မြန်မာနိုင်ငံ၏ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင် ၃ – ကောင်းမွန်သော ကျန်းမာရေးနှင့် သာယာဝပြောရေး

နိဒါန်း

ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင် ၃ ဖြစ်သည့် “လူတိုင်းစေ့ ကျန်းမာရေးနှင့် ၎င်းတို့ဘဝ သာယာဝပြောမှုကို မြှင့်တင်ပေးရန်” တွင် အညွှန်းကိန်း (၂၆)ခုဖြင့် ရည်မှန်းချက်(၁၃)ချက် ပါဝင်သည်။ အဆိုပါရည်မှန်းချက်များထဲတွင် မိခင်ကျန်းမာရေး(၃.၁) ကလေးကျန်းမာရေး(၃.၂)၊ ကူးစက်တတ် သော (၃.၃)နှင့် မကူးစက်တတ်သော(၃.၄) ရောဂါများ၊ မူးယစ်ဆေးဝါးအလွဲသုံးမှု(၃.၅)၊ ယာဉ်မတော်တဆမှု (၃.၆)၊ လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှု(၃.၇)၊ တကမ္ဘာလုံးကျန်းမာရေးလွှမ်းခြုံမှု(၃.၈)၊ နှင့် သဘာဝပတ်ဝန်းကျင်အန္တရာယ်များ(၃.၉)တို့ ပါဝင်သည်။ ထို့အပြင် ဆေးရွက်ကြီးထိန်းချုပ်မှု (၃.က)၊ ကာကွယ်ဆေးနှင့် ဆေးဝါးများအတွက် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု (၃.ခ)၊ ကျန်းမာရေးရန်ပုံငွေနှင့် ကျန်းမာရေးလုပ်သား(၃.ဂ)နှင့် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများ(၃.ဃ) တို့ ကိုလည်း ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင် ၃ (SDGs 3) တွင်ထည့်သွင်းထားသည်။ အခြား SDGs ရည်မှန်းချက်(၅၀) ခန့်သည်လည်း SDG 3 နှင့်ဆက်စပ်မှုရှိသည်။1

ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ပန်းတိုင်များ(MDGs)မှ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် ၃ (SDG-3 ) သို့ ကူးပြောင်းခြင်း

SDG များသည် ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ (MDGs) အပေါ်တွင် အခြေခံ၍ တည်ဆောက် ထားခြင်းဖြစ်သည်။ ထောင်စုနှစ်ဖွံ့ဖြိုးမှု ရည်မှန်းချက်(၈)ခုတွင် (၃)ခုသည် ကျန်းမာရေးနှင့်ပတ်သက်၍ အလေးပေးဆောင်ရွက်ရန်ဖြစ်သည်။2 မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများစုတွင်ပင်လျှင် ထောင်စုနှစ် ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်ကာလအတွင်း ကျန်းမာရေးတိုးတက်မှုများ အကြီးအကျယ်ကြုံတွေ့ခဲ့ရသော်လည်း ၂၀၃၀ ခုနှစ်တွင် SDG 3 သို့ ရောက်ရှိရန် အတွက် စိန်ခေါ်မှုများ ကျန်ရှိနေဆဲပင်ဖြစ်သည်။3 ဥပမာအားဖြင့် ၂၀၁၅ ခုနှစ်တွင် MDG 4 (ကလေးသူငယ်နှင့် မွေးကင်းစကလေးများသေဆုံးမှု)နှင့် MDG 5 (မိခင်သေဆုံးမှု) အတွက် ရည်မှန်းချက်များသည် မြန်မာနိုင်ငံ၌ အောင်မြင်မှုမရရှိခဲ့ပေ။ MDG 6 တိုးတက်မှု -HIV/ AIDS ၊ ငှက်ဖျားနှင့် အခြားရောဂါများကိုတိုက်ဖျက်ရာတွင် မြန်မာနိုင်ငံသည် ငှက်ဖျားရောဂါ ဖြစ်ပွားမှုများစွာကို လျှော့ချနိုင်ခဲ့သော်လည်း  တီဘီရောဂါကိုမူ မလျှော့ချနိုင်ခဲ့ပေ4 

(ငှက်ဖျားရောဂါဖြစ်ပွားမှုကိုလျှော့ချရန်ဇယား)

မြန်မာနိုင်ငံတွင် SDG 3 ကိုဒေသတွင်း အသုံးပြုခြင်း

မြန်မာနိုင်ငံရှိ ပြည်သူလူထု၏ ကျန်းမာရေးသည် တိုးတက်မှုများရှိသော်လည်း အခြားအာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အားနည်းနေဆဲဖြစ်သည်။ref]ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ။ မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေး စီမံကိန်း၂၀၁၇-၂၀၂၁။ https://data.opendevelopmentmekong.net/laws_record/myanmar-national-health-plan-2017-2021. နိုဝင်ဘာ ၈၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။[/ref] ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုရရှိရာ၌ ကျေးလက်နှင့်မြို့ပြ ကွဲပြားမှုတစ်ခု ရှိနေသည်။ ခရီးသွားခြင်း၊ ဘာသာစကားအခက်အခဲများနှင့် အချိန်ကန့်သတ်ချက်များကြောင့် ပြည်သူလူထုသည် ပိုမိုဈေးကြီးသော ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှု ပံ့ပိုးပေးသူများကို ရွေးချယ်ခဲ့ကြသည်။5 တိုင်းရင်းသားလူနည်းစုများအနေဖြင့်လည်း ကျန်းမာရေးဝန်ဆောင်မှုများကိုရယူရန် အခက်အခဲများရှိကြပြီး ၎င်းတို့အတွက် ဝန်ဆောင်မှုများသည်လည်း အရည်အသွေးနိမ့်ကြသည်။6  ထို့အပြင် မိရိုးဖလာမွေးဖွားခြင်း အလေ့အထ၊ သန္ဓေတားဆေးအပေါ် အပျက်သဘောအမြင်များနှင့် အမျိုးသားနှင့် အမျိုးသမီးများအကြား စွမ်းအားကွဲပြားမှုများကဲ့သို့သော လူမှုရေးစံနှုန်းများသည်  အမျိုးသမီးများအတွက် ရရှိမှုများအပေါ် သက်ရောက်မှုများရှိကြသည်။7

