နိုင်ငံတော် ဘတ်ဂျက် (သို့) ရသုံးခန့်မှန်းခြေငွေစာရင်း

မြန်မာနိုင်ငံ ဘတ်ဂျက်ဆိုင်ရာ လုပ်နည်းစဥ်များနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများပိုမိုပါ၀င်နိုင်ရန်နှင့် အစိုးရဘက်မှ ပိုမိုပွင့်လင်းမြင်သာလာရန် လိုအပ်ချက်များရှိပါသည်။ ‌၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှ ဘတ်ဂျက်ကိုသုံးသပ်ခြင်းအားဖြင့် ဒေသအလိုက်အစိုးရလုပ်ငန်းများ အ‌ကောင်အထည်ဖော်ရာတွင် ဗဟိုအစိုးရမှ ခွင်ပြုထုတ်‌ေ၀ ပေးသော ထောက်ပံ့ငွေတွေအပေါ် မှီခိုမှုများပြားနေဆဲတွေ့ရှိရပါသည်။ ဘတ်ဂျက်လုပ်နည်းစဥ်များနှင့် သက်ဆိုင်ပြီး ဗဟိုအစိုးရမှ လုပ်ပိုင်ခွင့်‌များခွဲ့‌‌ပေး ခြင်းကြောင့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

သဘာ၀ အရင်းအမြစ် စီမံခန့်ခွဲရေးတွင် ပြည်သူများပိုမိုပါ၀င်စေရန် ရှမ်းပြည်နယ်တွင် ပြုလုပ်သည့် စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှ မြင်ကွင်း။ ဓာတ်ပုံရရှိသောနေရာ: Heinrich Boll Stifftung, Southeast Asia. လိုင်စင်: CC BY-NC-SA 2.0.

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု နှင့် တိုင်းဒေသကြီး (သို့) ပြည်နယ်အဆင့်များတွင် ရသုံးခန့်မှန်ခြေငွေစာရင်း (သို့) ဘတ်ဂျက် ဥပဒေ တို့ကို ဘဏ္ဍာနှစ်တိုင်း (‌‌အောက်တိုဘာ (၁)ရက်နေ့ မှ ဆက်တင်ဘာ (၃၁)ရက်နေ့) ထုတ်ပြန်ပါသည်။ ပြည်ထောင်စုအဆင့် ဘတ်ဂျက်ကို ပြည်ထောင်စုလွှတ်တော်တွင် အများသဘောတူစနစ်ဖြင့် ဆွေးနွေး ‌အတည်ပြုပါသည်။1 အလားတူ တိုင်းဒေသကြီး (သို့) ပြည်နယ်အဆင့် ဘတ်ဂျက်များကို တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်များတွင် ဆွေးနွေး အတည်ပြုပါသည်။2

ရသုံးခန့်မှန်းခြေငွေစာရင်းများတွင် မျက်မှောက်အသုံးစရိတ် နှင့် မတည်အသုံးစရိတ် ဟူ၍ နှစ်မျိုးခွဲခြားထားပါသည်။3 မတည်သုံးအသုံးစရိတ် ဆိုသည်မှာ ကျပ်ငွေ(၁၀)သိန်းနှင့်အထက် တန်ဖိုးရှိသောပစ္စည်းများ ၀ယ်ယူရန် အသုံးစရိတ်များဖြစ်ပါသည်။ ထိုပစ္စည်းများ၏ သက်တမ်းသည် ၁ နှစ်နှင့်အထက်တွင်ရှိရပါမည်။ အခြားအသုံးစရိတ်များသည် မျက်မှောက်အသုံးစရိတ်များ ဖြစ်ပါသည်။4

