မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များမှ နေရာရွှေ့ပြောင်းခြင်း

ကုလသမဂ္ဂ လူဝင်မှုကြီးကြပ်ရေးအေဂျင်စီသည် “လူတစ်ဦး၏ တရားဝင်အဆင့်အတန်း မည်သို့ပင်ရှိ စေကာမူ အပြည်ပြည်ဆိုင်ရာနယ်နမိတ်ကိုကျော်သည်ဖြစ်စေ၊ တိုင်းပြည်အတွင်း၌ဖြစ်စေ၊ မိမိနေထိုင်ရာနေရာမှ ဝေးရာသို့ ပြောင်းရွှေ့လျှင်” (၁) အဆိုပါပုဂ္ဂိုလ်၏ ဥပဒေဆိုင်ရာအနေအထား (၂)  မိမိဆန္ဒအလျောက် သို့မဟုတ် မိမိဆန္ဒမပါ ဘဲရွှေ့ပြောင်းသွားလာမှု (၃) ရွှေ့ပြောင်းသွားလာမှု၏ အကြောင်းအရင်း (၄) နေထိုင်မှု သက်တမ်း မည်မျှရှိကြောင်း စသည်တို့အား ထည့်သွင်းစဉ်းစားမည်မဟုတ်ဘဲ အဆိုပါပုဂ္ဂိုလ်အား ရွှေ့ပြောင်း လုပ်သားတစ်ဦးဟု သတ်မှတ်သည်။1 မြန်မာနိုင်ငံ၏အထူးစီးပွားရေးဇုန်များသည် ရွှေ့ပြောင်းခြင်းအား နည်းလမ်း နှစ်မျိုးဖြင့် အားပေးနေရာ ပထမတစ်ချက်အနေဖြင့် ၎င်းတို့သည် အလုပ်အကိုင်ဖန်တီးရန်အတွက် ဆောင်ရွက်ထားခြင်းကြောင့် ပြည်သူတို့သည် အလုပ်လုပ်ရန် ထိုနေရာသို့ပြောင်း ရွှေ့ကြလိမ့်မည်။2 ဒုတိယ တစ်ချက်အနေဖြင့် အထူးစီးပွားရေးဇုံများသည် ကြီးမားသော မြေပမာဏလိုအပ်သည့် အကြီးစားစီမံကိန်း တစ်ခုဖြစ်သောကြောင့်  ၎င်းတို့အားမဆောင်ရွက်မီ အဆိုပါဇုံနေရာတွင်နေထိုင်ပြောင်းရွှေ့ကြရန် လိုအပ်သည်။

Rural to urban migration, especially for work, is very common. Photo by Solidarity Center via Flickr. Licensed under CC BY 2.0./အထူးသဖြင့်အလုပ်အတွက်ပြောင်းရွှေ့နေထိုင်ခြင်းများသည် အလွန်ဖြစ်လေ့ဖြစ်ထရှိကြသည်။ Flickr မှတစ်ဆင့် စည်းလုံးညီညွတ်ရေးစင်တာမှ ပေးပို့ထားသော ဓာတ်ပုံဖြစ်သည်။ CC BY 2.0 အရခွင့်ပြုထားသည်။

မြန်မာနိုင်ငံတွင် သီလဝါ၊ ထားဝယ်နှင့်ကျောက်ဖြူ ဟူ၍ စီးပွားရေးဇုံ(၃)ခုရှိသည်။ သီလဝါ အထူးစီး ပွားရေးဇုံသည် ကျန်စီးပွားရေးဇုံနှစ်ခုနှင့်မတူညီစွာ မည်သည့်ပိတ်ဆို့မှုမှမပါဘဲ ဆောင်ရွက်နေခြင်းဖြစ်သည်။ သီလဝါအထူးစီးပွားရေးဇုန်သည် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)က ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားသောစုံစမ်းစစ်ဆေးမှုကြောင့် ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များရှိနေသည်။3 အထူးစီးပွားရေးဇုံများနှင့်ပတ်သက်၍ အများပြည်သူဆိုင်ရာ သတင်းအချက် အလက် ရရှိမှုမရှိခြင်းသည် ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။ ၂၀၁၉ခုနှစ်နှောင်းပိုင်းရှိ ဇုံသုံးခုတွင်မူ မည်သည့် လက်ရှိသတင်းအချက်အလက်မျှ မရှိသေးချေ။

