ရွေးကောက်ပွဲများ

 

မြန်မာနိုင်ငံ ရွေးကောက်ပွဲများသမိုင်း

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများကို ပြည်ထောင်စုလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်များအတွက် ပြုလုပ်ကျင်းပသည်။1 ပြည်ထောင်စုလွှတ်တော်ကို အမျိုးသားလွှတ်တော် (ကိုယ်စားပြုနေရာ ၂၂၄ ခု) နှင့် ပြည်သူ့လွှတ်တော် (ကိုယ်စားပြုနေရာ ၄၄၀ ခု) တို့ဖြင့် ဖွဲ့စည်းထားသည်။ လွှတ်တော်တွင် ကိုယ်စားပြုမှုအားလုံး၏ လေးပုံသုံးပုံကို ရွေးကောက်ပွဲများတစ်ဆင့်ရွေးချယ်ခြင်းဖြစ်ပြီး နောက်ဆုံးပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမှာ ၂၀၁၅ ခုနှစ်ကဖြစ်သည်။ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမရှိသည့် ကိုယ်စားပြုမှုသည် တပ်မတော်မှဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်မှ ရွေးချယ်နေရာချထားခြင်းဖြစ်သည်

Happy crowd waiting for election results outside NLD HQ. Photo by judithbluepool on November 10, 2015. (CC BY-NC 2.0)

Happy crowd waiting for election results outside NLD HQ. Photo by judithbluepool on November 10, 2015. (CC BY-NC 2.0)

မြန်မာနိုင်ငံ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ တွင်လွတ်လပ်ရေးမရမီအချိန်များကတည်းက ရွေးကောက်ပွဲများကို စတင်ကျင်းပနေခဲ့ပြီးဖြစ်သည်။ ၁၉၄၇ အထွေထွေရွေးကောက်ပွဲပြီးသည့်အချိန်တွင် ဖက်စစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်က ကိုယ်စားပြုနေရာပေါင်း ၂၁၀ နေရာမှ ၁၇၃ နေရာတွင် ကိုယ်စားပြုခွင့်ရပြီး မဲဆန္ဒနယ်ပေါင်း ၅၀ ကျော်ကို ကိုယ်စားပြုပေးခဲ့သ2 ကျောင်းသားခေါင်းဆောင် နိုင်ငံရေးသမား အောင်ဆန်းကို ဝန်ကြီးချုပ်အဖြစ်တာဝန်ယူပေးရန် ရည်ရွယ်ခဲ့သည်။ သို့သော်လည်း သူနှင့် ဝန်ကြီးအဖွဲ့ဝင် ခြောက်ဦးသည် ၁၉၄၇ ခုနှစ် ဂျူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံလိုက်ရပြီး ထိုနေ့သည် မြန်မာနိုင်ငံ၏ အာဇာနည်နေ့ ဖြစ်လာသည်။ ထိုဖြစ်ရပ်ကြောင့် ဦးနုသည် မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်နှင့် ဖက်စစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ခေါင်းဆောင် ဖြစ်လာသည်။

၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာမသိမ်းမီအချိန်အထိ နောက်ထပ်ရွေးကောက်ပွဲ သုံးကြိမ်ကျင်းပခဲ့သည်။3

လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်များသည် လွတ်လပ်ရေးလွတ်လပ်ရေးညွန့်ပေါင်း၏ဂိုဏ်းဂဏစွဲများကြောင့် ဖြစ်ပေါ်လာပြီး တစ်ချိန်တွင် အစိုးရက အဓိကမြို့အနည်းငယ်ကို ထိန်းချုပ်လာသည်။ ၁၉၅၁-၅၂ ခုနှစ်တွင် ရွေးကောက်ပွဲကို နောက်တစ်ကြိမ်ပြန်လည်ကျင်းပသည့်အချိန်တွင် ဖက်စစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်က ကိုယ်စားပြနေရာ ၂၅၀ တွင် ၁၉၉ နေရာအနိုင်ရပြီး ၆၀ ရာခိုင်နှုန်းကိုယ်စားပြုခွင့်ရခဲ့သော်လည်း မဲပေးခွင့်ရှိသူများထဲမှ ၂၀ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြသည်။4

