အခွန်စည်းကြပ်မှု

မြန်မာနိုင်ငံ ၏ အခွန်ကဏ္ဍ အတွက် တိုးတက်မှုနှုန်း မှာ မျှော်လင့်စရာ ရှိသည်။ ပြည်ထောင်စုအစိုးရ အနေ နိုင်ငံသားများနှင့်အဖွဲ့အစည်းများထံမှာ အခွန်ကောက်ခံခြင်းနှင့်ပတ်သတ်ရာတွင် လည်းကောင်း၊ ရရှိသည့်အခွန်ငွေများ ကို လိုအပ်သည့်နေရာများသို့ ခွဲတမ်းချရာတွင်လည်းကောင်း အခက်အခဲများစွာ ကြုံတွေ့ရသည်။ ဤအချက် သည် အစိုးရ အတွက် နိုင်ငံကို စနစ်တကျ အုပ်ချုပ် စီမံခန့်ခွဲရာတွင် သက်ရောက်မှုများစွာ ရှိစေသည်။ အခွန်စနစ် ပြုပြင်ပြောင်းလဲခြင်းသည် အခွန်ထမ်းအရေအတွက် တိုးပွားစေရန်အတွက် လိုအပ်သည်။ (တဦးချင်း ဖြစ်စေ ၊ မတူညီသော စီးပွားရေးလုပ်ငန်းများမှ ဖြစ်စေ အခွန်ပေးဆောင်နိုင်သည့် အရေအတွက် တိုးပွားလာခြင်းကို ဆိုလိုသည်။) ဟောင်းနွမ်းနေသည့် အခွန်ဆိုင်ရာ ဥပဒေ၊စနစ်များကို ခေတ်နှင့်အညီ သင့်လျော်အောင် ပြုပြင်ခြင်းသည် နိုင်ငံသားများအားလုံးအတွက် သာတူညီမျှသော အခွင့်အရေး ရရှိစေရန် အရေးကြီးသည်။ အခွန် နှင့် သတ်ဆိုင်၍ လူထုအသိပညာ တိုးတက်လာခြင်းသည်လည်း အစိုးရ အနေဖြင့် တိုင်းပြည်အခွန်ငွေ တိုးပွားလာရန် ယုံကြည်မှု တည်ဆောက်သည့် လုပ်ငန်းစဥ်တစ်ခု အဖြစ် လိုအပ်ပါသည်။

မြန်မာပြည်တွင်ရှိသော စီးပွားများစွာသည် အခွန်စည်းကြပ်မှု ယန္တရား အပြင်ဘက်တွင် တည်ရှိနေဆဲဖြစ်သည်။ Image source here. Wikimedia Commons. License: Creative Commons Attribution 2.0 Generic

မြန်မာနိုင်ငံ တွင် အစိုးရ ရင်းနှီးမြှုပ်နှံမှု မှ ရရှိသည့် GDP ရာခိုင်နှုန်းသည် ကမ္ဘာ့ ယေဘုယျနှုန်းထား ထက် များစွာ နှိမ့်ကျသည်။ ဥပမာ အားဖြင့် – ၂၀၁၀ ခုနှစ်တွင် အစိုးရ အထောက်အပံ့ ပေးသော်လည်း ပုဂ္ဂလိက စီမံအုပ်ချုပ်သည့် စနစ် သို့ ကူးပြောင်းသည့်အခါ နိုင်ငံတကာ ပိတ်ဆို့မှုများစွာ ကို ဖြေလျော့ပေးစေခဲ့သည်။ ထိုအချိန်တွင်လည်း အခွန်ရံပုံငွေ သည် GDP ရာခိုင်နှုန်း သည် ၁၀% ထက် မကျော်လွန်ခဲ့ပါ။ အဆိုပါ ဖြစ်ရပ်သည် ၂၀၁၆/၁၇ ဘဏ္ဍာရေးနှစ် အထိ အခွန်ရပုံငွေ သည် GDP ၏ ၆.၄ ရာခိုင်နှုန်းသာလျှင် ရှိနေခဲ့သည်။ 1 အဆိုပါ ရံပုံငွေ ၏ တဝက်ကျော်ကျော်ခန့်သည် ဝင်ငွေခွန်များ မှ ရရှိခဲ့ပြီး လုပ်ငန်းခွန်များမှာမူ ၄၀ ရာခိုင်နှုန်း သာ သက်ဆိုင်ခဲ့သည်။ 2