ဤစာမျက်နှာသည် မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုံများ၏ နေရာရွှေပြောင်းခြင်းကိစ္စများကို အဓိကထား ဖော်ပြထားခြင်းဖြစ်သည်။ အထူးသဖြင့် ၎င်းသည် ဇုံတစ်ခု၌နေထိုင်သူများကို နေရာချထားခြင်းဆိုင်ရာ မူဝါဒ များနှင့်ပတ်သက်သည့် ရရှိနိုင်သည့်သတင်းအချက်အလက်များကိုအသေးစိတ်ဖော်ပြပြီး စီမံကိန်းမူဝါဒကြောင့်ထိ ခိုက်မှုခံရသူ အချို့ (PAPs)၏တိုင်ကြားချက်များကိုလည်းအသေးစိတ်ဖော်ပြထားသည်။

က။ သီလဝါ အထူးစီးပွားရေးဇုံ-

သီလဝါအထူးစီးပွားရေးဇုံသည် ရန်ကုန်မြို့၏ပြင်ပတွင် တည်ရှိပြီး ဂျပန်နှင့်မြန်မာတို့မှ ဖက်စပ်ရင်းနှီး မြှုပ်နှံမှုဖြင့် ငွေကြေးထောက်ပံ့ထားခြင်းဖြစ်သည်။4

Thanlyin, is a major port city in Myanmar. Home to many communities, it is where the Thilawa SEZ and port are located. Photo by Werner Bayer via Flickr. Licensed under CC0 1.0./သန်လျင်သည် မြန်မာနိုင်ငံ၏အဓိကဆိပ်ကမ်းမြို့ဖြစ်သည်။ လူမှုအသိုင်းအဝိုင်းများစွာ အခြေချနေ ထိုင်ကြပြီး သီလဝါ အထူးစီးပွားရေးဇုံနှင့်ဆိပ်ကမ်းတို့တည်ရှိရာနေရာဖြစ်သည်။ Flickr မှတစ်ဆင့် Werner Bayer မှရရှိထားသော ဓာတ်ပုံဖြစ်သည်။ CC0 1.0 အရခွင့်ပြုမိန့်ရထားသည်။

သီလဝါအထူးစီးပွားရေးဇုံဝဘ်ဆိုက်တွင် “စီမံကိန်းကြောင့်ထိခိုက်နစ်နာသူများ(PAPs)” နှင့်ပတ်သက်သည့် မူဝါဒများအကြောင်းကိုဆွေးနွေးထားသောစာမျက်နှာတစ်ခုကိုပြုစုထားသည်။5 နေရာ ရွှေ့ပြောင်းခြင်းအတွက် တာဝန် သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအပေါ်တွင်မူတည်သည်။6 ထို့အပြင် ရင်းနှီး မြှုပ်နှံသူ JICA သည်၎င်း၏ ကိုယ်ပိုင်စံနှုန်းများနှင့်ကိုက်ညီမှုရှိ၊ မရှိ ဆုံးဖြတ်ရန်အတွက် (PAPs)အချို့နှင့် (PAPs) သုံးခုမှ စတင်ခဲ့သည့် ပြင်ပမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခြင်းတွင်  “နားလည်မှုလွဲမှားခြင်း” တစ်ခုရှိခဲ့ သည်ကိုလည်း မှတ်သားထားသည်။7 ၎င်းတို့သည် ဒေသဆိုင်ရာအစိုးရသို့မဟုတ် သီလဝါအထူးစီးပွားရေးဇုံ စီမံ ခန့်ခွဲမှုကော်မတီသည် (PAPs) ၏ အခွင့်အရေး ကိုချိုးဖောက်ခံခြင်းရှိ၊မရှိကို စစ်ဆေးခဲ့ခြင်းမရှိပေ။8

က။ စီမံကိန်းကြောင့်ထိခိုက်နစ်နာသူများ၏စွပ်စွဲချက်များ

PAPs သုံးဦး သည် JICA ၏စံသတ်မှတ်ချက် (၅)ခုအားချိုးဖောက်မှုအပေါ်စွပ်စွဲခြင်းအား ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် စုံစမ်းစစ်ဆေးရန်တောင်းဆိုခဲ့သည်။9 ရလဒ်အနေဖြင့် ၎င်းတို့၏ အခွင့်အရေးများ ကိုချိုးဖောက်သည်ဟု စွပ်စွဲခဲ့သည်။

PAPsများ၏တိုင်ကြားချက်များ10

PAPs မှတိုင်ကြားချက်များမှာ-_.xlsx

လယ်ယာမြေရရှိရေး ဆုံးရှုံးမှုများ
ဆုံးရှုံးသွားသောအသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ
ဆင်းရဲနွမ်းပါးမှုကို ခံစားခဲ့ရမှုများ
ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးမှု
အရည်အသွေးညံ့ဖျင်းသော အခြေခံအဆောက်အအုံများကြောင့် ထိခိုက်ခံစားခဲ့ရမှုများ
သန့်ရှင်းသောရေရရှိရေး ဆုံးရှုံးမှုများ