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် SDG 3 အညွှန်းကိန်းများ အားလုံးသည် နိုင်ငံနှင့်သက်ဆိုင်ကြောင်း အသိအမှတ်ပြုထားသည်။ UNDP ၏ အကူအညီဖြင့် ဗဟိုစာရင်းအင်းအဖွဲ့ (CSO) မှ ကောက်ယူခဲ့သော အခြေခံ အချက်အလက်များ8, ကို ၂၀၁၇ခုနှစ် မတိုင်မီ SDG 3 ရည်မှန်းချက် (၂၆)ခု အနက်မှ (၂၀) ခုအတွက်  ရရှိနိုင်သည်။ ကျန်ရှိသော အညွှန်းကိန်း (၆) ခု(၃.၃.၃၊ ၃.၃.၄၊ ၃.၅.၁၊ ၃.၈.၁၊ ၃.ခ.၁၊ ၃.ခ.၃) တို့ အတွက် အချက်အလက်များသည် ပျောက်ဆုံးခြင်း သို့မဟုတ် ယုံကြည်စိတ်ချမှုမရရရှိခြင်းတို့ ဖြစ်ခဲ့ရသည်။ အခြေခံ အချက်အလက်များကို နိုင်ငံအဆင့်နှင့် နိုင်ငံတကာ ဒေတာထုတ်လုပ်သူများထံမှ ရရှိ၍ အရည်အသွေးပြည့်မီ သော စံနှုန်းများနှင့် ကိုက်ညီပါက အမြဲပွင့်လင်းမြင်သာမှု လုံးဝမရှိသောကြောင့် ယုံကြည်စိတ်ချရမှု မရှိခြင်း ဖြစ်သည်။ SDG ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီများနှင့် ပညာရှင်အဖွဲ့သည် အချက်အလက်အရင်းအမြစ်များ နှင့် ပတ်သက်သော လမ်းညွှန်ချက်များကိုချမှတ်ထား၍ အပြည်ပြည်ဆိုင်ရာ အရင်းအမြစ်များကိုအသုံးမပြုမီ ပြည်တွင်း အရင်းအမြစ်များကို အသုံးပြုကြရန် အကြံပြု ထားသည်။ ၎င်းကို အထောက်အကူပြုရန်အတွက် ပြည်တွင်း စာရင်းအင်းစွမ်းရည်ကို မြှင့်တင်ရန်လိုအပ်ပြီး မြန်မာနိုင်ငံရှိ CSO ကဲ့သို့ပင် နောက်ဆုံး အချက်အလက်များ စုဆောင်းခြင်းအတွက် အဖွဲ့အစည်းတစ်ခုတည်းကသာ တာဝန်ယူရမည်ဖြစ်သည်။9 မြန်မာနိုင်ငံအစိုးရသည် ပြည်တွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးပုံ10, အထူးသဖြင့် စာရင်းအင်းစွမ်းရည်ကိုမြှင့်တင်ရန် တို့အား အလေးထားဆောင်ရွက်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် သက်ဆိုင်ရာမူဝါဒများကိုချမှတ်ခဲ့သည်။ အမျိုးသားကျန်းမာရေး စီမံကိန်း ၂၀၁၇-၂၀၂၁ သည် တစ်ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုကိုအဓိကထားသည်။ မဟာ ဗျူဟာ မြောက် အစီအစဉ်များတွင် ကျောင်းသူ၊ ကျောင်းသားများကဲ့သို့လူများအတွက် သို့မဟုတ် မကူး စက်တတ်သော ရောဂါများ၊  HIV/ AIDS ၊ တီဘီ စသည့် ထူးခြားသောရောဂါများကိုစီမံခန့်ခွဲရန်အတွက် အကူအညီများပေးခြင်း တို့ပါဝင်သည်။11 မိခင်သေဆုံးမှု၊ ကလေးငယ်နှင့် မွေးကင်းစကလေးသေဆုံးမှုနှုန်း၊ HIV ပျံ့နှံ့မှုနှင့် NCDs နှုန်းထားများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အထူးပတ်သက်နေ သောကြောင့် ဤစာမျက်နှာသည် ထိုအကြောင်းအရာများကို အဓိကထား ဖော်ပြထားခြင်းဖြစ်သည်။ 

မိခင်သေဆုံးမှု (၃.၁)

မျိုးဆက်ပွားကျန်းမာရေးကို မြှင့်တင်ရန် မဟာဗျူဟာများကို အကောင်အထည်ဖော်နေသော်လည်း မြန်မာ နိုင်ငံ၌ မိခင်သေဆုံးမှုနှုန်းသည် စိုးရိမ်ဖွယ် မြင့်မားလျှက်ရှိသည်။ ၂၀၁၇ခုနှစ် မိခင်သေဆုံးမှုအချိုး (MMRatio) သည် အသက်ရှင်လျက်မွေးဖွားသူ (၁၀၀၀၀၀) တွင် သေဆုံးသူမိခင်(၂၅၀)ဦး ခန့်ရှိပြီး ၂၀၁၄ ခုနှစ်အတွင်း လူ (၁၀၀၀၀၀) မွေးလျှင် သေဆုံးသူ(၂၈၂)ဦးအထိ နှင့် နှိုင်းယှဉ်လျှင် အနည်းငယ်ကျဆင်းသွားသည်ကို တွေ့ရ သည်။ ထိုပမာဏသည် အရှေ့တောင် အာရှအတွင်း ပျမ်းမျှနှစ်ဆ ( ၂၀၁၄ခုနှစ်အတွင်း လူ(၁၀၀၀၀၀)လျှင် သေဆုံးသူ ၁၄၀ဦး)12 အထိရှိခဲ့သည်။ မြန်မာနိုင်ငံ၏ မိခင်သေဆုံးမှုနှုန်းနှင့်ပတ်သက်၍ ယုံကြည်စိတ်ချရသော အချက်အလက်များသည် ၂၀၁၄ ခုနှစ်အထိ လက်တွေ့ကောက်ယူထားခြင်းမရှိဘဲ သန်းခေါင်စာရင်းမှ အချက်အလက်များကို စုဆောင်းထားခြင်းဖြစ်သည်။

အသက်ရှင်လျက် မွေးဖွားသူ မိခင် (၁၀၀၀၀၀) လျှင် (၇၀)ဦး ၏ မိခင်သေဆုံးမှုအချိုး အတွက် ရည်ရွယ်ချက် ဖြစ်သော SDG 3.1 နှင့် ကိုက်ညီရန် လျင်မြန်သည့်တိုးတက်မှုတို့ လိုအပ်ပေမည်။ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံတို့ကဲ့သို့သော အခြား မဲခေါင်ဒေသအောက်ပိုင်းနိုင်ငံများ LMC များမှ MMRatio ကို လျှော့ချရာတွင် အပြုသဘောဆောင်သော ရလာဒ်များကို ပြသခဲ့ကြသည်။ ၎င်းတို့၏ မဟာဗျူဟာများသည် မြန်မာနိုင်ငံနှင့် သက်ဆိုင်နိုင်သည်။ မိခင်သေဆုံးမှုနှုန်းကို ကာကွယ်ရန် နောက်ထပ် ဆောင်ရွက်ပေးရန် အဓိကအချက် တစ်ခုမှာ အမျိုးသမီးများအား စွမ်းရည်မြှင့်တင်ပေးခြင်းပင်ဖြစ်သည်။ ၎င်းသည် SDG (3.7) နှင့်အညီ လိင်နှင့် မျိုးဆက်ပွားကျန်းမာရေးကို လက်လှမ်းမီသော လူတိုင်းအတွက် မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှု13

Mother and child in a displacement camp in Myanmar. Photo by UN Photo/David Ohana via Flickr. Licensed under CC BY-NC-ND 2.0.

မွေးကင်းစကလေးများနှင့် အသက် ၅နှစ်အောက် ကလေးငယ်များ သေဆုံးမှု

ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း၌ မြန်မာနိုင်ငံသည် အသက် (၅)နှစ်အောက် ကလေးငယ် သေဆုံးမှုနှုန်းမှာ ၁၉၉၀ ခုနှစ်တွင် မွေးဖွားသော ကလေး (၁၀၀၀)လျှင် သေဆုံးသူ (၁၁၅)ဦးမှ  ၂၀၁၈ ခုနှစ်တွင် မွေးဖွားသော ကလေး (၁၀၀၀)လျှင် သေဆုံးသူ (၄၆)ဦးအထိ ခန့်မှန်းခြေအားဖြင့် ၆၀% နှုန်း ကျဆင်းသွားသည်။14 အလားတူပင် ၁၉၉၀ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မွေးကင်းစကလေး (၁၀၀၀) လျှင် သေဆုံးသူ ၈၂ ဦးမှ ၃၇ဦး သို့ သေဆုံးမှုနှုန်း ၅၀% ကျော် လျှော့ချနိုင်ခဲ့သည်။15 ဤသိသာထင်ရှားသည့် အောင်မြင်မှုသည် ၂၀၃၀ ခုနှစ်တွင် အသက်ရှင်လျက်မွေးဖွားသူ  (၁၀၀၀) လျှင်သေဆုံးသူ (၂၅)ဦးအထိလျှော့ချရန် ရည်ရွယ်ထားသော SDG (3.2) သို့ရောက်ရှိရေးအတွက် ထပ်မံ လျှော့ချရန် လိုအပ်နေသည်။16 ထို့အပြင် ၎င်းနှုန်းထားများသည် အခြား မဲခေါင်ဒေသအောက်ပိုင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင်  မြင့်မားနေဆဲဖြစ်ပြီး လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ တစ်ခုတည်းတွင်သာ သေဆုံးမှုနှုန်း မြင့်မားနေကြောင်း ပြသထားသည်။17

