မြန်မာ့သစ်တောမူဝါဒနှင့် စီမံအုပ်ချုပ်မှု

အရေးပါသောဥပဒေများ စည်းမျဉ်းစည်းကမ်းများနှင့်မူဝါဒများ

  • ၁၉၉၂ မြန်မာနိုင်ငံသစ်တောဥပဒေ (၂၀၁၈ ပြင်ဆင်ချက်) – ဒေသခံပြည်သူအစုအဖွဲ့နှင့် အစိုးရဌာနများ အကြား သစ်တောစီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ဝတ္တရားသတ်မှတ်ခွဲဝေမှုများ ပါဝင်ပါသည်
  • ၁၉၉၄ တောရိုင်းတိရစ္ဆာန်များသဘာဝအပင်များနှင့်သဘာဝနယ်မြေများ ကာကွယ်ရေး နှင့် ထိန်းသိမ်းရေးဥပဒေ
  • ၁၉၉၅ သစ်တောနည်းဥပဒေများ (၂၀၁၉ ဖြည့်စွက်ပြင်ဆင်ချက်)
  • ၁၉၉၅ မြန်မာ့သစ်တောမူဝါဒများ
  • ၁၉၉၅ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများဆိုင်ရာညွှန်ကြားချက်များ (၂၀၁၆ နှင့် ၂၀၁၉ ပြင်ဆင်ချက်များ)
  • ၂၀၁၂ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၈ ပြင်ဆင်ချက်)
  • ၂၀၁၂ မြေလွတ် မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ (၂၀၁၈ ပြင်ဆင်ချက်)
  • ၂၀၁၄ ပြည်ပသို့သစ်အလုံးလိုက်တင်ပို့မှုများကိုနိုင်ငံအနှံ့တားမြစ်ပိတ်ပင်မှု
  • ၂၀၁၆ ပဲခူးရိုးမဒေသတွင်သစ်ထုတ်လုပ်မှုများကို ၁၀ နှစ်ကြာတားမြစ်ပိတ်ပင်ခြင်း
  • ၂၀၁၈ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ ဉပဒေ (၂၀၁၈)
  • ၂၀၁၉ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်
  • အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်း  (၂၀၀၁-၂၀၃၁)

သစ်တောနယ်မြေအမျိုးအစားခွဲခြားသတ်မှတ်ခြင်း

မြန်မာနိုင်ငံသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ (အစိုးရအဖွဲ့၏ ခွင့်ပြု ချက်ဖြင့်) သစ်တောနယ်မြေအဖြစ် သတ်မှတ်ထားသည့်မြေများကို “အမြဲတမ်းသစ်တောနယ်မြေ” (Permanent Forest Estate, PFE) ဟုရည်ညွှန်း​ဖော်ပြထားပါသည်။ အဆိုပါ သစ်တောနယ်မြေများ ကို အမျိုးအစား ၃ ခုခွဲခြားထားပြီး ၎င်းတို့မှာ ကြိုးဝိုင်းသစ်တော၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရေးနယ်မြေများ ဖြစ်ကြပါသည်။1 နောက်ဆုံးရရှိသည့် အချက် အလက်များအရ မြန်မာနိုင်ငံနယ်နိမိတ်စုစုပေါင်း၏ ၃၁.၁ ရာခိုင်နှုန်းကို အမြဲတမ်း သစ်တောနယ်မြေများ က ဖုံးလွှမ်းထားပြီး2 ၁၉၉၅ သစ်တောမူဝါဒများအရ အစိုးရအနေဖြင့် စုစုပေါင်း အမြဲတမ်းသစ်တော နယ်မြေ ၃၅ ရာခိုင်နှုန်းအထိ တိုးချဲ့နိုင်ရန် ကတိကဝတ်ပြု ဆောင်ရွက်လျက်ရှိပါသည်။3

သို့ရာတွင် ဝိရောဓိဖြစ်စေသည့်အပြင် လုပ်ငန်းကဏ္ဍနှစ်ခုထက်မနည်းတွင် ပါဝင်ပတ်သက်လျက်ရှိသည့် သစ်တောမြေအမျိုးအစားခွဲခြားသတ်မှတ်မှု အများအပြားရှိနေပါသေးသည်။4 ထို့ပြင် အမြဲတမ်းသစ်တောနယ်မြေ မဟုတ်သည့် သစ်တောများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေဖြင့် စီမံအုပ်ချုပ်လျက်ရှိကာ ၎င်းဥပဒေသည် စိုက်ပျိုးမြေ လုပ်ပိုင်ခွင့်များစွာကို လျင်မြန်စွာချပေးလျက်ရှိပါသည်။5 အမြဲတမ်း သစ်တောနယ်မြေများ တိုးချဲ့နိုင်ရန်ဆောင်ရွက်လျက်ရှိသော်လည်း လက်တွေ့တွင် သစ်တောမြေများ တစထက်တစ လျော့နည်းကွယ်ပျောက်လျက်ရှိပါသည်။