အဓိကစွပ်စွဲချက်တစ်ခုမှာ PAPs သည် “ပြန်လည်နေရာချထားရေး သဘောတူစာချုပ်များတွင် လက်မှတ်ရေးထိုးရန် အလွန်အမင်းအတင်းအကြပ်ဖြစ်နေသည့် အခြေအနေတွင် သွေးဆောင်ခြင်းခံခဲ့ရခြင်း” ဖြစ်သည်။11 ၎င်းတို့သည်  ၁၉၉၇ခုနှစ်တွင်ဖြစ်ပွားခဲ့သော ၎င်းတို့နေအိမ်မှ နှင်ထုတ်သည့်သတိပေးစာ ကိုလက်ခံရရှိပြီး ချက်ချင်း ပြောင်းရွှေ့မပေးလျှင် စစ်တပ်မှ နေအိမ်များကိုဖျက်ဆီးပစ်သည့် အဖြစ်အပျက်ကို ရည်ညွှန်းခဲ့သည်။12 အခြားစွပ်စွဲချက်များတွင်လည်း အရာရှိများမှ လိုက်နာမှုမရှိလျှင်တရားရုံးသို့ သွားရန် လို အပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရွာသားအများစုကိုခြိမ်းခြောက်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။13 စုံစမ်းစစ်ဆေး ရေး အစီရင်ခံစာတွင် အိမ်ထောင်စုများစွာသည် အတင်းအကြပ်ဖိအားပေးခံရသည်ဟု ခံစားကြရသော်လည်း အတင်းအကြပ် ဆောင်ရွက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများကိုမူမတွေ့ရှိခဲ့ပေ။14

ခ။ ၂၀၁၄ခုနှစ် JICA စုံစမ်းစစ်ဆေးမှု

JICA သည် ရန်ပုံငွေထောက်ပံ့သည့်အဖွဲ့အစည်းတစ်ခုအနေဖြင့် ၎င်း၏လမ်းညွှန်ချက်များတွင် ဖော်ပြ ထားသော ၎င်း၏စံနှုန်းများကို ဖောက်ဖျက်ခြင်းရှိ၊မရှိ၊ ဆုံးဖြတ်ရန် ၂၀၁၄ခုနှစ်တွင်စတင်စုံစမ်းခဲ့သည်။15 ဤ လမ်းညွှန်ချက်များကို စီမံကိန်းတွင်အသုံးပြုနိုင်သော်လည်း အစိုးရနှင့်အခြား သက်ဆိုင်သူများအပေါ်တွင် စည်း နှောင်ထားခြင်းမရှိဘဲ နိုင်ငံတကာဥပဒေအောက်ရှိ မြန်မာနိုင်ငံ၏ တာဝန်ဝတ္တရားများဖြင့်သာ ဆောင်ရွက်ကြ သည်။16

ယေဘုယျအားဖြင့် စုံစမ်းစစ်ဆေးမှုအရ JICA သည် PAPs များကိုပြောင်းရွှေ့ရာ၌ ၎င်း၏ စံချိန်စံ ညွှန်းများကို ချိုးဖောက်မှုမရှိကြောင်းတွေ့ရှိရသည်။ မည်သို့ပင်ဆိုစေကာမူ ကွဲပြားစွာ ရှေ့သို့ဆက်လက် ဆောင်ရွက်နိုင်မည့်နည်းလမ်းများကိုအကြံပြုခဲ့ပြီး ပြသနာအချို့ကိုထောက်ပြခဲ့သည်။  ဥပမာအားဖြင့် အစီရင်ခံစာ သည် ရေရရှိရေးနှင့် ပတ်သက်သည့်အခြေအနေများကို စောင့်ကြည့်စစ်ဆေးခြင်းအား ဆက်လက်ပြုလုပ်သင့်ပြီး17 JICA သည် တောင်းဆိုမှု များကို စာဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်းပြန်လည်ဖြေဆိုပေး ရန် အကြံပြုခဲ့သည်။18