ထိုသို့ခွဲခြားခြင်းသည် ဘတ်ဂျက်ငွေများ ဖြန်ဖြူးပုံကို အယူအဆအရ ခွဲခြားစေပါသည်။ သာဓကအားဖြင့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများအတွက် ပြည်ထောင်စုဘတ်ဂျက်မှ ထောက်ပံ့ငွေများ ဖြန်ဖြူးပုံသည် အသုံးစရိတ်အမျိုးအစားပေါ်မူတည်၍ ကွာခြားပါသည်။ မျက်မှောက်အသုံးစရိတ်များအတွက် ထောက်ပံ့ငွေသည် ပြည်ထောင်စုဘတ်ဂျက်မှ တိုက်ရိုက်လာသော်လည်း မတည်အသုံးစရိတ်များအတွက် ထောက်ပံ့ငွေမှာမူ နိုင်ငံပိုင်စီးပွားကိုအုပ်ထိန်းသော ၀န်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပြီးမှ ထောက်ပံ့ငွေဖြင့်လက်ခံရရှိပါသည်။5

အမှန်တကယ်ပင် အသုံး‌စရိတ်အမျိုးစားနှစ်ခုခြား၌ တိကျစွာ ကွဲပြားခြင်းမရှိပါ။ ထို့ကြောင့် ရသုံးငွေများကို စီမံခန့်ခွဲရာတွင် မှားယွင်းမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာန အနေဖြင့် နိုင်ငံတကာအဆင့်မှီ‌ရန် ပြောင်းလဲမှုများပြုလုပ်နေသော်လည်း အကျိုးသက်ရောက်မှု နည်းပါးနေပါသေးသည်။ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများအချို့သည် အရှုံးပြနေသောကြောင့် ပြည်သူများအတွက် ‌အကောင်းဆုံးအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာရန်အတွက် လိုအပ်ချက်များရှိနေပါသေးသည်။6

ဘတ်ဂျက်လုပ်နည်းစဉ် တစ်နှစ်တာစက်၀ိုင်း

မြန်မာနိုင်ငံ စီမံကိန်းရေးဆွဲရေးဦးစီးဌာနသည် နိုင်ငံတစ်၀န်းရှိ အစိုးရအဖွဲ့အစည်းများအားလုံးကို ဘတ်ဂျက်များစတင်ပြင်ဆင်ရန် နှစ်စဥ် ဩဂုတ်လတွင် ညွှန်ကြားပါသည်။7 ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုချက်လိုအပ်သော ဇယား(၁)ဘတ်ဂျက်များကို မြန်မာနိုင်ငံ ဘဏ္ဍာရေးကော်မစ်ရှင်သို့ နို၀င်ဘာလတွင် တင်ပြပါသည်။ ပြည်ထောင်စုအစိုးရမှ ရာထူးကြီးပုဂ္ဂိုလ်များ အပါအ၀င် တိုင်းဒေသကြီးနှင့်ပြည်နယ်၀န်ကြီးများဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ဘဏ္ဍာရေးကော်မစ်ရှင်သည် ဘတ်ဂျက်များကို စီစစ်ရန်တာ၀န်ယူထားသော အဖွဲ့အစည်းဖြစ်ပါသည်။ ကော်မစ်ရှင် ‌စီစစ်မှုအောင်မြင်ပြီးသော ဘတ်ဂျက်များကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးအတည်ပြုသွားမည် ဖြစ်ပါသည်။ ဘတ်ဂျက်များအတည်ပြုပြီးပါက မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများဆီသို့ ဘဏ္ဍာငွေများဖြန်ဖြူးသွားမည် ဖြစ်ပါသည်။

ဘတ်ဂျက်များသည် ခန့်မှန်းရသုံးငွေများအပေါ်မူတည်၍ ရေးဆွဲထားခြင်းဖြစ်ပါသည်။ ဘဏ္ဍာနှစ်အလည်တွင် ခန့်မှန်းချက်များပိုမိုတိကျစွာ ရရှိနိုင်ပါသည်။8 ၎င်းခန့်မှန်းချက်များဖြင့် ဘတ်ဂျက်ပြင်ဆင်ရေးဥပဒေသစ်များ ပြဌာန်းနိုင်ပါသည်။9

မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ နှစ်စဥ်ထုတ်ပြန်သော ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များ အရ ပြည်ထောင်စုလိုငွေသည် GDP ၏ (၁.၂၂) မှ (၄.၉၄) ရာခိုင်နှုန်းတွင်ရှိပြီး အကောက်ခွန်မူ GDP ၏ (၁၀) ရာခိုင်နှုန်းအောက်တွင် ရှိပါသည်။