ဝင်ငွေခွန်

တဦးချင်း နှင့် အဖွဲ့အစည်းဆိုင်ရာ ဝင်ငွေခွန်များ သည် ပြည်တွင်း အခွန်များဦးစီးဌာန (IRD) သို့ ပေးဆောင်ရသည်။ ဝင်ငွေခွန် သည် အစိုးရ အတွက် အခွန်ရံပုံငွေ ၏ အကြီးမားဆုံး အရင်းအမြစ် ဖြစ်သည်။ တဦးချင်း ဝင်ငွေခွန် (PIT) သည် နိုင်ငံသားတဦးချင်းဆီ၏ ၀င်ငွေပေါ် အခြေခံကာ ကောက်ယူခြင်း ဖြစ်သည်။ ၂၀၁၈ ပြည်ထောင်စု အခွန်ဥပဒေ အရ မည်သည့်နိုင်ငံသား မဆို နှစ်စဥ် ဝင်ငွေ ကျပ်သိန်း ၂၀ (ဒေါ်လာ ၁၃၀၀ ခန့် ) ကျပ်သိန်း ၄၈ (ဒေါ်လာ ၃၀၀၀ ခန့်) ထက် လျှော့နည်းပါက အခွန်ကင်းလွတ်ခွင့် ရှိသည်။  အခွန်နှုန်းထား သည် ၀င်ငွေစည်းကြပ်မှုအလွှာ(ခွန်နှုန်း) ပေါ် မူတည်၍ ၅ % မှ ၂၅ % အထိ တိုးမြင့်သည်။ (စည်းကြပ်ခွန်နှုန်း) အမြင့်ဆုံး အလွှာသည် နှစ်စဥ်တဦးချင်းဝင်ငွေ အရ ငွေကျပ် သိန်း ၃၀၀ (ဒေါ်လာ ၂၀၀၀ ခန့်) ဖြစ်နိုင်သည်။ 3

ကုမ္မဏီ ဝင်ငွေခွန် သည် ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္မဏီများဆိုင်ရာ အက်ဥပဒေ အရ ၂၅% မှ စတင်သတ်မှတ်သည်။ အဆိုပါသတ်မှတ်ချက် တွင် အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ နှင့် နိုင်ငံခြားကုမ္မဏီများ ၏ ရုံးခွဲများ ပါဝင်သည်။ 4 မြန်မာနိုင်ငံ တွင် အခြေစိုက်သည့် ကုမ္မဏီများသည် ၄င်းတို့၏ နိုင်ငံတကာဝင်ငွေများအတွက် အခွန်ပေးဆောင်ရမည် ဖြစ်ပြီး ပြည်ပ အခြေစိုက် ကုမ္မဏီများ အနေဖြင့် ၄င်းတို့၏     မြန်မာနိုင်ငံတွင်း ဝင်ငွေပေါ်တွင်သာ မူတည်၍ အခွန်ပေးဆောင်ရသည်။ 5

ကုန်သွယ်လုပ်ငန်းခွန်

ကုန်သွယ်လုပ်ငန်းခွန် သည် အခွန်ကောက်ခံရရှိမှုအတွက် ဒုတိယအကြီးမားဆုံး အရင်းအမြစ် ဖြစ်သည်။ ၄င်းသည် ထုတ်ကုန် နှင့် ဝန်ဆောင်မှု ရောင်းချခြင်း နှင့် သွင်းကုန် ထုတ်ကုန်များအပေါ် မူတည်၍ ပြည်တွင်းအခွန်များဦးစီးဌာန (IRD) သို့ ၅% အခွန်ပေးဆောင်ရသည်။ 6 အချို့ သောကုန်ပစ္စည်းများသည် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရသည်။ များသောအားဖြင့် အခွန်ကင်းလွတ်ခွင့်ရသည် မှာ ဆန်၊ပဲ နှင့် စားအုန်းဆီ စသည့် လယ်ယာထုတ်ကုန်ပစ္စည်းများ ဖြစ်သည်။ 7 စီးကရက် ၊ အရက် ၊ ကျွန်းသစ် နှင့် ကျောက်မျက်ရတနာများ စသည့် အထူးကုန်ပစ္စည်းများကိုမူ သီးခြားအထူးကုန်စည်ခွန် သတ်မှတ်ချက်အတိုင်း လိုက်နာရပါမည်။ 8 ၄င်းအခွန်နှုန်းထားများ ကို ပြည်ထောင်စုအခွန်ဆိုင်ရာဥပဒေများ ပေါ်မူတည်၍ နှစ်စဥ် သတ်မှတ်သည်။ 9