မူလသဘာဝသစ်တောမြေများတွင် ကျွန်းသစ်တောများ စိုက်ပျိုးထားပုံ။ Photo by James Anderson, World Resources Institute via Flickr. Licensed under CC BY-NC-SA 2.0./

ကြိုးဝိုင်းသစ်တောများနှင့် အမြဲတမ်းကြိုးပြင်ကာကွယ်တောများတွင် သဘာဝသစ်တောများနှင့် သစ်တောစိုက်ခင်းများ နှစ်မျိုးလုံးပါဝင်ပါသည်ထို့ကြောင့် သစ်တောဦးစီးဌာနမှ သတ်မှတ်ထားသည့် ”အလုပ်တိုက်နယ်မြေများ” စနစ်သည်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သစ်တောကဏ္ဍဆိုင်ရာသတ်မှတ်ချက်များထက် လက်တွေ့ အခြေအနေနှင့် ပိုမိုကိုက်ညီလျက်ရှိပါသည်

မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းဒေသကြီးများအားလုံးရှိ ခရိုင်တစ်ခုခြင်းစီအတွက် “ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ ၁၀ နှစ်စီမံကိန်း”ကို သစ်တောဦးစီးဌာနက ရေးဆွဲချမှတ်ထားပါသည်6

သစ်တောဦးစီးဌာနမှသတ်မှတ်ထားသည့် အလုပ်တိုက်နယ်မြေ ၇ မျိုးတွင်မပါဝင်သည့်သစ်တောမြေများလည်းရှိနိုင်ပါသေးသည်။ ဖော်ပြပါ သစ်တောမြေများအနက် သဘာဝပေါက်ပင်များပါဝင်သည့် ထုတ်လုပ်ရေးအလုပ်တိုက်နယ်မြေများမှာ ဧရိယာအများဆုံးဖြစ်ပြီး ၎င်းတို့ကို “မြန်မာ့ရွေးချယ်ခုတ်လှဲစနစ်”တွင် သတ်မှတ်ထားသည့် အစီအမံများနှင့်အညီ ထုတ်လုပ်ရန်လိုအပ်ပါ သည်။7 ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့အစည်းကို တင်ပြသည့် ၂၀၁၅ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင်ထုတ်လုပ်ရေး သစ်တောဧရိယာ ဟက်တာစုစုပေါင်း၂၀.၅ သန်းရှိကြောင်း ဖော်ပြထားပါသည်။8 အခြားအလုပ်တိုက်နယ်မြေများတွင် ရေဝေရေလဲသစ်တောများ၊ သစ်တောစိုက်ခင်းများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများနှင့်ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော စသည်တို့ ပါဝင်ကြပါသည်။

ဥပဒေကြောင်းရာစီရင်ဆုံးဖြတ်ပိုင်ခွင့်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အမြဲတမ်းသစ်တောနယ်မြေများ စီမံခန့်ခွဲမှုဆိုင်ရာတာဝန်ဝတ္တရားများကို သစ်တောဥပဒေတွင်ဖော်ပြထားပါသည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအဖြစ်သတ်မှတ်ထားသည့်နေရာများရှိ သစ်တောများသည် သစ်တောဦးစီးဌာန၏ လက်အောက်တွင်ရှိသော်လည်း အဆိုပါသစ်တောမြေများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည့်အခြားဌာနဆိုင်ရာအဖွဲ့အစည်းများမှ စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။[ref] ကမ္ဘာ့ဘဏ်။ ၂၀၁၉ ခုနှစ်။ မြန်မာနိုင်ငံသဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်လေ့လာမှု အစီရင်ခံစာ “မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်လေ့လာမှု အစီရင်ခံစာ – စဉ်ဆက်မပြတ်ထိန်းသိမ်းမှု၊ ရေရှည်တည်တံ့ခိုင်မြဲမှု၊ ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာမှု – သစ်တောထွက်သယံဇာတများကဏ္ဍ ဆိုင်ရာအစီရင်ခံစာ” ၂၀၁၉ ခုနှစ်၊ အောက်တိုဘာမှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။[/ref] သို့ရာတွင် သမိုင်းဆိုင်ရာအထောက်အထားများအရ ဥပဒေကြောင်း သတ်မှတ်ချက်များ မည်သို့ပင်ရှိသော်လည်း မြေယာအသုံးချလုပ်ပိုင်ခွင့်များနှင့် သစ်ထုတ်လုပ်မှု ခွဲတမ်းများ စသည့်အရေးပါသောကိစ္စရပ်များကို အာဏာရပါတီ ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့များ၏ အဆုံးအဖြတ်နှင့်သာ ပြုလုပ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါသည်။9 သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ အပါအဝင် အဓိကတာဝန်ယူဆောင်ရွက်ရသည့် အစိုးရအဖွဲ့အစည်းများကို အောက်ပါဇယားတွင်ဖော်ပြထားပါသည်။