 

တိုင်းဒေသကြီး(သို့)ပြည်နယ်ဆိုင်ရာ ဘတ်ဂျက် လုပ်နည်းစဥ်

တိုင်းဒေသကြီး(သို့)ပြည်နယ်ဆိုင်ရာ အဖွဲ့အစည်းများသည် နိုင်ငံတော်ဖွဲ့စည်းပုံအ‌ခြေခံဥပဒေအရ ဇယား(၁)အဖွဲ့အစည်းဖြစ်ပါက သက်‌ဆိုင်ရာ ပြည်ထောင်စုအဆင့်၀န်ကြီးဌာန၌ ဘတ်ဂျက်တင်သွင်းရမည်ဖြစ်ပြီး ဇယား(၂)အဖွဲ့အစည်းဖြစ်ပါက တိုင်းဒေသကြီး(သို့)ပြည်နယ်ဆိုင်ရာ ရသုံး‌ငွေဌာနထံ၌ ဘတ်ဂျက်တင်သွင်းရမည် ဖြစ်ပါသည်။10

ဇယား(၁)တွင်ပါသော ဘတ်ဂျက်များသည် သက်ဆိုင်ရာပြည်ထောင်စုအဆင့်၀န်ကြီးဌာန၏ ဘတ်ဂျက်အောက်သို့ ရောက်ရှိသွားသောကြောင့် ပြည်ထောင်စုအဆင့် ဘတ်ဂျက်လုပ်နည်းစဥ်အရ ၎င်းဘတ်ဂျက်များကို ပြည်ထောင်စုလွှတ်တော်၌‌ ဆွေးနွေးအတည်ပြုသွားမည် ဖြစ်ပါသည်။ ဇယား(၂)တွင်ပါသော ဘတ်ဂျက်များကို သက်ဆိုင်ရာ တိုင်း‌‌ဒေသကြီး(သို့)ပြည်နယ်လွှတ်တော်၌ ဆွေးနွေးအတည်ပြုသွားမည် ဖြစ်ပါသည်။

နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ

နိုင်ငံပိုင်စီးပွား‌ရေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏‌ စီးပွားရေးအခန်းကဏ္ဍတွင် အရေးပါလှသော အဖွဲ့အစည်းများ ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရ၀င်ငွေ၏ ထက်၀က်လောက်သည် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများမှ ရရှိသော ၀င်ငွေများဖြစ်ပါသည်။11 နိုင်ငံပိုင်စီပွားရေးအဖွဲ့အစည်းများသည် (၂၀၁၆)ခုနှစ်တွင် လုပ်သားပေါင်း (၁၄၅,၀၀၀) (သို့မဟုတ်) အစိုးရ၀န်ထမ်းအင်အား၏ (၁၅)ရာခိုင်နှုန်း ကိုခန့်ရှိခဲ့ပါသည်။12 နိုင်ငံပိုင်စီပွားရေးအဖွဲ့အစည်းများအနက် မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်းသည် ပြည်ထောင်စုအ‌စိုးရ၀င်ငွေသို့ အများစုံးထောက်ပံ့သော အဖွဲ့အစည်းဖြစ်သည်။ မြန်မာရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်းသည် လတ်တလောကာလအတွင်း ပြည်ထောင်စုအစိုးရ၀င်ငွေ၏ (၁၅) မှ (၂၀) ရာခိုင်နှုန်းကို ထောက်ပံ့ခဲ့ပါသည်။13

နိုင်ငံပိုင်စီပွား‌ရေးအဖွဲ့အစည်းများသည် ဆိုရှယ်လစ်ခေတ်(၁၉၆၂-၁၉၈၈ ခုနှစ်) တွင် စတင်၍ဖြစ်ပေါ်လာသော အဖွဲ့အစည်းများဖြစ်သည်။ လက်ရှိ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများကို (၁၉၈၉) ခုနှစ်တွင်ထုတ်ပြန်ခဲ့သည့် နိုင်ငံပိုင်စီးပွားရေးဥပ‌ဒေဖြင့်‌ ထိမ်းချုပ်ထားပါသည်။