ကုန်သွယ်လုပ်ငန်းခွန် သည် သွယ်ဝိုက်ခွန် အမျိုးအစား ဖြစ်သည်။ ၄င်းအခွန်များသည် ထုတ်လုပ်သူ နှင့် ရောင်းချသူ အပေါ် မူတည်သော်လည်း စျေးနှုန်းကြီးမြင့်လာခြင်း ကို ကာကွယ်နိုင်ရန် အခွန်၀န် ကို သုံးစွဲသူများထံသို့ လွှဲပြောင်းသည် ။ တိုးပွားနေသော အခွန် ဖြစ်သည့် တဦးချင်း ဝင်ငွေခွန် နဲ့ မတူပဲ ဝင်ငွေ နဲ့ ဆက်စပ်နေသည့် ကုန်သွယ်လုပ်ငန်းခွန် သည် ဆုတ်ယုတ်စေသည်။ ဆင်းရဲနွမ်းပါးမှု များပြားခြင်းသည် ကြီးမားသော Tax burden(အခွန်ဝန်ထုပ်ဝန်ပိုး) ကို ဖြစ်စေသည်။ ယေဘုယျအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် အခွန်ဆုတ်ယုတ်မှုဒဏ် ကို ပြင်းထန်စွာ ခံစားရသည်။ 10 ဤအခြေအနေတွင် မြန်မာနိုင်ငံအနေဖြင့် အခြား (LMICs) နိုင်ငံများနှင့် နှိုင်းယှဥ်လျှင် အခြေအနေပိုမိုကောင်းမွန်သည်။ ဥပမာ အားဖြင့် – တိုင်းပြည်၏ အခွန် ရံပုံ ၏ ၃ပုံ ၁ ပုံ သည် တိုက်ရိုက်ခွန် မှ ရရှိပြီး အခြားသော LMICs နိုင်ငံများအတွက်မူ ၎င်း အချိုးအစား သည် ၁၀ မှ ၂၀ ရာခိုင်နှုန်း အထိသာ ရှိသည်။ 11

ပစ္စည်းခွန်

မြို့ပြဒေသများတွင် ပိုင်ဆိုင်ခွန် ကို DAO (စည်ပင်သာယာရေးကော်မတီ) မှ အိမ်ခြံမြေ နှင့် စီးပွားရေးဆိုင်ရာ အချက်အလက်များမှ ခန့်မှန်းတန်ဖိုးပေါ် မူတည်၍ စီမံခန့်ခွဲသည်။ ၎င်းအခွန် သည် ၂၀၁၃ ခုနှစ်တွင် GDP ၏ ၀.၀၃ ရာခိုင်နှုန်း အထိသာ အချိုးအစားသေးငယ်စွာ ရရှိခဲ့သည်။ 12 ၎င်းအခွန် ကို မြို့ပြနေပြည်သူများအနေဖြင့် အိမ်တိုင်ရာရောက် ကောက်ခံသူများထံတွင် တနှစ်လျှင် ၂ ကြိမ် ပေးဆောင်ရသည်။ 13 တောင်ကြီး ၊ ဘားအံ့ နှင့် ရန်ကုန်မြို့များမှ အခွန်ထမ်းပြည်သူများကို စစ်တမ်းကောက်ယူသော အခါ ဖြေဆိုသူ ၏ ၆၃ ရာခိုင်နှုန်းသည် ပိုင်ဆိုင်ခွန် ကို ပေးဆောင်ကြောင်း ဖြေဆိုခဲ့ကြပီး အဆိုပါ ရာခိုင်နှုန်း သည် ဝင်ငွေခွန် ပေးဆောင်သူ (၁၁ ရာခိုင်နှုန်း) သို့ ကုန်သည်လုပ်ငန်းခွန် ပေးဆောင်သူ (၄၅ ရာခိုင်နှုန်း) ထက် များစွာ မြင့်မားသည်။ 14

