အာဆီယံမူဝါဒနှင့် မြန်မာအထူးစီးပွားရေးဇုန်

နိဒါန်း

အရှေ့တောင်အာရှနိုင်ငံများအသင်းသည် အထူးစီးပွားရေးဇုန်များ အကောင် အထည်ဖော်ရန် လမ်းညွှန်ချက် ၁ စုံကို အသင်းဝင်နိုင်ငံများ (မြန်မာ၊ ဗီယက် နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ပါဝင်သော) အတွက် ၂၀၁၆ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။1 လမ်းညွှန်ချက်များတွင် စုစုပေါင်း ၁၈ ချက်ပါသော အခန်း ၅ ခု ပါရှိပါသည်။2 ယေဘုယျအားဖြင့် လမ်းညွှန်ချက်များသည် နည်းဗျူဟာကျသော ပြတ်သားမှု၊ ရှင်း လင်း၍ သီးသန့်ရှိသော တာဝန်များ၊ တာဝန်လွှဲအပ်ခြင်းနှင့် ညှိနှိုင်းဆောင် ရွက်ခြင်းသာမက အာဆီယံအဖွဲ့ဝင်များအကြား ခိုင်မာသော အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်နိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်စေရန် ရည် ရွယ်ပါသည်။3 ဤလမ်းညွှန်ချက်များသည် တာဝန်ခံစေမှု မဟုတ်ပါ။4

မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များကို ၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအရ စီမံအုပ်ချုပ်ပါသည်။ အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်ခြင်းကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိအဖွဲ့များဖြစ်သော စီမံအုပ်ချုပ်မှုဆိုင်ရာ အဖွဲ့ ၃ ဖွဲ့အား ဤဥပဒေက သတ်မှတ်ဖွဲ့စည်းထားပါသည်။5 အထူးစီးပွားရေးဇုန်များ တည်ထောင်ခြင်းအတွက် အခြေခံအချက်များ၊ အထူးစီးပွားရေးဇုန်တစ်ခု၌ ပါဝင်နိုင်သော ဇုန်အမျိုးအစားများ၊ ဇုန်များတွင် ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းအမျိုးအစားများကိုလည်း ဤဥပဒေက ပြဌာန်းထားပါသည်။6

၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေသည် အာဆီယံလမ်းညွှန်ချက်များနှင့် လိုက်လျောညီထွေမှု များစွာရှိပါသည်။ သို့သော် မြန်မာအထူးစီးပွား ရေးဇုန်များနှင့် အာဆီယံလမ်းညွှန်ချက်များအကြား ကွာဟမှုကို ဤဥပဒေက တစ်ခါတစ်ရံ မဖြေရှင်းပေးနိုင်ပါ။ အဆိုပါကွာဟမှုများ၌ ရည်ရွယ်ချက်ဆိုင်ရာ ခိုင်မာသော တိုင်းတာမှု၊ အခြးနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ပါဝင်ပါသည်။

အခန်း ၁

အခန်း ၁ တွင် ရှင်းလင်းပြတ်သားသော ရင်းနှီးတည်ဆောက်မှုနည်းဗျူဟာများ တိုးတက်စေရေး လမ်းညွှန်ချက် ၇ ရပ် ပါဝင်ပါသည်။ 7 ရှင်းလင်းပြတ်သားသော နည်းဗျူဟာများ တိုးတက်စေရေး၏ အပိုင်းတစ်ခုအဖြစ် နိုင်ငံများသည် မိမိတို့ဖြေရှင်းစေလိုသော ပြဿနာများကို အကြမ်းဖျဉ်းဖော်ပြရန်8 နှင့် လုပ်ငန်းတိုးတက်မှုကြီးကြပ်ရေးအတွက် တိုင်းတာ၍ရနိုင်သော ရည်ရွယ်ချက်များကို ချမှတ်ရန် အားပေးခံရပါသည်။9 ရေရှည်အကျိုးကျေးဇူးများ လက်တွေ့ပေါ်ပေါက်လာစေရန် အဆိုပါနိုင်ငံများသည် မိမိတို့ပြည်တွင်းစီးပွားရေးနှင့် အထူးစီးပွားရေးဇုန်တစ်ခုစီ၏ ချိတ်ဆက်မှုကိုလည်း ရှာဖွေရပါသည်။10

