မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ အလုပ်အကိုင်အပေါ် COVID-19 ၏ သက်ရောက်မှု

မြန်မာနိုင်ငံတွင် မကြာသေးမီက စိးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကိုတွေ့မြင်ခဲ့ကြရပြီး အထူးသဖြင့် လယ်ယာစိုက်ပျိုးရေး၊ သစ်တော၊ ငါးမွေးမြူရေးလုပ်ငန်း၊ ဝန်ဆောင်မှု နှင့် ရောင်းဝယ်ခြင်း လုပ်ငန်းတို့အပြင် လက်မှုလုပ်ငန်းနှင့် အခြားဆက်စပ် ကုန်သွယ်မှုလုပ်ငန်းများ ၌ တိုးတက်မှုများရရှိခဲ့သည်။ အလုပ်သမားအများစုသည် အဓိကအားဖြင့် အမျိုးသားများဖြစ်ကြပြီး ၂၀၁၇ ခုနှစ် အလုပ်သမားအင်အား စာရင်းတွင် ၇၇.% သည် အလုပ်လုပ်သည့်အရွယ်ရှိသောအမျိုးသားများဖြစ်ကြပြီး အမျိုးသမီးအင်အားနှင့် နှိုင်းယဉ်ကြည့်လျှင် အလုပ်လုပ်သည့်အမျိုးသမီးအင်အားသည် ၅၄.% ပါဝင်သည်။1 သို့သော် ၎င်းတို့သည် ကဏ္ဍအသီးသီး၌ ကျား၊မ မရွေးပါဝင်ဆောင်ရွက်ကြသည်။ ထိုကဲ့သို့သော ကဏ္ဍနှစ်ရပ်မှာ ထုတ်လုပ်ရေး (အထူးသဖြင့် .အထည်ချုပ်စက်ရုံများတွင် လုပ်သားဦးရေ၏ ၈၄% သည်အမျိုးသမီးများ ဖြစ်ကြသည်) နှင့် လက်လီလုပ်ငန်းတို့ပါဝင်သည်။2 ထို့အပြင် အမျိုးသမီးများသည် အမျိုးသားများထက် လွယ်ကူသက်သာ၍ အင်အားနည်းသောအလုပ်အကိုင်ပုံစံများတွင် လုပ်ကိုင်တတ်ကြရာ ဥပမာအားဖြင့် မိသားစုစီးပွားရေး (သို့မဟုတ်) လယ်ယာလုပ်ငန်းတစ်ခုတွင် လခ မရသောအလုပ်သမားများကဲ့သို့ဖြစ်ကြရသည်။3 အမျိုးသမီး ၅၀% နီးပါး လုပ်ကိုင်နေကြသော လယ်ယာစိုက်ပျိုးရေးကဲ့သို့သောကဏ္ဍသည်4 အထူးသဖြင့် ၎င်းတို့အတွက် လုံခြုံမှုမရှိဖြစ်ရပြီး တရားဝင်ခန့်ထားသောအလုပ်သမားမဟုတ်သဖြင့် ကိုယ်ပိုင်အလုပ် သို့မဟုတ် လခမရသော မိသားစုအလုပ်များသာဖြစ်ရသည်။5 ဤအခြေအနေသည် ကျေးလက်နေအမျိုးသမီးများအတွက် ပိုမို အကျိုးမရှိသော အခြေအနေသို့ပင် ရောက်စေသည်။

Rural Pa-Oh women are some of the many women in Myanmar who work in agriculture for a living. Photo by Paul Arps via Wikimedia Commons. Licensed under CC BY 2.0. / ခေါင်းစဉ်လူမှုဘဝအတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော အ မျိုးသမီးများစွာ အနက်မှ အချို့အမျိုးသမီးများဖြစ်သည့် မြန်မာနိုင်ငံရှိ ကျေးလက်ဒေသနေ ပအို့အမျိုးသမီးများWikimedia Commons မှတစ်ဆင့် Paul Arps မှထုတ်ယူထားသောဓာတ်ပုံဖြစ်သည်။ CC BY 2.0 ဖြင့် လိုင်စင်ရ ထားသည်။

