မြေယာ

မြန်မာနိုင်ငံသည် မြေယာပိုင်ဆိုင်မှုများအတွက် သိသာသည့် အကျိုးဆက်များနှင့် အတူ လျင်မြန်သော စီးပွားရေးနှင့် လူမှုရေး ပြောင်းလဲမှုများ၏ အလယ်တွင် တည်ရှိနေပါသည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် ကတည်းက အုပ်ချုပ်ခဲ့သော စစ်အစိုးရ လက်အောက်တွင် အစိုးရသည် တိုက်ရိုက် သို့မဟုတ် (၁၉၈၈ နောက် ပိုင်းတွင်) ကိုယ်စားလှယ် ကုမ္ပဏီများမှ တဆင့် အဓိက မြေပိုင်ရှင် ဖြစ်ခဲ့သည်။ လက်ရှိ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လုပ်ကွက်ငယ် လုပ်ကိုင်သူများသည် ယင်းတို့၏ ဥပဒေ အကြောင်းအရ မြေယာအခွင့်အရေးများအား ပြန်လည် တောင်းဆိုလာကြပြီး တချိန်တည်းမှာပင် နိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခြင်း များပြားလာရာ ယခင် မြေယာအသုံးချမူ အစီအမံများမှာ ပိုမို ဖိအားပေးခံလာရသည်။

စပါး စိုက်ပျိုးချိန် စပါးခင်း ထဲတွင် အလုပ်ရှုပ်နေသော ဧရာဝတီ မြစ်ဝှမ်းရှိ ဖားလိတ်ဝ ရွာမှ ယောင်္ကျား မိန်းမများ Photo from Livelihoods and Food Security Trust Fund (LIFT), published 17 May 2016. Copyright LIFT, non-commercial.

စပါး စိုက်ပျိုးချိန် စပါးခင်း ထဲတွင် အလုပ်ရှုပ်နေသော ဧရာဝတီ မြစ်ဝှမ်းရှိ ဖားလိတ်ဝ ရွာမှ ယောင်္ကျား မိန်းမများPhoto from Livelihoods and Food Security Trust Fund (LIFT), published 17 May 2016. Copyright LIFT, non-commercial.

 

မြန်မာနိုင်ငံ သည် အရှေ့တောင်အာရှတွင် အကြီးဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေး လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။ 1 သို့သော် ထွန်ယက် စိုက်ပျိုးနိုင် သည့် မြေယာများမှာ နိုင်ငံ၏ ၂၅ ရာခိုင်နှုန်းသာရှိပြီး 2 ၂၀၁၅ ခုနှစ်၌ ယင်းစုစုပေါင်းမြေ ၏ ၁၉ ရာခိုင်နှုန်းကိုသာ စိုက်ပျိုးရေး အတွက် အသုံးပြုကြောင်း သိရသည်။3 တချိန်က အာရှတွင် အကြီးမားဆုံး ဆန်စပါး တင်ပို့သည့် နိုင်ငံ ဖြစ်ခဲ့ပြီး စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် နှစ်များအတောအတွင်းတွင် မြန်မာနိုင်ငံသည် ထုတ်လုပ်မှု ကျဆင်းခဲ့ရသည်။ ယခုအခါတွင် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုနှင့် မြေယာနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများ စီးဝင်ရောက်ရှိလာ​ခြင်း က လယ်ယာစိုက်ပျိုးရေးအား ခြိမ်းခြောက်လျက်ရှိပါသည်။ မြေယာ အသုံးပြုမူများမှာ ဆန်စပါး ပေါကြွယ်ဝ သည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ အလယ်ပိုင်း အပူပိုင်း ခြောက်သွေ့ဇုန်နှင့် တောင်တန်းဒေသများကို မှီတင်းနေထိုင်သည့် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးသည့် တိုင်းရင်းသား လူနည်းစုများကြားတွင် အမျိုးမျိုး ကွဲပြားခြားနားပါသည်။ အဆိုပါ ဒေသများသည် ယခုအခါ အိုးမဲ့အိမ်မဲ့များနှင့် ပဋိပက္ခ အသစ်များကို ဖြစ်ပွားစေသည့် မြေယာလုပ်ပိုင်ခွင့်ရနေရာ အများအပြားနှင့် သဘာဝ သယံဇာတ ထုတ်ယူသည့် စီမံကိန်းများ ဖြစ်နေပါသည်။ 4

