎င်းမှတစ်ဆင့် သတင်းအချက်အလက် လုံလောက်စွာ မရရှိနိုင်မှု၊ အသက်မွေးမှုအပေါ် သက်ရောက်မှုများနှင့် မြေသိမ်းယူမှုများကြောင့် ဒေသခံလူထုအပေါ် သက်ရောက်နိုင်ပါသည်။13
ထို့အပြင် ပတ်ဝန်းကျင်ဆိုင်ရာနှင့် အလုပ်သမားရေးရာဥပဒေများကို လိုက်နာရန် အထူးစီးပွားရေးဇုန်ဥပဒေက ဖော်ပြထားသော်လည်း Earthrights International ကဲ့သို့ အစိုးရမဟုတ်သော အဖွဲ့အစည်းများက ထားဝယ်အထူးစီးပွားရေးဇုန်၌ ချိုးဖောက်မှုများရှိနေကြောင်းကို အစီရင်ခံတင်ပြပါသည်။14 အခြားလူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်နိုင်မှုများလည်းရှိနေကြောင်း ဝေဖန်သူများက ထောက်ပြကြပါသည်။15
References
- 1. ပြည်ထောင်စုလွှတ်တော်၊ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ၊၂၀၁၄ ခုနှစ်၊ စာမျက်နှာ ၁၆၊ ဇွန် ၁၃၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
- 2. Thame, Charlie. ၂၀၁၇ ခုနှစ်၊ အထူးစီးပွားရေးဇုန်များနှင့် မဲခေါင်ဒေသထံမှ အကျိုးအမြတ်ရယူခြင်း။ ဇွန် ၂၄၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
- 3. သီလဝါအထူးစီးပွားရေးဇုန်။ ဇွန် ၂၄၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
- 4. ထားဝယ်အထူးစီးပွားရေးဇုန်။ ဇွန် ၂၄၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
- 5. ကျောက်ဖြူအထူးစီးပွားရေးဇုန်။ ဇွန် ၂၄၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
- 6. ပြည်ထောင်စုလွှတ်တော်၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ၊ ၂၀၁၄ ခုနှစ်။ ဇွန် ၁၃၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
- 7. Ibid.
- 8. မြန်မာရင်းနှီးမြှုပ်နှံမှုကော်မတီ။ ၂၀၁၆ ခုနှစ်။ ရင်းနှီးမြှုပ်နှံမှု မူဝါဒ။ ဇွန် ၂၄၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
- 9. ပြည်ထောင်စုလွှတ်တော်။ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ၊ ၂၀၁၄ ခုနှစ်။ စာမျက်နှာ ၄၊ ၅။ ဇွန် ၁၃၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
- 10. အေဒီဘီ။ ၂၀၁၅ ခုနှစ်။ အာရှ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီရင်ခံစာ ၂၀၁၅ ခုနှစ် – အထူးစီးပွားရေးဇုန်များက စီးပွားရေးဖွံ့ဖြိုးမှုကို မည်ကဲ့သို့ ထောက်ကူနိုင်သနည်း။ ဇွန် ၂၄၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
- 11. Ibid.
- 12. Chau, Thomson. ၂၀၁၈ ခုနှစ်။ သီလဝါ၏ပို့ဆောင်ဆက်သွယ်ရေးအိမ်မက်ဆိုးကို ဖြေရှင်းပေးမည့် တံတားအသစ်။ ဇွန် ၂၄၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
- 13. ထားဝယ်ဖွံ့ဖြိုးမှုအသင်း။ ၂၀၁၄ ခုနှစ်။ မြေပြင်မှအသံများ – ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများအပေါ် စိုးရိမ်ပူပန်မှုများ. ဇွန် ၂၄၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။ The Mekong Butterfly. ၂၀၁၈ ခုနှစ်။လမ်းပန်းဆက်သွယ်မှုအပေါ် လူထုအသံများ – တစ်လမ်းသာအကျိုးရှိမည့် နှစ်လမ်းသွားလမ်းမ။ ဇွန် ၂၄၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
- 14. Earthrights International. ထားဝယ်အထူးစီးပွားရေးဇုန်။ ဇွန် ၂၄၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
- 15. နိုင်ငံတကာဥပဒေပညာရှင်များကော်မရှင်။ ၂၀၁၇ ခုနှစ်။ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် လူ့အခွင့်အရေးကို ကာကွယ်ရန် နိုင်ငံတော်၏တာဝန်။ ဇွန် ၂၄၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။