မြန်မာနိုင်ငံ သစ်တောနှင့် သစ်တောလုပ်ငန်းကဏ္ဍ

မြန်မာ့သစ်တောများသည် ဥစ္စာဓနနှင့်အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများကို နှစ်ပေါင်းများစွာ ဖြည့်ဆည်းပံ့ပိုး ပေးခဲ့သော်လည်း ယခုအခါ ပျက်စီးပြုန်းတီးမှုဒဏ်မှ အလွန်အမင်းရုန်းကန်နေရပါသည်။ မြန်မာ့ရွေးချယ်ခုတ်လှဲ စနစ် (Myanmar Selection System) သည် လွန်ခဲ့သော ၁၉ ရာစုကတည်းကပင် မြန်မာနိုင်ငံ၌ စတင်အသုံးပြုခဲ့သည့် စဉ်ဆက်မပြတ်ထိန်းသိမ်းထားသော သစ်ထုတ်လုပ်ရေးဆိုင်ရာ သိပ္ပံနည်းကျစီမံ ခန့်ခွဲမှုစနစ် တစ်ခု ဖြစ်ပါသည်မြေယာလုပ်ပိုင်ခွင့်နှင့်ပဋိပက္ခများရေတိုအကျိုးအမြတ်သာ အလေးပေးသည့် တရားမဝင် သစ်ထုတ်လုပ်မှုများ အထူးသဖြင့် လူကြိုက်အလွန်များသည့် မြန်မာ့ကျွန်းသစ် ပြည်ပသို့တင်ပို့ရောင်းချမှုများ ကြောင့် ၁၉၇၀ပြည့်လွန်နှစ်များမှအစပြုသစ်တောအတန်းအစား အလွန်အမင်းကျဆင်းခဲ့ရပါသည်အစိုးရ အဆက်ဆက်အနေဖြင့် အချို့သောအရေးကိစ္စများကို အသိအမှတ်ပြုလက်ခံ၍ ကိုင်တွယ်ဖြေရှင်းရန် လုပ်ငန်း စဉ်အဆင့်ဆင့် ဆောင်ရွက်ကြိုးပမ်းခဲ့ကြသော်လည်း စိုက်ပျိုးမြေတိုးချဲ့သည့်စီမံချက်များ ရေအားလျှပ်စစ်စီမံကိန်း များနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် အဆိုပါလုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာမှုနှင့် ရင်ဆိုင်ခဲ့ကြရပါ သည်

အတန်းအစားကျဆင်းပြီးသောသစ်တောများ(တောပျက်များ)။ Photo by James Anderson, World Resources Institute via Flickr. Licensed under CC BY-NC-SA 2.0.

သစ်တောဂေဟစနစ်နှင့် အသုံးပြုမှုများ

မြန်မာ့သစ်တောများတွင် အဓိကအားဖြင့် ရွက်ပြတ်ရောနှောတော သမပိုင်းအမြဲစိမ်းတောနှင့် အပူပိုင်းအမြဲစိမ်း တောများ ပါဝင်ပါသည်1 မြန်မာ့သစ်တောများသည် ဇီဝမျိုးစိတ်များကြွယ်ဝပြီး စာရင်းအချက်အလက်များအရ မျိုးစိတ်စုစုပေါင်း ၁၁,၈၂၄ ရှိ၍ ၎င်းတို့အနက် ၈ မျိုးမှာ ဒေသရင်းမျိုးစိတ်များဖြစ်ကြောင်း သိရှိရပါသည်။2 မြန်မာနိုင်ငံတောင်ပိုင်း၊ မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် အရေးပါသောသစ်တောနယ်မြေများနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ပေါက်ရောက်ရှင်သန်ရာဒေသများ ကျန်ရှိနေပါသေးသည်။ အဆိုပါသစ်တောနယ်မြေများတွင် မျိုးတုံး မည့်အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် အင်ဒိုချိုင်းနားကျား ၊ အာရှဆင်နှင့် အာရှကြံ့သူတော် အများအပြား မှီတင်းနေထိုင်လျက်ရှိပါသည်။3

သစ်တောလုပ်ငန်းကဏ္ဍ စီးပွားရေး

၂၀၁၅-၁၆ ခုနှစ်တွင် မြန်မာနိုင်ငံစုစုပေါင်းထွက်ကုန်တန်ဖိုး၏ ၀.၂ ရာခိုင်နှုန်းခန့်ဖြစ်သော မြန်မာကျပ်ငွေ ၂၄၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃၀ သန်း) အား သစ်တောလုပ်ငန်းကဏ္ဍမှ ရရှိခဲ့ပါသည်4 တရားဝင် ဖော်ပြထားသော စာရင်းများအရ အဆိုပါနှစ်နှင့် တမြန်နှစ်အတွင်း သစ်တောလုပ်ငန်းကဏ္ဍမှ ရရှိခဲ့သော ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀၇ သန်း ဖြစ်ကြာင်း သိရှိရပါသည်။ ပြည်ပသို့ တရားမဝင်တင်ပို့ရောင်းချခဲ့သည့် သစ်နှင့် သစ်တောထွက်ပစ္စည်းများ၏တန်ဖိုးမှာ တရားဝင်တင်ပို့ရောင်းချခဲ့သည့်တန်ဖိုးထက် လေးဆမျှ ပိုမိုများပြားလိမ့်မည်ဟု ခန့်မှန်းထားပါသည်။5 ထို့အပြင် သစ်အလုံးလိုက် ပြည်ပသို့တင်ပို့ရောင်းချမှုအား ပိတ်ပင်ခဲ့သည့် ၂၀၁၄ ခုနှစ်နောက်ပိုင်း ၂၀၁၅ – ၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် သစ်တောလုပ်ငန်းကဏ္ဍမှ ရရှိခဲ့သည့်ဝင်ငွေများ ကျဆင်းခဲ့သည်ကို ဖော်ပြပါစာရင်းများအရ သိရှိရပါသည်။