ကူးစက်ပျံ့နှံ့တတ်သော ရောဂါများ (၃.၂)

မြန်မာနိုင်ငံတွင် HIV ၊ ငှက်ဖျားနှင့် တီဘီရောဂါများအားကာကွယ်ခြင်းကို ဦးစားပေးလုပ်ငန်း တစ်ခုအဖြစ် သတ်မှတ်ထားသည်။ မြန်မာနိုင်ငံသည် မြို့ပြနှင့်ကျေးလက်ဒေသများအကြား အကြီးအကျယ်ကွာဟမှုများနှင့် အတူ HIV ရောဂါကူးစက်နှုန်းမှာ အလွန်မြင့်မားစွာကြုံတွေ့နေရသည်။18 လက်ရှိခန့်မှန်းချက်များအရ တစ်နှစ်လျှင် HIV ရောဂါကူးစက်မှုအသစ် ၁၁၀၀၀ ခန့်ရှိပြီး  အထူးသဖြင့် ကူးစက်မှုအသစ်အရေအတွက်သည် အလွန်နှေးကွေးစွာ ကျဆင်းနေရာ ဤကပ်ရောဂါသည် မကြာမီပြီးဆုံးသွားမည်မဟုတ်ကြောင်း ထောက်ပြ ထားသည်။19 အမျိုးသမီးလိင်လုပ်သားများ၊ လိင်တူဆက်ဆံသောအမျိုးသားများနှင့် မူးယစ်ဆေးဝါး ထိုးသွင်းသူ များကဲ့သို့ အဓိကလူဦးရေများအပေါ် အချိုးအစားမျှတမှုမရှိဘဲ သက်ရောက်လျက်ရှိသည်။ ဤလူဦးရေ အများစုသည် မြို့ကြီးများတွင်နေထိုင်ကြပြီး ရန်ကုန်ကဲ့သို့သော မြို့ပြဒေသများတွင် HIV ရောဂါသည် အခြား မဲခေါင်မြစ်ဝှမ်းဒေသအောက်ပိုင်းနိုင်ငံများရှိ မြို့ကြီးများထက် ပိုမိုများပြားလျက်ရှိကြောင်း ဖော်ပြသည်။ ဥပမာအားဖြင့် ရန်ကုန်မြို့၌ ၂၀၁၅ ခုနှစ်တွင် အမျိုးသမီးလိင်လုပ်သား ၂၄.၆ % သည် HIV ရောဂါပိုးရှိကြပြီး ဟနွိုင်းတွင် ၂၂ % နှင့် ဘန်ကောက်တွင် ၆% သာ ရှိကြောင်းတွေ့ရသည်။20

(HIV ရောဂါဖြစ်ပွားမှုလျှော့ချရန်ဇယား)

၁၉၉၀ ခုနှစ်မှ ၂၀၁၅ခုနှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုသည် လူဦးရေ ၁၀၀၀၀၀ လျှင် ၂၀၄၆ မှ ၅၇၄ ဦး အထိ သိသိသာသာ ကျဆင်းသွားခဲ့သော်လည်း မြန်မာနိုင်ငံသည် အခြား မဲခေါင်ဒေသအောက်ပိုင်းနိုင်ငံများ နောက်တွင် ကျန်နေဆဲဖြစ်သည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံသည် ၂၀၁၅ ခုနှစ်၌ လူ ၁၀၀၀၀၀ တွင် ငှက်ဖျား ရောဂါ ဖြစ်ပွားမှု ၉ ဦးသာ မှတ်တမ်းတင်ခဲ့ရပြီး ဗီယက်နမ်နိုင်ငံတွင် ၃၅ဦးသာ ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းသည် လူ ၁၀၀၀၀၀ လျှင် ၉၀ဦး ဖြစ်ပွားခဲ့ပြီး အာဆီယံနိုင်ငံ များ၏ ပျမ်းမျှနှုန်းထက် (၆)ဆ ပိုမိုမြင့်မားကြောင်းတွေ့ရသည်။21

အလားတူပင် ၁၉၉၀ ခုနှစ်မှစတင်၍ တီဘီရောဂါဖြစ်ပွားမှုနှုန်းမှာ ၅၀ % ကျော် ကျဆင်းသွားသော်လည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ တီဘီရောဂါဖြစ်ပွားမှုနှုန်း အမြင့်မားဆုံးနိုင်ငံ(၃၀)တွင် ပါဝင်နေဆဲဖြစ်သည်။ref]န်းမာရေးနှင့်အားကစားဝန်ကြီးဌာန။  ၂၀၁၆ ခုနှစ်။ တီဘီရောဂါနှင့်ပတ်သက်သည့် အမျိုးသားမဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၀) https://data.opendevelopmentmekong.net/laws_record/national-strategic-plan-for-tuberculosis-2016-2020. နိုဝင်ဘာ ၁၃၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။[/ref]

မကူးစက်တတ်သောရောဂါများ (၃.၃)

မကူးစက်တတ်သောရောဂါများ (NCDs) သည် မြန်မာနိုင်ငံရှိ သေဆုံးမှုအားလုံး၏ ၆၈% ခန့်ရှိသည်။ မကူးစက်တတ်သောရောဂါများတွင် သွေးကြောဆိုင်ရာရောဂါများ (၂၀၁၆ ခုနှစ်တွင် သေဆုံးမှု၏အဓိက အကြောင်းအရင်း)၊ ကင်ဆာ၊ ဆီးချိုရောဂါနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများပါဝင်သည်။22 ၎င်းတို့ သည် မြန်မာနိုင်ငံတွင် များပြားလာပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းကြောင့် အန္တရာယ်ဖြစ်စေ ခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သည့် အစားအစာများစားခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း တို့အပါအဝင် အခြားအန္တရာယ်ဖြစ်စေသော အချက်များကြောင့် ဖြစ်နိုင်သည်။23 မြန်မာနိုင်ငံ၌ NCD များသည် အများအားဖြင့် ကုသမှုမခံရခြင်း သို့မဟုတ် ရောဂါမရှာဖွေနိုင်ခြင်း ရှိနေဆဲဖြစ်သည်။24

ကျန်ရှိသည့် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်(SDGs) များဖြစ်သော မူးယစ်ဆေးဝါး အလွဲသုံး မှု (၃.၅) ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအန္တရာယ်အချက်အလက်များ (၃.၉)နှင့် ဆေးရွက်ကြီးသုံးစွဲခြင်း (၃.က) တို့သည် မကူးစက်တတ်သောရောဂါများ (NCDs) တိုးပွားမှုအန္တရာယ်ကို မြင့်တက်စေသည်။25 ၂၀၁၄ ခုနှစ်တွင် အရွယ်ရောက်သူအားလုံး၏ ၅၄.၄% သည် ဆေးလိပ်သောက်သုံးလျက်ရှိရာ မြန်မာနိုင်ငံရှိ ဆေးလိပ် သောက်သုံးမှု ကို သိသာစွာ တွေ့ရှိနိုင်သည်။26 ကျန်းမာရေးစောင့်ရှောက်မှုအတွက် အကန့်အသတ်ဖြင့်သာ ငွေသုံးစွဲရခြင်းကြောင့်  ဆီးချိုရောဂါနှင့် သွေးတိုးရောဂါကဲ့သို့ မကူးစက်တတ်သောရောဂါများ (NCDs)ကို လျစ်လျှူရှုထားရခြင်းဖြင့် တကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလွှမ်းခြုံမှု (SDG 3.8) ကို လက်လှမ်းမီခြင်းက မကူးစက်တတ်သော ရောဂါများ အပေါ် သက်ရောက်မှုများဖြစ်စေနိုင်သည်။27

မြန်မာနိုင်ငံတွင် ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင် ၃ (SDG 3 )အကောင်အထည်ဖော်မှုနည်းလမ်းများ