၎င်းဥ‌ပဒေသည် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများကို သစ်တော၊ သတ္တုတွင်း စသည့် စီးပွားရေးအခန်းကဏ္ဍများတွင် တစ်ဦးတည်းလုပ်ပိုင်ခွင့်များ ပေးရှိထားပါသည်။ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများသည် နိုင်ငံပိုင်စီးပွားရေးဥပဒေတွင်‌ ဖော်ပြထားသော စီးပွားရေးအခန်းကဏ္ဍများ၌ ပါ၀င်လုပ်ရှိသော ပုဂ္ဂလိကစီပွား‌ရေးအဖွဲ့အစည်းများကိုလည်း စည်းမျဥ်းစည်းကမ်းများဖြင့် ထိန်းခွင့်ရှိပါသည်။ သာဓကအားဖြင့် နိုင်ငံပိုင်စီပွားရေးအဖွဲ့အစည်းများသည် မိမိကိုယ်တိုင်ရွေးချယ်၍ ပုဂ္ဂလိကလုပ်ငန်းရှင်များကို ကန်ထရိုက်များပေးခွင့်14 ၊ ပူးပေါင်လုပ်ကိုင်နေသော ပုဂ္ဂလိကလုပ်ငန်းများ အခွန်လွတ်ငြိမ်းခွင့်ရရှိ‌စေ‌ရေးအတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မစ်ရှင်ထံသို့ အကြံပြုထောက်ခံခွင့် စသည့်အခွင့်အရေးများ ပိုင်ဆိုင်ပါသည်။15

နိုင်ငံပိုင်စီးပွားရေအဖွဲ့အစည်းများမှရရှိသော အမြတ်ငွေများမှ (၂၅)ရာခိုင်နှုန်းအား ပြည်တွင်းအခွန်များဦးစီးဌာနသို့ ကော်ပိုရေးရှင်းဆိုင်ရာ အမြတ်ငွေခွန် စောင်ရပြီး  (၂၀)ရာခိုင်နှုန်းကို ငွေတိုက်ဦးစီးဌာနသို့ ပေးစောင်ရပါသည်။ ကျန် (၅၅)ရာခိုင်နှုန်းကို အဖွဲ့အစည်းပိုင် “own funds” (သို့) “other accounts” (OA) ထဲတွင်သိမ်းစည်းထားခွင့်ရှိပါသည်။16 ထိုသို့သိမ်းစည်းထားခွင့်ပြုခြင်းသည် (၂၀၁၂)ခုနှစ်မှ စတင်ခွင့်ပြုခြင်းဖြစ်သည်။

ကုန်ကြမ်း၊ အလုပ်သမားလခစသည့် မျက်မှောက်အသုံးစရိတ်များကို အထက်ဖော်ပြပါအခွန်များ ချေစောင်ပြီး၍ ကျန်ရစ်သောအမြတ်ငွေထဲမှ ယူသုံးရမည်ဖြစ်ပါသည်။ ‌ချေးငွေအပေါ်ပေးရသော အတိုးစရိတ် နှင့် မတည်အသုံးစရိတ်များကို နိုင်ငံတော်ဘတ်ဂျက်ထဲမှ ပေးချေထောက်ပံ့ပေးပါသည်။

 

 

မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း စသည့်‌အမြတ်ပြသော နိုင်ငံပိုင်စီးပွားများရှိသလို အရှုံးပြသော နိုင်ငံပိုင်စီးပွားများလည်း ရှိပါသေးသည်။ အကယ်၍ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတစ်ခုသည် မိမိ၏အသုံးစရိတ်များကို မိမိ၀င်ငွေနှင့် နိုင်ငံတော်ဘတ်ဂျက်မှရရှိသော ထောက်ပံ့ငွေဖြင့် ပေးချေ၍ မလောက်ပါက နိုင်ငံတော်‌ပိုင်ဘဏ်များမှာ ချေးငွေထုတ်ယူရမည် ဖြစ်ပါသည်။