ဖော်ပြပါကိန်းဂဏန်းများသည် သစ်နှင့် သစ်တောထွက်ပစ္စည်းများ တိုက်ရိုက်ရောင်းချမှုမှ ရရှိသောဝင်ငွေများကို လည်း တွက်ချက်ဖော်ပြထားပါသည်မြန်မာ့သစ်တောများက  အဓိကအခန်းကဏ္ဍအနေဖြင့် ပံ့ပိုးပေးလျက်ရှိသော ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများတွင် ရေအရင်းအမြစ်များကို သန့်ရှင်းစင်ကြယ်စေရန် စစ်ထုတ်ပေးခြင်း ရေတိုက်စားမှုဒဏ်မှ ကာကွယ်ပေးခြင်း အာဟာရဓာတ်များကို ထိန်းသိမ်းခြင်းနှင့် ပြန်လည်ဖြန့်ဝေပေးခြင်း စသည်တို့ပါဝင်ပါသည်အဆိုပါဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများသည် တန်ဖိုးအားဖြင့် မြန်မာကျပ်ငွေ ၇.၀၈ ထရီလီယံ (အမေရိကန် ဒေါ်လာ ၇.၂၉ ဘီလီယံ) ခန့်ရှိကြောင်း ခန့်မှန်းတွက်ချက်မှုတစ်ခုတွင်ဖော်ပြထားပါသည်6 နိုင်ငံတဝှမ်းလုံးရှိ အလုပ်အကိုင်စုစုပေါင်း၏ ၄.၁ ရာခိုင်နှုန်းကို သစ်တောလုပ်ငန်းများမှ ဖန်တီးပေးလျက်ရှိပါသည်။7

ကျေးလက်ဒေသနေ ပြည်သူလူထု ၇၀ ရာခိုင်နှုန်းခန့်မှာ သစ်တောများကို အဓိကမှီခိုလုပ်ကိုင်နေကြရပြီး8 အများစု မှာ နွမ်းပါးသူများ ဖြစ်ကြပါသည်။9 သစ်တောများမှ သစ်သား၊ ထင်း၊ လောင်စာ၊ ဝါး၊ ကြိမ်၊ ကျွဲနွားစာ စသည်တို့နှင့် ဝမ်းစာအတွက် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အသားနှင့် ဆေးဝါးများ ရရှိကြပါသည်။10  အများအားဖြင့် သက်တမ်းရှည် သဘာဝသစ်တောများကို ထိန်းသိမ်းလျက် ကာလရှည် ပလပ်မြေများကိုအသုံးပြု၍ ရွှေ့ပြောင်းတောင်ယာစနစ်ဖြင့် စိုက်ပျိုးကြပါသည်။11

သစ်တောများဖုံးလွှမ်းသည့်နယ်မြေဧရိယာ ပြောင်းလဲလာခြင်း

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ သစ်တောဖုံးလွှမ်းသည့်ဧရိယာ ၄၃ ရာခိုင်နှုန်းရှိသည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့မှ အတည်ပြုဖော်ပြထားပါသည်အဆိုပါ သစ်တောဖုံးလွှမ်းမှုပမာဏသည် ၁၉၉၀ ခုနှစ်တွင် ရှိခဲ့သည့်အနေအထားထက် ၂၆ ရာခိုင်နှုန်း လျော့နည်းကျဆင်းခဲ့ကြောင်း တွေ့ရှိရပြီး ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး သစ်တောပြုန်းတီးမှုတစ်ခု ဖြစ်ပါသည်12 စိတ်ဝင်စားဖွယ်အချက်တစ်ခုမှာ အဆိုပါကိန်းဂဏန်းများ ၄၃ ရာခိုင်နှုန်းသည် ၂၀၁၅ ခုနှစ်အတွင်း အမှန်တကယ် လေ့လာတွေ့ရှိမှုများကို အခြေခံထားရမည့်အစား ၂၀၁၀ ခုနှစ်တွင် ကောက်ယူရရှိခဲ့သည့် အချက်အလက်များ၊ သစ်တောပြောင်းလဲမှုအနေအထားနှင့် အလားအလာများကို အခြေခံတွက်ချက်ထားခြင်း ဖြစ်ပါသည်။13

Graph by FAO from The World Bank, 2019. Myanmar Country Environmental Analysis. Terms and conditions for reuse available here.