ပန်းတိုင် ၃ တွင် အကောင်အထည်ဖော်မှု အညွှန်းကိန်း နည်းလမ်း  ၄ မျိုးရှိ၍ မြန်မာနိုင်ငံသည် တစ်ခုချင်းစီနှင့် ကိုက်ညီစေရန် ကြိုးပမ်းအားထုတ်ခဲ့သည်။  ရည်မှန်းချက်ပန်းတိုင်(၃.က) (SDG 3.a ) သည် ဆေးရွက်ကြီး သုံးစွဲမှု ဖြင့် တိုင်းတာထားသော WHO ဆေးရွက်ကြီးထိန်းချုပ်မှုဆိုင်ရာမူဘောင်၏ အကောင်အထည်ဖော်မှု ကို ဆောင်ရွက်ရန် ရည်ရွယ်ထားသည်။ မြန်မာနိုင်ငံသည်WHO မှ ဆေးရွက်ကြီးထိန်းချုပ်မှုဆိုင်ရာ မူဘောင်ကိုအတည် ပြုခဲ့ပြီး တားဆီးကာကွယ်မှုကို အားကောင်းစေခဲ့သည်။ စီးကရက်အတွက် ကျန်းမာရေး ဆိုင်ရာ သတိပေးချက်များ ကို အကောင်အထည်ဖော်ခဲ့ပြီး ဆေးရွက်ကြီးအခွန်များကိုလည်း တိုးမြှင့်ထား ခဲ့သည်။  အခွန်တိုးမြှင့်ခြင်းကြောင့် ဝယ်နိုင်အားကျဆင်းလာပြီး စီးကရက်ရောင်းအားလည်း ကျဆင်းလာ သည်။ ဆေးရွက်ကြီးသုံးစွဲမှုကို ပိုမိုလျှော့ချနိုင်ရေးအတွက် နောင်လာမည့်နှစ်များတွင် အခွန်များထပ်မံ တိုးမြှင့်ရန် လိုအပ်သည်။28 

ရည်မှန်းချက်ပန်းတိုင် (၃.ခ) (SDG 3b )သည် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အဆင့်များကို ကြည့်ရှုခြင်းဖြစ်သည်။ ၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံသည် ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေး ဆိုင်ရာ သုတေသနလုပ်ငန်းများအတွက် တရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA)ကို အမေရိကန်ဒေါ်လာ သန်း ၁၆၀ လက်ခံရရှိခဲ့ရာမှ  ၂၀၁၇ ခုနှစ်29 တွင် အမေရိကန်ဒေါ်လာ ၁၉၇ သန်း အထိ တိုးမြှင့်ရရှိခဲ့သည်။30

ရည်မှန်းချက်ပန်းတိုင် (၃.ဂ) (SDG 3c)သည် ကျန်းမာရေးရန်ပုံငွေတိုးမြှင့်ရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍရှိ လုပ်သားအင်အားတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ လက်ရှိ အမျိုးသားကျန်းမာရေး စီမံကိန်းသည် ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးမြှင့်တင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်များကို ပိုမိုခိုင်မာလာစေရေး၏ အရေးကြီးပုံအား အလေးပေးဖော်ပြထားသည်။ 31 သို့ရာတွင် မြန်မာနိုင်ငံ၌ ကျန်းမာရေး ဝန်ဆောင်မှုများ လက်လှမ်းမီရေးကို ကန့်သတ်ထားသည့် ငွေကြေးချို့တဲ့မှုများလည်း ရှိနေဆဲ ပင်ဖြစ်သည်။သို့ရာတွင် မြန်မာနိုင်ငံ၌ ကျန်းမာရေး ဝန်ဆောင်မှုများ လက်လှမ်းမီရေးကို ကန့်သတ်ထားသည့် ငွေကြေးချို့တဲ့မှုများလည်း ရှိနေဆဲ ပင်ဖြစ်သည်။ SDG 3 ကို အကောင်အထည်ဖော်ရန်အတွက် ငွေကြေးထောက်ပံ့မှုသည် မရှိမဖြစ်လို အပ်နေ သည်။ ဥပမာအားဖြင့် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှု (၃.၈)ကို အမျိုးသားကျန်းမာရေး စီမံကိန်း ၂၀၁၇-၂၀၂၁ က လိုအပ်ချက်တစ်ခုအနေဖြင့် အသိအမှတ်ပြုထားခြင်းဖြစ်သည်။ သို့သော် ဤအရာကို အကောင်အထည်ဖော်ရန် ပြည်သူ့အသုံးစရိတ်များ သိသိသာသာတိုးမြှင့်ရမည်ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံရှိ စုစုပေါင်းဘတ်ဂျက်၏ ၃.၆၅% ကိုသာ ကျန်းမာရေးအတွက် သုံးစွဲပြီး32 ကျန်းမာရေးအသုံးစရိတ်၏ ၇၄% ကျော်ကို မိမိတို့ကိုယ်ပိုင်ငွေဖြင့်သာ သုံးစွဲကြရသည်။ 33 ထို့အပြင် မြန်မာနိုင်ငံသည် ပြည်သူများ၏ ကျန်းမာ ရေး ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အလှုရှင်များ၏ ရန်ပုံငွေအပေါ် အလွန်အမင်း မှီခိုအားထားနေ ရပြီး အကယ်၍ ရန်ပုံငွေများရုပ်သိမ်းခြင်းခံရပါက တိုင်းပြည်ကို ထိခိုက်စေမည့် အနေအထားသို့ ရောက်ရှိ သွားမည်ဖြစ်သည်။34 ဥပမာအားဖြင့် ၂၀၁၅ ခုနှစ်တွင် အလှုရှင်ရန်ပုံငွေထဲမှ အမေရိကန်ဒေါ်လာ ၇၃ သန်းကို HIV ရောဂါအတွက် သုံးစွဲခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀.၄ သန်းကိုသာ ပြည်သူ့ရန်ပုံငွေမှ သုံးစွဲခဲ့သည်။

ရည်မှန်းချက်ပန်းတိုင် (၃.ဃ) (SDG 3.d )သည် အပြည်ပြည်ဆိုင်ရာကျန်းမာရေးစည်းမျဉ်များ (IHR) အညွှန်းကိန်းဖြင့် တိုင်းတာထားသော ကျန်းမာရေးအန္တရာယ်များကို ကာကွယ်ခြင်းနှင့်လျှော့ချခြင်းတို့အတွက် စွမ်းရည်များမြှင့်တင်ပေးရန် အလေးပေးဆောင်ရွက်ပေးခြင်းဖြစ်သည်။35 မြန်မာနိုင်ငံတွင် လမ်းညွှန်ချက်များ နှင့် မဟာဗျူဟာ များစွာရှိသော်လည်း ၎င်းတို့အနက် အများစုမှာ မူကြမ်းသာ ရှိနေသေးသည်။ မြန်မာနိုင်ငံ အနေဖြင့် (IHR) အညွှန်းကိန်းအရ ရောဂါပိုးမွှားတိုက်ဖျက်နိုင်စွမ်းနှင့် အရေးပေါ်အခြေအနေ ကြိုတင်ပြင်ဆင်မှုများတွင် အလွန်အားနည်းနေသေးသည်။36

(အခြား LMCs နိုင်ငံများနှင့်နှိုင်းယှဉ်၍ မိမိတို့ကိုယ်ပိုင်ငွေမှ ကျခံသုံး စွဲရခြင်း)

မြန်မာ့ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးစီမံကိန်း (MSDP) သည် SDGs များနှင့်ကိုက်ညီပြီး အကောင်အထည် ဖော်မှုဆိုင်ရာ ပြသနာအချို့ကို ဖြေရှင်းရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ MSDP တွင် မဏ္ဍိုင်ကြီးသုံးရပ်နှင့် ရည်မှန်းချက်ပန်းတိုင် (၅)ခု ရှိပြီး SDG 3 ၏ ရည်မှန်းချက်အများစုသည် မဏ္ဍိုင် (၃) (ပြည်သူနှင့်ကမ္ဘာမြေ)၊ ရည်မှန်းချက် (၄) (လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖွံ့ဖြိုးတိုးတက်မှု)တို့ အောက်တွင် ရှိကြသည်။ ရည်မှန်းချက်တစ်ခုစီတွင် SDG ရည်မှန်းချက်များ အောင်မြင်ရန် မဟာဗျူဟာများရှိပြီး၊ SDG 3 နှင့်သက်ဆိုင်သည့် မဟာဗျူဟာများမှာ –