အခွန်ထမ်းဆောင်သူမျာသည် အဆိုပါ ပိုင်ဆိုင်ခွန် တွင် အထွေထွေဝန်ဆောင်မှုစရိတ်များ 15 (သို့) အိမ်ခြံမြေပစ္စည်းရောင်းချရတာတွင် ပေးခြေရသော တံဆိပ်ခေါင်းခွန်များ ပါဝင်ပြီး ဖြစ်သည် ဟု မကြာခန တွေးလေ့ရှိသည်။ 16 ရန်ကုန်မြို့တွင် မရွေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှု ရောင်းချခြင်းတွင် တံဆိပ်ခေါင်းခွန်ပေးဆောင်သူသည် ၆ ရာခိုင်နှုန်း သာ ရှိသည်ကို တွက်ဆ၍ ဆိုလိုခြင်း ဖြစ်သည်။17 ဤအချက်သည် ပိုင်ဆိုင်ခွန် အနေဖြင့် ဖြစ်သင့်သည့်ပမာဏ ထက် ပိုမိုများပြားနေဟန် ရှိကြောင်း ယူဆလာနိုင်ဖွယ် ရှိသည်။

အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း

၂၀၁၂ ခုနှစ် တွင် မြန်မာနိုင်ငံ အနေဖြင့် ပြည့်စုံကောင်းမွန်သော အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း လုပ်ငန်းများကို စတင်မိတ်ဆက်ခဲ့သည် ။ ၎င်း သည် –

  1. အစိုးရအနေဖြင့် ကောက်ခံရရှိသော အခွန်ပမာဏကို အများဆုံး ဖြစ်လာရန် ။
  2. အခွန်အခြေ ကို တိုးမြင့်ရန် ။
  3. အစိုးရဥပဒေများ အတိုင်း အခွန်ပေးဆောင်ရန် လိုက်နာဆောင်ရွက်သူများ တိုးတက်စေရန် ။
  4. အခွန် စီမံခန့်ခွဲမှု ကို ခေတ်မီအောင် ဆောင်ရွက်ရန် ။18

ပြည်တွင်းအခွန်များဦးစီးဌာန အနေဖြင့် အဆိုပါ ပြုပြင်ပြောင်းလဲမှု ကို လုပ်ဆောင်ရန် IMF , World Bank နှင့် United States Treasury Department စသည့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ငွေကြေး နှင့် နည်းပညာ အထောက်အပံ့များ ရရှိခဲ့သည် ။ 19 ၎င်းပြောင်းလဲမှု အတွက် ကနဦးလုပ်ငန်းစဥ်များ ကို ၂၀၁၇ ခုနှစ် တွင် အဆုံးသတ်ခဲ့သည်။ ၎င်းသည် အခက်အခဲများ၏ အဓိကပြဿနာဖြစ်နေသည့် အခွန်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ကို တိုးတက်ရန် ရည်ရွယ်ခဲ့သည်။ 20

အဆိုပါကာလအတွင်း အရေးကြီးသည့် အပြောင်းအလဲမှာ အစိုးရကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်မှ အခွန်ထမ်းကိုယ်တိုင်စည်းကြပ်သည့်စနစ်သို့ ပြုပြင်ခဲ့ခြင်း ဖြစ်သည်။ 21 ၎င်းစနစ်သည် အခွန်ထမ်းသူ အနေဖြင့် ဝင်ငွေကို ကြေညာပြီး ပေးဆောင်ရမည့် အခွန်ပမာဏကို သတ်မှတ်သည့် တာဝန်ယူမှုကို ပြောင်းလဲရာတွင် အသုံးပြုသည်။ ယခုအခါတွင် အဖွဲ့အစည်းများသည် သူတို့၏ကိုယ်ပိုင်အခွန်ပေးချေမှုများကို တွက်ချက်ရန် နှင့် ဝင်ငွေမှတ်တမ်းများကို တင်ပြရန် လိုအပ်သည်။ အဆိုပါမှတ်တမ်းများကို နောင်တွင် အဖွဲ့အစည်းများအနေဖြင့် ဥပဒေအတိုင်း လိုက်နာမှုရှိသည်ကို သေချာစေရန် စစ်ဆေးမည် ဖြစ်သည်။