“ရွက်အုပ်မိုးမှု ၁၀ ရာခိုင်နှုန်းအထက်ရှိ၍ ၅ မီတာအထက်ရှိသောသစ်ပင်များ တဆက်တည်းပေါက်ရောက်နေသည့် ၀.၅ ဟက်တာထက်ပိုမိုကျယ်ဝန်းသောမြေ (သို့မဟုတ်) အဆိုပါအခြေအနေသို့ရောက်ရှိနိုင်သည့်သစ်ပင်များ ရှင်သန်ပေါက်ရောက်နေသောမြေ” ကို “သစ်တော”ဟု အထက်ပါအစီရင်ခံစာတွင် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။14 ဤအဓိပ္ပာယ်ဖွင့်ဆိုချက်သည် သစ်တောဖုံးလွှမ်းသည့်ပမာဏကို လက်တွေ့အမှန်တကယ် တိုင်းတာစစ်ဆေး၍ သတ်မှတ်ထားခြင်းဖြစ်ပါသည်။ ထို့အပြင် “နှစ်ပေါင်းများစွာ သစ်တောအဖြစ်တည်ရှိခဲ့၍ လက်ရှိယာယီတွင် သစ်ပင်များမရှိသေးသောမြေ (သို့ မဟုတ်) ရှင်းလင်းထား၍ နောင်တွင် သစ်ပင်များပြန်လည်စိုက်ပျိုးရန် ရည်ရွယ်ထားသောမြေ” များကိုလည်း သစ် တောဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် မြန်မာအစိုးရမှ ထည့်သွင်းသတ်မှတ်ထားပါသည်။ စိုက်ပျိုးမြေများ သို့မဟုတ် မြို့ပြမြေများတွင် ရွက်အုပ်မိုးမှု ၁၀ ရာခိုင်နှုန်း ကျော်ရှိသော်လည်း အဆိုပါမြေများကို သစ်တော အမျိုးအစားများတွင် ထည့်သွင်းသတ်မှတ်ထားခြင်းမရှိပါ။ အဆိုပါ စံသတ်မှတ်ချက်ကို ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့သို့ တင်ပြသည့်အစီရင်ခံစာ၌ ထည့်သွင်းဖော်ပြထားခြင်းမရှိသော်လည်း15 နောက်ပိုင်းတွင် မြန်မာအစိုးရမှ ကုလသမဂ္ဂ၏ REDD+ အစီအစဉ်သို့ တင်ပြတောင်းဆိုရာတွင် FAO ၏ အကဲဖြတ်ဆန်းစစ်မှု အစီရင်ခံစာ၌ ထည့်သွင်းအသုံးပြုလိုကြောင်း တောင်းဆိုထားပါသည်။16

အထက်တွင်ဖော်ပြခဲ့သည့် သစ်တောဖုံးလွှမ်းသည့်ဧရိယာ ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟုဆိုရာ၌ မြန်မာအစိုးရ အနေဖြင့် FAO ၏ “သစ်တောပြုန်းတီးခြင်း”ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များအား ကိုးကား၍ သစ်တောမြေအဖြစ်မှ သစ်တောမဟုတ်သောမြေအဖြစ် ထာဝစဉ်ပြောင်းလဲသွားသော မြေများကို ရည်ညွှန်းဖော်ပြ ထားခြင်း ဖြစ်ပါသည်။ 17 မြန်မာ့သစ်တောများသည် သစ်တောအတန်းအစားကျဆင်းခြင်း၊ သစ်တောများ ပြန်လည်စိုက်ပျိုးခြင်းနှင့် ထူထောင်ခြင်း စသည့်အခြေအနေများနှင့် ကြုံတွေ့ခဲ့ရပါသည် ထို့ကြောင့် သစ်တောဖုံးလွှမ်းသည့် ဧရိယာပြောင်းလဲမှုကို တွက်ချက်ရာတွင် အဆိုပါအမျိုးအစားများကိုမူတည်၍ ထည့်သွင်းတွက်ချက်ခြင်း ဖြည့်စွက်နုတ်ပယ်ခြင်း ပြုလုပ်ရန်မလွယ်ကူပါ

Definitions

ပြောင်းလဲမှု အမျိုးအစားများ – သစ်တောအတန်းအစားကျဆင်းခြင်း၊ သစ်တောများ ပြန်လည်စိုက်ပျိုးခြင်းနှင့် ထူထောင်ခြင်း

သစ်တောမြေအဖြစ် တရားဝင် အမျိုးအစားသတ်မှတ်ထားဆဲဖြစ်သော်လည်း သစ်တောဖုံးလွှမ်းမှု၊ ဇီဝမျိုးကွဲများနှင့်/ သို့မဟုတ် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများကို ပေးနိုင်စွမ်း ကျဆင်းလာခြင်းသည် သစ်တောအတန်းအစားကျဆင်းခြင်း ဖြစ်သည်။ သစ်တောများ ပြန်လည်စိုက်ပျိုးခြင်းဆိုသည်မှာ မကြာသေးမီအချိန်အထိ သစ်တောဖြစ်ခဲ့သောမြေတွင် သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်း သို့မဟုတ် သဘာဝအတိုင်း သစ်ပင်များပြန်လည်ပေါက်ရောက်ခြင်း ဖြစ်သည်။ သစ်တောများ ထူထောင်ခြင်းဆိုသည်မှာ မူလက သစ်တောအဖြစ် သတ်မှတ်ထားခြင်းမရှိသောမြေပေါ်၌ သဘာဝအတိုင်း သစ်တောများတိုးပွားလာခြင်း သို့မဟုတ် လူက သစ်တောများ ပြန်လည်စိုက်ပျိုးခြင်း ဖြစ်သည်။

သစ်တောဖုံးလွှမ်းသည့်ဧရိယာပြောင်းလဲမှုကို တွန်းအားပေးသည့်အချက်များ

အထက်ဖော်ပြပါ ပြောင်းလဲမှုအမျိုးအစားများသည် သစ်တောဖုံးလွှမ်းသည့်ဧရိယာပြောင်းလဲမှုကို တွန်းအားပေး သည့် အခြေခံအချက်များကိုဖော်ထုတ်သတ်မှတ်ရာတွင် အထောက်အကူပြုပါသည်။