အာဆီယံလမ်းညွှန်ချက်များ – အခန်း ၁ 

ဇုန်အစီအစဉ်က ဖြေရှင်းသင့်သော ပြဿနာများကို အသေးစိတ်ဖော်ပြရန်။
အလွယ်တကူ ကြီးကြပ်၊ အကဲဖြတ်နိုင်ပြီး တိုင်းတာ၍ရနိုင်သည့် အချိန်အကန့်အသတ်ရှိသော ရည်ရွယ်ချက်များကို ချမှတ်ရန်။
စီးပွားရေးစနစ်အတွင်း စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို စမ်းသပ်၊ ထောက်ကူပေးသော မူဘောင်တစ်ခုအဖြစ် အထူးစီးပွားရေးဇုန်များကို ထည့်သွင်းစဉ်းစားရန်။
နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မူဝါဒဆိုင်ရာ လွှမ်းခြုံမူဘောင်နှင့် အထူးစီးပွားရေးဇုန်များအကြား ဆက်စပ်မှုကို သေချာစေရန်။
ပြည်တွင်းစီးပွားရေးနှင့် အထူးစီးပွားရေးဇုန်မြေငှားဆောင်ရွက်သူများအကြား ချိတ်ဆက်မှုကို တိုးတက်စေရေး စီမံဆောင်ရွက်ရန်။
မက်လုံးများဖြစ်သည့် စရိတ်သက်သာခြင်းနှင့် ချိတ်ဆက်မှုကောင်းခြင်းတို့ကို သေချာစေရန်။
ရင်းနှီးမြှုပ်နှံသူများနှင့် အခြားဆက်နွယ်နေသူများကို ဒီဇိုင်းရေးဆွဲခြင်းအဆင့်တွင် ပါဝင်စေရန်။

မြန်မာနိုင်ငံ၏ အခြေအနေ

၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေသည် ၎င်း၏ရည်ရွယ်ချက်များကို ဖော်ပြထားပါသည်။ သို့သော် ရည်ရွယ်ချက်အများစုမှာ ကျယ်ပြန့်ပြီး အတိုင်းအတာပမာဏဆိုင်ရာ စိန်ခေါ်မှုများ ရှိနေပါသည်။ ဥပမာအားဖြင့် “ပြည်သူများ အလုပ်အကိုင်ရရှိစေရန်၊ ယင်းတို့၏ လူနေမှုအဆင့်အတန်းမြင့်မားစေရန်နှင့် [and] ပြည်ပပို့ကုန်တိုးတက်စေရန်[.]”11 တိကျသောရည်ရွယ်ချက်များကို အထူးစီးပွားရေးဇုန်တစ်ခုချင်းစီ၏ မူဝါဒ သို့မဟုတ် စာရွက်စာတမ်းများ၌ တွေ့ရနိုင်ဖွယ်ရှိပါသည်။ သို့သော် သီလဝါ၊ ထားဝယ် သို့မဟုတ် ကျောက်ဖြူ စီမံခန့်ခွဲမှုကော်မတီများသည် မည်သည့်တိကျသောရည်ရွယ်ချက်ကိုမျှ ထုတ်ပြန်ထားသည်ကို မတွေ့ရပါ။12

သို့ရာတွင် အထူးစီးပွားရေးဇုန်များနှင့် မြန်မာနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လွှမ်းခြုံမူဘောင်အကြား ဆက်စပ်မှုကို အထူးစီးပွားရေးဇုန်ဥပဒေက သေချာစေပါသည်။  အတိအကျဆိုရသော် ဥပဒေ၏ပထမဆုံးရည်ရွယ်ချက်သည် “အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ အဓိကရည်မှန်းချက်များကို အထောက်အကူပြုရန်[.]”ဖြစ်ပါသည်။13 သို့သော် အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းက မည်သည့်အရာအား ဖြစ်ပေါ်စေခြင်းမှာ မရှင်းလင်းပေ။ စီမံကိန်းသည် အစိုးရ၏အင်တာနက်စာမျက်နှာ၌ပင် မရှိတော့ပါ။ သင့်တော်ရာစာတမ်း ၂ ခုရှိပါသည်။လတ်တလောတွင် ၂၀၁၈ ခုနှစ်၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့်14 နှင့် ၂၀၁၆ ခုနှစ်၊ စီးပွားရေးမူဝါဒ၊15 ဟူ၍ သင့်တော်ရာစာတမ်း ၂ ခုရှိပါသည်။

