နိုင်ငံသားသုတေသနပညာရှင်များ ခေါ်ယူခြင်း

Global Data Barometer – Asia Region အတွက် နိုင်ငံသားသုတေသနပညာရှင်များ ခေါ်ယူခြင်း

Open Data for Development Asia Hub (D4DAsia) သည် အောက်ပါ (၁၄) နိုင်ငံအတွက် လွတ်လပ်သော၊ နိုင်ငံ့ကိုယ်စားပြုအဆင့်  သုတေသနပညာရှင်များကို ရှာဖွေလျက်ရှိသည်။

အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ လာအိုပြည်သူ့ဒီမိုကရက်တစ်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်ဝမ် နှင့် ဂျပန်။

ရွေးချယ်ခံရသော သုတေသနပညာရှင်များသည် Global Data Barometer (2020-2021)  ပထမဆုံးထုတ်ဝေရန် အတွက် နိုင်ငံသားသုတေသနပညာရှင်များအဖြစ် ဆောင်ရွက်ကြရမည်။ D4DAsia သည်  Global Data Barometer  စီမံကိန်းအတွက် ဒေသဆိုင်ရာ ဗဟိုချက်တစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပြီး အာရှဒေသရှိ အောက်ပါနိုင်ငံများဖြစ်သော မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ လာအိုပြည်သူ့ဒီမိုကရက်တစ်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ထိုင်ဝမ် နှင့် ဂျပန်နိုင်ငံ တို့အတွက် တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်သည်။  ဤလျှောက်လွှာခေါ်ယူမှုသည် အထက်ဖော်ပြပါ (၁၄)နိုင်ငံမှ သုတေသနပညာရှင်များ တစ်ဦးချင်းသာမက လွတ်လပ်သော အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် သုတေသနအဖွဲ့အစည်းများ အတွက်ပါ ပွင်းလင်းမြင်သာစွာ ခေါ်ယူခြင်းဖြစ်သည်။

Global Data Barometer သည် Open Data Barometer ၏ အခြေခံအုတ်မြစ်အပေါ် မူတည်၍ အများပြည်သူအကျိုးအတွက် အချက်အလက်အသစ်များကိုလေ့လာနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။  ဤနေရာ တွင် Global Data Barometer စီမံကိန်းအကြောင်း ပိုမိုလေ့လာသိရှိနိုင်သည်။ Global Data Barometer ၏ ရှေ့ပြေးထုတ်ဝေမှုအတွက် အဓိကရန်ပုံငွေကို ကနေဒါနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အချက်အလက် လုပ်ငန်းအစီအစဉ် Data for Development ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ထောက်ပံ့ငွေပေးခြင်း (၁၀၉၅၁၇-၀၀၁) အရ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုသုတေသန ဗဟိုဌာန International Development Research Center မှ ရရှိထားသည်။

တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ အလားအလာရှိသော သုတေသနပညာရှင်များသည် အောက်ပါနယ်ပယ်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောနယ်ပယ်များ၌ အတွေ့အကြုံရှိထားသင့်သည် -ပွင့်လင်းအချက်အလက်များ၊ အစိုးရဆိုင်ရာ ပွင့်လင်းအချက်အလက်များ၊  အများပြည်သူအကျိုးအတွက် အချက်အလက်များ၊ ပြည်သူ့ဝန်ဆောင်မှုပေးခြင်းအား စောင့်ကြည့်လေ့လာ သို့မဟုတ် အကဲဖြတ်ရာတွင် အချက်အလက်များကို အသုံးပြုခြင်း၊ အချက်အလက်များအား အသုံးပြုခြင်းဆိုင်ရာ လေ့ကျင့်သင်ကြားပေးခြင်း သို့မဟုတ် စွမ်းရည်မြှင့်တင်ပေးခြင်း၊ လူမှုဆိုင်ရာတန်ဖိုးရှိသော အက်ပလီကေးရှင်းများအား ဖန်တီးရန်  အချက်အလက်များကို အသုံးပြုခြင်း၊ သို့မဟုတ်  အစိုးရများ၊ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍများ၊ ဖွံ့ဖြိုးရေးဆောင်ရွက်သူအဖွဲ့အစည်းများ၊ သို့မဟုတ် စုံစမ်းစစ်ဆေးရေး စာနယ်ဇင်းသမားများ အကြား အချက်အလက်များအသုံးပြုမှုကို မြှင့်တင်ခြင်း။