သစ်တောပြုန်းတီးခြင်း

တရားဝင်အစီရင်ခံစာများနှင့် သီးခြားလွတ်လပ်သော ဆန်းစစ်အကဲဖြတ်မှုများက သစ်တောမြေအဖြစ်မှ စိုက်ပျိုးမြေ အဖြစ်သို့ပြောင်းလဲခြင်းသည် သစ်တောပြုန်းတီးခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု ဖော်ထုတ်သတ်မှတ်ထားပါသည်။ ၂၀၀၂ နှင့် ၂၀၁၄ ခုနှစ်အကြားတွင် စိုက်ပျိုးမြေအဖြစ် ပြောင်းလဲမှုကြောင့် သစ်တော ဟက်တာပေါင်း တစ်သန်းခန့် ပျက်စီးခဲ့ရသည်ဟု မြန်မာအစိုးရမှ UN-REDD သို့ တင်ပြသောအစီရင်ခံစာတွင် ဖော်ပြထားပါသည်။18 သစ်တောပြုန်းတီးမှုများကို ဖော်ပြရာတွင်  စိုက်ခင်းများ အကြီးအကျယ်စိုက်ပျိုးခြင်းကြောင့် သစ်တောပြုန်းတီးမှုနှင့် စိုက်ခင်းအနည်းငယ် (သို့မဟုတ်) ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းကြောင့် သစ်တောပြုန်းတီးမှုကို ခွဲခြားဖော်ပြလေ့ရှိပါသည်။19 ၂၀၁၀ မှ  ၂၀၁၃ ခုနှစ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းအတွက် သတ်မှတ်ခွင့်ပြုပေးခဲ့သော မြေဧရိယာပေါင်း ၁၇၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်ကို ထောက်ရှု၍ သစ်တောပြုန်းတီးရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်မှာ စိုက်ခင်းများကြောင့်ဖြစ်သည်ဟု ကောက်ချက်ချနိုင်ပါသည်။20 အခြားလေ့လာတွေ့ရှိမှုများအရလည်း ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးသည် သစ်တောပြုန်းတီးရခြင်း၏ သိသာထင်ရှားသော အကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု ဖော်ထုတ်သတ်မှတ်ထားပါသည်။21

သဘာဝသစ်တောများရှိ မူလကျွန်းစိုက်ခင်းများ။ Photo by James Anderson, World Resources Institute via Flickr. Licensed under CC BY-NC-SA 2.0.

အခြေခံအဆောက်အအုံများ တိုးတက်ဖွံ့ဖြိုးလာခြင်းသည်လည်း သစ်တောများပြုန်းတီးစေရန် တိုက်ရိုက် (သို့မ ဟုတ်) သွယ်ဝိုက်၍ တွန်းအားပေးသည့် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု သတ်မှတ်ယူဆထားပါသည်၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလများတွင် လမ်းဖောက်လုပ်သည့်စီမံကိန်းနေရာများသစ်တောများ အဓိကပျက်စီးခဲ့ရကြောင်းကို မြေပုံရေးဆွဲဖော်ပြချက်များအရ သိရှိရပါသည်22 လက်ရှိကာလတွင်လည်း စွမ်းအင်နှင့် သဘာဝသယံဇာတ ထုတ်လုပ်သည့်စီမံကိန်းများသည် သစ်တောပြုန်းတီးမှုများနှင့် ဆက်စပ်နေ ကြောင်းတွေ့ရှိရပါသည်။ ဥပမာအားဖြင့် ရေအားလျှပ်စစ်ထုတ် ရေလှောင်ကန်စီမံကိန်းများအား မူလသစ်တောမြေ အများစုပါဝင်သည့်ခန့် မှန်းမြေဧရိယာ ဟက်တာပေါင်း ၁၃၉,၀၀၀တွင် တည်ဆောက်လျက်ရှိပြီး နောက်ထပ် ဟက်တာပေါင်း ၂၃၂, ၀၀၀ တွင် ထပ်မံ တည်ဆောက်ရန် အစီအစဉ်ချမှတ်ပြီးဖြစ်ပါသည်။23 

သစ်တောဖုံးလွှမ်းမှုကို လျော့ပါးစေသည့် အခြားအကြောင်းရင်းတစ်ရပ်မှာ တောမီးလောင်ကျွမ်းခြင်းဖြစ်ပါသည်သို့ရာတွင် တရားဝင်စာရင်းအင်းများ၌ ဤအမျိုးအစားကြောင့် ဆုံးရှုံးရသည့်သစ်တောပမာဏကို ထည့်သွင်းတွက် ချက်ထားခြင်းရှိ၊ မရှိ သေချာစွာ မသိရှိရပါ24

သစ်တောတန်းအစား ကျဆင်းခြင်း

တရားဝင်နှင့် တရားမဝင် သစ်ထုတ်လုပ်ခြင်းသည် သစ်တောအတန်းအစားကျဆင်းခြင်းကို အဓိကတွန်းအားပေး သည့် အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။25 ဥပမာအားဖြင့် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ကျွန်းသစ်ထုတ်လုပ်သည့်ပမာဏသည် သစ်တောဦးစီးဌာနမှ သိပ္ပံနည်းကျနည်းစနစ်များဖြင့် တွက်ချက်သတ်မှတ်ထားသည့် နှစ်စဉ် “တောထွက်(AAC)” ပမာဏထက် အနည်းဆုံး ၁၅ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ကြောင်း တွေ့ရှိရပါသည်။26 အပြင် ပြည်တွင်းသစ်နှင့် လောင်စာလိုအပ်ချက်ကိုဖြည့်ဆည်းရန် တရားမဝင်သစ်ထုတ်လုပ်မှုကို အဓိကအားပြုနေရကြောင်း သိရှိရပါသည်။27 အမြတ်အစွန်းများသည့် ပြည်ပ စျေးကွက်သို့လည်း သစ်ပမာဏအမြောက်အများကို တရားမဝင်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။28 သစ်များကို လက်ရှိနှုန်းအတိုင်း ဆက်လက်ထုတ်လုပ်ရောင်းချနေပါက သစ်အရည်အသွေး၊ သစ်တောပမာဏနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းကျဆင်းမှုသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန် မဖြစ်နိုင်တော့ကြောင်း သုတေသနပညာရှင်များက ထောက်ပြသတိပေးလျက်ရှိပါသည်။29

အတန်းအစားကျဆင်းပြီးသောသစ်တောများ (တောပျက်များ)။ Photo by James Anderson, World Resources Institute via Flickr. Licensed under CC BY-NC-SA 2.0.