ပြုပြင်ပြောင်းလဲမှု ၏ တစိတ်တပိုင်းအနေဖြင့် အခွန်ထမ်းအလွှာအလိုက် အခြေခံ၍ အသေးစိတ်အခွန်ရေးရာဝန်ဆောင်မှုများ ထောက်ပံ့နိုင်ရန် အခွန်ရုံးအသစ်များကို ဖွင့်လှစ်ခဲ့သည်။ရလာဒ်အားဖြင့်

အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး(LTO) (၁)ရုံး နှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(MTO 1/2/3) (၃) ရုံး ကို တည်ထောင်ခဲ့သည်။ 22 အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့် လုပ်ငန်းစဥ်များကို ဘဏ္ဍာနှစ် ၂၀၁၅-၂၀၁၆ တွင် LTO မှတဆင့် အခွန်ထမ်းကြီးများကို စတင်စည်းကြပ်နိုင်ခဲ့ပြီး အလယ်အလတ်အခွန်ထမ်းများအတွက်

MTO1 မှတဆင့် ဘဏ္ဍာနှစ် ၂၀၁၆-၂၀၁၇ တွင် စတင်ခဲ့သည်။ ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ရာတွင် အခွန်ထမ်းငယ်များဆီသို့ တဆင့်ပြီးတဆင့် နိမ့်ရင်း ချဥ်းကပ်သွားရန် စီစဥ်ထားသည်။

နိုင်ငံသား နှင့် အခွန်

ပြည်ထောင်စု အနေဖြင့် နိုင်ငံသားများထံမှ အခွန်ကောက်ခံရရှိမှု မြင့်မားစေရန် ကြိုးပမ်းရာတွင် အရေးကြီးသော လူမှုသဘောတူညီမှုတခုကို ပြုလုပ်ရန်လိုသည်။ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှု သည် အစိုးရအခွန်ကောက်ခံရရှိမှု တိုးတက်လာရန် နှင့်သာလျှင် သက်ဆိုင်သည်မဟုတ်ပဲ နိုင်ငံသားများအနေနှင့် အခွန်စနစ်ကို မည်မျှတန်ဖိုးထားသည် ဆိုတာကို ထည့်သွင်းဆုံးဖြတ်ရန် လိုအပ်သည်။

မြန်မာနိုင်ငံတွင် အခွန်စနစ်အကောင်အထည်ဖော်ရာတွင် သတင်းအချက်အလက်ကွာဟမှု ပြဿနာကြီးတရပ် ရှိသည်။ ဥပမာအားဖြင့် မြို့ပြနေ အခွန်ထမ်းပြည်သူများကို စစ်တမ်းကောက်ယူရာတွင် ‘ပေးဆောင်ရမည့် အခွန်များနဲ့ ပတ်သတ်၍ ရှင်းလင်းသော အသိပေးမှုရှိရန် ဆန္ဒပြုသည်။’ ဆိုသော အချက်ပေါ်တွင် ၈၉ ရာခိုင်နှုန်းသော ဖြေဆိုသူများက ခိုင်ခိုင်မာမာ သဘောတူခဲ့ကြသည်။ 23 အလားတူစစ်တမ်းတွင် ‘အခွန်ပေးဆောင်ရန်မှာ နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်’ ဆိုသောအချက်ကိုလဲ ၉၄ ရာခိုင်နှုန်းသော ဖြေဆိုသူများက ခိုင်မာစွာ သဘောတူခဲ့သည်။ 24 ၎င်းသည် အခွန်နှင့်ပတ်သတ်၍ ပိုမိုကောင်းမွန်သော သတင်းဖြန့်ဝေမှုနှင့်ပညာပေးမှုသည် အနည်းဆုံး မြို့ပြနေအခွန်ထမ်းပြည်သူများအတွက် အခွန်ဆိုင်ရာစည်းမျဥ်းများကို လိုက်နာမှု တိုးတက်စေသည်ကို ညွှန်းဆိုနေသည်။