သစ်တောမူဝါဒနှင့် စီမံအုပ်ချုပ်မှုတွင် အဓိကတာဝန်ယူဆောင်ရွက်ရသည့် အစိုးရအဖွဲ့အစည်းများ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနစိုက်ပျိုးရေး၊ မွေးမြူရေး
နှင့် ဆည်မြောင်း
ဝန်ကြီးဌာန
အစိုးရအဖွဲ့/ ဝန်ကြီးချုပ်များ
သစ်တောဦးစီး ဌာနမြန်မာ့သစ်လုပ်ငန်းစီမံကိန်းနှင့် စာရင်းအင်း ဌာနအပူပိုင်းဒေသ
စိမ်းလန်း စိုပြေရေးဦးစီး
ဌာန
----
ပြည်နယ်နှင့်တိုင်း ဒေသကြီးများ ရှိ သစ်တော ဦးစီးဌာန ရုံးများတွင် ရုံးစိုက်၍ ရေရှည်တည်တံ့ခိုင် မြဲသော သစ်တောစီမံခန့်ခွဲမှုနှင့်ကာ ကွယ်စောင့်ရှောက်ရေးဆိုင်ရာ တာ ဝန်ဝတ္တရားများကိုဆောင်ရွက်လျက်ရှိ ပါသည်။နိုင်ငံပိုင် သစ်လုပ်ငန်း ကုမ္ပဏီ
ဖြစ်ပါသည်။
နှစ်စဉ်ခုတ် ယူထုတ်လုပ်နိုင်ည့် သစ်ပမာဏ
(တောထွက်)
ကိုတွက်ချက် ဆုံးဖြတ်ပါ သည်။
ပျက်စီးပြုန်းတီး သွားသောသစ်တောမြေများမူလအခြေအနေသို့ပြန်လည်ရောက်ရှိစေရေး ၊ ဓမ္မတာ မျိုးဆက်မှုမြှင့် တင် ပေးရေးနှင့် သစ်တောစိုက် ခင်းများပြု စုစိုက်ပျိုးရေး ၊ သစ်တောစီမံခန့်ခွဲမှုနှင့်ကာကွ ယ်စောင့်ရှောက်ရေး ဆိုင်ရာတာဝန်ဝတ္တ ရားများကို ဆောင်ရွက်လျှက်ရှိပါသည်။မြေလွတ်၊ မြေ လပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရန် ဖြစ်ပါသည်။မြေယာအသုံးချလုပ်ပိုင်ခွင့်များ နှင့်နှစ်စဉ်သစ် ထုတ်လုပ်မှုခွဲတမ်းများကိုဆုံး ဖြတ်ညွှန်ကြား ရန် ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ အဓိကအဖွဲ့အစည်းများနှင့် ၎င်းတို့၏အဓိကအခန်းကဏ္ဍများ

    • သစ်တောဦးစီးဌာနသ ည်ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ သစ်တောဦးစီးဌာနရုံးများတွင်ရုံး စိုက်၍ ရေရှည်တည်တံ့ခိုင်မြဲသော သစ်တောစီမံခန့်ခွဲမှုနှင့်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကျယ်ပြန့်သည့် တာဝန်ဝတ္တရားများကို ဆောင်ရွက်လျက် ရှိပါသည်။
    • မြန်မာ့သစ်လုပ်ငန်းသည်နိုင်ငံပိုင်သစ်လုပ်ငန်းကုမ္ပဏီ ဖြစ်ပါသည်။
    • နှစ်စဉ်ခုတ်ယူထုတ်လုပ်နှိုင်မည့်သစ်ပမာဏ(တောထွက်)ကို စီမံကိန်းနှင့်စာရင်းအင်းဌာန မှတွက်ချက်သတ်မှတ်ဆုံးဖြတ်ပါ သည်။ (အောက်တွင်ဖော်ပြထားပါသည်။)
    • အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနသည် အမျိုးသားသစ်တောကဏ္ဍ နှစ် ၃၀ ပင်မ စီမံကိန်းနှင့် သစ်တောများပြန်လည်တည်ထောင်ရေး ၁၀ နှစ်စီမံကိန်းပါ သတ်မှတ်ချက်များ နှင့်အညီ ပျက်စီးပြုန်းတီးသွားသောသစ်တောမြေများ မူလအခြေအနေ သို့ ပြန်လည်ရောက်ရှိစေရေး၊ ဓမ္မတာမျိုးဆက်မှု မြှင့်တင်ပေးရေးနှင့် သစ်တော စိုက်ခင်းများ ပြုစုစိုက်ပျိုးရေးလုပ်ငန်းစဉ်များကို ၂၀၁၆မှစတင်ဆောင်ရွက်လျက်ရှိပါသည်။