သစ်တောများ ပြန်လည်စိုက်ပျိုးခြင်း/ သစ်တောများ တည်ထောင်ခြင်း

၂၀၁၀ ပြည့်နှစ်တွင် မြန်မာအစိုးရမှ သစ်တောဧရိယာ ဟက်တာပေါင်း ၂၇,၄၀၀ ခန့် ပြန်လည်စိုက်ပျိုးခဲ့ကြောင်း အစီရင်ခံတင်ပြထားပါသည် အဆိုပါအစီရင်ခံစာတွင် သဘာဝအလျောက် ပြန်လည်ဖွံ့ဖြိုးစည်ပင်လာသည့် သစ်တောများနှင့် သစ်တောအဖြစ် မူလကပင် သတ်မှတ်ပြီးဖြစ်သောမြေများတွင် လူများ ပြန်လည်စိုက်ပျိုးထားသော သစ်တောများကို ရည်ညွှန်းဖော်ပြထားခြင်း ဖြစ်ပါသည် ဤသို့သောသစ်တောများကို လူကပြန်လည်စိုက်ပျိုးထားသောသစ်တော (သို့မဟုတ်) သဘာဝကိုတုပထားသော လူလုပ်သစ်တော အမျိုးအစားတွင် ထည့်သွင်းသတ်မှတ်ထားပါသည် အဆိုပါအမျိုးအစားတွင် မူလက သစ်တောအဖြစ် သတ်မှတ်ထားခြင်းမရှိသောမြေပေါ်၌ ပျိုးထောင်ထားသော သစ်တောများကိုပါ ထည့်သွင်းဖော်ပြထားပါသည်

အကြောင်းမှာ ဤလုပ်ငန်းစဉ်နှစ်ရပ်သည် အတိအကျခွဲခြားသတ်မှတ်ရန် မလွယ်ကူသောကြောင့် ဖြစ်ပါသည်30 ၂၀၁၆ ခုနှစ်တွင် သစ်တောဦးစီးဌာနမှ တစ်နှစ်လျှင် သစ်တောဧရိယာ ၃၂,၅၀၀ ခန့်မျှသာ ပြန်လည်ပြုစုစိုက်ပျိုးရန် ရည်မှန်းထားသော ၁၀ နှစ် စီမံချက်ကို ချမှတ်ခဲ့ပါသည်။31 အဆိုပါလုပ်ငန်းစဉ်များကို အထူးသဖြင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောမြေများတွင် ပြုလုပ်ရန် ရည်မှန်းထားပါသည်။ (သစ်တောမူဝါဒနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ကြည့်ရှုပါ။)

သစ်တောထွက်ပစ္စည်းများ ကုန်သွယ်မှုနှင့် FLEGT (သစ်တောဥပဒေစိုးမိုးမှု၊ ကုန်သွယ်မှုနှင့် အုပ်ချုပ်မှုဆိုင်ရာမိတ်ဖက်အဖြစ် ဆန္ဒအလျောက် သဘောတူညီချက်လုပ်ငန်းစဉ်)

မြန်မာနိုင်ငံရှိ သစ်စက်ဝင်းတစ်ခုအတွင်း စစ်ဆေးရန်ရှိသော ကျွန်းသစ်လုံးများ။ Photo by EU FLEGT Facility via Flickr. Licensed under CC BY-NC-SA 2.0.

မြန်မာနိုင်ငံ သစ်ကုန်သွယ်လုပ်ငန်းနှင့်ပတ်သက်၍ အဓိကအချက် ၄ ချက်ကို ကောင်းစွာသဘောပေါက်နား

လည်ရန် လိုအပ်ပါသည် မြန်မာ့သစ်လုပ်ငန်း၏အခန်းကဏ္ဍ သစ်အလုံးလိုက် ပြည်ပသို့တင်ပို့သည့်နိုင်ငံအဖြစ် မြန်မာ၏အခန်းကဏ္ဍရေတိုအကျိုးအမြတ်ကိုသာ အလေးပြုသည့် တရားမဝင်သစ်ထုတ်လုပ်မှုများနှင့် အကန့်အသတ်ဖြင့်သာရရှိသော အချက်အလက်များဖြစ်ပါသည်

 ၁။ နိုင်ငံပိုင်တစ်ဦးချုပ်လုပ်ငန်း

သစ်တောဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော မြန်မာ့သစ်လုပ်ငန်းသည် အမြဲတမ်း သစ်တောနယ်မြေအတွင်းရှိ သဘာဝသစ်တောများမှ သစ်ထုတ်လုပ်ခွင့်ကို ၁၉၉၃ ခုနှစ်မှစတင်၍ တစ်ဦးတည်း မူပိုင်ရရှိခဲ့ပါသည်မြန်မာ့သစ်တောလုပ်ငန်းသည် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများသို့ လုပ်ငန်းဆောင်ရွက်ခွင့်ကို နှစ်ပေါင်းများစွာ တဆင့်ပြန်လည်ပေးအပ်ခဲ့သော်လည်း ဤလုပ်ပိုင်ခွင့်တဆင့်ပေးသည့်စနစ်ကို ၂၀၁၆ ခုနှစ်မှစတင်၍ တားမြစ်ပိတ်ပင်ခဲ့ကာ32 အဂတိလိုက်စားမှုများနှင့် တရားမဝင် သစ်ထုတ်လုပ်မှုများကို လျှော့ချနိုင်ရန် ရည်ရွယ်ခဲ့သည်။33 ၂၀၁၈ ခုနှစ်တွင် ထွက်ပေါ်ခဲ့သော အစီရင်ခံစာများအရ မြန်မာအစိုးရသည် မြန်မာ့သစ်လုပ်ငန်းကို နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်း၍ ပုဂ္ဂလိက စီမံအုပ်ချုပ်မှုအောက်တွင်ထားရှိရန် အစီအစဉ်ချမှတ်ထားကြောင်း သိရှိပါသည်။ 34 သို့ရာတွင် အဆိုပါအစီအစဉ်မှာ ရှင်းလင်းပြတ်သားမှုမရှိသေးပါ။