မြန်မာ့စီးပွားရေးအပေါ် COVID-19 သက်ရောက်မှု

မြန်မာ့စီးပွားရေးသည် ပို့ကုန်အပေါ် အဓိကထားအားကိုးနေရသောကြောင့် အခြားနိုင်ငံများတွင် COVID-19 နှင့်ပတ်သက်သည့် သွားလာခွင့်ကန့်သတ်မှုများ၏ ရလဒ်တစ်ခုအဖြစ် မြန်မာ့စီးပွားရေးသည်လည်းထိခိုက် ခံစားခဲ့ရသည်။ ဥပမာ၂၀၁၉ခုနှစ် ဒီဇင်ဘာလမှစတင်၍ စက်ရုံ ၁၇၅ ခု အား လုပ်ငန်းလည်ပတ်မှုများ ပိတ်ထား ခဲ့ရခြင်းဖြစ်သည်။6 အလားတူ ငါးလုပ်ငန်းကဏ္ဍတွင်လည်း နိုင်ငံတကာမှာယူမှုများအားလုံးကို ဖျက်သိမ်းခဲ့ရသဖြင့် ဝယ်လိုအားကျဆင်းခြင်းကြောင့် ထိခိုက်မှုများရှိခဲ့ရသည်။7 အဆိုပါ သက်ရောက်မှုများသည် အမျိုးသမီးများတွင် ပိုမို၍ထိခိုက်စေခဲ့သည်။ COVID-19 ကူးစက်ရောဂါကြောင့် အပြင်းထန်ဆုံးထိခိုက်ခံခဲ့ရသည့် ကဏ္ဍများမှာ ၂၀၁၇ခုနှစ်တွင် အမျိုးသမီးများအတွက် အလုပ်အကိုင် အခက်အခဲများရှိသကဲ့သို့ ဖြစ်စေသည်။8

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ၂၀၂၀ခုနှစ် ဧပြီလ ၂၉ ရက်နေ့အထိ စက်ရုံများမှ လူပေါင်း ၆၀၀၀ ကျော် ကို စက်ရုံမှ လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။9 နိုင်ငံတွင်းသွားလာမှုကန့်သတ်ချက်များနှင့် တိုင်းပြည်၏စီးပွားရေးလိုအပ်ချက်အတွက် ရုတ်တရက် ပြောင်းလဲမှုသည် ခိုင်မာမှု အနည်းငယ်သာရှိသော ရွှေ့ပြောင်းအလုပ်သမားများကို အချိုးအစားမမျှတစွာ ထိခိုက်ခဲ့သည်။ ၂၀၂၀ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ နယ်စပ်ဒေသတစ်လျှောက်တွင် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ တို့မှ ပြန်လည်ဝင်ရောက်လာသော ရွှေ့ပြောင်း အလုပ်သမားဦးရေ စုစုပေါင်း ၁၃၅,၄၆၉ ဦးရှိခဲ့သည်။ ၎င်းတို့အထဲမှ သုံးပုံတစ်ပုံသည် အမျိုးသမီးများဖြစ်ကြသည်။10 အလားတူပင် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် စိုက်ပျိုးရေးလုပ်ငန်းများအပါအဝင် အသေးစားစီးပွားရေးလုပ်ငန်းများသည်လည်း ဆက်လက် ရှင်သန် ရပ်တည်နိုင်ရန်အတွက် ရုန်းကန်နေကြရသည်။ မြန်မာနိုင်ငံစီးပွားရေးပတ်ဝန်းကျင် အညွှန်းကိန်းသည် စီးပွားရေးလုပ်ငန်း ၇၅၀ ကို လေ့လာခဲ့ပြီး ၇၆ ရာခိုင်နှုန်းသည် ပိတ်ထားရခြင်း သို့မဟုတ် နာရီများလျှော့၍ လည်ပတ်ဆောင်ရွက်နေ ကြရကြောင်း တွေ့ရှိရသည်။11

