မြေအောက် သယံဇာတ ထုတ်ယူရေးလုပ်ငန်း မူဝါဒနှင့် ပေါ်လစီ

မြန်မာနိုင်ငံသည် သဘာဝ သယံဇာတ ပေါကြွယ်ဝ ပြီး ကမ္ဘာပေါ်တွင် ကျောက်စိမ်း ထုတ်လုပ်မူ နှင့် တင်ပို့မူ အများဆုံး နိုင်ငံဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့၊ ရေနံ၊ ကျောက်မီးသွေး၊ ကြေးနီ၊ ကျောက်မျက် ရတနာများ၊ ခဲမဖြူ (ကမ္ဘာပေါ်တွင် တတိယအများဆုံးထုတ်လုပ်သူ)1၊ အဖြိုက်နက်၊ ခနောက်စိမ်း (ကမ္ဘာပေါ်တွင် ဆဌမ အများဆုံးထုတ်လုပ်သူ)2 နှင့် ဇင့် အပါအဝင် ဓာတ်သတ္တု ကုန်စည် အမျိုးမျိုး ကို ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်လျက်ရှိသည်။

Myanmar Conference on natural resource governance. Photo taken by  The EITI on October 16, 2014 (CC BY-SA 2.0)

Myanmar Conference on natural resource governance. Photo by The EITI on October 16, 2014 (CC BY-SA 2.0)

အဆိုပါသဘာဝသယံဇာတများကို နိုင်ငံတော်က ပိုင်ဆိုင်သည်။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ပုဒ်မ ၃၇ တွင် နိုင်ငံတော်သည်
(က) နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်၊
(ခ) နိုင်ငံပိုင် သယံဇာတ ပစ္စည်းများအား စီးပွားရေး အင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲ ကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေ ပြဌာန်းရမည်၊ ဟုပါရှိသည်။3

၁၉၈၈ ခုနှစ်တွင် နိုင်ငံတော် ငြမ်ဝပ်ပိပြားမူ တည်ဆောက်ရေး အဖွဲ့မှ အာဏာရယူခဲ့ပြီးနောက်တွင် နိုင်ငံ့ စီးပွားရေးကို ဈေးကွက်ဦးတည်သော စနစ်သို့ ပြောင်းလဲခဲ့သည်။ သို့တိုင်အောင် ၁၉၈၉ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ဥပဒေက အစိုးရအား –

  • ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေခြင်း၊ တူးဖေါ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း
  • ပုလဲ၊ ကျောက်စိမ်းနှင့် အဖိုးတန်ကျောက်မျက်ရတနာများ ရှာဖွေခြင်း၊ တူးဖေါ်ခြင်း နှင့် ပြည်ပတင်ပို့ခြင်း
  • သတ္တုများ ရှာဖွေခြင်း၊ တူးဖေါ်ခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်း တို့တွင် အလုံးစုံ ထိန်းချုပ်လုပ်ပိုင်ခွင့် ပေးထားခဲ့သည်။4

မတူညီသည့် ကဏ္ဍအလိုက် ဝန်ကြီးဌာနများကို တာဝန်ခွဲဝေသတ်မှတ်ပေးထားသော်လည်း တစ်ခါတစ်ရံတွင် အုပ်ချုပ်မူဆိုင်ရာ တာဝန်များ ထပ်လျှက်ရှိသည့် နယ်ပယ်များလည်း ရှိသည်။ ဥပမာအားဖြင့် သတ္တုတွင်း လုပ်ငန်း တစ်ခုက “သတ်မှတ်သစ်တော ကြိုးဝိုင်း” အတွင်း ကျရောက်နေခြင်းမျိုးဖြစ်သည်။ အာရှ ဖွံ့ဖြိုးရေးဘဏ်၏ စွမ်းအင်ကဏ္ဍ လေ့လာဆန်းစစ်ချက် အစီရင်ခံစာတွင် စွမ်းအင် ကဏ္ဍ လုပ်ငန်းများမှာ ဝန်ကြီးဌာန ခုနစ်ခုအကြား ပြန့်ကျဲလျက်ရှိပြီး ဝန်ကြီးဌာန တစ်ခုစီအတွင်း၌ မူဝါဒရေးရာ၊ လုပ်ထုံးလုပ်နည်း၊ အကောင်အထည် ဖော်ခြင်း နှင့် လုပ်ငန်းလည်ပတ်ခြင်းဆိုင်ရာ လုပ်ငန်းတာဝန်များ အသီးသီးရှိနေသည်။5

