လယ်ယာစိုက်ပျိုးရေးနှင့် ငါးလုပ်ငန်း

Farmlands in Burma. Photo by Rijstvelden, taken on 7 October 2006. Licensed under CC BY-SA 3.0

Farmlands in Burma. Photo by Rijstvelden, taken on 7 October 2006. Licensed under CC BY-SA 3.0

လယ်ယာစိုက်ပျိုးရေးသည် မြန်မာ့ စီးပွားရေး ၏ အဓိက ကဏ္႑ ဖြစ်သည့် အလျှောက် ၂၀၁၀/၂၀၁၁ ခုနှစ် တွင် စုစုပေါင်း ပြည်တွင်း ထုတ်ကုန် (GDP) ၏ ၃၇.၈ ရာခိုင်နှုန်း ထောက်ပံ့ပေးရာ ၄င်းမှာ ၂၀၀၅/၂၀၀၆ ခုနှစ်တွင်် ထောက်ပံ့ပေးသော ၄၇ ရာခိုင်နှုန်းက ကျဆင်းခဲ့ ခြင်းဖြစ်သည်။ လယ်ယာ စိုက်ပျိုးရေးတွင် ကောက်ပဲသီးနှံ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း နှင့် သစ်တော လုပ်ငန်းများ ပါ၀င်ပြီး အသက် ၁၅ နှစ်နှင့် အထက် အလုပ် လုပ်ကိုင်သူ ဦးရေ၏ ၅၂.၂ ရာခိုင်နှုန်း မှာ လယ်ယာစိုက်ပျိုးရေး ကဏ္႑တွင် ၀င်ရောက် လုပ်ကိုင််လျှက် ရှိသည် တွေ့ရပါသည်။1

အလားတူ ၂၅ ရာနှုန်းမှ ၃၀ ရာနှုန်းမှာလည်း ပို့ကုန် လုပ်ငန်းများ တွင် လုပ်ကိုင် လျှက်ရှိ ပါသည်။ လယ်ယာစိုက်ပျိုးရေး ကဏ္႑ ၏ ပြည်ပ ကုန်တင်ပို့မူ့ သည် နာဂစ် မုန်တိုင်း တိုက်ခတ် သဖြင့် ဆန််စပါးနှင့် အခြား ကောက်ပဲသီးနှံများ ပျက်စီး ဆုံးရှုံးမူ့များ ကြောင့် ၂၀၀၈ ခုနှစ်တွင် ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေး ကဏ္႑၏ ပြည်ပ ကုန်တင်ပို့မူ့မှာ စုစုပေါင်း ပြည်ပတင်ပို့မူ့၏ ၂၈ ရာခိုင်နှုန်း ရောက် ရှိခဲ့ သည်။2

မြန်မာနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ အလုပ်သမား တစ်ဦး၏ တစ်နှစ် ၀င်ငွေမှာ ၂၀၁၂ ခုနှစ်တွင် ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၁၉၄ သာ ရရှိပြီး မလေးရှား နိုင်ငံတွင် ၆၆၈၀ ဒေါ်လာ နှင့် ထိုင်းနိုင်ငံ တွင် ၇၀၆ ဒေါ်လာ ရရှိ ကြောင်း တွေ့ရသည်။3

မြန်မာနိုင်ငံနှင့် အခြား နိုင်ငံများ၏ ၂၀၁၂ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေး ကဏ္႑ မှ ၀င်ငွေပြ ညွှန်းကိန်းများ