ဤအချက်သည် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့် ၀န်ကြီးဌာနများအောက်ရှိ ဦးစီးဌာနများခြား ကွာခြားသောအချက်ဖြစ်သည်။ ဦးစီးဌာနများသည် ပြည်ထောင်စုဘတ်ဂျက်ငွေဖြင့်သာ ထောက်ပံ့ထားသော အဖွဲ့အစည်းများဖြစ်သည်။ ဦးစီးဌာနများတွင် ၀င်ငွေများရရှိခဲ့သော် ထို၀င်ငွေများကို အစိုးရထံအပ်ရပါမည်။ ဦးစီးဌာနများသည် ဘဏ္ဍာနှစ်ကိုကျော်လွန်၍ ၀င်ငွေများကိုသိမ်းစည်းထားခွင့် မရှိပါ။ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများသည် အမြတ်ငွေပေါ်အခွန်စောင်ပြီး၍ ကျန်ရစ်သော (၅၅)ရာခိုင်နှုန်းကို OA အကောင့်များအတွင်း ဘဏ္ဍနှစ်ကျော်လွန်၍ သိမ်းစည်းထားခွင့်ရှိပါသည်။ လက်ရှိတည်ရှိနေသော နိုင်ငံပိုင်စီပွားရေးအဖွဲ့အစည်း (၁၈)ခုအနက် အဖွဲ့အစည်း(၈)ခုသည် အခွန်၊ အစုပေါ်အမြတ်ငွေနှင့် မျက်မှောက်အသုံးစရိတ်များကို မိမိတို့၏ ကိုယ်ပိုင်OA မှငွေများဖြင့်ပေးချေပါသည်။ ကျန်အဖွဲ့အစည်း (၁၀)ခုသည် မိမိတို့၏ မျက်မှောက်အသုံးစရိတ်များကို တစ်ပိုင်းတစ်စမျှသာ ပေးချေနိုင်သော‌ကြောင့် နိုင်ငံတော်ဘတ်ဂျက်မှအထောက်အပံ့ နှင့် ချေးငွေများဖြင့် ရပ်တည်ဆဲဖြစ်ပါသည်။17

တိုင်းဒေသကြီး(သို့)ပြည်နယ် ဘတ်ဂျက် အ‌ကြောင်းအရာ

မြန်မာနိုင်ငံ၏ ဘတ်ဂျက်လုပ်နည်းစဥ်များ‌ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် ပြည်ထောင်စုဘတ်ဂျက်အပေါ် အားကိုးမှုများပြားလာပြီး ဘတ်ဂျက်ဆိုင်ရာ လုပ်ပိုင်ခွင့်များနည်း‌ပါးနေသေးသည်ကို တွေ့ရှိရပါသည်။18

သမိုင်းအရ ဗဟိုအစိုးရများက တိုင်းနယ်ပြည်နယ်အစိုးရများကို အုပ်ချုပ်မှုလွယ်ကူရေးအတွက်သာ အသုံးပြုလေ့ရှိပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီခိုင်ခံ့ရေးတို့ အတွက်အသုံးပြုမှု နည်းပါးခဲ့ပါသည်။ ထို့ကြောင့် တိုင်းနယ်ပြည်နယ်အစိုးရများဘက်မှ အစွမ်းအရည်နည်းပါးခြင်းတို့ ဖြစ်ပေါ်လာ၍ ဗဟိုအစိုးရမှတစ်ဆင့် လုပ်ပိုင်ခွင့်အာဏာများ လွှဲ‌‌ပေးခြင်းလုပ်ငန်းစဥ်တို့တွင် အခက်အခဲများတွေ့ရှိလာခြင်းဖြစ်ပါသည်။19

သာဓကအားဖြင့် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရငွေထက် များပြားစွာပိုလွန်နေသော သုံးငွေများ ရှိနေသည်ကို တွေ့ရှိရပါသည်။ ကရင်ပြည်နယ်၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ၀င်ငွေမှာ (၁၀)ဘီလီယံသာရှိပြီး ရငွေမှာ (၈၆)ဘီီလီယံရှိပါသည်။20 ထို့နည်းတူ ပဲခူးတိုင်းဒေသကြီးတွင်လည်း ၁၀၂၇-၁၈ ဘဏ္ဍာနှစ်အတွက် ၀င်ငွေမှာ (၂၀)ဘီလီယံသာရှိပြီး သုံးငွေမှာ (၁၅၈)ဘီလီယံရှိပါသည်။21