သစ်ထုတ်လုပ်ရောင်းချမှုလုပ်ငန်းဆိုင်ရာဥပဒေများ

သစ်ထုတ်လုပ်မှု၊ ပြည်ပသို့တင်ပို့ရောင်းချမှု စသည့် သစ်လုပ်ငန်းဆိုင်ရာဥပဒေများကို မြန်မာနိုင်ငံတွင် အခိုင်အမာပြဌာန်းပြီး ဖြစ်ပါသည်။ လက်ရှိပြည်သူ့အစိုးရအနေဖြင့် လုပ်ငန်းဆိုင်ရာပြိုင်ဆိုင်မှုများကို ပိုမိုမြှင့်တင်နိုင်ရန်၊ သစ်လုပ်ငန်းကဏ္ဍမှ အကျိုးအမြတ်များကို ပိုမိုရယူနိုင်ရန်နှင့် အာဆီယံစံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သစ်လုပ်ငန်းဆိုင်ရာဥပဒေအညွှန်းကိန်းများ၊ အီးယူ သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှု နှင့်ကုန်သွယ်မှုဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်များ (ASEAN’s Criteria and Indicators of Timber Legality and EU-FLEGT) စသည့် နိုင်ငံတကာ ဥပဒေမူဘောင်များနှင့် ပိုမိုကိုက်ညီမှုရှိစေရန် ပြဌာန်းထားသည့် ဥပဒေများကို လိုအပ်သလိုပြင်ဆင်ဖြည့်စွက်ဆောင်ရွက်လျက်ရှိပါသည်။ အောက်ဖော်ပြပါ နည်းဥပဒေများတွင်ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများမှ ထွက်ရှိသော သစ်များနှင့်ပတ်သက်သည့် နည်းဥပဒေများ ပါဝင်ခြင်းမရှိပါ။

သစ်တောထွက်ပစ္စည်းများထုတ်လုပ်ခြင်း

စီမံကိန်းနှင့်စာရင်းအင်းဌာနသည် အမြဲတမ်းသစ်တောနယ်မြေများရှိ ထုတ်လုပ်ရေး အလုပ်တိုက်နယ်မြေ များမှ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရန်နှစ်စဉ်ခုတ်ယူနိုင်မည့်သစ်ပမာဏ (တောထွက် ) ကိုတွက်ချက် သတ်မှတ်ပေးပါသည်။ သို့ရာတွင် ယခင်အုပ်ချုပ်ခဲ့သောစစ်အစိုးရသည်နိုင်ငံခြားငွေရှိနိုင်ရန်ရည်ရွယ်၍ စီ မံကိန်းနှင့် စာရင်းအင်းဌာနမှ နှစ်စဉ်ခွင့်ပြုထားသောပမာဏထက် အဆပေါင်းများစွာပိုသော သစ်ထုတ်လုပ်ခွင့်ခွဲတမ်းများကို ဆယ်စုနှစ်ပေါင်းများစွာ ခွင့်ပြုပေးခဲ့ပါသည်။10  ယခုလက်ရှိပြည်သူ့ အစိုးရအနေဖြင့် အဆိုပါအလေ့အထများကို ရပ်ဆိုင်းမည့်အလားအလာများအား တွေ့မြင်နေရပါသည်။ ဥပမာအားဖြင့် ပြီးခဲ့သည့်နှစ်များအတွင်း တရားဝင်သစ်ထုတ်လုပ်မှုပမာဏသည် စီမံကိန်းနှင့် စာရင်းအင်း ဌာနမှ နှစ်စဉ်ခွင့်ပြုထားသောပမာဏထက် ကွာဟချက်ကျဉ်းမြောင်းလာသည်ကို စာရင်း ဇယားများအရ သိရှိရပါသည်။11, 12 စီမံကိန်းနှင့်စာရင်းအင်းဌာနမှ ခွင့်ပြုထားသော နှစ်စဉ် သစ်ထုတ်လုပ်နိုင်သည့်ပမာဏ (တောထွက်)တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ လမ်းဖောက်လုပ်ခြင်းများအတွက် ခွင့်ပြုပေးသည့် သစ်တောမြေများနှင့် လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်မှုအောက်ရှိ သစ်တောမြေများကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိပါ။Kevin Woods. ၂၀၁၃ ခုနှစ်။ “မြန်မာနိုင်ငံ၊ သစ်ကုန်သွယ်လုပ်ငန်းစီးဆင်းမှုများနှင့် အဓိက လုပ်ဆောင်နေသည့်အဖွဲ့အစည်းများ- မြန်မာနိုင်ငံ၊ သစ်ကုန်သွယ်လုပ်ငန်းဆိုင်ရာ နိုင်ငံရေးဘောဂဗေဒ ” ၂၀၁၉ ခုနှစ်၊ အောက်တိုဘာမှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။[/ref]