ရွေးချယ်ခံရသူ သုတေသနပညာရှင်သည် သက်ဆိုင်ရာနိုင်ငံ၏ မူဝါဒများ၊ အလေ့အကျင့်များ၊ အချက်အလက် စာရင်းများနှင့်  အုပ်ချုပ်ရေး၊ စွမ်းဆောင်နိုင်မှု၊ အချက်အလက်ရရှိနိုင်မှု၊ အချက်အလက်အသုံးပြုမှုတို့နှင့် သက်ဆိုင်သည့် သုတေသနကို  အသေးစိတ် ကျွမ်းကျင်စွာလေ့လာ၍ စစ်တမ်းတစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ရန် တာဝန်ရှိသည်။ သုတေသန ပညာရှင်များသည် စစ်တမ်းအပေါ် သုံးသပ်သူများ၏ တုံ့ပြန်ချက်များအား ပြန်လည်ဖြေရှင်းပြကာ ၎င်းဖြေရှင်းချက်များကို သင့်လျော်သလို ပြင်ဆင်မွမ်းမံရမည်။ ဖြေရှင်းချက်များအား ရွေးချယ်ခံရသူ သုတေသနပညာရှင်အချင်းချင်းက ပြန်လည်သုံးသပ်မည်။

လျှောက်ထားသူများသည် အစိုးရ/ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ဆက်နွယ်မှုမရှိဘဲ ၎င်းတို့၏ လွတ်လပ်စွာ ဆောင်ရွက်သည့်လုပ်ငန်းများကြောင့် မိမိတို့၏ သက်ဆိုင်ရာနိုင်ငံတွင် လူသိများ၍ ယုံကြည်ရသူများ ဖြစ်ရမည်။

အခြား လိုအပ်သောအရည်အချင်းများ

နိုင်ငံသားသုတေသနပညာရှင်များသည် – 

  • အင်္ဂလိပ်စာအရေးအသားနှင့် နားလည်မှုစွမ်းရည် မြင့်မားရမည်။
  • ၎င်းတို့သုတေသနပြုစုနေသော နိုင်ငံ၏ အဓိက အုပ်ချုပ်ရေးဆိုင်ရာဘာသာစကား တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ကျွမ်းကျင်စွာပြောဆိုနိုင်ရမည်။
  • မကြာသေးမီကပြဌာန်းထားသော မူဝါဒဖော်ထုတ်မှုအကြောင်းအပါအဝင် ၎င်းတို့ သုတေသနပြုစုနေသော နိုင်ငံ၏အကြောင်းကို နက်နက်နဲနဲ သိရှိထားရမည်။
  • အချက်အလက်များကို ကာကွယ်ခြင်း၊ အချက်အလက်မူဝါဒ၊ ပွင့်လင်းအချက်အလက်များနှင့် အချက်အလက်များကိုမျှဝေခြင်း အကြောင်းတို့အား သိရှိနားလည်ထား၍ ၎င်းတို့နှင့် သက်ဆိုင်သည့် ဗဟုသုတ ရှိထားရမည်။
  • သက်ဆိုင်ရာအချက်အလက်များရယူနိုင်ရန် အဆက်အသွယ်များနှင့်  ချိတ်ဆက်ရမည့် ကွန်ယက်များ ရှိထားရမည်။

သက်ဆိုင်ရာနိုင်ငံအသီးသီးမှ သုတေသနပညာရှင်များသည် –

  • အစိုးရအရာရှိ သို့မဟုတ် အစိုးရဝန်ထမ်း၊ သို့မဟုတ် အစိုးရထံမှ ဝင်ငွေအမြောက်အများ ရရှိထားသော စာချုပ်ချုပ်ဆိုထားသူ မဖြစ်စေရ။
  • ဘက်လိုက်မှုမရှိသောဆန်းစစ်မှုများ ပြုလုပ်နိုင်ရန်  ၎င်းတို့၏စွမ်းရည်ကို ထိခိုက်စေမည့် မည်သည့် အကျိုးစီးပွားဆိုင်ရာပဋိပက္ခများ မရှိစေရ။