သို့သော် အမျိုးသမီးများနှင့် အခြား ဘေးဖယ်ခံနေရသောလူတန်းစားများ၏ အလုပ်အကိုင်အပေါ် ကူးစက်ရောဂါ ၏ အပြည်အဝ သက်ရောက်မှုကို ခန့်မှန်းရန် ခက်ခဲသည်။ အကြောင်းမှာ ၎င်းတို့သည် တရားဝင်မဟုတ်သော အလုပ်သမားများဖြစ်ပြီး အချိုးအစားမြင့်မားစွာ ဖွဲ့စည်းထားသောကြောင့်ဖြစ်ပြီး စာရင်းဇယား လည်ပတ်မှု လုပ်ငန်းစဉ်ကို အပြည့်အဝ ရယူနိုင်ခြင်းမရှိပေ။ ထို့အပြင် အချက်အားလုံးကို ကောင်းစွာခွဲခြားထားခြင်းမရှိပေ။ ဆိုလိုသည်မှာ အမျိုးသမီးများ၊ အချို့တိုင်းရင်းသားလူနည်းစုများနှင့် ရွှေ့ပြောင်းနေထိုင်သူများ ကဲ့သို့ အချို့သောလူများသည် အချက်အလက်များ၌ “မတွေ့မြင်နိုင်သော” သို့မဟုတ် အလုံးစုံ ကိုယ်စားပြုထားခြင်း မဟုတ်ကြောင်း တွေ့နိုင်သည်။

Women, such as this woman selling staples at a local market, are more likely to be working informally. Photo by Paul Arps via Wikimedia Commons. Licensed under CC BY 2.0. / ပြည်တွင်းဈေးကွက်တစ်ခု၌ ကလစ် ရောင်းချသော ဤအမျိုးသမီးကဲ့သို့ အမျိုးသမီးများသည် အလွယ်တကူ လုပ်ကိုင်ရန် ပိုများဖွယ်ရှိသည်။ Wikimedia Commons မှတစ်ဆင့် Paul Arps မှထုတ်ယူထားသော ဓာတ်ပုံဖြစ်သည်။ CC BY 2.0 ဖြင့် လိုင်စင်ရထားသည်။

မည်သည့်ထောက်ပံ့မှုမျိုးကိုပေးထားသနည်း။

နိုင်ငံတော်အစိုးရ

နိုင်ငံတော်အစိုးရသည် “အလုံးစုံပါဝင်သော” ဟူသည့် ငွေပေးချေမှု အဖြစ် ဘတ်ဂျက် ဒေါ်လာ ၂၃ဘီလီယံဖြင့် COVID-19 စီးပွားရေးကယ်ဆယ်မှုအစီအစဉ်တစ်ခု(CERP) ကို ထုတ်ပြန်ခဲ့သည်။ ဦးတည်ချက်များနှင့် အညွှန်းကိန်းများ အရေအတွက်အပေါ်တွင် အခြေခံ၍ ရည်မှန်းချက်ပန်းတိုင်များသည် ပုဂ္ဂလိကကဏ္ဍ ပြန်လည်ရှင်သန်ရေးကို အဓိကအလေးပေးဆောင်ရွက်သည်။ ထို့အပြင် လေ့လာသူများသည် ဤမူဝါဒ၏ ရည်မှန်းချက်များသည် တိကျသောစီမံဆောင်ရွက်မှုများမရှိကြောင်း သတိပြုမိခဲ့ကြသည်။12