သစ်တောအက်ဥပဒေ (၂၀၁၈ ပြင်ဆင်ချက်) အရ သစ်တောဦးစီးဌာနအနေဖြင့် သစ်နှင့်သစ်တောထွက် ပစ္စည်းများကို ထုတ်လုပ်ရန် ခွင့်ပြုချက်ရရှိထားပြီး လုပ်ငန်းခွင့်ပြုချက်ရရှိသူများနှင့် ပတ်သက်သည့် ကန့်သတ်မှု တစုံတရာကို ဥပဒေတွင်ဖော်ပြထားခြင်းမရှိပါ။ အစိုးရအဖွဲ့၏ ၁၉၉၃ ဆုံးဖြတ်ချက်အရ မြန်မာ့သစ်လုပ်ငန်းသည် သဘာဝသစ်တောများမှ သစ်ခုတ်ယူရန်နှင့် သစ်အလုံးလိုက်ရောင်းချနိုင်ရန် အခွင့်အာဏာပေးအပ်ခြင်းခံရသည့် တစ်ခုတည်းသောအစိုးရအဖွဲ့အစည်း ဖြစ်လာခဲ့ပါသည်။13 အတိတ်ကာလတွင်မူ မြန်မာ့သစ်လုပ်ငန်းသည် သစ်ခုတ်ယူထုတ်လုပ်မှုကို ပြင်ပလုပ်ငန်းကုမ္ပဏီများအား တဆင့် ပြန်လည်လုပ်ကိုင်စေခဲ့ပြီး အချို့ကုမ္ပဏီများသည် “မြန်မာ့ရွေးချယ်ခုတ်လှဲစနစ်”မှ ကန့်သတ်ထား သောစည်းမျဉ်းစည်းကမ်းများကို ကျော်လွန်၍ သစ်ထုတ်လုပ်ခုတ်ယူခဲ့ကြကြောင်း တွေ့ရှိရပါသည်။14 ၀၁၆ နောက်ပိုင်းမှစတင်၍ ပြင်ပလုပ်ငန်းကုမ္ပဏီများကို ပြန်လည်လုပ်ကိုင်စေသည့် အလေ့အထများအား တဆင့်ချင်း ပြန်လည်ကန့်သတ်တားမြစ်လာခဲ့ကြောင်း အစီရင်ခံစာများအရ သိရှိရပါသည်။15 သစ်တောဦးစီးဌာနသည် သစ်ထုတ်လုပ်မှုများအတွက် သစ်တောခွန်ကောက်ယူရမည့် တာဝန်နှင့် လုပ်ပိုင်ခွင့်ရှိပါသည်။16

သစ်တောထွက်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း

သစ်တောအက်ဥပဒေအရ တရားဝင်ပိုင်ဆိုင်သည့် မည်သည့်သစ်တောထွက်ပစ္စည်းများကိုမဆို သယ်ယူ ရွှေ့ပြောင်းနိုင်ရန်အတွက် သစ်တောဦးစီးဌာနမှ ထုတ်ပေးထားသည့်ခွင့်ပြုမိန့် လိုအပ်ပါသည်။

သစ်တောထွက်ပစ္စည်းများရောင်းချခြင်း

မြန်မာ့သစ်လုပ်ငန်းသည် သစ်အလုံးလိုက်(သို့မဟုတ်)ဌာနပိုင်သစ်စက်တွင် ခွဲစိတ်ထားသော သစ်ခွဲသား များကို စျေးပြိုင်/ အိတ်ဖွင့်တင်ဒါစနစ် (ချိတ်ပိတ်၍အများပြည်သူရှေ့မှောက်တွင်ရောင်းချသောလေလံ စနစ်) ဖြင့် ရောင်းချပါသည်။ [ref] ကမ္ဘာ့ဘဏ်။ ၂၀၁၉ ခုနှစ်။ မြန်မာနိုင်ငံသဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်လေ့လာမှု အစီရင်ခံစာ “မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်လေ့လာမှု အစီရင်ခံစာ – စဉ်ဆက်မပြတ်ထိန်းသိမ်းမှု၊ ရေရှည်တည်တံ့ခိုင်မြဲမှု၊ ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာမှု – သစ်တောထွက်သယံဇာတများကဏ္ဍ ဆိုင်ရာအစီရင်ခံစာ” ၂၀၁၉ ခုနှစ်၊ အောက်တိုဘာမှ စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။[/ref]၂၀၁၄မှစတင်၍ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ခြင်းကို ပိတ်ပင်ခဲ့ပြီး ပြည်တွင်း၌ခွဲစိတ်ပြီးသော သစ်ခွဲသားများကိုသာ တင်ပို့ရောင်းချရန် ခွင့်ပြုပါသည်။17

မြင့်မားသောကျွန်းသစ်ပုံ။ Photo by Thomas Brauner via Flickr. Licensed under CC BY-NC-SA 2.0.

သစ်အခြေခံအချောထည်ထုတ်ကုန်များထုတ်လုပ်ခြင်း

သမိုင်းကြောင်းအရ သစ်စက်နှင့် သစ်အချောထည်ထုတ်စက်ရုံအများစုကို မြန်မာ့သစ်လုပ်ငန်းမှ ပိုင်ဆိုင်ခဲ့ပြီး ကျန်ရှိသောပုဂ္ဂလိကပိုင်စက်ရုံနှင့် အလုပ်ရုံများကို သစ်တောဦးစီးဌာနမှ ထိန်းသိမ်းကြပ်မတ်ခဲ့ပါသည်>18 ပုဂ္ဂလိကပိုင် သစ်အခြေခံအချောထည်ထုတ်လုပ်ငန်းများကို အစိုးရမှ အားပေးကူညီလျက်ရှိပြီး သစ်စက်များအနေဖြင့် လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုမိန့်ကို သစ်တောဦးစီးဌာနထံမှ ရယူရန်အပ်သကဲ့သို့ စက်ယန္တရားကြီးများ အသုံးပြုရန်မလိုအပ်သည့် လွှကျင်းများအနေဖြင့်လည်း ဒေသဆိုင်ရာ သစ်တောအရာရှိထံမှ ခွင့်ပြုမိန့်ရယူရန်လိုအပ်ပါသည်။19

တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်

မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံသည် အရေးပါသည့်မိတ်ဖက်ခြေလှမ်းတစ်ရပ်အဖြစ် ဥရောပ သမဂ္ဂနှင့် “သစ်တောဥပဒေစိုးမိုးမှု၊ ကုန်သွယ်မှုနှင့် အုပ်ချုပ်မှုဆိုင်ရာမိတ်ဖက်အဖြစ် ဆန္ဒအလျောက် သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။ အဆိုပါသဘောတူစာချုပ်အရ မြန်မာနိုင်ငံသည် အီးယူ၏ သစ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အဆိုပါလုပ်ငန်းစဉ်၏ အစပိုင်းဖြစ်သည့် ပြင်ဆင်ရေးအဆင့်ကို ၂၀၁၅ တွင် စတင် ဆောင်ရွက်ခဲ့ပါသည်။20 လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည့် အလုပ်ရုံဆွေးနွေးပွဲ အဆင့်ဆင့် ကို သစ်တောဦးစီးဌာနမှကြီးမှုး၍ မြန်မာနိုင်ငံအနှံ့တွင် ၂၀၁၇ အတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။21 သို့ရာတွင် လုပ်ငန်းတိုးတက်မှုအစီရင်ခံစာ ထွက်ရှိမှုအားနည်းနေပါသေးသည်။

အခြားတဘက်တွင်လည်း သဘောတူစာချုပ်ပါ နောက်ဆုံးလိုအပ်ချက်ဖြစ်သည့် “တရားဝင် သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်” “Timber Legality Assurance System” (TLAS) တစ်ရပ် ပေါ်ပေါက်လာစေရန်နိုင်ငံတော်အစိုးရမှ ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစနစ်တွင် သစ်တောထွက်ပစ္စည်းများ ပြင်ဆင်ထုတ်လုပ်သည့်ကာလမှစတင်၍ ပြည်ပသို့တင်ပို့ရောင်းချသည့် ကာလတိုင်အောင် လုပ်ငန်းစဉ်တစ်ခုလုံးကိုကြီးကြပ်၊ စောင့်ကြည့်၊ စစ်ဆေး၊ အတည်ပြုရေး အစီအစဉ်များ အဓိကပါဝင်ပါသည်။ အဆိုပါစနစ်ကို လက်ရှိကျင့်သုံးလျက်ရှိသော တည်ဆဲဥပဒေများ အပေါ် အခြေပြု တည်ဆောက်ထားသည့်အပြင် ၎င်းတွင်ထိန်းချုပ်ခြင်း၊ အတည်ပြုခြင်း၊ သီးခြား လွတ်လပ်သော ကြီးကြပ်၊ စောင့်ကြည့်၊ စစ်ဆေးရေးအစီအစဉ်များလည်း ပါဝင်ပါသည်။ အချို့ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရာတွင်လိုက်နာရန်မလိုအပ်သော်လည်း ဤစနစ်ဖော်ဆောင်ခြင်းသည် မြန်မာသစ်တောဉပဒေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။

တရားဝင် သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်၏ အစိတ်အပိုင်းဖြစ်သော ကျွန်းသစ်လုံးများ (တန်ချိန်) တိုင်းတာခြင်းနှင့် စာရင်းသွင်းမှတ်တမ်းတင်ခြင်း။  Photo by EU FLEGT Facility via Flickr. Licensed under CC BY-NC-SA 2.0.

လက်ရှိကျင့်သုံးလျက်ရှိသောမူဘောင်တွင် ပျော့ကွက်ဟာကွက်များ သုံးသပ်အကဲဖြတ်မှု ၂၀၁၇ လုပ်ငန်းစဉ်ကို သီးခြားလွတ်လပ်သည့်အဖွဲ့အစည်းဖြစ်သော မြန်မာနိုင်ငံ သစ်တောဆိုင်ရာလုပ်ငန်းများ စိစစ်အတည်ပြုရေးကော်မတီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ အစိုးရအရာရှိများပါဝင်သည့် ကော်မတီတွေ့ရှိချက်များအရ လုပ်ငန်းခွင့်ပြုချက်လိုင်စင်ချပေးခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်း၊ အကျိုးစီးပွားပတ်သက်သူများ ပါဝင်ဆောင်ရွက်ခြင်းစသည့် အရေးပါသောလုပ်ငန်းစဉ်များ ဖော်ဆောင်ခြင်းမပြုရသေးသည်ကို တွေ့ရှိရပါသည်။22 ထို့အပြင်စံချိန်စံညွှန်းများ ဖော်ထုတ်သတ်မှတ်ခြင်းနှင့် စစ်ဆေးအတည်ပြုခြင်း စသည့်အခြားလုပ်ငန်းစဉ်များ အားကောင်း ခိုင်မာလာရန်လို အပ်နေပါသေးသည်။23 သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချမှုကို ထိန်းချုပ်ကြပ်မတ်သည့်လုပ်ငန်းစဉ်တွင် စီးပွားရေးစိုက်ခင်းများမှ ထွက်ရှိသောသစ်များနှင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ပြုလုပ်ရန်ခွင့်ပြုထားသည့်မြေများမှထွက်ရှိသော အသွင်ပြောင်းသစ်များ ပါဝင်မှုမရှိသေးကြောင်း တွေ့ရှိရပါသည်။24