လိုက်လျောညီထွေမှု

လမ်းညွှန်ချက်နံပါတ်လိုက်လျောညီထွေမှုမှတ်ချက်
ရှိသို့သော် အထူးစီးပွားရေးဇုန်ဥပဒေသည်၎င်းဖြေရှင်းလိုသော ကိစ္စများကိုသာ အကျယ်တဝင့် ဖော်ပြထားပါသည်။ အထူးစီးပွားရေးဇုန်တစ်ခုချင်းစီအတွက် ဖြေရှင်းရန်စီမံထားသော ပြဿနာများ၏ စာရင်းအတိအကျကိုမူ မတွေ့ရပါ။
မရှင်းလင်းတိုင်းတာ၍ရနိုင်သောမူဘောင်ပုံစံအချို့ကို တွေ့ရနိုင်သော်လည်း အများပြည်သူ မသိရှိနိုင်ပါ။ ရင်းနှီးမြှုပ်နှံသူအရေအတွက်နှင့် ရင်းနှီးမြှုပ်နှံသူပမာဏအပြင် အထူးစီးပွားရေးဇုန်တစ်ခု၏ အောင်မြင်မှုဆိုင်ရာ သတင်းအချက်အလက်များကို မကြေညာပါ။
မရှင်းလင်းဥပဒေတွင် နိုင်ငံတဝှမ်းပြုပြင်ပြောင်းလဲမှုများကို ဖော်ပြမထားပါ။ သို့သော် မြန်မာနိုင်ငံသည် အထူးစီးပွားရေးဇုန်များကို စမ်းသပ်ကွင်းအနေဖြင့် အသုံးပြုနေခြင်းလည်း ဖြစ်နိုင်ပါသည်။
ရှိ၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေသည် ၎င်း၏ရည်ရွယ်ချက်တစ်ခုမှာ"အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ အဓိကရည်မှန်းချက်များကို အထောက်အကူပြုရန်" ဖြစ်ကြောင်း အတိအလင်း ဖော်ပြထားပါသည်။
ရှိပြည်တွင်းစီးပွားရေး၌ ရင်းနှီးမြှုပ်နှံလာစေရေးအတွက် ရင်းနှီးမြှုပ်နှံသူများကို မက်လုံးပေးရန် ဥပဒေအရ အဆင့်များ ဆောင်ရွက်ရပါမည်။ ဥပမာအားဖြင့် ရင်းနှီးမြှုပ်နှံသူက ပြည်တွင်း၌ လေ့ကျင့်သင်ကြားပေးရာတွင် အခွန်သက်သာခွင့်ပေးပါသည်။ စီမံခန့်ခွဲမှုကော်မတီများသည် အနည်းဆုံး နိုင်ငံသားလုပ်သားဦးရေကို ဆုံးဖြတ်နိုင်ပါသည်။ သို့သော် ပြည်တွင်းတက္ကသိုလ်များနှင့် အထူးစီးပွားရေးဇုန်များအကြား ပူးပေါင်းဆောင်ရွက်မှုကို မတွေ့ရပါ။
မရှင်းလင်းအခွန်သက်သာခွင့်ပုံစံအနေဖြင့် ဆုံးရှုံးခဲ့သောဝင်ငွေနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အများပြည်သူ မရရှိနိုင်ပါ။ အကျိုးဆက်အားဖြင့် နောက်ထပ်ရင်းနှီးမြှုပ်နှံမှု၏အကျိုးကျေးဇူးများသည် အခွန်ဝင်ငွေဆုံးရှုံးစရိတ်ထက် သာလွန်သလားဆိုသည်ကို မဆုံးဖြတ်နိုင်ပါ။ ဥပဒေသည် ဤလမ်းညွှန်ချက်၏အဓိကအချက်တစ်ခုဖြစ်သော "ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန် ၂ ခုလုံးအတွက် ပေးထားသော အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များသည်
သက်တမ်းကုန်ဆုံးမှုရှိသည်" နှင့် အတိအကျ ကိုက်ညီပါသည်။

အခန်း ၂

အခန်း ၂ တွင် ရှင်းလင်း၍ သီးခြားဖြစ်သော အဖွဲ့အစည်းဆိုင်ရာ တာဝန်ဝတ္တရားများ ချမှတ်ရေးကို ရည်ရွယ် သော လမ်းညွှန်ချက် ၄ ရပ် ပါဝင်ပါသည်။ လမ်းညွှန်ချက်များသည် အကျိုးဖြစ်ထွန်းမှုကို ပေါ်ပေါက်စေပြီး အကျိုး​စီး​ပွား​ ဝိ​ရောဓိ ဖြစ်မှုကို နည်းနိုင်သမျှ နည်းစေပါသည်။ 16 လမ်းညွှန်ချက်များသည် ပိုင်ဆိုင်သူ၊ ရင်းနှီးတည်ဆောက်သူ၊ လုပ်ငန်းလည်ပတ်သူ၊ လုပ်ငန်းကြီး ကြပ်သူနှင့် မြေငှားနေသူ ဟူ၍ အနည်းဆုံးရှိရမည့် သီးခြားအခန်းကဏ္ဍ ၅ ခုကို ဖော်ပြထားပါသည်။17 မြန်မာအထူးစီးပွားရေးဇုန်ဥပဒေသည် အခန်းကဏ္ဍကို ထင်ရှားစွာ သတ်မှတ်ထားသော် လည်း ၎င်းတို့၏အမည်နှင့် တာဝန်ဝတ္တရားများသည် အာဆီယံလမ်းညွှန်ချက်မှ ဖော်ပြချက်များနှင့် အနည်းငယ်ကွဲ လွဲပါသည်။