ထို့အပြင်အိမ်ထောင်စု (၈၁) စုသည် လယ်ယာမြေများဆုံးရှုံးခဲ့ရပြီး ပြန်လည်နေရာချထားပြီးနောက် လယ်ယာမြေကို ဆက်လက်လုပ်ကိုင်နိုင်မည်မဟုတ်ကြောင်းကိုလည်း အစီရင်ခံစာတွင်တွေ့ရသည်။19 အလုပ်အကိုင်ဆုံးရှုံးမှုအတွက် PAP တစ်ဦးအားပေးသော လျော်ကြေးငွေသည်  (၇)ရက်လုပ်အားခနှင့်သာ ညီမျှ သည်။20 စုံစမ်းစစ်ဆေးနေချိန်တွင် လယ်သမားအိမ်ထောင်စု(၁၉)စုသည် အသက်မွေးဝမ်းကြောင်း သင်တန်းများ တွင် ပါဝင်ဆောင်ရွက်နေကြပြီး (၄)ဦးသာ အလုပ်အကိုင်သစ်များရရှိခဲ့သည်။21 အိမ်ထောင်စု(၁၅)စုသည် ရေရှည်လုပ်ကိုင်ရန် ဝင်ငွေအရင်းအမြစ်မရှိဘဲ ကျန်ခဲ့သည်။22 အစီရင်ခံစာအရ “ဆင်းရဲနွမ်းပါးမှုသည် အ ရှိန်မြင့်လာပင်လျှင် ဆင်းရဲနွမ်းပါးမှုအားလုံးကို ပြန်လည်နေရာချထားရေး တောင်းဆိုသူများခံစားခဲ့ရသည့်ဆိုးကျိုး သက်ရောက်မှုအဖြစ်မှတ်ယူ၍မရနိုင်ပါ” ဟုမှတ်ချက်ပြုခဲ့သည်။

1ထိခိုက်ခံရသည့်အိမ်ထောင်စုအများစုသည် လယ်သမားများဖြစ်ကြပြီးအများစုမှာအိမ်တွင် ဥယျာဉ်ခြံမြေများကို ထိန်းသိမ်းထားခြင်းမရှိကြောင်းကိုတွေ့ရသည်။ အဆိုပါပြောင်းရွှေ့ နေထိုင်သူများသည်၎င်းတို့၏လယ်ယာမြေများကိုလုံးဝဆုံးရှုံးခဲ့ရသည်။ ထို့အပြင်လူ များစွာတို့ သည် ပြောင်းရွေ့ခြင်းမပြုမီ လယ်ယာထွက် သီးနှံများကိုသာ မှီခိုလုပ်ကိုင်စားသောက်နေ ကြရသည်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိခဲ့ပေ။
2ပြန်လည်နေရာချထားခံရသူများသည် ၎င်းတို့၏လယ်ယာမြေဖြင့်အသက်မွေးဝမ်းကျောင်း လုပ်ရ သည့်အလုပ်များ ဆုံးရှုံးခဲ့ရသည်ဟုဝန်ခံကြသည်။ စုံစမ်းစစ်ဆေးနေချိန်တွင် လယ်ယာလုပ်ငန်း ကိုသာအားထားနေရသော အိမ်ထောင်စု (၁၅)စုသည် ရေရှည်တည်တံ့မည့်ဝင်ငွေမရှိဘဲ ကျန်ရစ်ခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ ပြန်လည်နေရာချထားခြင်းကြောင့် PAP များသည် ဆိုးကျိုးများသက်ရောက်ခံခဲ့ရသည်။
3ရွှေ့ပြောင်းခံရခြင်းကြောင့် ဆင်းရဲနွမ်းပါမှု အရှိန်မြှင့်၊မမြှင့် ရှာဖွေခြင်းမရှိကြပေ။ ယင်းအစား စုံစမ်းစစ်ဆေးမှုသည် အခြားဖြစ်နိုင်ချေရှိသည့်ဆင်းရဲနွမ်းပါးမှုအားလုံးကိုထောက်ပြပြီး PAP မှခံစားရသော ဆင်းရဲနွမ်းပါးမှုအားလုံးကို ပြန်လည်နေရာချထားရေးဟု စွပ်စွဲနိုင်ကြောင်း ဖော်ပြထားသည်။ ပြန်လည်နေရာချထားမှုကြောင့် အချို့သော PAP များသည် အနာဂတ်တွင်ပို မိုဆင်းရဲနွမ်းပါးမှုဖြစ်နိုင်သည်ဟုအစီရင်ခံစာတွင်တွေ့ရှိခဲ့သည်။
4စုံစမ်းစစ်ဆေးသည့်အချိန်တွင် PAP အားလုံးသည် အရည်အသွေးရှိသည့်ပညာရေးကို လက်လှမ်းမီခဲ့ ကြသည်။ စုံစမ်းစစ်ဆေးမှုတွင် ကနဦးရှုပ်ထွေးမှုကိုသတိပြုမိပြီး စဉ်ဆက်မပြတ်ထောက်ခံမှုကို လိုအပ်သည်ဟု မှတ်ချက်ပြုထားသည်။
5PAP များသည် ၎င်းတို့အတွက် ဆောက်လုပ်ထားသော အဆောက်အအုံတစ်ခု (သို့မဟုတ်) ၎င်းတို့ ကိုယ်တိုင်ဆောက်လုပ်ရန်အတွက် ငွေပေးချေခြင်းကြောင့် ၎င်းတို့၏နေအိမ်များလက်လွှတ်ဆုံးရှုံးခြင်း ကြောင့် ဆိုးကျိုးသက်ရောက်မှုတော့မရှိခဲ့ပေ။ ကွင်းဆင်းလေ့လာစဉ်တွင် ၎င်းတို့သည် ဖွဲ့စည်း တည်ဆောက်ပုံနှင့် ရေနှုတ် မြောင်းပြသနာများမတွေ့ရှိခဲ့သော်လည်း နည်းပညာဖြင့် စစ်တမ်း ကောက်ယူမှုတစ်ခုမှမပြုလုပ်ခဲ့ပေ။
6ကွင်းဆင်းလေ့လာတွေ့ရှိချက်အရ အချို့သောရေတွင်းများမှာ အဆင်မပြေသောနေရာ တွင်တည်ရှိ၍ PAP များအတွက် ရေရရှိမှုကို ဟန့်တားနေပြီး ရေအရည်အသွေးကျဆင်းခြင်းကို ဖြစ်ပေါ်စေသည်။ သို့သော် အစီရင်ခံစာ မရေးသားမီ တိုးတက်မှုများရှိခဲ့သည်။ ထို့ကြောင့် အစီရင်ခံစာ ရေးသားသည့်အချိန်တွင် PAP များအတွက်ဆိုးကျိုးများ သက်ရောက်မှုမရှိကြောင်း အစီရင်ခံစာတွင်တွေ့ရသည်။