မြန်မာနိုင်ငံ‌ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဇယား(၁)၊ ဇယား(၂) ဟူ၍ ဗဟိုအစိုးရနှင့် တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရဆိုင်ရာ လုပ်ပိုင်ခွင့်စည်းမျဥ်းများ ချမှတ်ထားပါသည်။ ကျေးလက်ဒေသများတွင် လမ်းဆောက်လုပ်ရေးနှင့် လျှပ်စစ်မီးရရှိရေးဆိုင်ရာလုပ်ငန်းစဥ်များနှင့် သက်ဆိုင်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများတွင် အယူအဆအရ တာ၀န်ရှိပါသည်။ သို့သော် ဘဏ္ဍာငွေအများစုကို အထွေထွေအုပ်ချုပ်ရေးဌာနများအား ထောက်ပံ့ရန်အတွက်သုံးစွဲဖြစ်သွားတာကြောင့် ကျန်အသုံးစရိတ်များအတွက် ဗဟိုအစိုးရအပေါ် မှီခိုရပါသည်။22 အထက်ဖော်ပြပါအကြောင်းအရာများသည် တိုင်းဒေသကြီးနှင့်ပြည်နယ်အများစုတွင် ဖြစ်ပေါ်နေတာကိုတွေ့ရှိရပါသည်။

 

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လိုငွေဖြည့်စည်းရေးအတွက် လုပ်နည်းစဥ်များတည်ရှိပါသည်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မတိုင်မီ တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရတို့သည် ဗဟိုအစိုးရနှင့် ညှိနှိုင်း၍ ထောက်ပံ့ကျေးများ တောင်းဆိုရပါသည်။ ယခုကျင့်သုံးနေသောစနစ်သည် ပွင့်လင်းမြင်သာ‌စေရေးအတွက် ဖော်မြူလာအလိုက် တွက်ချက်‌၍ ထောက်ပံ့ကျေးများပေးသောစနစ် ဖြစ်ပါသည်။23 တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို အခွန်ငွေမျှ‌‌သုံးစနစ်နှင့် လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးမှုရန်ပုံငွေများဖြင့်လည်း ထောက်ပံ့ပေးနေပါသည်။24

ဘတ်ဂျက်လုပ်နည်းစဥ်များနှင့် သက်ဆိုင်ပြီး ဗဟိုအစိုးရမှ လုပ်ပိုင်ခွင့်‌များခွဲ့‌‌‌ဝေ ခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြခဲ့ခြင်းများရှိပါသည်။ သာဓကအားဖြင့် —

  1. ဒေသအလိုက်လိုအပ်ချက်များကိုလိုက်၍ အရင်းအမြစ်များပိုမို ‌ခွဲ‌ဝေ နိုင်ခြင်း
  2. တိုင်းနယ်ပြည်နယ်ဘတ်ဂျက် လုပ်နည်းစဥ်များ ပိုမိုလွယ်ကူလာခြင်း
  3. အရင်းအမြစ်များ ပိုမိုညီမျှစွာ စီမံခန်ခွဲနိုင်ခြင်း
  4. ဘတ်ဂျက်လုပ်နည်းစဥ်များသည် ပြည်သူများအတွက်ပိုမို ပွင့်လင်းမြင်သာလာခြင်း တို့ဖြစ်ပါသည်။25

 