အာဆီယံလမ်းညွှန်ချက်များ – အခန်း ၂

ဥပဒေပြဌာန်းမှုသည် လိုအပ်သောအဖွဲ့အစည်းနှင့် စည်းမျဉ်းများ ထူထောင်မှုအပါအဝင် သင့်တော်သည့်အချက်အားလုံး ပါဝင်ကြောင်းကို သေချာစေရန်။
ဇုန်ကြီးကြပ်ရေးနှင့် ဇုန်လည်ပတ်ရေးအတွက် တာဝန်ရှိသော အဖွဲ့များကို သတ်မှတ်ရန်။
၁၀အထူးစီးပွားရေးဇုန်တွင် အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံသူများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုစီ၏ ပြည်တွင်းစည်းမျဉ်းများကို လေးစားလိုက်နာကြောင်း သေချာစေရန်။
၁၁ဇုန်အစီအစဉ်များအပေါ်တိုင်းတာ၍ရနိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ကြီးကြပ်မှုနှင့် အကဲဖြတ်မှုကို သေချာစေရန်။

မြန်မာနိုင်ငံ၏ အခြေအနေ

၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေသည် အထူးစီးပွားရေးဇုန်အသစ် တည်ထောင်ခြင်းလုပ်ငန်းစဉ် များကို ဖော်ပြထားပြီး အထူးစီးပွားရေးဇုန်များ တည်ထောင်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းအတွက် တာဝန်ရှိ သော စီမံအုပ်ချုပ်မှုဆိုင်ရာ အဖွဲ့များကို အဆင့် ၃ ဆင့်ဖြင့် သတ်မှတ်ဖွဲ့စည်းထားပါသည်။18 ဗဟိုအဖွဲ့သည် မူဝါဒများချမှတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို စစ်ဆေးခြင်းနှင့် ရင်းနှီး မြှုပ်နှံမှုပမာဏကို ဆုံးဖြတ်ခြင်းတို့အတွက် တာဝန်ရှိပါသည်။19 အထူးသဖြင့် ဗဟို အဖွဲ့သည် အထူးစီးပွားရေးဇုန်တစ်ခုစီအတွက် ရင်းနှီးတည်ဆောက်သူကို ရွေးချယ်ရပါသည်။20 ဗဟိုလုပ်ငန်းအဖွဲ့သည် အများအားဖြင့် အကြံပြုတင်ပြခြင်းကို ဆောင်ရွက်ရပြီး ဗဟိုအဖွဲ့သို့ အကြံပြုတင်ပြရပါသည်။21 နောက်ဆုံးအနေဖြင့် အထူးစီးပွားရေးဇုန်တစ်ခုစီ အတွက် ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှု ပေးသည့်ဌာနကို တည်ထောင်ထားရှိခြင်းနှင့် အနည်းဆုံးရင်းနှီး မြှုပ်နှံမှုနှင့် ငှားရမ်းမှုအတွက် လိုအပ်ချက်များ ကို ဆုံးဖြတ်ခြင်းတို့အား ဆောင် ရွက်ရန် စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားပါသည်။22 သော် အဖွဲ့တစ်ခုစီ၏ ပြောင်းလဲမှုနှင့်ပတ်သက်သည့်အခန်းကဏ္ဍကို  ဥပဒေက ချန်လှပ်ထားပါသည်။23

မြန်မာဥပဒေသည် အထူးစီးပွားရေးဇုန်တစ်ခုချင်းစီ၏ သီးသန့်အခန်းကဏ္ဍများနှင့်ပတ်သက်၍ အာဆီယံလမ်း ညွှန်ချက်များနှင့် အတိအကျ မကိုက်ညီပါ။ သို့သော် လမ်းညွှန်ချက်များ၌ ဆွေးနွေးထားသော တာဝန်ဝတ္တရားများကို ခွဲဝေထားပါသည်။ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်တစ်ခုချင်းစီ၏ သီးသန့်အခန်းကဏ္ဍများသည် အာဆီယံ လမ်းညွှန်ချက်များမှ ဖော်ပြပါအခန်းကဏ္ဍများနှင့် အနီးဆုံး ဆီလျော်ပါသည် – ထိန်းချုပ်သူများနှင့် ဗဟိုအဖွဲ့၊ လုပ်ငန်းလည်ပတ်သူများနှင့် စီမံခန့်ခွဲမှုကော်မတီ၊ ရင်းနှီးတည်ဆောက်သူများအချင်းချင်း၊ ရင်းနှီး မြှုပ်နှံသူများနှင့် မြေငှားယူသူများ။