၁၉၅၆ ခုနှစ်ရွေးကောက်ပွဲတွင် ဖဆပလ ကိုလူကြိုက်များမှုသည် လျော့ကျသွားပြီး ကိုယ်စားပြုနေရာပေါင်း ၂၀၂ နေရာမှ ၁၄၈ နေရာအနိုင်ရခဲ့သည်။ ဤရွေးကောက်ပွဲများပြီးသည့်အချိန်တွင် ဦးနုသည် ပါတီများကို ပြန်လည်ဖွဲ့စည်းရန်အတွက် တာဝန်မှ ခေတ္တအနားယူသွားသည်။ ဘဆွေသည် ဝန်ကြီးချုပ်သစ်ဖြစ်လာသည်။5

ဖဆပလသည်လည်း ဦးနုဦးဆောင်သည့် သန့်ရှင်းအုပ်စုနှင့် ဦးကျော်ငြိမ်နှင့် ဦးဘဆွေဦးဆောင်သည့် တည်မြဲအုပ်စုဟူ၍ ဖြစ်လာသည်။ ၁၉၅၈ ခုနှစ်တွင် နေဝင်းဦးဆောင်သော စစ်တပ်မှ တိုင်းပြည်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟူ၍ တိုင်းပြည်အုပ်ချုပ်ရေးကို ပြန်လည်သိမ်းယူလိုက်သည်။6 ။ ၁၉၆၀ ရွေးကောက်ပွဲသည် ဖဆပလ နှစ်ခြမ်းကွဲ အုပ်စုများအကြားယှဥ်ပြိုင်မှုကို သိပ်မတွေ့ရဘဲ ကြားဖြတ်အစိုးရစစ်တပ်၏ မူဝါဒများအပေါ် ဆန္ဒခံယူပွဲပို၍ဖြစ်ခဲ့သည်။ ဦးနုသည် ရွေးကောက်ပွဲတွင် ကိုယ်စားပြုနေရာ ၂၅၀ မှ ၁၅၈ နေရာ၊ ဆန္ဒမဲများ၏ ၅၇.၂ ရာခိုင်နှုန်းရရှိခဲ့သည်။ မည်သို့ပင်ဆိုစေ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဦးနေဝင်းက စစ်တပ်ကိုဦးဆောင်၍ အာဏာသိမ်းမှုကြောင့် ဤကိုယ်စားပြုမှုသည် သက်တမ်းစေ့မခံလိုက်ချေ။ ဤအချိန်မှစပြီး နောက်နှစ် ၂၆ နှစ်ကြာသည်အထိ မြန်မာနိုင်ငံသည် အာဏာရှင်အုပ်ချုပ်ရေးအောက်တွင် နေလိုက်ရသည်။7

လူသန်းပေါင်းများစွာပါဝင်လှုပ်ရှားခဲ့ကြပြီးစုပေါင်းချီတက်ပွဲများ၊နိုင်ငံတဝန်းသရုပ်ပြမှုများပါဝင်‌ခဲ့သော၈လေးလုံးအရေးအခင်းအပြီးတွင်ဦးနေဝင်း နုတ်ထွက်ပြီးနောက်လာမည့် ရွေးကောက်ပွဲများအတွက် အာမခံခဲ့သည်။ ထိုကဲသို့ကတိပြုခဲ့သောရွေးကောက်ပွဲကို ၁၉၉၀ခုနှစ်တွင် ကျင်းပခဲ့ပြီး အောင်ဆန်း၏သမီးဖြစ်သူ NLDခေါင်းဆောင်အောင်ဆန်းစုကြည်မှ အနိုင်ရခဲ့သည်။ သူမသည်၄၉၂နေရာတွင် ၃၉၂နေရာနိုင်ခဲ့သော်လည်း စစ်တပ်မှအာဏာရများက ထိုရလဒ်ကိုပယ်ဖျက်ခဲ့ပြီး နိုင်ငံငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအဖြစ် ၂၀၁၀ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။

၂၀၁၀ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ ဦးသိန်းစိန်အနိုင်ရခဲ့ပြီး  ၈၀%လောက်ထိနေရာရခဲ့သည်။ UNနှင့်အနောက်နိုင်ငံများမှထိုရွေးကောက်ပွဲကိုမမှန်ကန်မှုအဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံရေးအကျဥ်းသားများ ရွေးကောက်ပွဲတွင်ပါဝင်ယှဥ်ပြိုင်ခွင့်မရှိသည့်ဥပဒေ နှင့်ပတ်သက်၍NLDမှ သပိတ်မှောက်ရန်ဆုံးဖြတ်ခဲ့သည်။8 

၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတွင်NLDသည်၄၄နေရာယှဥ်ပြိုင်ရာတွင်၄၃နေရာအနိုင်ရခဲ့သည်။ ရွေးကောက်ပွဲကိုစောင့်ကြည့်စစ်ဆေးရာတွင်အငြင်းပွားစရာများ၊ပုံမှန်မဟုတ်သောမဲပေးမှုများ နှင့်ခြိမ်းခြောက်မှုများရှိခဲ့သော်လည်းရွေးကောက်ပွဲကိုကျင်းပခဲ့ကြသည်။နောက်ဆက်တွဲအနေဖြင့် အနောက်နိုင်ငံများမှ ပိတ်ဆို့မှုများကို ဖယ်ရှားခဲ့ကြသည်။9 

၂၀၁၅ခုနှစ်တွင် အထွေထွေ ‌ရွေးကောက်ပွဲကျင်းပခဲ့ပြီး လွှတ်တော်တွင် NLD မှ မဲအများဆုံး ရရှိခဲ့သည်။ တပ်မတော်အတွက် သီးသန့်ဖယ်ထားသောနေရာများမှလွဲ၍ကျန်သည့်မဲဆန္ဒနယ်အားလုံးတွင် မဲပေးခဲ့ကြသည်။၁၉၉၀ ခုနှစ်မှစ၍ ကျင်းပခဲ့ကြရာ ထိုကဲသို့ ဆန္ဒကောက်ယူခြင်းသည် ပထမဦးဆုံးအ‌‌နေဖြင့် ပွင့်လင်းမြင်သာစွာ ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၁၅အထွေထွေရွေးကောက်ပွဲ တွင်မဲပေးခွင့်ရှိသူ သန်း၃၀အနက်မှ၈၀%ခန့် တက်တက်ကြွကြွမဲ‌ပေးခဲ့ကြသည်။ ပြည်ထောင်စုလွှတ်တော်တွင်NLD မှ၈၆%ခန့်အနိုင်ရခဲ့သည်။ အောင်ဆန်းစုကြည်သည်မြန်မာနိုင်ငံ၏ ပထမဆုံးအတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာပြီးအစိုးရ၏‌ခေါင်းဆောင်တစ်ယောက်အနေဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသည်။(သူမသည် မိသားစုဝင်များနိုင်ငံခြားသားခံယူထားသောကြောင့် သမ္မတဖြစ်ခွင့် မှ တားမြစ်ခံထားရသူဖြစ်သည်။သူမ၏ခင်ပွန်းမှာ ဗြိတိသျှ နိုင်ငံသားဖြစ်ပြီးသူမ၏ကလေးများမှာ ဗြိတိသျှ နိုင်ငံသားခံယူထားသည်။10

မကြာသေးမီကကျင်းပခဲ့သော၂၀၁၇ဖေဖော်ဝါရီလကြားဖြတ်ရွေးကောက်ပွဲတွင်၁၉နေရာယှဥ်ပြိုင်ခဲ့ကြရာNLDမှ၉နေရာ သာအနိုင်ရခဲ့သည့်အတွက် မဲပေးမှုအပြီးတွင် နာမည်အနည်းငယ်ကျသွားသည့် သဘောမျိုးတွေ့ရသည်။11

ရွေးကောက်ပွဲတွင်မဲပေးခြင်း

မြန်မာနိုင်ငံသည် မဲများသူနိုင်စနစ် First-past-the-post(FPTP)ကို အသုံးပြုပြီး လွတ်တော်ကိုယ်စားလှယ်လောင်းများကို မဲဆန္ဒနယ်အလိုက်ရွေးချယ်သည်။12 Relative majority system ဟုလည်းသိကြသော အဆိုပါ စံနစ်ကို အမျိုးသားလွတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲများတွင်ပါ အသုံးပြုပါသည်။ အဆိုပါ စံနစ်အရ မဲဆန္ဒနယ်အတွင်း မဲအများဆုံးရရှိသော လွတ်တော်ကိုယ်စားလှယ်လောင်း က အနိုင်ရရှိပါသည်။

အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများသည် အမျိုးသား၊အမျိုးသမီးမရွေး၊ဘာသာ မရွေး ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။

  • ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်သော နိုင်ငံသား ၊ ဧည့်နိုင်ငံသား ၊ နိုင်ငံသား ပြုခွင့်ရသူသို့မဟုတ် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူ၊
  • သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်သူ13

မြန်မာနိုင်ငံရွေးကောက်ပွဲဥပဒေအရ အောက်ပါပုဂ္ဂိုလ်များသည် ဆန္ဒမဲပေးပိုင်ခွင့် မရှိပါ။

  • သာသနာ့ဝန်ထမ်း၊
  • ထောင်ဒဏ်ကျခံနေရသူ၊
  • စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်းသတ်မှတ်ခြင်းခံရသူ၊
  • လူမွဲအဖြစ် ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူ၊
  • ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်း ခံရသူ၊
  • နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ်ခံယူထားသူ14

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

စစ်မှန် ခိုင်မာသော ဒီမိုကရေစီစနစ် တည်ဆောက် နိုင်ရန်အတွက် အများယုံကြည် လက်ခံသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများကို တူညီသော အခွင့်အရေးဖြင့် ဘက်လိုက်ခြင်း မရှိဘဲ ပွင့်လင်း မြင်သာစွာ ကျင်းပပေးရန် အတွက် ၂၀၁၀ ခုနှစ်တွင် နိုင်ငံတော် အစိုးရမှစတင်တည်ထောင်ခဲ့သည်။

ရွေးကောက်ပွဲကော်မရှင် ကို  နိုင်ငံရေးပါတီများနှင့် သက်ဆိုင်ခြင်းမရှိသူများနှင့် ဖွဲ့စည်းထားသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကိုအစိုးရမှခန့်အပ်ပြီးအောက်ပါအရည်အချင်းများနှင့်ပြည့်စုံရန်လိုအပ်သည်။

  • အသက် ၅၀ နှစ် ပြည့်ပြီးသူများ ဖြစ်ရမည်။
  • ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ယူဆသူဖြစ်ရမည်။
  • သိက္ခာသမာဓိနှင့် ပြည့်စုံပြီး အတွေ့အကြုံရင့်ကျက်သူဖြစ်ရမည်။
  • နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူဖြစ်ရမည်။
  • နိုင်ငံရေးပါတီဝင် မဟုတ်သူဖြစ်ရမည်။
  • လစာ၊ စရိတ်၊ ကြေးငွေရသော အခြားမည်သည့်ရာထူးကိုမျှ လက်ခံခြင်း မပြုသူဖြစ်ရမည်။

အစိုးရအပေါ်မှီခိုနေရခြင်းနှင့် ဘက်လိုက်မှုကင်းရှင်းမှုတို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မေးခွန်းထုတ်စရာဖြစ်ပြီး ပဋိပက္ခဒေသများတွင်ရွေးကောက်ပွဲကျင်းပရန် စိန်ခေါ်မှုများ‌ရှိ‌နေခြင်းတို့ကြောင့်လည်း ဝေဖန်မှုတစ်ချို့ရှိနေသည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအတွက်နေရာချန်လှပ်ထားမှု

၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအ‌‌ခြေခံဥပဒေအရ လွတ်တော်တွင် တပ်မတော် မှ ၂၅% ခန့်နေရာရရှိပြီးဖြစ်သည်။15 ဖွဲ့စည်းပုံ‌အ‌ခြေခံဥပဒေပြုပြင်ပြောင်းလဲရန်‌အတွက်လွှတ်တော်နှစ်ရပ်လုံးမှ ၇၅% အထက်လိုအပ်သော‌ကြောင့် တပ်မတော်၏ထောက်ခံမှုမပါပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် တပ်မတော် အနေဖြင့် အာဏာလျော့နည်း ကျဆင်းမှုကို ကာကွယ်ရန်အတွက် လုံလောက်သော အကာအကွယ် ရှိပြီးဖြစ်သည်။

နိုင်ငံရေးပါတီများ

အမျိုးသားလွှတ်‌တော်နှင့်ပြည်သူ့လွှတ်တော်ကိုကိုယ်စားပြုသောပါတီများ၊သက်ဆိုင်ရာပါတီများ၏ခုံအရေ‌အတွက်များကိုအောက်တွင်ပြထားသည်။16

Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

FS2j7
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!