CERP ကို ဒေါ်လာသန်း (၇၀) (မတ်လ၁၉ရက်) နှင့် COVID-19 ကြောင့် စီးပွားရေးသက်ရောက်မှုများဆိုင်ရာ ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ(မတ်လ၁၃ရက်) မှ အရေးပေါ်လှုံ့ဆော်မှုတစ်ရပ်ဖြင့် ထောက်ပံ့ခဲ့သည်။ COVID-19 အားတုံ့ပြန်မှုအတွက် စိန်ခေါ်မှုတစ်ရပ်မှာ ရွေးကောက်ပွဲနှစ် တနှစ်တွင် ဖြစ်ပေါ်နေကြောင်း ဖော်ပြခဲ့သည်။

အစိုးရအနေဖြင့်လည်း ပညာရေးဆိုင်ရာသီးခြားပြန်လည်ထူထောင်ရေးအစီအစဉ်ကိုရေးဆွဲခဲ့သည်။13 ထို့အပြင် အစိုးရသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းအပါအဝင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၊ ထုတ်လုပ်မှု စက်ရုံများ၊ သွင်းကုန်၊ထုတ်ကုန်အစားထိုးစက်ရုံများနှင့် ပြည်တွင်းပို့ကုန်များမှ ထောက်ပံ့ရေး ကွင်းဆက်များရှိ စီးပွားရေးလုပ်ငန်းများ၊ စားသောက်ကုန်စက်ရုံများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုများနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများအတွက် အထောက်အကူပြုနိုင်ရန် () ရာခိုင်နှုန်း အတိုးနှုန်းနှင့် တစ်နှစ်စာချေးငွေ မြန်မာကျပ်ငွေ ဘီလီယံ (၁၀၀) (ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၇၅သန်း) ကို COVID-19 ရန်ပုံငွေ အဖြစ် ထူထောင်ခဲ့သည်။14 အစိုးရသည် တိုက်ရိုက်ပံ့ပိုးမှုများပေးလျက်ရှိရာတွင် ကန့်သက်ချက်များရှိခဲ့သည်။ ရောဂါကူးစက်မှုအစပြုချိန်တွင် ထိုကဲ့သို့သော မည်သည့်အထောက်အပံ့မဆို အများအားဖြင့် ခေတ္တမျှသာဖြစ်ခဲ့သည်။ အောက်ပါကိန်းဂဏန်းများ အရ COVID-19 အစီအမံများနှင့် စပ်လျှဉ်း၍ အစိုးရမှ ထုတ်ပြန်ပေးသော ကြေငြာချက်များတွင် စည်းမျဉ်း (၈၆)ခုအနက်မှ ကြေငြာချက် ()ခုသာ ဝင်ငွေဆုံးရှုံးမှုကြောင့် ထိုကဲ့သို့ ထိခိုက်နစ်နာသူများအား ဝန်ဆောင်မှု ပေးခြင်းနှင့်သက်ဆိုင်ကြောင်း ပြသလျက်ရှိသည်။

အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ

အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဦးဆောင်သည့် ကုလသမဂ္ဂဆိုင်ရာ အမျိုးသမီးများ၏ ရခိုင်ပြည်နယ်အစီအစဉ်ကဲ့သို့ လက်ရှိအစီအစဉ်အချို့သည် COVID-19 နှင့် ပတ်သက်သည့် အကြောင်းအရာများနှင့်ပတ်သက်၍ အံဝင်ဂွင်ကျဖြစ်စေသည်။ .15 ကုလသမဂ္ဂသည် မြန်မာနိုင်ငံတွင် COVID-19 နှင့်ပတ်သက်သည့် လူမှုစီးပွားရေးဆိုင်ရာတုံ့ပြန်ချက်ကို ချက်ခြင်း ရေးဆွဲခဲ့ပြီး အစိုးရ၏ CERP နှင့် ကိုက်ညှိခဲ့သည်။16