၂၀၀၆ ခုနှစ်မှစတင်၍ ပုဂ္ဂလိက သစ်ထုတ်လုပ်ရေးကုမ္ပဏီများကို သစ်တောစိုက်ခင်းများ ပြုစုပျိုးထောင်ရန် ခွင့်ပြုခဲ့ပြီး အချို့စိုက်ခင်းများမှာ ယခင်ကြိုးဝိုင်းသစ်တောနယ်မြေများအတွင်း၌ တည်ရှိပါသည်။35

၂။ သစ်တောထွက်ပစ္စည်းများကို တန်ဖိုးမြှင့်တင်ရန် လုံလောက်သောစွမ်းရည်မရှိခြင်း

မြန်မာနိုင်ငံသည် အစဉ်အလာအားဖြင့် ခွဲစိတ်ပြုပြင်ပြီးသောသစ်များ၊ သစ်အချောထည်များကို ထုတ်လုပ် နိုင်ခဲ့ခြင်း မရှိသောကြောင့် သစ်အလုံးလိုက်သာ ပြည်ပသို့ တင်ပို့ရောင်းချခဲ့ရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် သစ်တောသယံဇာတများမှ ဝင်ငွေကို အကန့်အသတ်ဖြင့်သာရရှိခဲ့ပြီး36 သစ်အချောထည် ထုတ်လုပ်သည့်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံရန် မရေရာမှုမြင့်မားသည့်အခြေအနေတွင် ရှိခဲ့ပါသည်။37 ၂၀၁၄ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရမှ ပြည်တွင်း သစ်အချောထည်ထုတ်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ရောင်းချခြင်းကို ပိတ်ပင်တားမြစ်ခဲ့ပါသည်။38 ရာတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ၌ NLD ပြည်သူ့အစိုးရသည် ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင်သစ်တောစိုက်ခင်းများမှ ကျွန်းသစ်များ အပါအဝင် သစ်အလုံးလိုက် ပြည်ပသို့တင်ပို့ရောင်းချရန် တဖန်ပြန်လည်ခွင့်ပြုခဲ့ပါသည်။39 သဘာဝသစ်တောများမှ သစ်အလုံးလိုက် ပြည်ပသို့တင်ပို့ရောင်းချခြင်းကို ပိတ်ပင်တားမြစ်ထားပြီး စောင့်ကြည့်စစ် ဆေးသည့်စနစ်များ ကောင်းစွာ အခြေကျလုပ်ဆောင်နေပြီဖြစ်သော်လည်း တရားမဝင်ထုတ်လုပ်ထားသည့်သစ်များနှင့် သစ်တောစိုက်ခင်းများမှသစ်များ ရောနှော၍တင်ပို့ရောင်းချခြင်းများကိုမူ တားဆီးကာကွယ်နိုင်ရန် မလွယ်ကူလှပါ။ ဤဖြစ်ရပ်များကြောင့် ပြည်တွင်း သစ်အချောထည်ထုတ်လုပ်ငန်းကဏ္ဍများတိုး တက်ဖွံ့ဖြိုးနိုင်စေရန်ရည်ရွယ်၍ သစ်အလုံးလိုက် ပြည်ပသို့တင်ပို့ခြင်းကို တားမြစ်ပိတ်ပင်သော နိုင်ငံတော်အစိုးရ၏လုပ်ငန်းစဉ်များကို ထိခိုက်စေပါသည်။ တရားဝင်သစ်ထုတ်လုပ်ငန်းများမှ ရရှိသည့်အခွန်ဘဏ္ဍာငွေကို လျော့ပါးစေသည့်အပြင် မြန်မာနိုင်ငံ၏ အခြေ တည်စဖြစ်သော “တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်”ကိုလည်း များစွာထိခိုက်စေပါသည်။ (အောက်တွင်ကြည့်ပါ။)

၃။ တရားမဝင် (သို့မဟုတ်) ရေတိုအကျိုးအမြတ်ကိုသာ အလေးထားသည့် ကြီးမားကျယ်ပြန့်သော သစ်ထုတ်လုပ်ခြင်းများ