ဂ။ သီလဝါ အထူးစီးပွားရေးဇုံစီမံခန့်ခွဲမှုကော်မတီ၏ တုံ့ပြန်ချက်-

သီလဝါအထူးစီးပွားရေးဇုံစီမံခန့်ခွဲမှုကော်မတီသည်  တိုင်ကြားချက်တစ်ခုချင်းစီကိုလည်းကောင်း၊ စောင့်ကြည့်အဖွဲ့များမှ သတင်းထုတ်ပြန်ချက်နှစ်ခုနှင့် အခြားအုပ်စုတစ်ခုမှ သတင်းစာရှင်းလင်းပွဲတစ်ခုချင်းစီကို လည်းကောင်း ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။23 စီမံခန့်ခွဲမှုကော်မတီသည် အချို့တိုင်ကြားချက်များကို တိုက်ရိုက်ဖြေကြားခဲ့သော်လည်း အချို့သော အဖြေများသည် JICA အပေါ်စွပ်စွဲထားချက်များ၌ ပြဿနာများ ဖြစ်လာစေသဖြင့် ဖြေကြားရန် ပျက်ကွက်ခဲ့သည်။24 ဥပမာအားဖြင့် စီမံခန့်ခွဲမှုကော်မတီသည် ရွှေ့ပြောင်းအ လုပ်သမားများအား ဇုံအတွင်းပေါ်ထွက်လာသည့် ဆောက်လုပ်ရေး သို့မဟုတ်စက်ရုံးများတွင် လုပ်ကိုင်ရန် အလုပ်အခြေအနေ၊ အလုပ်ချိန်နှင့်ဘေးကင်းလုံခြုံမှုတို့အကြောင်းကို မဖော်ပြဘဲ အစီအစဉ်များကို ဆွေးနွေး ခဲ့သည်။25 ထို့အပြင်ဆင်းရဲနွမ်းပါးမှုနှင့်ပတ်သက်သည့်တိုင်ကြားချက်များအပေါ် စီမံခန့်ခွဲမှုကော်မတီ၏ တုံ့ပြန်မှုသည် ဝင်ငွေကဲ့သို့သော ဆင်းရဲနွမ်းပါးမှုအတွက်ဆောင်ရွက်ပေးမှုများကို ထည့်သွင်း စဉ်းစားပေးခဲ့ခြင်း မရှိခဲ့ပေ။26 ယင်းအစား ၎င်းတို့သည် PAPs များမှ ၎င်းတို့မြေကိုရောင်းမည်၊ မရောင်းမည် ဆိုသည်ကိုသာ အလေးထားခဲ့ကြသည်။27