လယ်ယာစိုက်ပျိုးရေး မူဝါဒ

အစိုးရ အနေဖြင့် လယ်ယာစိုက်ပျိုးရေး ကဏ္႑ အား မြင့်မားသည့် ဦးစားပေး အဖြစ် ထားရှိထားရာ အထူးသဖြင့် စားနပ်ရိက္ခာ သီးနှံ ကဏ္႑ခွဲ အား စီးပွားရေး တိုးတက်မူ့ တွင် ပါ၀င်သော အဓိက မောင်းနှင်အား အဖြစ် ထားရှိပါသည်။ ၂၀၀၃ ခုနှစ်တွင် အစိုးရသည် ထုတ်လုပ်မူ့ ခွဲတမ်းအား အဆုံး သတ်ခဲ့ပြီး ပုဂ္ဂလိက ကဏ္႑များ မှ ပို့ကုန် ဈေးကွက်အား ဖွင့်လှစ်ခဲ့သည်။ လယ်ယာ စိုက်ပျိုးရေး ထုတ်ကုန်များ တိုးမြင့်အောင် မြှင့်တင်ရန် နှင့် ကျေးလက်ဒေ အသက်မွေး၀မ်းကျောင်း ပုံစံ တိုးတက်စေရန်် ဆန်းသစ် သည့် အစီအမံ များ ယူခဲ့ကြသည်။
မြေယာနှင့် ရေ အသုံး ပြုမူ့တွင် စုစုပေါင်း မြေယာမှ ၆၈ သန်း ဟတ်တာ ခန့် အား အသုံးပြုထားပြီး လတ်တလောတွင် ဟတ်တာ ဆယ့်နှစ်သန်း ခန့် (၁၈ ရာခိုင်နှုန်း) အား ပျိုးမြေ အဖြစ် အသုံး ပြုထားသည်။ အခြား ၅.၇ သန််း ဟတ်တာ အား စိုက်ပျိုးမြေ အဖြစ် ထည့်သွင်း စဉ်းစားထားသော်လည်း လတ်တလောတွင် အသုံး ပြုခြင်း မရှိသေးပေ။ စုစုပေါင်း မြေယာအစု ၏ ၄၈ ရာခိုင်နှုန်း မှာ သစ်တောများ ဖုံးလွှမ်း လျှက်ရှိသည်။ ၂၀၀၃ ခုနှစ် မြန်မာစိုက်ပျိုးရေး သန််းခေါင်စာရင်း ၏ ဖေါ်ပြချက် အရ မြန််မာနိုင်ငံတွင် လယ်ယာ လုပ်ကိုင်သူ မိသားစု ၃.၄၆ သန်း ရှိပြီး လယ်ယာမြေ ၈.၇ သန််း ဟတ်တာ ပေါ်တွင် စိုက်ပျိုး လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။4

လယ်ယာ စိုက်ပျိုးရေး တွင် သဘာ၀ သယံဇာတများ နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးကဲ့သို့ သာ ၀န်ကြီးဌာန များ ပါ၀င် နေပါသည်။ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွ့ံဖြိုးတိုးတက်မူ့ ၀န်ကြီးဌာနသည် အမျိုးသား စီးပွားရေး ကဏ္႑များ အားလုံး၏ စီမံကိန််း ရေးဆွဲခြင်းနှင့် ဖွံ့ဖြိုးတိုးတက် ရေး ကိစ္စများ အားလုံးကို တာ၀န်ယူ ဆောင်ရွက်ခဲ့ရာ လယ်ယာစိုက်ပျိုးရေး ကဏ္႑ တွင် ယင်း၏ ကောက်ပဲသီးနှံ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း နှင့် သစ်တော ကဏ္႑များ ပါ၀င်ပါသည်။ လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန သည် သီးနှံ စိုက်ပျိုးရေး ကဏ္႑ ဖွံ့ဖြိုးတိုးတက်မူ့ အားလုံး အတွက် တာ၀န်ယူ ရပါသည်။

အစိုးရ အနေဖြင့် အရေးကြီးသော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမူ့များအား ၂၀၁၁ ခုနှစ် မှ စတင် ပြုလုပ်ခဲ့သည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမူ့များတွင် လယ်ယာမြေ ဥပဒေနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမူ့ ဥပဒေ ပြဌာန်း ခဲ့ခြင်းမှာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အခြေခံ ကျသော ကိစ္စ ရပ်များဖြစ်သည်။ 5အဆိုပါ လယ်ယာမြေ ဥပဒေအရ ပိုင်ရှင်များအနေဖြင့် ယင်းတို့၏ လယ်ယာမြေများအား တစ်ကြိမ် မှတ်ပုံ တင်ထားရုံဖြင့် အဆိုပါ လယ်ယာမြေအား ရောင်းခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်၊ လှူဒါန်းခွင့် နှင့် သို့မဟုတ် ဖက်ဆက် လုပ်ကိုင်နိုင်ခွင့် ရရှိသွားမည် ဖြစ်သည်။