လုပ်ငန်းတာဝန်များတွင် အောက်ပါတို့ ပါဝင်သည် –

  • သုတေသနလက်စွဲစာအုပ်ကို ဖတ်ရှုရန်။
  • အွန်လိုင်းမှ သုတေသနပညာရှင်များအတွက် ဖွင့်လှစ်သော သင်တန်းများတွင် ပါဝင်တက်ရောက်ရန်။
  • မေးခွန်းတစ်ခုစီနှင့်သက်ဆိုင်သည့် သက်သေအထောက်အထားများကို ရှာဖွေရေးအတွက် ရှိပြီးသား အချက်အလက်များကို ပထမဦးစွာ ရှာဖွေစုဆောင်းရန်။
  • အထောက်အထားများကို ဆန်းစစ်ခြင်းနှင့် အမှတ်ပေးသည့် စကေး သို့မဟုတ် (Yes/no) ဖြင့် မေးသော ဆန်းစစ်မှုမေးခွန်းများကို တုန့်ပြန်ခြင်းအတွက် သုတေသနလက်စွဲစာအုပ်မှ လမ်းညွှန်ချက်များကို အသုံးပြုရန်။
  • အသုံးပြုထားသည့် အရင်းအမြစ်များကိုပါ စာရင်းပြုစုလျက် အကဲဖြတ်ချက်များအား ရှင်းလင်းသော အင်္ဂလိပ်ဘာသာဖြင့် ကျိုးကြောင်းဆီလျော်စွာ ရေးသားရန်။
  • ပြီးပြည့်စုံသည့် စစ်တမ်းကို တာဝန်ခွဲဝေပေးပြီး (၆)ပတ်အတွင်း တင်ပြရန်။
  • ပြန်လည်သုံးသပ်သူ၏ မှတ်ချက်များကို ချက်ချင်းတုံ့ပြန်ရန်။

ဤလုပ်ငန်းစဉ်တွင် ရှိပြီးသားအချက်အလက်များ ရှာဖွေစုဆောင်းခြင်း ပါဝင်ပြီး အဓိကသတင်းပေးသူများနှင့် တွေ့ဆုံမေးမြန်းခြင်းလည်း ပါဝင်သည်။ ၂၀၂၁ခုနှစ်၊ မတ်လမှ ဇွန်လအတွင်းမှ   တစ်လခွဲတာကာလအနက် (သီးခြားသတ်မှတ်ထားသော နိုင်ငံနှင့် သုတေသနပညာရှင်၏ အတွေ့အကြုံအပေါ် မူတည်၍) ရက်ပေါင်း ၂၀ အထိ သုတေသနလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ထားပါသည်။ သုတေသနပညာရှင်များသည် ၂၀၂၁ ခုနှစ်၊ ဇွန်လ နောက်ပိုင်းတွင် ကျင်းပမည်ဟု ခန့်မှန်းထားသည့် ဒေသတွင်းဖြန့်ဝေရေးလှုပ်ရှားမှုများတွင် ပါဝင်ရန် ဖိတ်ကြားခြင်းကို ခံရနိုင်သည်။ ဤပါဝင်ဆောင်ရွက်ခြင်းသည် ဒေသဆိုင်ရာ အစီရင်ခံစာ အတွက် နိုင်ငံအကြောင်းအကျဉ်းချုပ်ကို ရေးသားခြင်း သို့မဟုတ် ဒေသတွင်း ဖြန့်ဝေရေး လှုပ်ရှားမှု webinar များတွင် ပါဝင်ဆွေးနွေးခြင်းတို့ ဖြစ်နိုင်သည်။

လျှောက်ထားသူများသည် အောက်ပါအသေးစိတ်အချက်အလက်များပါသည့် Cover letter နှင့် CV တစ်စောင်ကို recruitment@opendevmekong.net သို့ email ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် နောက်ဆုံးထား၍ ပေးပို့ရမည်။ တွေ့ဆုံမေးမြန်းခြင်း အဆင့်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၈ ရက်အတွင်း ဆောင်ရွက်မည်။ လျှောက်ထားသူများထဲမှ ဆန်ခါတင်ရွေးချယ်ခံရသူများကိုသာ ဆက်သွယ်မည်ဖြစ်သည်။

+++++++++++++++

အသေးစိတ်အချက်အလက်များ –

  • အမည် –
  • ဆက်သွယ်ရန်လိပ်စာ –
  • လက်ရှိအလုပ်အကိုင် –

[ ] ကျွန်ုပ်သည် အောက်ပါ နိုင်ငံအတွက် နိုင်ငံ့ကိုယ်စားပြု သုတေသနပညာရှင်တစ်ဦးအဖြစ် စိတ်ဝင်စားပါသည်။

[ ] ကျွန်ုပ်သည် ကျွန်ုပ်အား ဤနိုင်ငံမှ အလုပ်ခန့်ထားခြင်း သို့မဟုတ် ဤနိုင်ငံအစိုးရမှ ငွေကြေး ထောက်ပံ့ထားခြင်း မရှိကြောင်း အတည်ပြုပြီး လွတ်လပ်သောသုတေသနပညာရှင်ဖြစ်ခြင်းအား တားဆီးမည့် မည်သည့် အကျိုးစီးပွားပဋိပက္ခမျိုးမှ ကျွန်ုပ်ထံတွင် မရှိပေ။

  • သင်သည် ဤနိုင်ငံအတွင်း အချက်အလက်ဆိုင်ရာကိစ္စရပ်များနှင့် မည်သို့ဆက်နွယ်မှုရှိကြောင်းနှင့် ဗဟုသုတ ရှိကြောင်းကို အကျဉ်းချုပ်ရေးသားပါ။