အထက်တွင်ဖော်ပြထားသည့်အတိုင်း နိုင်ငံတော်မှ တာဝန်ယူဆောင်ရွက်ခဲ့သော တရားဝင် သစ်ထုတ်လုပ်ငန်းသည် သစ်တောဦးစီးဌာနမှ သတ်မှတ်ခွင့်ပြုသည့် နှစ်စဉ်တောထွက်ပမာဏထက် များစွာပိုလွန်၍ နှစ်ပေါင်းများစွာ ခုတ်ယူထုတ်လုပ်ခဲ့ပါသည်ထို့အပြင် လွန်ခဲ့သော နှစ်ပေါင်း ၄၀ အတွင်း တရားမဝင်သစ်ထုတ်လုပ်မှုသည် များစွာ အရှိန်မြင့်တက်လာခဲ့ပါသည်နိုင်ငံတကာစျေးကွက်သို့ မြန်မာနိုင်ငံမှ တင်ပို့ရောင်းချသော တရားမဝင် သစ်ပမာဏမှာ ၄၇.၇%40 to ၇၅%.41 အထိ ရှိနေသည်ဟု ခန့်မှန်းထားပါသည်။ လက်နက်ကိုင်ခွဲထွက်ရေး လှုပ်ရှားမှုများရှိနေသည့် နယ်စပ်ဒေသတလျှောက်တွင် တရားမဝင်သစ်ထုတ်လုပ်ငန်းများ အဓိကပြုလုပ်နိုင်ဖွယ် ရှိနေပါသည်။42 သစ်တောနယ်မြေများကို စိုက်ပျိုးရေးလုပ်ငန်းများ ပြုလုပ်ရန် ခွင့်ပြုသတ်မှတ်ပေးခြင်းကလည်း ကျွန်းမဟုတ်သော သစ်များကို အဓိကထား၍ တရားမဝင် ထုတ်လုပ်ရောင်းချသည့် အဓိကအကြောင်းရင်းတရပ်ဖြစ်ဖွယ် ရှိနေပါသည်။ “ပြောင်းလဲအသုံးချသစ်”ဟု အမည်ခံထားသည့် အဆိုပါသစ်များကို တရားဝင်ခွင့်ပြုချက် ရယူထုတ်လုပ်နိုင်၍ ထိုသို့ ထုတ်လုပ်ထားသောသစ်များကို တရားဝင်စာရင်းအင်းများတွင် သီးခြား ထည့်သွင်းရေတွက်လေ့မရှိပါ။ထို့ အပြင် အဆိုပါနည်းလမ်းဖြင့် ထုတ်လုပ်ထားသောသစ်များကို ရန်ကုန်တွင် အခြားသစ်များနှင့်ရောနှော၍ မြန်မာ့သစ်လုပ်ငန်းမှ ထုတ်လုပ်သည့်သစ်များအဖြစ် တံဆိပ်ရိုက်နှိပ်ပေးသောကြောင့် EU-FLEGT နှင့်အညီ စည်မျဉ်းစည်းကမ်းများ သတ်မှတ်ပြဌာန်းရန် ခက်ခဲလျက်ရှိနေပါသည်။43

မြန်မာနိုင်ငံတွင် ထိန်းချုပ်စစ်ဆေးခြင်းမရှိသည့် သစ်ထုတ်လုပ်မှုကြောင့် အကျည်းတန်မြေယာရှုခင်းများ ဖြစ်ပေါ်နေပုံ။ Photo by jidanchaomian via Flickr. Licensed under CC BY-SA 2.0.

၄။ ကန့်သတ်မှုများရှိနေသည့်သတင်းအချက်အလက်များ

မြန်မာ့သစ်လုပ်ငန်း၏ သစ်ထုတ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ စာရင်းအချက်အလက်များမှာ ပွင့်လင်းမြင်သာမှု အားနည်း၍ အကန့်အသတ်ဖြင့်သာ ရှိနေပါသေးသည်44 တရားမဝင် သစ်ထုတ်လုပ်မှုများနှင့် ပြည်ပသို့ တင်ပို့ရောင်းချမှုများမှာ ထိန်းချုပ်ဖမ်းဆီးရန် ခက်ခဲလျက်ရှိသည့်အပြင် သတင်းအချက်အလက်များလည်း ကင်းမဲ့လျက် ရှိနေပါသည်။ သို့ရာတွင် တိုးတက်သည့်လက္ခဏာများကို တဖြည်းဖြည်း မြင်တွေ့လာရပါသည်။ ၂၀၁၉ ခုနှစ်၌ မြန်မာနိုင်ငံ သယံဇာတတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ကနဉီးခြေလှမ်းအစီအစဉ်များမှ သစ်နှင့်သစ်တောထွက်များ ထုတ်လုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ (၂၀၁၄-၁၅ နှင့် ၂၀၁၅-၁၆ ခုနှစ်) စာရင်းအချက်အလက်များကို ထုတ်ပြန်ကြေညာခဲ့ပါသည်။45 ဤအစီရင်ခံစာတွင် ဒေသဆိုင်ရာ သစ်ထုတ်လုပ်မှု စာရင်းအင်းများ စုပေါင်းပါဝင်ပြီး အစိုးရနှင့်ပုဂ္ဂလိက ကုမ္ပဏီများမှ ထုတ်လုပ်သော စုစုပေါင်းသစ်ပမာဏကို ပေါင်းစပ်ညှိနှိုင်းနိုင်ရန် အားထုတ်ထားပါသည်။ သို့ရာတွင် အဆိုပါအချက်အလက်များသည် ပြင်ပသတင်းရင်းမြစ်များမှရရှိသည့် အချက်အလက်များနှင့် များစွာ ကွဲလွဲလျက်ရှိပြီး MEITI လုပ်ငန်းစဉ်များ ဖော်ဆောင်ရေးအဖွဲ့အစည်းမှလည်း စိုးရိမ်ဖွယ်အချက်တစ်ရပ်အဖြစ် ဝန်ခံအသိအမှတ်ပြုခဲ့ပါသည်။46 ဥပမာအားဖြင့် ၂၀၁၄ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံမှ စုစုပေါင်းသစ်ပမာဏ ကုဗမီတာ ၄.၂ သန်း ထုတ်လုပ်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာအပူပိုင်းဒေသသစ်အဖွဲ့အစည်း (ITTO) မှ အစီရင်ခံတင်ပြထားသော်လည်း  MEITI အစီရင်ခံစာတွင်မူ ၂၀၁၄-၁၅ ခုနှစ် အတွင်း မြန်မာနိုင်ငံမှ ထုတ်လုပ်ခဲ့သည့် တောထွက်ပမာဏမှာ ၁.၂ သန်း ဖြစ်သည်ဟု ဖော်ပြထားပါသည်။47, 48