သတ္တုတွင်းဥပဒေ

၁၉၉၄ သတ္တုတွင်းဥပဒေတွင် သတ္တုတူးဖော်မူ လုပ်ငန်းများအား (နှစ် ၅၀ အထိ အကောင်အထည်ဖော်နိုင်သည့်) အကြီးစားနှင့် (၁၀ နှစ်အထိ အကောင်အထည်ဖော်နိုင်သည့်) အသေးစား ဟူ၍ အမျိုးအစား ခွဲခြားထားသည်။6  ၎င်း ဥပဒေကို ၂၀၁၅ ခုနှစ်တွင်  ပြင်ဆင်မှုများ အများအပြားပြုလုပ်ခဲ့သည်။7 ပြင်ဆင်လိုက်သည့် ဥပဒေတွင် အလတ်စား သတ္တုတူးဖော်မူ လုပ်ငန်းများ ဟူသည့် အမျိုးအစားကို ထပ်မံ ထည့်သွင်းထားပြီး၊ အသေးစားနှင့် လက်လုပ်လက်စားအဆင့်များ အတွက် ပါမစ်များ ချထားခွင့် ကို ပြည်နယ်/တိုင်းဒေသကြီး အစိုးရသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။8   

ပြောင်းလဲမှုများက  သတ္တုတူးဖော်ရေး ကဏ္ဍတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာစေရန်  ရည်ရွယ်သည်။ ၁၉၉၄ ဥပဒေ (နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု  ဥပဒေတွင်) ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အကြီးစား စီမံချက်များအတွက်သာ ခွင့်ပြုထားသည်။ ပြင်ဆင်လိုက်သည့်ဥပဒေတွင် နိုင်ငံခြားကုမ္ပဏီများက  အသေးစားနှင့် အလတ်စားထုတ်လုပ်ခွင့် ကိုင်ဆောင်ထားသူများနှင့် ဖက်စပ်လုပ်ကိုင်ရန် ခွင့်ပြုထားသည်။9 (မြန်မာနိုင်ငံ၏ တရားဝင် သတ္တုတူးဖော်ထုတ်လုပ်မှုသည် အိမ်နီးချင်းထိုင်းနိုင်ငံနှင့်ယှဉ်လျှင် အဆပေါင်းများစွာနည်းနေသည်။ ၂၀၁၅ တွင် အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံရှိပြီး ထိုင်းနိုင်ငံက ၉.၄ ဘီလီယံအထိရှိခဲ့သည်။)10

ပြင်ဆင်လိုက်သည့် ဥပဒေတွင် ရတနာခွန်တန်ဖိုးများကို သတ်မှတ်ပေးထားရာ စက်မှုသတ္တုများ နှင့် ကျောက်မျက်များ အတွက် ၂ရာခိုင်နှုန်း၊ ရွှေနှင့် ယူရေနီယံတို့အတွက် ၅ရာခိုင်နှုန်း ဖြစ်သည်။11

အကြီးစား သတ္တု တွင်းများကို ဝန်ကြီးဌာန၏ သက်ဆိုင်ရာ သတ္တုတွင်း လုပ်ငန်းနှင့် ပုဂ္ဂလိက သတ္တုတူးဖော်ရေး ကုမ္ပဏီ တို့ အကြား ဖက်စပ် သို့မဟုတ် ထုတ်လုပ်မူအပေါ်ခွဲဝေသည့် စာချုပ် (production-sharing contracts) ဖြင့် လုပ်ကိုင် ကြလေ့ ရှိသည်။ အာရှဖွံ့ဖြိုးရေး ဘဏ်၏ စွမ်းအင် ကဏ္ဍ ကနဦးလေ့လာ ဆန်းစစ်ချက်အရ ကျောက်မီးသွေး လုပ်ငန်းတွင် ယင်း ထုတ်လုပ်မူအပေါ်ခွဲဝေသည့် စာချုပ် ပုံစံအရ အမြတ်၏ ၃၀% ကို အစိုးရက ရရှိပြီး ၇၀% ကို ပုဂ္ဂလိက ကန်ထရိုက်တာ မှ ရရှိသည်။12