  • ဆင်းရဲနွမ်းပါးသူများအား ရှင်းလင်းပြတ်သားသောနည်းလမ်းကို အသုံးပြု၍ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်  ကျန်းမာရေးစောင့်ရှောက်မှုကို ထောက်ပံ့ပေးသည့် ကျန်းမာရေးဝန်ဆောင်မှု စနစ်များကို ပိုမိုအားကောင်း လာစေခြင်း( ၄.၂)
  • လိုက်လျောညီထွေဖြစ်စေမည့်စနစ်များကို အခြေခံသည့် လူမှုလုံခြုံရေးဆိုင်ရာကွန်ယက်ကိုချဲ့ထွင်ပြီး ဘဝတစ်လျှောက်လုံးအတွက်လူမှုကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုများကို တိုးချဲ့ခြင်း( ၄.၃) 
  • အန္တရာယ်ကင်းပြီး သင့်တင့်မျှတသောအစားအစာများကို ဘေးကင်းစိတ်ချရသည့် အခွင့်အလမ်းများ ဖြစ်စေရန် တိုးမြှင့်ပေးခြင်း (၄.၄)
SDGရည်မှန်းချက် SDG အညွှန်းကိန်း 
3.1၂၀၃၀ခုနှစ်တွင် ကမ္ဘာ့လုံးဆိုင်ရာ မိခင် သေဆုံးမှု အချိုးကို မွေးဖွားသူ(၁၀၀၀၀၀) လျှင် သေဆုံးသူဦးရေး (၇၀)ဦးအထိ လျှော့ချနိုင်ရန်၃.၁.၁

၃.၁.၂
မိခင်သေဆုံးမှု အချိုး

ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများမှ မွေးဖွားပေးသောအချိုးအစား
3.2၂၀၃၀ခုနှစ်တွင် နိုင်ငံအားလုံး၌ မွေးကင်းစ ကလေး များသေဆုံးမှုကို အနည်းဆုံး လူ(၁၀၀၀)မွေးဖွား လျှင် သေဆုံးမှု(၁၂)ဦး အထိလျှော့ချ၍ (၅)နှစ် အောက် ကလေး (၁၀၀၀)လျှင်(၂၅)ဦးအထိ လျှော့ချ နိုင်ရန် ရည်ရွယ်ချက်ဖြင့် မွေးကင်းစ ကလေးငယ်များ နှင့် (၅)နှစ်အောက် ကလေးငယ်များအတွက် ကာကွယ်နိုင်သော သေဆုံးမှုများကို အဆုံးသတ်စေရန်၃.၂.၁

၃.၂.၂
အသက်(၅)နှစ်အောက်ကလေးများသေဆုံးမှုနှုန်း

မွေးကင်းစကလေးငယ်များသေဆုံးမှုနှုန်း
3.3၂၀၃၀ခုနှစ်တွင် AIDS၊ တီဘီ၊ ငှက်ဖျားနှင့် လစ်လျူရှုခံရသော အပူပိုင်းရောဂါများ ကူးစက်ခြင်းကို အဆုံးသတ်ရန် နှင့် အသဲရောင်ရောဂါ၊ ရေမှကူးစက်တတ် သောရောဂါများနှင့် အခြားကူးစက်တတ် သောရောဂါများကို တိုက်ဖျက်ရန်၃.၃.၁



၃.၃.၂

၃.၃.၃

၃.၃.၄


၃.၃.၅
လိင်၊ အသက်နှင့် အဓိကလူဦးရေ များ အလိုက် ရောဂါမကူးစက်နိုင်သောလူဦးရေ (၁၀၀၀)လျှင်HIV ရောဂါကူးစက်မှု အသစ် အရေအတွက်

လူဦးရေ(၁၀၀၀)လျှင် တီဘီရောဂါ ဖြစ်ပွားမှု

လူဦးရေ(၁၀၀၀)လျှင် ငှက်ဖျားရောဂါ ဖြစ်ပွားမှု

လူဦးရေ(၁၀၀၀)လျှင် အသဲရောင်ရောဂါ (ဘီပိုး) ဖြစ်ပွားမှု

လစ်လျူရှုခံထားရသော အပူပိုင်းဒေသရောဂါများကို ကြားဝင်ဆောင်ရွက်ပေးရန် လိုအပ်သူအရေအတွက်
3.4၂၀၃၀ခုနှစ်တွင် ကြိုတင် ကာကွယ်ခြင်းနှင့် ကုသခြင်း နှင့် အတူ စိတ်ကျန်းမာရေး မြှင့်တင်ပေးမှုများမှတစ်ဆင့် မကူးစက် တတ်သော ရောဂါများမှ အချိန်မတန်မီ သေဆုံးမှုများကို သုံးပုံတစ်ပုံ အထိလျှော့ချရန်၃.၄.၁




၃.၄.၂
သေဆုံးမှုနှုန်းသည် နှလုံးသွေးကြော ဆိုင်ရာရောဂါ၊ ကင်ဆာ၊ ဆီးချိုရောဂါ သို့မဟုတ် နာတာရှည် အသက်ရှု လမ်းကြောင်း ဆိုင်ရာရောဂါများ ကြောင့် ဖြစ်သည်။

မိမိကိုယ်ကို အဆုံးစီရင်၍ သေဆုံးမှုနှုန်း
3.5မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်အန္တရာယ် ဖြစ်စေသောအရက်သောက်သုံးမှုများ အပါအဝင် မူးယစ်ဆေးဝါးအလွဲသုံးမှုကို ကာကွယ်ခြင်းနှင့်ကုသခြင်း တို့အား အားကောင်းစေရန် ပြုလုပ်ပေးခြင်း။၃.၅.၁





၃.၅.၂
မူးယစ်ဆေးဝါးသုံးစွဲမှုရောဂါလက္ခဏာများအတွက် ဆေးဝါးကုသ မှုဆိုင်ရာ ဝန်ဆောင်မှု များ ဖြစ်သည့် (ဆေးဝါးဗေဒဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ပြန်လည်ထူထောင်ရေး နှင့် ပြုစုစောင့်ရှောက်ရေး) တို့ကို လက်လှမ်းမီစေသည်။

အန္တရာယ်ဖြစ်စေသောအရက်သောက်သုံး ခြင်းကို သန့်စင်သောအရက်လီတာများဖြင့် ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ပြည်တွင်း အခြေအနေနှင့်အညီ (အသက်(၁၅)နှစ် နှင့်အထက်) တစ်ဦးချင်း သောက်သုံးမှု အဖြစ်သတ်မှတ်သည်။
3.6၂၀၂၀ခုနှစ်တွင် ယဉ်မတော်တဆဖြစ်မှု ကြောင့် ကမ္ဘာအနှံ့ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများအား ထက်ဝက်ထိ လျှော့ချနိုင်ရန်၃.၆.၁ယဉ်မတော်တဆဖြစ်မှုကြောင့်ထိခိုက်ဒဏ်ရာရ၍ သေဆုံးမှုနှုန်း
3.7၂၀၃၀ပြည့်နှစ်တွင် မိသားစုစီမံကိန်း၊ သတင်းအချက်အလက်နှင့် ပညာရေးနှင့် မျိုးဆက်ပွားကျန်းမာရေးကို အမျိုးသားမဟာ ဗျူဟာများနှင့် အစီအစဉ်များအပါအဝင် လိင်နှင့် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက် မှု ဝန်ဆောင်မှုအား တကမ္ဘာလုံး အသုံးပြုခွင့်ပြုရန်၃.၇.၁