လယ်ယာမြေများ သိမ်းယူခြင်း မခံထားရသည့် လယ်သမားများအတွက် အဆိုပါ ဥပဒေ သည် ကျေနပ်အားရဖွယ် ဖြစ်သော်လည်း စစ်အစိုးရလက်ထက် အတွင်း လယ်ယာ သိမ်းခံ လယ်သမားများကို မူ အကျိုးပြုခဲ့ ရာ နိုင်ငံအနှံ့အပြားတွင် လယ်သမားများ၏ ဆန္ဒပြမူ့များ ပေါ်ထွက်လာခဲ့သည်။

၂၀၁၁ ခုနှစ် နိုင်၀င်ဘာ တွင် အစိုးရက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမူ့ လျှော့ချရေး အပေါ် အမျိုးသား မဟာဗျူဟာ အဖြစ် လယ်ယာ စိုက်ပျိုးရေး ထုတ်ကုန်များ၊ မွေးမြူရေး နှင့် ငါးလုပ်ငန််း ထုတ်ကုန်များ၊ ကျေးလက်ဒေသ ကုန်ထုတ်စွမ်းအားနှင့် အိမ်တွင်း စက်မူ့လက်မူ့ လုပ်ငန််းများ၊ အသေးစား ငွေစု လုပ်ငန်းနှင့် ကြွေးမြီ လုပ်ငန်းများ၊ ကျေးလက် သမဝါယမ များ၊ ကျေးလက် လူမူ့ စီးပွားရေး၊ ကျေးလက်ဒေသများ တွင် ပြန်လည် အသုံးပြုနိုင်သော စွမ်းအင်နှင့် သဘာ၀ ပတ်၀န်းကျင် ထိမ်းသိမ်း စောင့်ရှောက်ရေး ဒေသ များ အပေါ်တွင် အလေးထား ဆောင်ရွက် လာခဲ့သည်။

ကောက်ပဲသီးနှံ နှင့် လူသုံးကုန်စည်

ဆန်စပါး သည် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံး စိုက်ပျိုးရေး ကုန်စည် ဖြစ်ရာ ဆန်စပါး ထုတ်လုပ်မူ့ မှာလည်း ၁၉၉၅ ခုနှစ်တွင် တန်ပေါင်း ၁၈ သန်းမှ ၂၀၁၀ ခုနှစ်တွင် တန် ပေါင်း ၂၂ သန်းကျော် သို့ တိုးမြှင့် လာခဲ့သည်။ ဆန်သည် အဓိက သီးနှံနှင့် အဓိက အစားအစာ ဖြစ်ပြီး မြန််မာနိုင်ငံ သည် တချိန်က အာရှတိုက်၏ ဆန်အများဆုံး တင်ပို့သူ ဖြစ်ခဲ့သည်။ အခြား အဓိက သီးနှံများတွင် ပဲအမျိုးမျိုး၊ နှမ်း၊ မြေပဲ နှင့် ကြံ တို့ ပါ၀င်သည်။ 6စိုက်ပျိုးရေးကုန်ထုတ်လုပ်မှု ပမာဏ နည်းပါးသောအကြောင်းအရင်း အချက်အလက် အမျိုးမျိုးရှိပြီး အများစုမှာ အရည်အသွေးရှိသော စိုက်ပျိုးရေး ကဏ္႑ အများပြည်သူဆိုင်ရာ ပစ္စည်း အင်္ဂါရပ်များ ဖြည်ဆည်းမူ လုံလောက်မူ မရှိခြင်းနှင့် ဆက်နွယ်မူ ရှိပါသည်။ စိုက်ပျိုးရေး ကဏ္႑ပြင်ပရှိ လုပ်အားခများ တိုးမြှင့်လာခြင်းသည် လည်း လယ်ယာလုပ်သား လျော့နည်းမူအပေါ် သက်ရောက်မူ ရှိပါသည်။