အသေးစား သတ္တုတွင်း ကုမ္ပဏီများ အနေဖြင့် ခွင့်ပြုမိန့် လိုင်စင်ရရှိရန် သတ္တုတွင်း ဝန်ကြီးဌာနသို့ လျှောက်ထား၍ ငွေပေးသွင်းရပါသည်။ ပုံမှန်အားဖြင့် သတ္တုတူးဖော်မူ လုပ်ငန်းတစ်ခု မစတင်မီ သတ္တုတွင်း ဝန်ကြီးဌာနက လျှောက်လွှာကြေး (application fees) နှင့် လုပ်ကိုင်မည့် မြေဧက အပေါ်မူတည်ပြီး ကောက်ခံသော မြေငှားရမ်းခများကို ကောက်ခံသည်။ 

အသစ်ပြင်ဆင်လိုက်သည့် ဥပဒေတွင် အကောင်အထည်ဖော်မည့် စီမံချက်၏ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများနှင့် ပတ်သတ်သည့် အချက်အလက်များကို ဖော်ပြရန် ကနဦးလေ့လာဆန်းစစ်မှုများပြုလုပ်ရမည် ဟူသည့်အချက်ပါရှိသည်။ ထို့အပြင် သတ္တုတွင်းများ၏ နှစ်စဉ်ထိန်းသိမ်းစရိတ်များ၊ သတ္တုတူးဖော်သည့်နေရာအား ပြန်လည်တည်ထောင်သွားရန် စရိတ်များနှင့် အစိုးရကြီးကြပ်ရေးအဖွဲ့များက လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများနှင့် ပတ်သတ်၍ ကုမ္ပဏီများ၏ လုပ်ဆောင်ချက်များကို စောင့်ကြပ်ရန် စသည့်အချက်များ ပါဝင်သည်။13

ကျောက်စိမ်း

နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် Global Witness ၏သုတေသနအရ မြန်မာနိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်းသည် အင်မတန်ကြီးမားပြီး တရုတ်နိုင်ငံ၏တင်သွင်းမှု စာရင်းဇယားများအပေါ်အခြေခံ၍ တွက်ချက်ရာတွင် ၂၀၁၄ခုနှစ် တရားဝင်ကျောက်စိမ်းထုတ်လုပ်မှု တစ်ခုတည်းကပင် အမေရိကန်ဒေါ်လာ ၁၂ဘီလီယံကျော် ရှိနေသည်ကိုတွေ့ရသည်။14 သို့ရာတွင် ကျောက်စိမ်းထုတ်လုပ်မှုသည် ထိန်းချုပ်မှုအားနည်းသည်ကိုတွေ့ရသည်။ “အဆိုပါဝင်ငွေများသည် သာမန်လူများထံသို့ သို့မဟုတ် ပြည်နယ်ဘဏ္ဍာအဖြစ် ရောက်ရှိမှု မရှိသလောက်ဖြစ်သည်။”15 “အကယ်၍သာ ပွင့်လင်းမြင်သာမှုရှိစွာ၊ မျှတမှုရှိစွာနှင့် ရေရှည်တည်တံ့သည့်ပုံစံတို့ဖြင့် စီမံခန့်ခွဲပါက အဆိုပါလုပ်ငန်းသည် ကချင်ပြည်သူများနှင့် မြန်မာနိုင်ငံရှိအခြားဒေသများ၏ ဖံွ့ဖြိုးမှုတို့ကို ဖော်ဆောင်ပေးနိုင်လိမ့်မည်။”
“သို့ရာတွင် ကချင်ပြည်နယ်တွင် မှီတင်းနေထိုင်သူများအနေဖြင့် ၎င်းတို့၏ ကချင်ပြည်နယ်တွင် မှီတင်းနေထိုင်သူများအနေဖြင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ နှင့် ၎င်းတို့၏နယ်မြေများ လျော့နည်းလာခြင်းကိုသာ ကြုံတွေ့လာရသည်” ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။16  

ကျောက်မျက်ရတနာများ

ကျောက်မျက်ရတနာများကို ၁၉၉၅ ကျောက်မျက်ရတနာ ဥပဒေဖြင့် သီးခြား သတ်မှတ်ပြဌာန်းပြီး မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (Myanmar Gems Enterprise) က စီမံခန့်ခွဲသည်။ ကျောက်မျက်ဥပဒေတွင် ရတနာခွန် (royalties) များကို တန်ဖိုးဖြတ် အဖွဲ့မှ တန်ဖိုးဖြတ်သည့် အပေါ် အခြေခံ၍ ကောက်ခံသည်။ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း များကို ၂၀%၊ အခြားကျောက်မျက်များကို ၁၀% ကောက်ခံသည်။ တန်ဖိုးဖြတ် အဖွဲ့ကို သတ္တုတွင်း ဝန်ကြီးဌာနက ဖွဲ့စည်းပေးသည်။17 The valuing body is set up by the Ministry of Mines.