မည်သည့်အရာကိုထပ်မံ လိုအပ်သနည်း။

ကျွန်ုပ်တို့တွင် ရှိပြီးသားအချက်အလက်များနှင့်အတူ ၎င်းသည် အမျိုးသမီးများ၏ အလုပ်အကိုင်အပေါ် COVID-19 သက်ရောက်မှုများမှ ထိခိုက်လျက်ရှိသည်ဟုယူဆရန် ကျိုးကြောင်းဆီလျှော်မှုရှိသည်။ သို့သော် အသေးစိတ် အချက်အလက်များမရှိပါက မူဝါဒများနှင့်လူမှုရေးဆိုင်ရာအထောက်အပံ့များသည် အမျိုးသမီးများ၏ လိုအပ်ချက်များကို မည်သို့ဖြည့်ဆည်းပေးနိုင်သည်ကို သိရှိရန်ခက်ခဲလှသည်။

မြန်မာနိုင်ငံတွင် ဤကွာဟချက်ကို အသိအမှတ်ပြုမှုအချို့ ရှိနေသည်။ ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ၏ ဗဟို စာရင်းအင်းဆိုင်ရာအဖွဲ့အစည်း၏ ပံ့ပိုးမှုဖြင့် စောင့်ကြည့်လေ့လာရေး ပလက်ဖောင်းတစ်ခုအတွက် အချက်အလက်များကို ကောက်ယူခဲ့သည်။ ဤအချက်အလက်များကို အိမ်ထောင်စုအဆင့်တွင် ကောက်ယူခဲ့ပြီး ဆိုလိုသည်မှာ ကျား၊မ ခွဲခြားမှု အကန့်အသတ်များရှိခြင်းကြောင့် အမျိုးသမီးများသည် အချက်အလက်များတွင် လုံလောက်စွာ ကိုယ်စားပြုနိုင်ခြင်းမရှိခဲ့ပေ။17 အလားတူပင် WFP နှင့် FAO တို့သည် စားနပ်ရိက္ခာဖူလုံမှုနှင့် အသက်မွေးဝမ်းကျောင်းမှုများကို ပိုမိုနားလည်စေရန်အတွက် အချို့သောမြို့နယ်များနှင့် ရန်ကုန်ရှိ အချို့ နေရာများတွင် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့နှင့် အတူတကွ လက်တွဲ ဆောင်ရွက်ကြသည်။ ဤအချက်အလက်များသည် ကျား၊မရေးရာပြဿနာများအား အထူးသိမြင်မှုရှိ၊ မရှိ မသေချာပေ။ ထို့အပြင် MIMU သည် မြန်မာနိုင်ငံရှိ COVID-19 နှင့် သက်ဆိုင်သည့်သတင်းအချက်အလက်၊ ဗဟုသုတ အသိပညာများရရှိစေရန်အတွက် ပလက်ဖောင်းတစ်ခုတည်းပေါ်တွင် စုစည်းထားရန် ယာယီ ဆောင်ရွက်မှုတစ်ခု ပြုလုပ်နေသည်။ သို့ရာတွင် ၎င်းကို ၂၀၂၀ခုနှစ်၊ ဩဂုတ်လအထိသာ အထောက်အပံ့ပေးခဲ့သည်။ အချို့နည်းလမ်းများတွင် အသုံးဝင်သော်လည်း ၎င်းသည် အခြေခံအချက်အလက်များမရှိခြင်း၊ သို့မဟုတ် နောက်ဆုံးပေါ်ခေတ်မီ၍ယုံကြည်စိတ်ချရသော အချက်အလက်များမရရှိခြင်းတို့ကို အထူးသဖြင့် အထောက်အကူ ပြုမပေးနိုင်ပါ။ SDGs များနှင့် သက်ဆိုင်သော စာရင်းအင်းဆိုင်ရာလုပ်ငန်းများတွင် မြန်မာနိုင်ငံအားကူညီရန် အတွက် UNDP မှ အချို့သောလုပ်ဆောင်မှုများကို လုပ်ဆောင်နေသော်လည်း SDG များမှ ကျား၊ မရေးရာ အညွှန်းကိန်းများသည် ပြီးပြည်စုံမှုမရှိပေ။

References

Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

8AZnK
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!