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများ

သမိုင်းကြောင်းအရ သစ်တောအသုံးပြုခွင့်သည် ဒေသခံပြည်သူကို အခြေပြုပြီး ရိုးရာဓလေ့ထုံးတမ်းအရ အုပ်ချုပ်ခဲ့သော်လည်း ယခုအခါ ၎င်းကို ဥပဒေအရအသိအမှတ်ပြုလာကြပါသည်။ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောများထူထောင်ရန် ၂၀၁၈ သစ်တောဥပဒေနှင့် ၂၀၁၉ သစ်တောနည်းဥပဒေများမှ ခွင့်ပြုထားပါသည်။ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် ၂၀၁၆ ကို ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် ၂၀၁၉ ဖြင့် အစားထိုးလိုက်ပါသည်။ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ ထူထောင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း များနှင့် သတ်မှတ်ခွင့်ပြုထားသော လုပ်ငန်းဆောင်တာများအား “ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် ၂၀၁၉” တွင် ရှင်းလင်းဖော်ပြထားပါသည်ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများကို ကြိုးဝိုင်းသစ်တောများ ကြိုးပြင်ကာကွယ်တောများ သဘာဝ ထိန်းသိမ်းရေးနယ်မြေများရှိ ကြားခံနယ်မြေများနှင့် အစိုးရက စီမံခန့်ခွဲခွင့်ရှိသည့် မြေများတွင် တည်ထောင်ရန် ခွင့်ပြုထားပါသည်“ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် ၂၀၁၆” တွင် အစိုးရကိုယ်စားလှယ် အဖွဲ့အစည်းများမှ စီမံခန့်ခွဲခွင့်ရှိသော မြေများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ ပိုင်ဆိုင်ခွင့်ရှိသော မြေများဟူသတ်မှတ်ဖော်ပြထားသော်လည်း လက်ရှိ ပြဌာန်းထားသော “၂၀၁၉ ညွှန်ကြားချက်များ”တွင် အစိုးရအဖွဲ့အစည်းများမှ စီမံခန့်ခွဲသည့် သစ်တောဖုံးလွှမ်းသည့် မြေများ သစ်တောဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ (ဃ) အရ အသိအမှတ်ပြုထားသည့် ဒေသခံများမှ ၎င်းတို့၏ ဓလေ့ထုံးတမ်းအရ ထိန်းသိမ်းထားသည့် သဘာဝသစ်တောများနှင့် ဒီရေတောများ ဟူ၍ ပြင်ဆင်သတ်မှတ်ထားပါသည်25,26 သစ်တောများအတွင်း (သို့မဟုတ်) သစ်တောများအနီး ၅ မိုင်ပတ်လည်အတွင်းတွင် ၅ နှစ် တစ်ဆက်တစ်စပ်တည်း အခြေချနေထိုင်ခဲ့ကြသော ပြည်သူများသည် “ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော အသုံးပြုသူများအဖွဲ့”27 ဖွဲ့စည်းတည်ထောင်ခွင့်ရှိ၍ သက်ဆိုင်ရာမြို့နယ် သို့မဟုတ် ခရိုင် သစ်တောဦးစီးအရာရှိထံ ယခင်အတိုင်း သစ်တောတည်ထောင်ရန် ခွင့်ပြုမိန့် လျှောက်ထားနိုင်ပါသည်။ ခွင့်ပြုချက်ရရှိပါက “အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်” ကို ရေးဆွဲတင်ပြ၍ သက်ဆိုင်ရာခရိုင် သစ်တောအရာရှိထံမှ အတည်ပြုချက်ရယူရန် လိုအပ်ပါသည်။ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောများ၏ ခွင့်ပြုသက်တမ်းမှာ နှစ် ၃၀ ဖြစ်ပြီး သတ်မှတ်ချိန်ပြည့်လျှင် သင့်လျော်သလို အကြိမ်ကြိမ် ထပ်မံ၍ သက်တမ်းတိုးနိုင်ပါသည်။ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောများမှ သစ်ခုတ်ယူ ထုတ်လုပ်မှုများကို သတ်မှတ်ထားသော “အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်”နှင့်အညီ ဆောင်ရွက်ရန် လိုအပ်၍ စီးပွားဖြစ် သစ်ထုတ်လုပ်မှုများအတွက် သစ်တောဦးစီးဌာနမှ ကြိုတင်ခွင့်ပြုမိန့် ရယူရန်လိုအပ်ပါသည်။ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများမှ ထွက်ရှိသည့်သစ်များနှင့် ပတ်သက်သည့် “စီမံအုပ်ချုပ်မှုဆိုင်ရာ မှတ်တမ်းမှတ်ရာများ” ထားရှိရန် သီးသန့်နည်းဥပဒေများ ပြဌာန်းထားပါသည်။28