ရေနံနှင့် သဘာဝဓာတ်ငွေ့

စွမ်းအင်ကဏ္ဍကို ၁၉၆၃ ခုနှစ်တွင် နိုင်ငံပိုင်အဖြစ် သတ်မှတ်ခဲ့ပြီး People’s Oil Industry ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိခဲ့သည်။ ၁၉၇၀ တွင် Burma Oil Corporation အဖြစ်အမည်ပြောင်းလဲခဲ့ပြီး  ၁၉၈၉ တွင်  မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ဟု ထပ်မံပြောင်းလဲခဲ့သည်။

ယနေ့အချိန်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများ အားလုံးသည် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ဖြင့် ဖက်စပ်လုပ်ကိုင်ကြပြီး အများစုမှာ ထုတ်လုပ်မူအပေါ် ခွဲ့ဝေမူ စာချုပ် (production-sharing contract) ဖြင့် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းက ရေနံနှင့် သဘာဝ ဓာတ်ငွေ့ စူးစမ်းခြင်း၊ တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း နှင့် မြေပြင်ပေါ်ရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများကို ကြီးကြပ်သည်။  မြန်မာ့ရေနံဓါတုဗေဒ လုပ်ငန်း (MPE) က သန့်ရှင်းအောင်ပြုလုပ်ခြင်းနှင့် ချက်လုပ်ခြင်းတို့ကို ဆောင်ရွက်ပြီး မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE)က ဈေးကွက်ရှာဖွေခြင်းနှင့် ဖြန့်ချိခြင်းတို့ကို ဆောင်ရွက်သည်။ 18

ကမ်းဝေး ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအတွက် ထုတ်လုပ်မူအပေါ်ခွဲဝေသည့် စာချုပ် (production-sharing contracts) တွင် အဆင့်လေးဆင့်ပါရှိသည်။ လေ့လာခြင်း၊ ပြင်ဆင်ခြင်း၊ စူးစမ်းရှာဖွေခြင်းနှင့် ထုတ်လုပ်ခြင်း တို့ဖြစ်သည်။ ကုန်းတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့တွင် လေ့လာခြင်းအဆင့် မပါဝင်ပါ။

စာချုပ်ကိုလက်မှတ်ရေးထိုးသည့်အချိန်တွင် လက်မှတ်ရေးထိုးသည့်အတွက်လျော့ကြေး (Signature bonus) ကို ပေးရနိုင်သည်။19  royalty သည် ရှိနေသည့် ရေနံပမာဏ၏ ၁၂.၅% ဖြစ်ပြီး ထုတ်လုပ်သည့်အတွက် လျော့ကြေးငွေကိုလည်း ပေးရနိုင်သည်။ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း က ကုန်းတွင်းလုပ်ကွက်များတွင် ၁၅မှ၂၅ရာခိုင်နှုန်းအထိနှင့် ကမ်းလွန်လုပ်ကွက်များတွင် အရွယ်အစားပေါ်မူတည်ပြီး ၂၀မှ၂၅ရာခိုင်နှုန်းအထိ အတိုးအဖြစ် ရယူပိုင်ခွင့်ရှိသည်။20

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖံွ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက စီမံခန့်ခွဲသည့် ၂၀၁၂ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းခွဲ သို့မဟုတ် လက်အောက်ခံ ကုမ္ပဏီတစ်ခု တည်ထောင်ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုချက်နှင့် ရောင်းဝယ်ခွင့်ပြုချက်တို့ကို ရယူရမည်ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် စွမ်းအင်ဝန်ကြီးဌာန နှင့် စွမ်းအင်ကဏ္ဍတွင် ပါဝင်နေသော အခြားအစိုးရအဖွဲ့အစည်းများက နိုင်ငံ၏ စွမ်းအင်မူဝါဒများ ထိရောက်လျင်မြန်မှုရှိစေရန် ရည်ရွယ်၍ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းခဲ့သည်။