ထို့အပြင် အချို့အဖြေများသည် JICA ၏စုံစမ်းစစ်ဆေးမှုမှ တွေ့ရှိချက်များနှင့်ဆန့်ကျင်သည်။28 JICA၏စုံစမ်း စစ်ဆေး ချက်အရ မိသားစု(၈၁)စု (သို့မဟုတ် ပြန်လည်နေရာချထားရေးလုပ်ငန်း အစီအစဉ်ရှိ မိသားစုများ၏ ၆၄ %) သည် လယ်ယာမြေများကို လက်လွှတ်ဆုံးရှုံးရသည်။29 သို့သော် သီလဝါအထူးစီးပွားရေးဇုံ စီမံခန့်ခွဲရေး ကော်မတီသည်  ပြောင်းရွှေ့ခံရသောမိသားစု ၆၀% ကျော်သည် လယ်ယာမြေပိုင်ဆိုင်မှု မရှိသည့်အတွက် လယ်ယာမြေများမရရှိကြခြင်းဟု ချေပပြောဆိုသည်။30 သီလဝါအထူးစီးပွားရေးဇုံ စီမံခန့်ခွဲရေး ကော်မတီသည် ၎င်းတို့မှ “ခြောက်နှစ်သီးနှံတန်ဖိုးကို အသက်မွေးဝမ်းကျောင်းအထောက်အပံ့အဖြစ်” အလျော်အစားပေးထားကြောင်း ပြောဆိုသည်။31 ဆန်စပါးစိုက်သူလယ်သမားများအတွက် (၆)နှစ်စာလျော်ကြေး သည်မှန်ကန်သော်လည်း ကိုင်း ဥယျာဉ်စိုက်တောင်သူလယ်သမားများအတွက်မူ (၄)နှစ်စာလျော်ကြေးငွေသာ ပေးခဲ့သည်။32

PAPs များ၏ ၄၀% သာလယ်သမားမျာဖြစ်ကြသည်ဟု ဆိုထားသည်။ ပြောင်းရွှေ့မှု မတိုင်မီ လယ်ယာ လုပ်ကိုင်သူများသည် ၎င်းတို့လုပ်ကိုင်နေသောမြေကို ပိုင်ဆိုင်ခြင်းမရှိဟုဆိုသည်။
စီမံခန့်ခွဲမှုကော်မတီသည် ဤပြသနာကို အတိအလင်း ဖြေရှင်းမပေးနိုင်ပေ။ PAPs များသည် အဓိက ဝင်ငွေရလမ်းဖြစ်သည့်လယ်ယာမြေမရရှိနိုင်သည့်အချက်ကို ဖော်ပြသည်။
စီမံခန့်ခွဲမှုကော်မတီမှ ဤအချက်ကိုကိုင်တွယ်ဖြေရှင်းနေချိန်တွင် ဆင်းရဲနွမ်းပါးမှုမက်ထရစ်ကို ထည့်သွင်းစဉ်းစားမှုမရှိဘဲ ၎င်းတို့အားပေးထားသော ပိုင်ဆိုင်မှုပစ္စည်းများကိုရောင်းချခြင်း ရှိ၊ မရှိကိုသာ အာရုံစိုက်ခဲ့ကြသည်။
စီမံခန့်ခွဲမှုကော်မတီသည် တိုင်တန်းမှုများနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ၎င်းတို့တိုက်ရိုက်ကိုင်တွယ်ဖြေ ရှင်းခဲ့ခြင်း မရှိပေ။ သီလဝါလူမှုဖွံ့ဖြိုးရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အား JICA စုံစမ်းစစ်ဆေးမှု၏ တွေ့ရှိချက်များနှင့်ပတ်သက်၍တုံ့ပြန်ဖြေကြားရာတွင် ထိုကိစ္စကို ဖြေရှင်းခဲ့သည်။
အဆိုပါစီမံခန့်ခွဲမှုကော်မတီသည် PAPsများ၏ အခြေခံအဆောက်အအုံများသည် အလွန်ပင်တိုးတက်ခဲ့ကြောင်း နည်းလမ်းအမျိူးမျိုးဖြင့် ထောက်ပြတုံ့ပြန်ခဲ့သည်။ ကော်မတီမှ အလူမီနီယံ ခေါင်မိုး ပျဉ်ထောင်ဖြင့်ပြုလုပ်ထားသောအကောင်းစာအိမ်ကို ဆောက်ပေးရန် ကတိပြုခဲ့သည်။ ကော်မတီ အနေဖြင့်နေရမချထားမီ ပိုမိုကြီးမားသောအိမ်များပိုင်ဆိုင်သူတို့အတွက် လျော်ကြေးငွေ တိုးမြှင့်ပေးကြောင်း ပြောခဲ့သည်။
6စီမံခန့်ခွဲမှုကော်မတီသည် လက်နှိပ်ရေပန့်တွင်းများ ပျက်စီးသွားကြောင်း ဝန်ခံခဲ့သော်လည်း ၎င်းတို့အား ချက်ချင်းပြင်ဆင်ရန် စီစဉ်ထားကြောင်း မှတ်ချက်ပြုခဲ့သည်။ ကော်မတီအနေဖြင့် PAP များသည် ပြန်လည်နေရာချထားရာနေရာအသစ်တွင် ပိုမိုကောင်းမွန်သည့်ရေကို လွယ်လွယ်ကူကူ ရရှိနိုင်ကြောင်းနှင့် နောက်ထပ်တိုးတက်မှုများပြုလုပ်ပေးရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