မြန်မာနိုင်ငံအတွင်းရှိ သစ်တောများကိုမှီခိုနေရသည့် ဒေသခံပြည်သူများနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ နိုင်ငံတော်/ အမျိုးသားအဆင့်သစ်တောမူဝါဒ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေ (၂၀၁၈ ပြင်ဆင်ချက်) စသည်တို့သည် အခြားမူဝါဒများနှင့် ဝိရောဓိဖြစ်စေနိုင်သောကြောင့် ၎င်းတို့ကို သေချာစွာသဘောပေါက်နားလည်ရန် အထူးအရေးကြီးပါသည်။ ၂၀၁၆ အမျိုးသား မြေအသုံးချမှု မူဝါဒ29 နှင့်၂၀၁၈ မြန်မာနိုင်ငံစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတို့သည် ရွှေ့ပြောင်း စိုက်ပျိုးရေးအပါအဝင် မြေယာအသုံးချမှု ရိုးရာဓလေ့ထုံးတမ်းများကို လေးစားလိုက်နာရန် အားပေးသော်လည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေနှင့် နိုင်ငံတော်/ အမျိုးသားအဆင့်သစ်တောမူဝါဒတို့ကမူ ရွှေ့ပြောင်းစိုက်ပျိုးရေးစနစ်ကို အားပေးထောက်ခံမှုမရှိပါ။ နိုင်ငံတော်/ အမျိုးသားအဆင့်သစ်တောမူဝါဒအနေဖြင့် ရွှေ့ပြောင်းစိုက်ပျိုးရေးစနစ်ကို သက်တမ်း ရှည်ကြာသည့်စနစ်တစ်ခုအဖြစ် အသိအမှတ်ပြုထားသော်လည်း ၎င်းစနစ်ကို အဆုံးသတ်စေရန်နှင့် စိုက်ပျိုးရေးကဏ္ဍကို ပိုမို၍ အရှိန်မြှင့်တင်ရန်နှင့် ပုံစံတကျဖြစ်စေရန် (တနည်းအားဖြင့်) သစ်တော နယ်မြေနှင့် စိုက်ပျိုးမြေများကို တိကျစွာခွဲခြားသတ်မှတ်နိုင်ရေးကိုအားပေး ကူညီလျက်ရှိပါသည်။30

သစ်ပင်များကိုမီးရှို့ခြင်းသည်ရွှေ့ပြောင်းစိုက်ပျိုးရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ Photo by James Anderson, World Resources Institute via Flickr. Licensed under CC BY-NC-SA 2.0.

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေပဒေတွင် စိုက်ပျိုးရေးလုပ်ငန်းများ ပီပြင်စွာ လုပ်ကိုင်ခြင်းမရှိသော မြေများကို မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအဖြစ် အမျိုးအစားသတ်မှတ်ခွဲခြား ထားပါသည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ ၂၀၁၈ ပြင်ဆင်ချက်များအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအဖြစ် သတ်မှတ်ပြီးပါက အဆိုပါမြေများတွင်ယခင်ကတည်းက လုပ်ကိုင်စားသောက်နေသူများအနေဖြင့် ၆ လအတွင်း တနည်းအားဖြင့်၂၀၁၉ မတ်လ ၁၁ နောက်ဆုံး ထား၍ ၎င်းတို့၏ရပိုင်ခွင့်များကိုတောင်းဆိုနိုင်ပါသည်။31 အဆိုပါမြေများပေါ်တွင် မှီခိုလုပ်ကိုင်နေသူ အများအပြားမှာ မြေအမျိုးအစားပြောင်းလဲသတ်မှတ်မှုအပေါ် သတိမူမိခြင်း မရှိသည့်အပြင် ၎င်းတို့၏ရပိုင်ခွင့်များကို မည်သို့မည်ပုံ အာမခံချက်ရှိစေရန် ပြုလုပ်ရမည်ကိုမသိရှိကြပါ။32 မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအဖြစ် သတ်မှတ်ထားသည့် မြေယာအများစုမှာ တိုင်းရင်းသား လူမျိုးစုများ မှီတင်းနေထိုင်ရာဒေသများဖြစ်သည့်အပြင် ၎င်းတို့ ဓားမဉီးချ လုပ်ကိုင်စားသောက်ခဲ့သည့် မြေများနှင့် ပတ်သက်၍ ကြိုတင်အကြောင်းကြား သဘောတူညီမှုရယူရန် ပျက်ကွက်ခဲ့သောကြောင့် ၎င်းတို့၏ ရပိုင်ခွင့်များကို အဆိုပါ ဥပဒေပြင်ဆင်ချက်က ချိုးဖောက်သည်ဟူသော ဝေဖန်ချက်များလည်း ထွက်ပေါ်လျက်ရှိပါသည်။33

References

Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

yeY3G
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!