၃.၇.၂
မိသားစုစီမံကိန်းရေးဆွဲခြင်းအတွက် လိုအပ်သော မျိုးဆက်ပွားအရွယ် (အသက် ၁၅နှစ်မှ ၄၉နှစ်အတွင်း) အမျိုးသမီးများ၏ အချိုးစားသည် ခေတ်မီနည်းလမ်းများဖြင့် ကျေနပ်မှုရှိစေသည်။

ထိုအသက်အရွယ်အုပ်စုရှိ အမျိုးသမီး (၁၀၀၀) တွင် ဆယ်ကျော်သက် ကလေးမွေးနှုန်း( အသက် ၁၀နှစ်မှ ၁၄နှစ်အတွင်း၊ အသက် ၁၅နှစ်မှ ၁၉နှစ်အတွင်း)
3.8ငွေးကြေးအခက်အခဲကိုကာကွယ်ရေးအပါ အဝင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး လွှမ်းခြုံမှုရရှိရန်၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကိုရယူခြင်းနှင့် ဘေးကင်းစိတ်ချ၍ ထိရောက် သော မရှိမဖြစ်လိုအပ်သည့် အရည်အသွေး ပြည့် ဆေးဝါးများနှင့် ကာကွယ်ဆေးများကို အားလုံးအတွက်လက်လှမ်းမီစေရန်၃.၈.၁










၃.၈.၂
မရှိမဖြစ်ကျန်းမာရေးဝန်ဆောင်မှုများလွှမ်းခြုံခြင်း( မိခင်၊ မွေးကင်းစနှင့် ကလေး ကျန်းမာရေး၊ ကူးစက်တတ်သော ရောဂါများ၊ မကူးစက်တတ်သော ရောဂါများနှင့် ဝန်ဆောင်မှုစွမ်းရည်နှင့် လက်လှမ်းမီ မှုတို့ ပါဝင်သော မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေး ဝန်ဆောင်မှုများကိုလွှမ်းခြုံခြင်း (ယေဘုယျနှင့် အခွင့်အလမ်းအနည်းဆုံး လူဦးရေများအပါအဝင် ဝန်ဆောင်မှုများ၏ ပျမ်းမျှလွှမ်းခြုံမှုအဖြစ် သတ်မှတ်သည်။)

စုစုပေါင်းအိမ်ထောင်စုအသုံးစရိတ်ဝင်ငွေ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျန်းမာရေးအတွက် ကျန်းမာရေးအသုံးစရိတ်များရှိသော လူဦးရေအချိုး အစား
3.9၂၀၃၀ခုနှစ်တွင် အန္တရာယ်ရှိသော ဓာတု ပစ္စည်းများ၊ လေ၊ ရေနှင့် မြေဆီလွှာ ညစ်ညမ်းမှုများကြောင့် သေဆုံးမှု များနှင့် နာမကျန်း မှုများကို သိသိသာသာ လျှော့ချရန်။၃.၉.၁



၃.၉.၂








၃.၉.၃
သေဆုံးမှုနှုန်းသည် အိမ်ထောင်စုများနှင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကြောင့် ဖြစ်ရသည်။

သေဆုံးမှုနှုန်းသည် ဘေးဖြစ်စေသောရေ၊ မသန့်ရှင်းမှု နှင့် လူတိုင်းအတွက် တကိုယ်ရေသန့်ရှင်းမှုမရှိ ခြင်း တို့ကြောင့်ဖြစ်ရသည်။ (အန္တရာယ်မကင်းသောသောက်သုံးရေ၊ မိလ္လာသန့်ရှင်းရေးနှင့် အားလုံးအတွက် သန့်ရှင်းရေးဝန်ဆောင်မှုများ (ဆေးကြောခြင်း) နှင့်ထိတွေ့မှု)

သေဆုံးမှုနှုန်းသည် မရည်ရွယ်ဘဲအဆိပ်သင့်မှုကြောင့်ဖြစ်ရသည်။
၃.ကသင့်လျော်သည့်အတိုင်း နိုင်ငံအားလုံး၌ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းမှ ဆေးရွက်ကြီး ထိန်းချုပ်မှုဆိုင်ရာ မူဘောင်စာချုပ် ၏အကောင်အထည်ဖော်မှုကို အားကောင်း စေခြင်း။၃.က.၁အသက်အရွယ်ကို စံသတ်မှတ်ထားသော အသက် ၁၅ နှစ်နှင့်အထက် အရွယ်ရောက်သူလူများအကြား လက်ရှိ‌ ဆေးလိပ်သောက်သုံးမှုပျံ့နှံခြင်း
၃.ခပြည်သူ့ ကျန်းမာရေးကိုကာကွယ်ရန် လိုက်လျောညီထွေ ရှိစွာဖြင့် အသိဉာဏ်ဆိုင်ရာ ပစ္စည်း မူပိုင်ခွင့် ကုန်သွယ်ရေး နှင့် ပတ်သက် သည့် သဘောတူစာချုပ် ပါ ပြဌာန်းချက်များ ကို အပြည့်အဝအသုံးပြုရန် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခွင့်အရေးကို အတည်ပြုထားသော TRIPS သဘောတူညီ ချက်နှင့် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ဒိုဟာ ကြေငြာချက်နှင့် အညီ ဖွံ့ဖြိုးဆဲနိုင်ငံများအား အဓိက သက်ရောက်သော ကူးစက်ရောဂါနှင့် မကူးစက်တတ်သောရောဂါများအတွက် ကာကွယ်ဆေးနှင့် ဆေးဝါးများအား သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရန်။၃.ခ.၁



၃.ခ.၂
တတ်နိုင်သောဆေးဝါးများနှင့် ကာကွယ် ဆေးများ သုံးစွဲနိုင်သောလူဦးရေ အချိုးအစားသည် ရေရှည်တည်တံ့ခိုင်မြဲသော အခြေခံတစ်ခုဖြစ်သည်။

ဆေးဘက်ဆိုင်ရာသုတေသနနှင့် အခြေခံ ကျန်းမာရေးဆိုင်ရာကဏ္ဍများအတွက် စုစုပေါင်း အသားတင် တရားဝင်ဖွံ့ဖြိုးမှု အကူအညီ
၃.ဂကျန်းမာရေးဆိုင်ရာ ငွေကြေးကို သိသိသာသာ တိုးမြှင့်ခြင်းနှင့်လုပ်သားစုဆောင်းခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အထူးသဖြင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများနှင့်ကျွန်းငယ်ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျန်းမာရေးလုပ်သား အင်အား ဖွံ့ဖြိုးတိုးတက်စေရန် ထိန်းသိမ်းထားခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်း၃.ဂ.၁ကျန်းမာရေးလုပ်သားထုနှင့် ဖြန့်ဝေထားမှု
၃.ဃနိုင်ငံအားလုံးနှင့် အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအနေဖြင့် ကြိုတင်သတိပေးခြင်း၊ အခက်အခဲများ လျှော့ချခြင်းနှင့် ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအခက်အခဲများ ကို စီမံခန့်ခွဲခြင်းများအတွက် စွမ်းရည်များကို မြှင့်တင်ရန်၃.ဃ.၁အပြည်ပြည်ဆိုင်ရာကျန်းမာရေးစည်းမျဉ်း များ (IHR) စွမ်းရည်နှင့် ကျန်းမာရေး အရေးပေါ်ပြင်ဆင်မှုများ