References

  • 1. Constitution of the Republic of the Union of Myanmar (2008), Paragraph 103
  • 2. Constitution of the Republic of the Union of Myanmar (2008), Paragraph 193
  • 3. Bauer, Hein, Htay, Hamilton, and Shortell, “State-Owned Economic Enterprise Reform in Myanmar: The Case of Natural Resource Enterprises.” (Renaissance Institute and Natural Resource Governance Institute, January 2018), pp. 36
  • 4. Shotton, Yee, and Oo, “State and Region Financing, Planning and Budgeting in Myanmar: What are the Procedures and What are the Outcomes?” (Asia Foundation and Renaissance Institute, December 2016), pp. 50
  • 5. Bauer, Hein, Htay, Hamilton, and Shortell, “State-Owned Economic Enterprise Reform in Myanmar: The Case of Natural Resource Enterprises.” (Renaissance Institute and Natural Resource Governance Institute, January 2018), pp. 37
  • 6. Bauer, Hein, Htay, Hamilton, and Shortell, “State-Owned Economic Enterprise Reform in Myanmar: The Case of Natural Resource Enterprises.” (Renaissance Institute and Natural Resource Governance Institute, January 2018), pp 36-37
  • 7. Zaw Oo et al., “Making Public Finance Work for Children in Myanmar: An Overview of Public Finance Trends 2011-12 to 2014-15” (UNICEF and CESD, November 2014), pp. 11
  • 8. Shotton, Yee, and Oo, “State and Region Financing, Planning and Budgeting in Myanmar,” pp. 50
  • 9. Constitution of the Republic of the Union of Myanmar (2008), Paragraph 103, Sections (e) and (f)
  • 10. Shotton, Yee, and Oo, “State and Region Financing, Planning and Budgeting in Myanmar,” pp. 53
  • 11. Bauer, Hein, Htay, Hamilton, and Shortell, “State-Owned Economic Enterprise Reform in Myanmar: The Case of Natural Resource Enterprises.” (Renaissance Institute and Natural Resource Governance Institute, January 2018), pp. 50
  • 12. World Bank, “Myanmar Public Expenditure Review 2017: Fiscal Space for Economic Growth.” (World Bank, 2017), pp. 70
  • 13. World Bank, “Myanmar Public Expenditure Review 2017: Fiscal Space for Economic Growth.” (World Bank, 2017), pp. 74
  • 14. Bauer, Hein, Htay, Hamilton, and Shortell, “State-Owned Economic Enterprise Reform in Myanmar: The Case of Natural Resource Enterprises.” (Renaissance Institute and Natural Resource Governance Institute, January 2018), pp. 7
  • 15. Bauer, Hein, Htay, Hamilton, and Shortell, “State-Owned Economic Enterprise Reform in Myanmar: The Case of Natural Resource Enterprises.” (Renaissance Institute and Natural Resource Governance Institute, January 2018), pp. 7
  • 16. Bauer, Hein, Htay, Hamilton, and Shortell, “State-Owned Economic Enterprise Reform in Myanmar: The Case of Natural Resource Enterprises.” (Renaissance Institute and Natural Resource Governance Institute, January 2018), pp. 19
  • 17. Bauer, Hein, Htay, Hamilton, and Shortell, “State-Owned Economic Enterprise Reform in Myanmar: The Case of Natural Resource Enterprises.” (Renaissance Institute and Natural Resource Governance Institute, January 2018), pp. 21-22
  • 18. Smoke, Paul. “Fiscal Decentralization in Developing Countries: A Review of Concepts and Practices,” (United Nations Research Institute for Social Development, February 2001): pp. 2
  • 19. Smoke, Paul. “Fiscal Decentralization in Developing Countries: A Review of Concepts and Practices,” (United Nations Research Institute for Social Development, February 2001): pp. 2
  • 20. Valley and Kyaw, “Budget Brief Series: Kaying Budget No.2, 2017.” (Renaissance Institute, December 2017): pp. 2
  • 21. Kyaw, Valley, Moller, and Oo, “Budget Brief Series: Bago Budget No.2, 2017.” (Renaissance Institute, December 2017): pp. 2
  • 22. Shotton, Yee, and Oo, “State and Region Financing, Planning and Budgeting in Myanmar: What are the Procedures and What are the Outcomes?” (Asia Foundation and Renaissance Institute, December 2016), pp. 8
  • 23. Valley and Kyaw, “Budget Brief Series: Kayin Budget No.2, 2017.” (Renaissance Institute, December 2017): pp. 2
  • 24. Kyaw, Valley, Moller, and Oo, “Budget Brief Series: Bago Budget No.2, 2017.” (Renaissance Institute, December 2017): pp. 2
  • 25. Shotton, Yee, and Oo, “State and Region Financing, Planning and Budgeting in Myanmar: What are the Procedures and What are the Outcomes?” (Asia Foundation and Renaissance Institute, December 2016), pp. 4
Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

HRDZ6
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!