သို့ရာတွင် အထူးသဖြင့် အထူးစီးပွားရေးဇုန်များ၏အောင်မြင်မှုကို တိုင်းတာနိုင်သော ခိုင်မာသည့်မူဘောင်ကို အများပြည်သူများ မသိရှိရပါ။ ယေဘုယျအား ဖြင့် အလုပ်အကိုင်ဖန်တီးပေးနိုင်မှုသည် ဆောင်ရွက်ရန်ရည်ရွယ်ထားပြီး  အထူးစီးပွားရေးဇုန်၏ စွမ်းဆောင်နိုင်မှုတစ်ရပ်အဖြစ် အရေးကြီးညွှန်ကိန်းတစ်ခု ဖြစ်ပါသည်။24 ထို့ပြင် မြန်မာ့စီမံခန့်ခွဲမှုကော်မတီများသည် မည်သူရင်းနှီးမြှုပ်နှံနိုင်မည်ကို ဆုံးဖြတ်ရင်းနှင့်ပင် အလုပ်အကိုင်ဖန်တီးနိုင်မှုအရေအတွက်ကိုပါ စဉ်းစားပါသည်။25 သို့သော် ကိန်း ဂဏန်းအတိအကျကို မဖော်ပြနိုင်ဘဲ ၎င်းအစား “လုပ်သား များစွာလိုအပ်မှု” အား ရင်းနှီးမြှုပ်နှံမှု၏ အကျိုးကျေးဇူးအဖြစ် အမျိုးအစားခွဲခြားဖော်ပြပါသည်။26

လိုက်လျောညီထွေမှု

လမ်းညွှန်ချက်နံပါတ်လိုက်လျောညီထွေမှုမှတ်ချက်
ရှိ၂၀၁၄ ခုနှစ်၊ အထူးစီးပွားရေးဇုန်ဥပဒေသည် ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းကာ တာဝန်များကိုပါသတ်မှတ်ပြီး အခြားလိုအပ်သော အဖွဲ့အစည်းများနှင့် စာ်းမျဉ်းများကိုပါ သတ်မှတ်ထားပါသည်။
ရှိ၂၀၁၄ ခုနှစ်၊ အထူးစီးပွား ရေးဇုန်ဥပဒေသည် အာဆီယံလမ်းညွှန်ချက်များက အဆိုပြုထားသော အဖွဲ့အစည်းများနှင့် အနည်းငယ်ကိုက်ညီသည့် အဖွဲ့အစည်းများကို ဖွဲ့စည်းထားပါသည်။ သို့သေည် တာဝန် ကွဲပြားပါသည်။
၁၀ရှိမှတ်ချက်ရေးပါမည်။
၁၁မရှင်းလင်းခိုင်မာပြီး တိုင်းတာ၍ရနိုင်သော မူဘောင် သို့မဟုတ် သတင်းအချက်အလက်ကို အများပြည်သူ အသုံးမပြုနိုင်ပါ။ သို့သော် ဌာနတွင်း၌ မူဘောင်တစ်ခု ရှိကောင်းရှိနိုင်ပါသည်။

အခန်း ၃

အခန်း ၃ သည် လုပ်ပိုင်ခွင့်အာဏာခွဲဝေမှု၊ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှု ပေးသည့်ဌာနကို တည်ထောင်ထားရှိခြင်းတို့နှင့် သက်ဆိုင်ပါသည်။ စွမ်းဆောင်ရည်ရှိသော ဝန်ထမ်းများ ရွေးချယ်ရေး အခွင့် အာဏာရှိသည့် အဖွဲ့များထံ လုပ်ပိုင်ခွင့်အာဏာ ရှင်းလင်းပြတ်သားစွာ ခွဲဝေပေးနိုင်ရေး အတွက် လမ်းညွှန်ချက်များက ဖော်ပြပါသည်။27 တစ်နည်းဆိုရသော် လမ်းညွှန်ချက်များသည် စွမ်းဆောင်ရည်ရှိ သော အဖွဲ့များအကြား တာဝန်ဝတ္တရားခွဲဝေပေးမှုကို ဖော်ပြပါသည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံသူ များအတွက် ကောင်းမွန်အဆင်ပြေသည့် ဝန်ဆောင်မှုများကိုလည်း လမ်းညွှန်ထားပါသည်။

အာဆီယံလမ်းညွှန်ချက်များ – အခန်း ၃ 

၁၂ရှင်းလင်းပြတ်သားသော လုပ်ပိုင်ခွင့်အာဏာ ခွဲဝေပေးမှု ရှိစေရန်။
၁၃ကောင်းမွန်၍ ပညာရှင်ဆန်သော စီမံအုပ်ချုပ်ရေးဝန်ဆောင်မှုများကို ပေးရန်။
၁၄ကောင်းမွန်စွာ ပုံဖော်ထားသော အလုံးစုံဝန်ဆောင်မှု ပေးသည့်ဌာနကို တည်ထောင်ရန်။