References

  • 1. WHO. 2019. ပိုမိုခိုင်မြဲသောပေါင်းစည်းမှု၊ ပိုမိုကောင်းမွန်သောကျန်းမာရေး- အားလုံးအတွက် ကျန်းမာသောဘဝ နှင့် သာယာဝပြောမှု အတွက် ကမ္ဘာလုံးဆိုင်ရာဆောင်ရွက်မှုစီမံကိန်း။ ကျန်းမာရေးနှင့် ဆက်စပ်သည့်ရေရှည်ဖွံ့ဖြိုးမှု ရည်မှန်းချက်ပန်းတိုင်များအပေါ် နိုင်ငံ၏တိုးတက်မှုအရှိန်အဟုန် မြှင့်တင်ရန်အတွက် အဖွဲ့အစည်းပေါင်းစုံအကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲရေး။ https://data.opendevelopmentmekong.net/library_record/stronger-collaboration-better-health-global-action-plan-for-healthy-lives-and-well-being-for-all-st. နိုဝင်ဘာ ၇၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 2. UNDP. ရည်မှန်းချက်ပန်းတိုင်များ၏ နောက်ခံသမိုင်းကြောင်း။ https://data.opendevelopmentmekong.net/library_record/sustainable-development-goals-background-on-the-goals. နိုဝင်ဘာ ၇၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 3. UNDP. ၂၀၁၇ခုနှစ်၊ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များအတွက် မြန်မာနိုင်ငံ၏ အစမှတ်ကို တိုင်းတာခြင်း။ https://www.mm.undp.org/content/myanmar/en/home/library/SDGs/Measuring_Myanmar_Starting_Point_for_the_SDGs.html. နိုဝင်ဘာ ၇၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 4. အာဆီယံ၊ ၂၀၁၇ခုနှစ်၊ ထောင်စုနှစ်ဖွံ့ဖြိုးမှုရည်မှန်းချက်ပန်းတိုင် ၂၀၁၇ အပေါ် အာဆီယံ စာရင်းအင်းဆိုင်ရာ အစီရင်ခံစာ။ 

    https://data.opendevelopmentmekong.net/dataset/asean-statistical-report-on-millennium-development-goals-2017. နိုဝင်ဘာ ၇၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။

  • 5. WHO. ၂၀၁၅ခုနှစ်၊ အနောက်ပစိဖိတ် အတွက် ဒေသဆိုင်ရာရုံး။(၂၀၁၅)။  မြန်မာနိုင်ငံတွင် ကျန်းမာရေးတပြေးညီ ရရှိမှုအား မည်သို့မြှင့်တင်နိုင်မည်နည်း။ https://data.opendevelopmentmekong.net/library_record/how-can-health-equity-be-improved-in-myanmar. နိုဝင်ဘာ ၁၂၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 6. WHO. ၂၀၁၄ခုနှစ်။ WHO နိုင်ငံများပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ-မြန်မာ ၂၀၁၄-၂၀၁၈။ https://data.opendevelopmentmekong.net/dataset/who-country-cooperation-strategy-myanmar-2014-2018. နိုဝင်ဘာ ၁၂၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 7. UNDP.  ၂၀၁၆ခုနှစ်။ မြန်မာနိုင်ငံရှိ ကျား/မ တန်းတူအခွင့်အရေးနှင့် အမျိုးသမီများ၏အခွင့်အရေး။ အခြေအနေ လေ့လာဆန်းစစ်မှု တစ်ခု။ https://www.undp.org/content/dam/unct/myanmar/docs/unct_mm_UNWomen_Report_Gender%20Situation%20Analysis.pdf. နိုဝင်ဘာ ၁၃၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 8. UNDP. ၂၀၁၆ခုနှစ်။ မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များအတွက် တရားဝင်စာရင်း အင်းများ အဆင်သင့်ဖြစ်ခြင်း။ ဗဟိုစာရင်းအင်းအဖွဲ့နှင့် UNDP တို့၏ အချက်အလက် ပူးတွဲအကဲဖြတ်ခြင်း။ https://www.mm.undp.org/content/myanmar/en/home/library/SDGs/official-statistics-for-sdgs-eng.html.  နိုဝင်ဘာ ၁၂၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 9. UNDP. ၀၁၇ခုနှစ်။ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များအတွက် မြန်မာနိုင်ငံ၏ အစမှတ်ကို တိုင်းတာခြင်း။ https://www.mm.undp.org/content/myanmar/en/home/library/SDGs/Measuring_Myanmar_Starting_Point_for_the_SDGs.html. နိုဝင်ဘာ ၇၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 10. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ။ ၂၀၁၈ ခုနှစ်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုသီမံကိန်း (၂၀၁၈ – ၂၀၃၀) https://themimu.info/sites/themimu.info/files/documents/Core_Doc_Myanmar_Sustainable_Development_Plan_2018_-_2030_Aug2018.pdf. နိုဝင်ဘာ ၇၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 11. ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်။ ထုတ်ဝေထားသော စာ စောင်များ အစီရင်ခံစာများ၊ တင်ပြချက်များနှင့် စာရွက်စာတမ်းများ။ http://mohs.gov.mm/content/publication/list?category=Strategic%20Plans&pagenumber=1&pagesize=9. နိုဝင်ဘာ ၁၂၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 12. ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်။ ပြည်သူ့အင်အားဦးစီးဌာန။ ၂၀၁၄ခုနှစ် မြန်မာနိုင်ငံ၏လူဦးရေနှင့် အိမ်ရာ သန်းခေါင်စာရင်း။ မိခင်သေဆုံးမှုနှင့်ပတ်သက်၍ အကြောင်းအရာအလိုက်အစီရင်ခံစာ။ https://myanmar.unfpa.org/sites/default/files/pub-pdf/4C_Maternal%20Mortality.pdf. နိုဝင်ဘာ ၈၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 13. WHO. ၂၀၁၉ ခုနှစ်။ မိခင်သေဆုံးမှု။ ၂၀၀၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အဆင့်များနှင့် အလားအလာများ။ https://data.opendevelopmentmekong.net/dataset/maternal-mortality-levels-and-trends-2000-to-2017. နိုဝင်ဘာ ၉၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။37 ကို ရရှိအောင်ပြုလုပ်နိုင်သည်။ လက်ရှိ အချိန်တွင် သေဆုံးမှု၏ ၁၀ ရာခိုင်နှုန်းခန့်သည် မိခင်သေဆုံးမှုနှင့် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမမီခြင်းတို့အကြား ဆက်နွယ်မှုကိုဖော်ပြနေသည့် အန္တရာယ်ရှိသော ကိုယ်ဝန်ဖျက်ချမှုများနှင့် ပတ်သက်နေသည်။38UNDP.၂၀၁၆ ခုနှစ်။ မြန်မာနိုင်ငံရှိ ကျား/မတန်းတူညီမျှ အခွင့်အရေးနှင့် အမျိုးသမီးများ၏အခွင့်အရေး။ အခြေအနေလေ့လာဆန်းစစ်မှု တစ်ခု။ https://www.undp.org/content/dam/unct/myanmar/docs/unct_mm_UNWomen_Report_Gender%20Situation%20Analysis.pdf. နိုဝင်ဘာ ၁၃၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 14. ကမ္ဘာ့ဘဏ်အချက်အလက်။ မြန်မာနိုင်ငံတွင် အသက် ၅ နှစ်အောက် ကလေးသေဆုံးမှုနှုန်း (လူဦးရေ ၁၀၀၀ အရှင်မွေးဖွားလျှင်) https://data.opendevelopmentmekong.net/dataset/mortality-rate-under-5-per-1-000-live-births?type=dataset နိုဝင်ဘာ ၂၀၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 15. ကမ္ဘာ့ဘဏ်အချက်အလက်။ မွေးကင်းစကလေး သေဆုံးမှုနှုန်း (လူဦးရေ ၁၀၀၀ အရှင်မွေးဖွားလျှင်)။ https://data.worldbank.org/indicator/SP.DYN.IMRT.IN?locations=LA-MM-KH-TH-VN. နိုဝင်ဘာ ၂၀၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 16. UNSDG အသိပညာဗဟုသုတ ပလက်ဖောင်း။ SDG 3 ရည်မှန်းချက်များနှင့် အညွှန်းကိန်းများ https://sustainabledevelopment.un.org/sdg3. နိုဝင်ဘာ ၁၃၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 17. ကမ္ဘာ့ဘဏ်အချက်အလက်။ မွေးကင်းစကလေး သေဆုံးမှုနှုန်း (လူဦးရေ ၁၀၀၀ အရှင်မွေးဖွားလျှင်)။ https://data.opendevelopmentmekong.net/library_record/levels-and-trends-in-child-mortality-2019-estimates-developed-by-the-un-inter-agency-group-for-chil. နိုဝင်ဘာ ၂၀၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 18. ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန။ ၂၀၁၆ ခုနှစ်။ HIVနှင့် AIDS ရောဂါနှင့်ပတ်သက်သည့် အမျိုးသား မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၀)http://mohs.gov.mm/Main/content/publication/aids-national-strategic-plan-on-hiv-and-aids-myanmar-2016-2020.နိုဝင်ဘာ ၈၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 19. UNAIDS. ၂၀၁၉ ခုနှစ်။ UNAIDS အချက်အလက်များ ၂၀၁၉ ခုနှစ် https://data.opendevelopmentmekong.net/dataset/unaids-data-2019. နိုဝင်ဘာ ၁၁၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 20. ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန။  ၂၀၁၆ ခုနှစ်။ HIVနှင့် AIDS ရောဂါနှင့်ပတ်သက်သည့် အမျိုးသား မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၀) http://mohs.gov.mm/Main/content/publication/aids-national-strategic-plan-on-hiv-and-aids-myanmar-2016-2020. နိုဝင်ဘာ ၈၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 21. အာဆီယံ။ ၂၀၁၇ ခုနှစ်။ ထောင်စုနှစ်ဖွံ့ဖြိုးမှုရည်မှန်းချက်ပန်းတိုင်များ ၂၀၁၇ အပေါ် အာဆီယံ စာရင်းအင်းဆိုင်ရာ အစီရင်ခံစာ။ https://asean.org/storage/2012/05/ASEAN_MDG_2017.pdf. နိုဝင်ဘာ ၁၁၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 22. WHO.၂၀၁၈ ခုနှစ်။ မကူးစက်တတ်သောရောဂါများ (NCD)  နိုင်ငံပရိုဖိုင်း ၂၀၁၈ခုနှစ်။ မြန်မာနိုင်ငံ။ https://data.opendevelopmentmekong.net/library_record/noncommunicable-diseases-ncd-country-profiles-2018-myanmar.  နိုဝင်ဘာ ၁၁၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 23. WHO. ၂၀၁၄ ခုနှစ်။ WHO နိုင်ငံများ ပူးပေါင်းမှုမဟာဗျူဟာ။ မြန်မာနိုင်ငံ (၂၀၁၄-၂၀၁၈)။ https://apps.who.int/iris/bitstream/handle/10665/136779/ccs_mmr_2014-18_9789290224495.pdf?sequence=1. နိုဝင်ဘာ ၁၁၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 24. WHO. ၂၀၁၈ ခုနှစ်။ မကူးစက်တတ်သောရောဂါများ (NCD)  နိုင်ငံပရိုဖိုင်း ၂၀၁၈ခုနှစ်။ မြန်မာနိုင်ငံ။ https://www.who.int/nmh/countries/mmr_en.pdf. နိုဝင်ဘာ ၁၁၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 25. WHO. ၂၀၁၆ ခုနှစ်။ ကမ္ဘာ့ကျန်းမာရေး စာရင်းအင်းများ၂၀၁၆။ SDGs များအတွက် ကျန်းမာရေးကဏ္ဍအပေါ် စောင့်ကြည့်လေ့လာခြင်း။ https://data.opendevelopmentmekong.net/library_record/world-health-statistics-2016-monitoring-health-for-the-sdgs. နိုဝင်ဘာ ၁၂၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 26. WHO. ၂၀၁၈ ခုနှစ်။ မြန်မာနိုင်ငံအချက်အလက်။ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့သည် ဆေးရွက်ကြီးက လူများအားသေစေနိုင်သည့် အဖြစ်အများဆုံး နည်းလမ်းများဖြစ်သည်။ https://data.opendevelopmentmekong.net/library_record/factsheet-myanmar-2018-heart-disease-and-stroke-are-the-commonest-ways-by-which-tobacco-kills-peopl.နိုဝင်ဘာ ၁၃၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 27. ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်။မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးစီမံကိန်း ၂၀၁၇-၂၀၂၁။ http://mohs.gov.mm/Main/content/publication/national-health-plan-2017-2021-eng.နိုဝင်ဘာ ၈၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 28. Marquez, Patricio V.; Krasovsky, Konstantin; Andreeva, Tatiana. ၂၀၁၉ ခုနှစ်။ မြန်မာနိုင်ငံ။ ဆေးရွက်ကြီးသုံးစွဲမှု၊ ဆေးရွက်ကြီးထိန်းချုပ်မှုဆိုင်ရာဥပဒေများနှင့် အခွန်ကောက်ခံခြင်းအပေါ်ခြုံငုံသုံးသပ်ခြင်း။ https://data.opendevelopmentmekong.net/library_record/myanmar-overview-of-tobacco-use-tobacco-control-legislation-and-taxation.  နိုဝင်ဘာ ၁၂၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 29. OECD. ၂၀၁၉ ခုနှစ်။ ဖွံ့ဖြိုးမှုအကူအညီများကို ပြန်လည်သုံးသပ်ခြင်း။ ဒေသအလိုက် စာရင်းဇယားများ။