အခွန်အခြေကို ချဲ့ထွင်ခြင်း ဆိုသည်မှာ အခွန်ထမ်းပြည်သူအရေအတွက် တိုးပွားလာအောင် စီစဥ်ဆောင်ရွက်နိုင်သည့် စီမံခန့်ခွဲမှုမျိုး ဖြစ်သည်။ အိမ်တိုင်ရာရောက် ကောက်ခံသည့်စနစ်ကို အသုံးပြုသောကြောင့် မြေခွန်နှင့်ပတ်သတ်၍ လိုက်နာမှုမြင့်မားသကဲ့သို့ အဆိုပါနည်းလမ်းအတွက် စီမံခန့်ခွဲမှု ကုန်ကျစရိတ်မှာလဲ မြင့်မားသည်။ တောင်ကြီးမြို့တွင် မိတ်ဆက်ဖြန့်ချိသည့် မိုဘိုင်းဖုန်း Application တခုသည် အောင်မြင်သည့်ဖြေရှင်းနည်းတခု ဖြစ်နိုင်သည်ကို သက်သေပြနေသည်။ ‘MyanKhon’ ဆိုသည့် Application သည် အထွေထွေကုန်ကျစရိတ်များနှင့် အခြားပေးဆောင်ရန်များအတွက် အမြဲကြည့်ရှုစီမံနိုင်ခြင်းဖြင့် တောင်ကြီး (DAO) မြို့နယ်စည်ပင်သာယာရေးကော်မတီ ကူညီရန် ပြုလုပ်ထားခြင်းဖြစ်သည်။ 25 ၎င်းကဲ့သို့ နည်းပညာတီထွင်ဆန်းသစ်မှုများကို အခွန်ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဥ်များကို ကောင်းစွာ အသုံးချနိုင်သည်။

 

References

  • 1. World Bank Group, Myanmar Public Expenditure Review 2017: Fiscal Space for Economic Growth (Yangon: World Bank, 2017), 95
  • 2. World Bank Group, Myanmar Public Expenditure Review 2017, 95
  • 3. VDB Loi, Myanmar Tax Booklet 2018, 7
  • 4. VDB Loi, Myanmar Tax Booklet 2018, 2
  • 5. VDB Loi, Myanmar Tax Booklet 2018, 2
  • 6. Rates are lower for the sale of buildings (3%) and gold jewelry (1%)
  • 7. VDB Loi, Myanmar Tax Booklet 2018 (Yangon: VDB Loi, 2018), 25
  • 8. Specific Goods Tax Law (2016), Schedule I
  • 9. Specific Goods Tax Law (2016), Article 6(a)
  • 10. World Bank Group, Myanmar Public Expenditure Review 2017, 97
  • 11.  World Bank Group, Myanmar Public Expenditure Review 2017, 95
  • 12. Donald McLaughlin and Arkar Hein, Managing the Challenges of Rapid Urbanisation: A Review of the Existing Property Tax System in Myanmar (Yangon: Renaissance Institute, 2017), 3
  • 13.  James Owen and Hay Mahn Htun, Attitudes Toward Taxation in Myanmar: Insights from Urban Citizens (Yangon: The Asia Foundation, 2018), 14
  • 14.  Owen and Htun, Attitudes Toward Taxation in Myanmar, 20
  • 15.  Owen and Htun, Attitudes Toward Taxation in Myanmar, 21
  • 16. Owen and Htun, Attitudes Toward Taxation in Myanmar, 48
  • 17.  “Law Amending the Stamp Act (1899),” Luther Law Firm, November, 2017, https://www.luther-lawfirm.com/fileadmin/user_upload/PDF/Newsletter/Myanmar/NL_Myanmar_November_2017_Stamp_Registration.pdf(Accessed September 10, 2018)
  • 18. Myanmar IRD briefing at the Seventh IMF-Japan High-Level Tax Conference for Asian Countries, presented April,  2016, https://www.imf.org/external/np/seminars/eng/2016/asiatax/pdf/at33.pdf Aaccessed September 10, 2018)
  • 19.  World Bank Group, Myanmar Public Expenditure Review 2017, 101
  • 20. World Bank Group, Myanmar Public Expenditure Review 2017, 99
  • 21. World Bank Group, Myanmar Public Expenditure Review 2017, 101
  • 22. World Bank Group, Myanmar Public Expenditure Review 2017, 101
  • 23.  Owen and Htun, Attitudes Toward Taxation in Myanmar, 26
  • 24. Owen and Htun, Attitudes Toward Taxation in Myanmar, 32
  • 25.  Htun Khaing, “Mobile app a step forward for municipal governance,” Frontier Myanmar, August 7, 2017, https://frontiermyanmar.net/en/mobile-app-a-step-forward-for-municipal-governance (Accessed September 10, 2018)
Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

7cFXM
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!