 အကောက်ခွန် ဦးစီးဌာန ၏ ၂၀၁၅-၁၆ ဘဏ္႑ာရေးနှစ် ဇန်နဝါရီ လ ၂၈ ရက်အထိ ကိန်းဂဏန်း အချက်အလက်များ အရ
နယ်စပ်ကုန်သွယ််ရေးမှ စုစုပေါင်း ဆန်တင်ပို့ မူ့၏ ၈၄၀,၈၀၄ တန် (၉၂.၉၆ ရာခိုင်နှုန်း) တင်ပို့ပြီးချိန်တွင် မြန်မာ့ဆန်၏ ရေကြောင်း ဆိုင်ရာ ပို့ကုန်မှာ ၆၆,၃၉၃ တန် (၇.၃ ရာခိုင်နှုန်း) သို့ ရောက်ရှိခဲ့သည်။ အစိုးရမှ ဆန်တင်ပို့ မူ့အား ၂၀၁၅ ခုနှစ်တွင် တန်ပေါင်း နှစ်သန်းနှင့် ၂၀၂၀ ခုနှစ်တွင် တန်ပေါင်း လေးသန်း အထိ တိုးမြှင့် တင်ပို့နိုင်ရန် ပစ်မှတ် ထားသော်လည်း ၂၀၁၂/၁၃ ခုနှစ်အတွင်း အမှန်တကယ် ဆန်တင်ပို့မူ့မှာ ၁.၃ သန်း တန် သာ ရှိခဲ့သည်။7

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ ပဲမျိုးစုံ တင်ပို့မူ့မှာ မက်ထရစ် တန်ချိန် ၁.၅၄ သန်း တင်ပို့ခဲ့ရာ ပြီးခဲ့သည့် နှစ် အလားတူ ကာလ ထက် ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ 8 စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာန ၏ အဆိုအရ ခန့်မှန်းခြေ အားဖြင့် ၂၀၁၅ ခုနှစ် အတွင်း မြန်မာ့ ပဲမျိုးစုံ တင်ပို့မူ့၏ ၈၀ ရာခိုင်နှုန်းမှာ အိန္ဒိယ သို့ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သဘာ၀ ဘေးအန္တရာယ်

မြန်မာ့ စီးပွားရေး လုပ်ငန်း သည် မုတ်သုံ မိုး အပေါ်တွင် အလွန််အမင်း မှီခိုနေရပါသည်။ အချို့ဒေသများတွင် မိုး အလွန် အကျွံ ရွာသွန််းမူ့အား ခံစား နေရချိန််တွင် အခြား ဒေသများတွင် မိုး အနည်းငယ် သာ ရရှိပါသည်။ မုတ်သုံရာသီအလယ် (ဇွန််လ မှ သြဂုတ် လအတွင်း) ကာလများတွင် မြစ်ချောင်းများ ဖြတ်သန််း စီးဆင်းရာ နေရာတစ်၀ှမ်းတွင် ရေကြီး ရေလျှံမူ့များ ပုံမှန်ဖြစ်ပွားလေ့ရှိသည်။ ရာသီဥတု ပြောင်းလဲမူ့ ဖြစ်စဉ် အား မိုးရေချိန် နောက်ကျခြင်း နှင့် နည်းပါးခြင်း၊ အချိန်ကြာမြင့်စွာ ခြောက်သွေ့နေမူ့ နှင့် အပူချိန် တိုးပွားလာသည့် အကြောင်းပြချက်များ အပေါ်တွင် ကိုးကား သတ်မှတ်ကြသည်။ ၁၉၉၀ နှစ်များ တွင် အစိုးရမှ ရေသွင်းစိုက်မြေ ဧရိယာ ဧက ၂.၂ သန်း မှ မြေ ပမာဏ တိုးမြှင့် ရန် ကျိုးပမ်းခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၀၄ ခုနှစ်တွင် အိန္ဒိယ သမုဒ္ဒရာ ဆူနာမီ၊ ၂၀၀၈ ခုနှစ်တွင် နာဂစ် မုန််တိုင်းနှင့် ၂၀၁၀ ခုနှစ်တွင် ဂီရိ မုန်တိုင်း တို့ ထိခိုက်ခံစား ခဲ့ရသည်။9