ခ။ ကျောက်ဖြူနှင့်ထားဝယ် အထူးစီးပွားရေးဇုံများ –

ကျောက်ဖြူအထူးစီးပွားရေးဇုံ (KPSEZ) သည် ရခိုင်ပြည်နယ်အတွင် ဘင်္ဂလားပင်လယ်အော် တစ်လျှောက်တွင် တည်ရှိသည်။ KPSEZ ၏ ဖွံ့ဖြိုးမှုအသေးစိတ်အချက်အလက်များသည် အထူးသဖြင့် လက်ရှိနေထိုင်သူများကို ဖယ်ရှားခြင်းနှင့်ပတ်သက်ပြီး နက်နဲသောကိစ္စအဖြစ်ကျန်ရှိနေသည်။ ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင်သည် စီမံကိန်းနှင့်ပတ်သက်၍ လူသိများသော အကြောင်းအရာများကို အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ဖယ်ရှားရေးလုပ်ထုံးလုပ်နည်းများတွင် အားနည်းချက်များရှိနေသည်ကို သတိပြုမိခဲ့သည်။33 သို့သော် အထူးသဖြင့် ပိုင်ဆိုင်မှုနှင့်စီမံကိန်းနယ်ပယ်ကို ပြန်လည် ညှိနှိုင်းခဲ့ပြီး ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလတွင် စီမံကိန်းကို သိသိသာသာလျှော့ချခဲ့သည်။34 KPSEZ၏ ဝက်ဆိုက်သည် နောက်ဆုံးသတင်းတင်မှုသည် ၂၀၁၅ခုနှစ်ဖြစ်ပြီး ၎င်းနောက်ပိုင်း  ထိထိရောက်ရောက်ကိုင်တွယ်မှု မရှိသေးပေ။35

Fishing boats on the Bay of Bengal in Sittwe, Rakhine State, Myanmar. The Kyauk Phyu SEZ is located Southeast of Sittwe. Photo by Daniel Julie via Wikimedia. Licensed under CC BY 2.0./မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊စစ်တွေရှိ ဘင်္ဂလားပင်လယ်အော်အတွင်းငါးဖမ်းလှေများ။ ကျောက်ဖြူအထူး စီးပွားရေးဇုံသည် စစ်တွေ၏ အရှေ့တောင်ဘက်တွင်တည်ရှိသည်။ Wikimedia မှတစ်ဆင့် Daniel Julie ၏ ဓာတ်ပုံဖြစ်သည်။ CC BY 2.0. အရခွင့်ပြုချက် ရထားသည်။

ပြန်လည်ညှိနှိုင်းမှုများမပြုလုပ်မီ လူဦးရေ ၂၀,၀၀၀ သည် အတင်းအဓမ္မ ပြန်လည်နေချထားမှု အလား အလာများနှင့်ရင်ဆိုင်ခဲ့ကြရသည်။36 ဤအရေအတွက်သည် အတော်အတန်တိကျမှုရှိသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၁၈ခုနှစ်နိုဝင်ဘာလတွင်ဖြစ်ပွားခဲ့သော ရင်းနှီးမြှုပ်နှံမှုလျှော့ချရေးသည် ပင်လယ်ဆိပ်ကမ်းနှင့် ဆက်စပ်နေပြီး37 ၎င်းသည် စက်မှုဇုံအတွက်သတ်မှတ်ထားသော မြေနေရာဖြစ်၍ ပြန်လည်နေရာချထားမည်။38 မြေခွဲဝေချထားမှု လုပ်မည် သို့မဟုတ် မည်သည့်အချိန်တွင် လုပ်မည်ကိုမူ မသိရှိရပေ။

အထူးစီးပွားရေးဇုံအတွက်နောက်ထပ်ခြေလှမ်းများမှာ ရှင်းလင်းမှုမရှိသေးပေ။ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပဋိပက္ခများကို အဆုံးသတ်ရန်အတွက် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မတီသည် ၂၀၁၇ခုနှစ်တွင် အကြံပြုခဲ့ သည်။39  အစိုးရမှ “အထူးစီးပွားရေးဇုံသည် ဒေသခံပြည်သူများအပေါ်မည်သို့သက်ရောက်နိုင်မည်” ကို လေ့လာရန်အတွက်  မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကဲဖြတ်မှုကို အကြံပြုခဲ့သည်။40 မြန်မာနိုင်ငံ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဤအစီရင်ခံစာအား လူသိရှင်ကြားထောက်ခံခဲ့ပြီး အကောင်အထည်ဖော်ရန် ကတိပြုခဲ့သည်။41 အစိုးရအနေဖြင့် SEA နောက်တစ်ဆင့်အဖြစ်လက်တွေ့ကျကျ လုပ်ဆောင်နိုင်မည့် အကြံပြုချက်များကို အကောင်အထည်ဖော်ရန်ကူညီမည့် အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။42