သယံဇာတ စီမံအုပ်ချုပ်မှု အညွှန်းကိန်း

မြန်မာအပါအဝင် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့သည် National Resource Governance Institute (NRGI) ၏ သယံဇာတ စီမံအုပ်ချုပ်မှု အညွှန်းကိန်း ဖြင့် တိုင်းတာစစ်ဆေးရာတွင် ပါဝင်သည်။ အဆိုပါ ဖြစ်စဉ်တွင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုထုတ်လုပ်သည့် နိုင်ငံများကို အမှတ်ပေးခြင်း၊ အဆင့်သတ်မှတ်ခြင်းတို့ကို ပြုလုပ်သည်။အဆင့်သတ်မှတ်ခြင်းကို နိုင်ငံ ၅၈ခုကို ပြုလုပ်ရာ မြန်မာသည် အဆင့် ၅၈ သို့မဟုတ် နောက်ဆုံးအဆင့်အဖြစ် သတ်မှတ်ခံရသည်။21 (ကမ္ဘောဒီးယားက ၅၂ ဖြစ်ပြီး ဗီယက်နမ်က ၄၃ ဖြစ်သည်။)
မြန်မာအနေဖြင့် အဆိုပါအခြေအနေမှ ပိုမိုတိုးတက်လာရန် ကြိုးပမ်းသည့်အနေဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ခြင်းဆိုင်ရာ စီမံအုပ်ချုပ်မှုများကို ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိရန် ကြိုးပမ်းရသည့် Extractive Industry Transparency Initiative (EITI) အဖြစ်ဝင်ရောက်ခဲ့သည်။22 ၂၀၁၅ ဒီဇင်ဘာလတွင် ထုတ်ဝေသော မြန်မာနိုင်ငံ EITI အစီရင်ခံစာအရ နိုင်ငံ၏စီးပွားရေးတွင် အရေးကြီးသည့် နေရာမှပါဝင်လျက်ရှိသော တပ်မတော်နှင့် ဆက်စပ်နေသည့် ကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (UMEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) )တို့ကို ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် အကြံပြုချက်များပေးခဲ့သည်။23

References

  • 1. C. Reichl, M. Schatz, G. Zsak. World Mining Congress. “World Mining Data. Volume 32: Minerals production, 2017.” Accessed 7 May 2017. View source
  • 2. Ibid
  • 3. Constitution of the Republic of the Union of Myanmar 2008. Accessed 8 August 2017. View source
  • 4. State-owned Economic Enterprises Law 1989. View source
  • 5. Asian Development Bank 2012. Myanmar Energy Sector Initial Assessment. Accessed 8 August 2017. View source
  • 6. The Myanmar Mines Law 1994. View source
  • 7. The Law amending the Myanmar Mines Law, 2015. View source
  • 8. Ibid
  • 9. Ibid
  • 10. C. Reichl, M. Schatz, G. Zsak. World Mining Congress. “World Mining Data. Volume 32: Minerals production, 2017.” Accessed 7 May 2017. View source
  • 11. The Law amending the Myanmar Mines Law, 2015. View source
  • 12. Asian Development Bank 2012. Myanmar Energy Sector Initial Assessment. Accessed 8 August 2017. View source
  • 13. The Law amending the Myanmar Mines Law, 2015. View source
  • 14. Global Witness 2015. Jade: Myanmar’s Big State Secret. View source
  • 15. Ibid
  • 16. Ibid
  • 17. The Myanmar Gemstone Law, 1995. View source
  • 18. Burma Oil and Gas. Accessed 8 August 2017. View source
  • 19. Oil and gas exploration and production in Myanmar, Norton Rose Fulbright. Accessed 8 August 2017. View source
  • 20. Ibid
  • 21. 2013 Resource Governance Index. Accessed 12 May 2017. View source. Also, see International Monetary Fund. 2012. Guide on Resource Revenue Transparency. Washington DC: IMF, 2. Accessed 21 June 2012. 
  • 22. Extractive Industry Transparency Initiative 2017. Accessed 7 May 2017. View source
  • 23. EITI Report for the Period April 2013- March 2014. View source
Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

WMKhy
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!