    https://data.opendevelopmentmekong.net/library_record/development-aid-at-a-glance-statistics-by-region-asia. နိုဝင်ဘာ ၁၂၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။

  • 30. UNDP. ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များအတွက် မြန်မာနိုင်ငံ၏ အစမှတ်ကို တိုင်းတာခြင်း။https://www.mm.undp.org/content/myanmar/en/home/library/SDGs/Measuring_Myanmar_Starting_Point_for_the_SDGs.html. နိုဝင်ဘာ ၇၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 31. ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်။ မြန်မာနိုင်ငံ အမျိုးသား ကျန်းမာရေး စီမံကိန်း၂၀၁၇-၂၀၂၁။ http://mohs.gov.mm/Main/content/publication/national-health-plan-2017-2021-eng.  နိုဝင်ဘာ ၈၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 32. ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်။ မြန်မာနိုင်ငံ အမျိုးသား ကျန်းမာရေး စီမံကိန်း၂၀၁၇-၂၀၂၁။ http://mohs.gov.mm/Main/content/publication/national-health-plan-2017-2021-eng.  နိုဝင်ဘာ ၈၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 33. WHO. ၂၀၁၈ ခုနှစ်။ ၂၀၁၈ ခုနှစ်၊ ကျန်းမာရေး SDG ပရိုဖိုင်း – မြန်မာနိုင်ငံ။ https://data.opendevelopmentmekong.net/dataset/2018-health-sdg-profile-myanmar. နိုဝင်ဘာ ၈၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 34. ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန။ ၂၀၁၆ ခုနှစ်။ HIVနှင့် AIDS ရောဂါနှင့်ပတ်သက်သည့် အမျိုးသား မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၀)။ http://mohs.gov.mm/Main/content/publication/aids-national-strategic-plan-on-hiv-and-aids-myanmar-2016-2020 နိုဝင်ဘာ ၁၁၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 35. WHO. ၂၀၁၆ ခုနှစ်။ SDGs အတွက် ကျန်းမာရေးကဏ္ဍကို စောင့်ကြည့်လေ့လာခြင်း။ https://www.who.int/gho/publications/world_health_statistics/2016/en/. နိုဝင်ဘာ ၁၂၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
  • 36. WHO. ၂၀၁၇ ခုနှစ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ IHR အဓိကစွမ်းဆောင်နိုင်မှုများကို ပြင်ပအနေဖြင့် ပူးတွဲအကဲဖြတ်ခြင်း။ https://data.opendevelopmentmekong.net/dataset/joint-external-evaluation-of-ihr-core-capacities-of-the-republic-of-the-union-of-myanmar. နိုဝင်ဘာ ၁၂၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

Hzarh
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!