၀၁၇ခုနှစ် ICJ တွင် မပါဝင်သည့်လုပ်ထုံးလုပ်နည်းများမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုံကြောင့် အိုးမဲ့အိမ်မဲ့ပြည်သူများကို ကာကွယ်ရန်လုပ်ထုံးလုပ်နည်းများသည် အနာဂတ် တွင်ဖန်တီးနိုင်သော်လည်း အထူးစီးပွားရေးဇုံ၏ဝဘ်ဆိုက်တွင်သိသိသာသာမရှိသေးပေ။43 လာမည့်ခြေလှမ်းများ မည်သို့ပင်ဖြစ်စေကာမူ မြန်မာတိုင်းမ်နှင့် ICJ တို့အနေဖြင့် ပွင့်လင်းမြင်သာမှုဖြင့် ရှေ့ဆက် ဆောင်ရွက်ခြင်းသည် အရေးကြီးကြောင်းသတိပြုမိကြသည်။44 အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မတီ၊ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုံများနှင့် လူ့အခွင့်အရေးကာကွယ်ရန် နိုင်ငံတော်၏တာဝန် https://data.opendevelopmentmekong.net/dataset/f4216999-1a41-4604-af7b-c9e51d857d9f/resource/ef5e3f1a-f5eb-49cd-8d0c-99e11949d03d/download/myanmar-sez-assessment-publications-reports-thematic-reports-2017-eng.pdf, စာမျက်နှာ ၅၁၊ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၉ရက်နေ့တွင် ရရှိခဲ့သည်။[/ref]

အခြားတစ်ဖက်တွင် ထားဝယ်အထူးစီးပွားရေးဇုံစီမံကိန်းအတွက် အစီအစဉ်မှာ ပိုမိုရှင်းလင်းသည်။  အစီအစဉ်များကို “ကနဦးအဆင့် (၂၀၁၅-၂၀၂၀)”နှင့် “ပြည့်စုံသောအဆင့် (၂၀၂၀နောက်ပိုင်း)” ဟူ၍ အဆင့် (၂) ဆင့်ဖြင့် ခွဲခြားထားသည်။45 ကနဦးအဆင့်တွင် ၃၅ စတုရန်းကီလိုမီတာ ဖွံ့ဖြိုးတိုးတက်မှုပါဝင်ပြီး ပြည့်စုံသော အဆင့်တွင် စတုရန်းကီလိုမီတာ ၂၀၀ နီးပါးဖွံ့ဖြိုးတိုးတက်ရန်တောင်းဆိုသည်။46 ထို့ကြောင့် စီမံကိန်းနှင့်သက်ဆိုင်သော ပြောင်းရွှေ့နေထိုင်မှုအများစုသည် ၂၀၂၀ခုနှစ်နောက်ပိုင်းတွင်သာဖြစ်မည်ဟု မျှော်လင့်ရသည်။47 

ထားဝယ်အထူးစီးပွားရေးဇုံစီမံခန့်ခွဲမှုကော်မတီက “နေရာပြောင်းရွှေ့ခြင်းနှင့်လျော်ကြေးပေးခြင်းသည် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် အညီဖြစ်လိမ့်မည်”ဟု ပြောကြားခဲ့သည်။”48 လုပ်ငန်းစဉ်များကို အပြည်ပြည်ဆိုင်ရာလမ်းညွှန်ချက်များအပေါ် အခြေခံ၍ အလားတူစီမံကိန်းများ[,]တွင် အတွေ့အကြုံရှိ၍ ခန့်အပ်ထားသည့် ပညာရှင်များဦးဆောကာ ထိခိုက်ခံရသူလူမှုအသိုင်းအဝိုင်းများ၏ပံ့ပိုးမှုနှင့် ပွင့်လင်းမြင်သာမှုပုံစံများဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်။49 ပွင့်လင်းမြင်သာမှု တစ်စိတ်တစ်ပိုင်းအနေနှင့် အပြီးသတ် အစီအစဉ်ကို အများပြည်သူသိရှိစေရန်ရည်ရွယ်သည်။50 သို့သော် “ပြန်လည်နေရာချထားရေး အစီအစဉ်” ဟူသောစာမျက်နှာသည် ကွက်လပ်ဖြစ်နေဆဲဖြစ်နေသောကြောင့် ၎င်းကို ပုံနှိပ်ထုတ်ဝေခြင်း မရှိသေးပါ။51

References

Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

VEZ6S
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!