မြန်မာနိုင်ငံ၏ အခြေအနေ

၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေသည် ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှုကော်မတီတို့ အကြား အာဏာခွဲဝေပေးပြီး အထူးစီးပွားရေးဇုန်များကို စီမံခန့်ခွဲရေးနှင့် တည်ထောင်ရေးတို့အတွက် တာဝန် ဝတ္တရားများကို ဝေမျှပေးပါသည်။28ဥပမာအားဖြင့် ဗဟိုအဖွဲ့သည် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် များကို စိစစ်၍ အတည်ပြုခြင်း၊ အထူးဇုန်တစ်ခုစီရှိ ရင်းနှီးမြှုပ်နှံမှုပမာဏကို သတ်မှတ်ခြင်း၊ အထူးစီးပွားရေး ဇုန် ဥပဒေအရ စည်းကြပ်အခွန်များကို သတ်မှတ်ခြင်း၊ အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်ကာလများကို တိုး မြှင့်ပေးခြင်းအတွက် အခွင့်အာဏာရှိပါသည်။29 ထို့ပြင် ဗဟိုအဖွဲ့သည် အရည်အသွေးပြည့် ဝန်ထမ်း များငှားရမ်းခွင့်နှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၏ သဘောထား ရယူစိစစ်ခွင့်လည်း ရှိပါ သည်။30 အခြားတစ်ဖက်တွင် စီမံခန့်ခွဲမှုကော်မတီသည် ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ စုံစမ်းစစ်ဆေး ခြင်းနှင့် အလုံးစုံ ဝန် ဆောင်မှုပေးသည့်ဌာနကို တည်ထောင်ထားရှိခြင်းအတွက် တာဝန်ရှိပါသည်။31

အာဆီယံလမ်းညွှန်ချက်များအရ မြန်မာနိုင်ငံ၏အထူးစီးပွားရေးစက်မှုဇုန်များ သည် ရှင်းလင်းလွယ်ကူစေသော စီမံအုပ်ချုပ်ရေးရာ အလုံးစုံဝန်ဆောင်မှုကို ပေးပါသည်။ မြန်မာနိုင်ငံ၏အထူးစီးပွားရေးဇုန်များအနက် တစ်ခုတွင် ရင်းနှီးမြှုပ်နှံလိုသောကုမ္ပဏီများသည် အဆိုပါ အထူးစီးပွားရေးဇုန်၏အင်တာနက်စာမျက်နှာသို့သွားကာ ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်သည်များကို ရှာဖွေနိုင်ပါသည်။ သီလဝါနှင့် ထားဝယ် အထူးစီးပွားရေးဇုန်များ၌ ရင်းနှီးမြှုပ်နှံမှု လျှောက်ထားခြင်းမှစ၍ အလုပ်ခန့်အပ်ခြင်း၊ အခွန်စာရွက်စာတမ်းများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများ၏ သတင်းအချက်အလက်များကို ပေးထားပါသည်။32

လိုက်လျောညီထွေမှု

လမ်းညွှန်ချက်နံပါတ်လိုက်လျောညီထွေမှုမှတ်စု
၁၂မရှင်းလင်းရှင်းလင်းပြတ်သားသော လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုရှိပါက ဗဟိုအဖွဲ့သည် အရည်အသွေးပြည့်ဝန်ထမ်းများ ခန့်အပ်ခွင့်ရှိသော်လည်း တိကျ၍ သီးသန့်ကြီးကြပ်ရမည့် လုပ်ငန်းရည်မှန်းချက်များမှာ မရှင်းလင်းပါ။
၁၃ရှိအလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနများကို စီမံခန့်ခွဲမှုကော်မတီက ထိန်းညှိပေးသူနှင့်ခြားနားစွာ စီမံအုပ်ချုပ်ပါသည်။ ယင်းဌာန၏ အင်တာနက်စာမျက်နှာမှတဆင့် အထူးစီးပွားရေးဇုန်တစ်ခုစီသည် အလားအလာရှိသောရင်းနှီးမြှုပ်နှံသူများကို ကောင်းမွန်သည့် စီမံအုပ်ချုပ်ရေးဝန်ဆောင်မှုများအား ပေးနိုင်ပါသည်။ ထို့ပြင် မြေငှားရမ်းမှု၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပတ်သက်၍ ဗဟိုလုပ်ငန်းအဖွဲ့မှတဆင့် ဗဟိုအဖွဲ့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
၁၄ရှိမြန်မာနိုင်ငံ၏ အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနများသည် ရင်းနှီးမြှုပ်နံသူများအတွက် လိုအပ်သည့်အရာများကို ရှာဖွေနိုင်သည့် တစ်ခုတည်းသောနေရာဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူလိုက်နာရမည့် ဥပဒေအမျိုးမျိုးနှင့် လျှောက်ထားမှုလုပ်ငန်းစဉ်ဆိုင်ရာ သတင်းအချက်အလက်များကို ဖော်ပြထားပါသည်။