ချမှတ်ထားသော ဦးတည်ချက်အသစ်များ

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့သည် မြန်မာနိုင်ငံမှ တင်ပို့သည့်သစ်များကို လွန်ခဲ့သောနှစ်ပေါင်း များစွာကပင် ပိတ်ပင်ထားခဲ့ပါသည်သို့ရာတွင် မြန်မာနိုင်ငံမှတင်ပို့သည့် ကျွန်းသစ်များသည် တတိယနိုင်ငံများမှတဆင့် အမေရိကန်ပြည်ထောင်စုနှင့် အီးယူနိုင်ငံများသို့ ဆက်လက်ဝင်ရောက်လျက်ရှိသည်ဟု သံသယများ ကျယ်ပြန့်စွာ ပေါ်ထွက်မြဲနေပါသည်49 အထွေထွေစီးပွါးရေးပိတ်ဆို့မှုများ ရုပ်သိမ်းခဲ့သည့် ၂၀၁၄ မှ ၂၀၁၆ ခုနှစ် ကာလအတွင်း လုပ်ငန်းချိတ်ဆက်ဆောင်ရွက်မှုအသစ်များလည်း ပေါ်ပေါ်က်လာခဲ့ပါသည်။

၂၀၁၅ ခုနှစ်တွင် ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံအကြား သစ်တောဥပဒေစိုးမိုးမှု၊ ကုန်သွယ်မှုနှင့် အုပ်ချုပ်မှု  ဆိုင်ရာ မိတ်ဖက် EU-FLEGT အဖြစ် ဆန္ဒအလျောက် သဘောတူညီချက် လုပ်ငန်းအစီအစဉ် (Voluntary Partnership Agreement) နှင့် ပတ်သက်သည့် ဆွေးနွေးညှိနှိုင်းမှုများ စတင်ပြုလုပ်ခဲ့ပါသည်အဆိုပါအစီအစဉ်အရ အီးယူနိုင်ငံများသို့ တင်ပို့သည့်သစ်များကို တရားဝင်ဖြစ်စေရေးနှင့် ရေရှည်တည်တံ့ခိုင်မာမှုကို အာမခံချက်ပေးမည့် “တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်”ကို ဖော်ဆောင်ရန် လိုအပ်ပါသည်50 VPA သဘောတူညီမှု လုပ်ငန်းစဉ် အပြီးသတ်ရန် အချိန်တစ်ခုလိုအပ်နေသေးသော်လည်း သစ်ထုတ်လုပ်ရေး ကုန်သွယ် စီးဆင်းမှုဆိုင်ရာ လုပ်ငန်းနယ်ပယ် သတ်မှတ်ရေးဆွဲခြင်းကိုမူ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိနေပြီဖြစ်ပါသည်။51

၂၀၁၁ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ ရာသီဉတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်မူဘောင် တစ်ခုဖြစ်သော “သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစားကျဆင်းမှုတို့ကြောင့် ကာဗွန်ထုတ်လုပ်မှု လျှော့ချခြင်းနှင့် သစ်တောထိန်းသိမ်းကာကွယ်ခြင်း စဉ်ဆက်မပြတ်စီမံအုပ်ချုပ်ခြင်းနှင့် သစ်တောကာဗွန် ရင်းမြစ်များ ပိုမိုတိုးမြင့်စေခြင်း” (REDD +) အစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်အဆိုပါအစီအစဉ်အရ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် လုပ်ငန်းစဉ် တိုးတက်အောင်မြင်မှုရလာဒ်များအတွက် အထောက်အပံ့ရရှိမည် ဖြစ်ပါသည်

ပြည်သူလူထုမှဝေဖန်ဆန်းစစ်နှိုင်ရန်နှင့်အလုပ်ရုံဆွေးနွေးပွဲများစီစဉ်ကျင်းပနှိုင်ရန်ရည်ရွယ်၍ “သစ်တောကာဗွန် ထုတ်လွှတ်မှု ရည်ညွှန်းပမာဏ” (Forest Reference Emissions Levels) ဆိုင်ရာ ကနဦးအချက်အလက်များအား အမျိုးသားအဆင့် မဟာဗျူဟာမူကြမ်းနှင့်အတူ ၂၀၁၈ ခုနှစ်တွင် တင်သွင်းခဲ့ပါသည်အဆိုပါမူကြမ်းကို ယခုအခါဝက်ဘ်ဆိုက်တွင် ကြည့်ရှု၍မရနိုင်တော့ပါ

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်အစိုးရသည် သစ်တောစီမံအုပ်ချုပ်မှုလုပ်ငန်းစဉ်များတွင် ပြည်သူလူထု ပိုမိုပူးပေါင်း ဆောင်ရွက်လာစေရန် တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်လက်ရှိ ချမှတ်ထားသော အမျိုးသားသစ်တော ပင်မစီမံကိန်း (၂၀၀၁-၂၀၃၁) အရ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော ဟက်တာပေါင်း ၉၁၉,၀၀၀ ပြုစုပျိုးထောင်နိုင်ရန် ရည်မှန်းသတ်မှတ်ထားပါသည်။ 52 နောက်ဆုံးရရှိသည့် အချက်အလက်များအရ ၂၀၁၉ ခုနှစ်အတွင်း ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော ၂၄၈,၇၁၁ ဟက်တာ တွင် မှတ်ပုံတင်ထားသည့် သစ်တောအသုံးပြုသူများအဖွဲ့ ၄,၇၀၇ ဖွဲ့ လုပ်ကိုင်လျက်ရှိနေပြီ ဖြစ်ပါသည်။53 သစ်တောဉီးစီးဌာနလက်အောက်ရှိ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောအသုံးပြုသူများအဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူများ ပါဝင်သော ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောဆိုင်ရာ အမျိုးသား/နိုင်ငံတော်အဆင့် လုပ်ငန်းအဖွဲ့တို့ ပူးပေါင်း၍ သက်ဆိုင်ရာဥပဒေမူဘောင်ကို အားကောင်းခိုင်မာလာစေရန်နှင့် လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများကို ပံ့ပိုးနိုင်စေရန် အနီးကပ် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။

References

Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

aRDvg
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!