ဥပမာ- သင် ဤနိုင်ငံတွင် နေထိုင်ပါသလား။ ဤနိုင်ငံတွင် အဓိကသုံးနှုန်းနေသောဘာစကားကို သင်ကျွမ်းကျင်မှုရှိ ပါ သလား။ ဤနိုင်ငံ၏ အချက်အလက်မူဝါဒဆိုင်ရာ ကိစ္စရပ်များနှင့် သင် မည်သို့ချိတ်ဆက်ထားပါသလဲ။

  • အောက်ဖော်ပြပါ အကြောင်းအရာများနှင့်ပတ်သက်၍ သင်လေ့လာသိရှိသမျှကို ဖော်ပြပေးပါ။
  No knowledge ←—–——-→ Expert
  • အချက်အလက်ဆိုင်ရာ စီမံအုပ်ချုပ်မှု
  • အချက်အလက်ဆိုင်ရာ တတ်မြောက်မှု
  • ပွင့်လင်းအချက်အလက်များ
  • အချက်အလက်များ မျှဝေခြင်း
  • ဉာဏ်တု/ စက်ဖြင့် သင်ယူခြင်း
  • ဥပဒေပြုခြင်းနှင့် မူဝါဒ
  • နည်းပညာဆိုင်ရာစံချိန်စံညွှန်းများ
  • အချက်အလက်များ လိုင်စင်ထုတ်ပေးခြင်း
  • အရည်အသွေးဆိုင်ရာ သုတေသန
 
  • သင်၏ အခြားသက်ဆိုင်ရာအရည်အချင်းများကို အကျဉ်းချုပ်ဖော်ပြပေးပါ။ ဥပမာ- အမြင့်ဆုံးဘွဲ့ သို့မဟုတ် သင်တန်း နှင့်/သို့မဟုတ် ယခင်ပြုစုခဲ့ဖူးသော သုတေသနအတွေ့အကြုံများ။ 
  • အဖွဲ့အစည်းတစ်ခုအနေဖြင့် လျှောက်ထားပါက ဤပေးအပ်မည့်တာဝန်သည် အဖွဲ့အစည်း၏ မဟာဗျူဟာ၊ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် မည်သို့ဆက်စပ်မှုရှိနိုင်ကြောင်း အကျဉ်းချုပ်ဖော်ပြပေးပါ။ 
  • ဂုဏ်ပြုချီးမြှင့်ငွေ

ကျွန်ုပ်တို့၏ လက်ရှိဘတ်ဂျက်အရ သုတေသနပညာရှင်များ၏ ၁၀ ရက်မှ ရက်၂၀ အတွင်း ကြိုးပမ်းအားထုတ်မှုအတွက် ခန့်မှန်းခြေအားဖြင့် အမေရိကန် ဒေါ်လာ ၁၇၀၀ ခန့်ကို ချီးမြှင့်မည် ဖြစ်သည်။

  • ကျွန်ုပ်တို့သည် အောက်ပါအချက်တို့အား နားလည်သိရှိထားသည်။ 
    • အချို့သော ပုဂ္ဂိုလ်များ/ အဖွဲ့အစည်းများသည် ၎င်းတို့ လက်ရှိအလုပ်အကိုင်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သုတေသနလုပ်ငန်းကို ပြုလုပ်နိုင်မည်ဖြစ်ပြီး ဤချီးမြှင့်ငွေကို မလိုအပ်ပါ သို့မဟုတ် တင်ပြတောင်းဆိုမည် မဟုတ်ပါ။ 
    • အချို့သော ပုဂ္ဂိုလ်များ/ အဖွဲ့အစည်းများသည် ၎င်းတို့ဘဏ္ဍာရေးအခြေအနေကြောင့် ဤချီးမြှင့်ငွေအား ထပ်မံဖြည့်ဆည်းပေးခြင်းမရှိပါက ၎င်းတို့သည် သုတေသနပညာရှင်များအဖြစ် ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ 
  • သုတေသနပညာရှင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရပါက –

[ ] ကျွန်ုပ်/ ကျွန်ုပ်တို့သည် ဒေါ်လာ ၁၅၀၀ ချီးမြှင့်ခြင်းငွေကို တင်ပြတောင်းခံသွားမည် မဟုတ်ပေ။

[ ] ကျွန်ုပ်/ ကျွန်ုပ်တို့သည် ဒေါ်လာ ၁၅၀၀ ချီးမြှင့်ငွေကို တင်ပြတောင်းခံသွားပါမည်။

Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

h6dkV
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!