အခန်း ၄

အခန်း ၄ ၌ အုပ်ချုပ်မှု၊ ထိန်းချုပ်သူ၏ ငှားရမ်းပိုင်ခွင့်နှင့် ပတ်သက်၍ လမ်းညွှန်ချက် ၂ ရပ် ပါဝင်ပါသည်။ ထိန်းချုပ်သူသည် ကိုယ်ပိုင်လုပ်ပိုင်ခွင့်ရှိရမည့်အပြင် ပုဂ္ဂလိကကဏ္ဍမှ တစ်ဦးချင်းစီများအပါအဝင် အရည် အသွေးပြည့်ဝန်ထမ်းများ ခန့်အပ်နိုင်စွမ်းလည်း ရှိရပါမည်။33 ထို့ပြင် အထူးစီးပွားရေးဇုန်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသော အဖွဲ့အစည်းများသည် ဆုံးဖြတ်ချက်ချရန်၊ ဝန်ထမ်းအင်အားဖြည့်တင်းရန်နှင့် လုပ်ငန်း တိုးတက်မှုကို ကြီးကြပ်ရန် လုံလောက်သော အဖွဲ့အစည်းဆိုင်ရာစွမ်းဆောင်ရည် ရှိရပါမည်။34

အာဆီယံလမ်းညွှန်ချက်များ – အခန်း ၄ 

၁၅ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် အထူးစီးပွားရေးဇုန်အား အသုံးပြုနိုင်စွမ်းကို သေချာစေရန်။
၁၆ကောင်းမွန်သော စီမံအုပ်ချုပ်မှု တိုးတက်စေရန်။

မြန်မာနိုင်ငံ၏ အခြေအနေ

ဗဟိုအဖွဲ့သည် ကိုယ်ပိုင်လုပ်ပိုင်ခွင့်များစွာနှင့် ဆောင်ရွက်လျက်ရှိပါသည်။ အစိုးရသည် “ဗဟိုအဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်” ပြီး ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးနိုင်ပါသည်။ ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ဖော်ပြမထားပါ။35 အတိအကျဆိုရသော် ဗဟိုအဖွဲ့သည် အစိုးရ၏ ဝင်ရောက်စွက်ဖက်ခြင်း အနည်းငယ်ဖြင့် သို့မဟုတ် လုံးဝမရှိဘဲ လုပ်ငန်းဆောင်ရွက်နိုင်ဟန် ရှိပါသည်။ ဗဟို အဖွဲ့သည် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို အစိုးရအဖွဲ့သို့ “အခါအား လျော်စွာ” အစီရင်ခံတင်ပြရုံသာ လိုအပ်ပါသည်။[.]”36 အဆိုပါ အစီရင်ခံ စာများကို အများပြည်သူက မသိရှိနိုင်ပါ။

ဗဟိုအဖွဲ့နှင့် အထူးစီးပွားရေးဇုန် တည်ထောင်ခြင်း၊ အကောင်အထည်ဖော်ခြင်းအတွက် တာဝန်ရှိသော အခြား အဖွဲ့များထံတွင် လုပ်ဆောင်နိုင်ခွင့် များစွာရှိပါ သည်။ ဥပမာ ဗဟိုအဖွဲ့သည် အခြေခံအချက်များအရ အထူး စီးပွားရေးဇုန်ကို တည်ထောင်နိုင်ပါသည်။ သို့သော်  “အထူးစီးပွား ရေးဇုန်တည်ထောင်ခြင်းသည် နိုင်ငံတော် နှင့် အများပြည်သူတို့အတွက် အကျိုးရှိမည်ဟု ယူဆပါက” ၎င်းအချက်များမှ သွေဖယ်ခွင့်ရှိပါသည်။37 ထို့ပြင် စီမံခန့်ခွဲမှုကော်မတီများသည် အထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းခြင်း၊ စည်း ကမ်းချက်များ ထုတ်ပြန်ခြင်း၊ ရင်းနှီးမြှုပ်နှံသူများနှင့် ရင်းနှီးတည်ဆောက်သူများအား ကင်းလွတ်ခွင့်၊ သက်သာခွင့်များကို ခွင့်ပြုခြင်း တို့အား ဆောင်ရွက်ခွင့်ရှိပါသည်။38