ငါးဖမ်းလုပ်ငန်းနှင့် ရေလုပ်ငန်း

ငါးသည် မြန်မာ့ အစား အစာ တွင် ဆန်ပြီးလျှင် ဒုတိယ မရှိမဖြစ်သော အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါသည်။ ငါးဖမ်းခြင်း အား ရေချိုနှင့် ရေငန်် နှစ်မျိုးစလုံးတွင် ပြုလုပ်ပြီး ခန့်မှန်းခြေအား ဖြင့် မြန်မာ့ ရေချို တွင် ငါးမျိုးစိတ် ၃၀၀ ကျော် အထိ ရှိကြောင်း သိရသည်။ ငါးဖမ်းလုပ်ငန်း အမျိုးမျိုး ရှိပြီး အဏ္ဏဝါ ငါးဖမ်းလုပ်ငန်း၊ ကမ်းရိုးတန်း ငါးဖမ်း လုပ်ငန်း၊ မြစ်ချောင်း များရှိ ငါးဖမ်း လုပ်ငန်း၊ ကုန်းတွင်းပိုင်း နှင့် ငါးသားဖောက် လုပ်ငန်းတို့ ဖြစ်သည်။10

၂၀၁၃ ခုနှစ်တွင် ငါးနှင့် ဂဏန်း စုစုပေါင်း ထုတ်လုပ်မူမှာ တန်် သန်းပေါင်း ၄.၇ သန်း ရှိခဲ့ပြီး ၄၇ ရာခိုင်နှုန်းမှာ ရေချိုမှ ဖြစ်ပြီး ၅၃ ရာခိုင်နှုန်းမှာ ပင်လယ်ပြင် မှ ဖြစ်ကြောင်း သိရသည်။11ငါးဖမ်းခြင်း နှင့် ငါးသား ဖောက်ခြင်း ကဏ္႑မှ လူဦးရေ ၃.၁၆ သန်း အား တိုက်ရိုက် အလုပ်အကိုင် ပေးထားရာ အချိန်ပြည့်၊ အချိန်ပိုင်း နှင့် ရံဖန်ရံခါ အလုပ်အကိုင်များ၏ ၂၂ ရာခိုင်နှုန်း အား အလုပ်ပေးထားနိုင်ခြင်းဖြစ်သည်။ ငါးလုပ်ငန်း ပြည်ပ တင်ပို့မူ့ တန်ဘိုးမှာ ၂၀၁၀ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၄၉၇ သန်း ဖြစ်သည်။12

တရုတ်နိုင်ငံသည် မြန်မာ့ ငါးလုပ်ငန််း ထုတ်ကုန်များအား အများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်ရာ မြန်မာနိုင်ငံ ရှိ အစဉ်အလာ အတိုင်း မွေးမြူရေး နှင့် ဖမ်းဆီးထားသည့် ရေချိုငါးမျိုးစိတ် များထက် တရုတ် စားသုံးသူများ အကြိုက်အပေါ် အခြေခံပြီး ရေငန် ငါးမျိုးစိတ်နှင့် ပုဇွန် အထူးသဖြင့် အဏ္ဏဝါ ငါးဖမ်း လုပ်ငန်း အား အရေးထားကြောင်း သိရသည်။ ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံမှ ငါးလုပ်ငန်း ထုတ်လုပ်မူ့ ၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း အား ဥရောပသို့ တင်ပို့ခဲ့သည်။13

 

References

Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

cXZ6f
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!