လိုက်လျောညီထွေမှု

လမ်းညွှန်ချက်နံပါတ်လိုက်လျောညီထွေမှုမှတ်ချက်
၁၅မရှင်းလင်းကြီးကြပ်မှုမူဘောင်သည် မတိကျသောကြောင့် ဤအချက်သည်လည်း ရှင်းလင်းပြတ်သားမှုမရှိပါ။ ရှိပင်ရှိသော်ငြား အများပြည်သူ မသိရပါ။ အထူးစီးပွားရေးဇုန်ဥပဒေအရ ဗဟိုအဖွဲ့က အစိုးရထံ "အခါအားလျော်စွာ" အစီရင်ခံတင်ပြရန်သာလိုအပ်ပါသည်။
၁၆ရှိအာဆီယံလမ်းညွှန်ချက်များက ရည်ညွှန်းထားသည့်အတိုင်း ရှေ့ပြေးအဆင့်မှ သီးခြားအဖွဲ့တစ်ခုတည်ထောင်ခြင်းကို ၂၀၁၄ ခုနှစ်၊ အထူးစီးပွားရေးဇုန်ဥပဒေအရ မြန်မာနိုင်ငံသည် မဆုံး ဖြတ်ရသေးပါ။

အခန်း ၅

အခန်း ၅ ၌ အထူးစီးပွားရေးဇုန်များနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်စေမည့် လမ်းညွှန်ချက် ၂ ရပ် ပါဝင်ပါသည်။ ဤလမ်းညွှန်ချက်များသည် အဖွဲ့ဝင်များ တစ်ဦးနှင့်တစ်ဦး အပြန်အ လှန် ဆက်သွယ်ဆောင်ရွက်ရန်၊ အတွေ့အကြုံများကို မျှဝေရန်နှင့် ပူပေါင်းဆောင်ရွက်မှုကို ရှာဖွေဖော်ထုတ်ရန် ဖော်ပြထားပါသည်။39 ဒေသတွင်း၌ ကုန်သွယ်ရေး        စင်္ကြံများ တိုးမြှင့်ရေးကို ကူညီရန် ချုပ်ဆိုထားသော ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက်များနှင့် အတူတွဲလျက် နယ်စပ်တလျှောက်ရှိ အထူးစီးပွား ရေးဇုန်များကို အသုံးပြုနိုင်ပါသည်။40

အာဆီယံလမ်းညွှန်ချက်များ – အခန်း ၅

၁၇မူဝါဒအပေါ် တုံ့ပြန်မှုအတွေ့အကြုံများ မျှဝေခြင်းမှတဆင့် အာဆီယံအတွင်း အထူးစီးပွား ရေးဇုန် ပူးပေါင်းဆောင် ရွက်ရေးနှင့် တိုးတက်ရေးကို ပံပိုးကူညီရန်။
၁၈ဇုန် ချိတ်ဆက်မှု၊ အထူးသဖြင့် ခိုင်မာသော ဒေသခွဲကုန်သွယ်ရေးတွင် ပါဝင်သည့် နယ်စပ်ဒေသရှိ ဇုန်များအတွက် အာဆီယံပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေဖော်ထုတ်ရန်။

မြန်မာနိုင်ငံ၏ အခြေအနေ

အထူးစီးပွားရေးဇုန်များနှင့်စပ်လျဉ်း၍ အခြားနိုင်ငံများနှင့် အပြန်အလှန်ဆောင် ရွက်ရေးကို မြန်မာဥပဒေက ဖော်ပြမထားပါ။ သို့ရာတွင် ဇုန်များအကောင်အ ထည်ဖော်ရာ၌ မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် အတူတကွ ဆောင်ရွက်နေပါသည်။ ဥပမာ သီလဝါ အထူးစီးပွားရေးဇုန်အတွက် ဂျပန်၊ ထားဝယ် အထူးစီးပွားရေးဇုန် အတွက် ထိုင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ သို့သော် ဖော်ပြပါဇုန်များအပြင် အထူးစီးပွားရေးဇုန်မူဝါဒနှင့်ပတ်သက်ပြီး အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင် ရွက်မှုမှာ မရှင်းလင်းပါ။

လိုက်လျောညီထွေမှု

လမ်းညွှန်ချက်နံပါတ်လိုက်လျောညီထွေမှုမှတ်ချက်
၁၇မရှင်းလင်းသတ်မှတ်ထားသောဇုန်များနှင့် စပ်လျဉ်းပြီး ပြင်ပသို့ အတွေ့အကြုံမျှဝေခြင်းများတွင် မြန်မာနိုင်ငံပါဝင်ရေး အကြံပြုချက်ကို မတွေ့ရသောကြောင့် မရှင်း လင်းပါ။
၁၈ရှိမြန်မာနိုင်ငံသည် ထားဝယ်အထူးစီးပွား ရေးဇုန်တည်ထောင်ရေးတွင် အာဆီယံအဖွဲ့ဝင်ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ပါသည်။

 

References

Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

pjuA8
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!