မြေယာမူဝါဒ နှင့် စီမံခန့်ခွဲခြင်း

မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) က ပုဂ္ဂလိက ပိုင်ဆိုင်မှုအတွက် အခွင့်အရေး ပေးထားရာ အဆိုပါ မြေယာများအား ထိန်းသိမ်းသည့်အနေဖြင့် အစိုးရသည် မြေယာအားလုံးနှင့် သဘာဝ သယံဇာတ အားလုံး၏ အဆုံးစွန်ဆုံး ပိုင်ရှင်ဖြစ်ပြီး စီးပွားရေးအင်အားစုများက အစိုးရပိုင် သဘာဝ သယံဇာတများ ထုတ်ယူမှုနှင့် အသုံးပြုမှုများအား ကြီးကြပ်ကွပ်ကဲမည် ဖြစ်သည်။5 မြေယာစီမံခန့်ခွဲအုပ်ချုပ်မှုဥပဒေ (၇၀)ကျော် ရှိပြီး 6 ၎င်းတို့ အနက် အချို့မှာ ၁၉ ရာစုနှစ် ဗြိတိသျှ ကိုလိုနီ လက်ထက်ကတည်းက ပြဌာန်းခဲ့သည့် ဥပဒေများ ဖြစ်သည်။ 7 အနည်းဆုံး အစိုးရ အေဂျင်စီ ၂၀ မှ ပြည်ထောင်စု အဆင့်နှင့် ပြည်နယ် အဆင့် နှစ်ခုစလုံးတွင် ရှုပ်ထွေးသော ပုံစံအမျိုးမျိုးဖြင့် မြေယာကိစ္စရပ် များ၌ ပါဝင်ပတ်သက်လျက်ရှိပါသည်။ 8 တာဝန် သတ်မှတ်ရာတွင် အားနည်းခြင်း၊ လုပ်ပိုင်ခွင့်အာဏာများထပ်နေခြင်း တို့သည် မြေယာအုပ်ချုပ်မှု ဆိုင်ရာ ဥပဒေ မူဘောင်ကို ရှုပ်ထွေးစေပါသည်။ 9 ယခုအခါ ကရင်အမျိုးသားအစည်းအရုံး၏ သစ်တောဦးစီးဌာနသည် သစ်တောမူဝါဒကို ရေးဆွဲလျက်ရှိသည်။10

 

 တွံတေးမြို့နယ် အိမ်ကြီး ကျေးရွာ အဓိက လမ်းမကြီးဘေးရှိ စပါးခင်းကွက်များ  Photo from San Thein, Gret Land Tenure Study Team, published 19 May 2016. Copyright LIFT, non-commercial.

တွံတေးမြို့နယ် အိမ်ကြီး ကျေးရွာ အဓိက လမ်းမကြီးဘေးရှိ စပါးခင်းကွက်များ Photo from San Thein, Gret Land Tenure Study Team, published 19 May 2016. Copyright LIFT, non-commercial.

မြေယာစီမံခန့်ခွဲမှုတာဝန်ကို မြေနိမ့် စိုက်ပျိုးမြေများအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအားလည်းကောင်း၊ ကုန်းမြင့် သစ်တောမြေများအတွက် သဘာဝ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနအားလည်းကောင်း ခွဲခြားထားပါသည်။ လူနေအိမ်မြေများအတွက်မူ မြို့အဆင့် စီမံခန့်ခွဲပါသည်။ အစိုးရသစ်အနေဖြင့် ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် သဘာဝ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာန ဖွဲ့စည်းခြင်းအပါအဝင် ဥပဒေသစ်များ ပြဋ္ဌာန်းခဲ့ပြီး အဖွဲ့အစည်းအသစ်များ ဖွဲ့စည်းခဲ့ရာ လျင်မြန်သည့် နိုင်ငံရေး အကူးအပြောင်းက တိုင်းပြည်အား စီမံခန့်ခွဲရာတွင် မနိုင်ဝန် ဖြစ်စေခဲ့သည်။ 11 ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ နှင့် လယ်ယာမြေ ဥပဒေများအားလုံးမှာ ရင်းနှီးမြှုပ်နှံမှုတိုးတက်ရန်၊ အကြီးစား မြေယာ အသုံးချမှုများကို အားပေးရန်နှင့် လယ်ယာ စိုက်ပျိုးရေး ဝင်ငွေမြှင့်တင်ရန်တို့ အတွက် ပုံစံ ချမှတ်ခဲ့ခြင်း ဖြစ်သည်။12 အဆိုပါဥပဒေများသည် လုပ်ကွက်ငယ် တောင်သူများ၏ ခိုင်မာသောမြေယာပိုင်ဆိုင်မှုထက် ရင်းနှီးမြှုပ်နှံသူများ၏ အကျိုး စီးပွားအား ထောက်ပံ့ရန်၊ 13 တောင်ယာ လုပ်ကိုင်သူများ ပုံမှန် စိုက်ပျိုးနေသော သို့မဟုတ် အလှည့်ကျ (ရာသီစာသီးနှံ) စိုက်ပျိုးနေသော မြေလွတ် သို့မဟုတ် မြေလပ်များအား သိမ်းဆည်းရန် သို့မဟုတ် ပြန်လည်ခွဲဝေရန် ဖြစ်သည်ဟု ဝေဖန်ခဲ့ကြပါသည်။ 14

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈ ခုနှစ်) သည် လေ့လာသူ များ အဆိုအရ ဆက်လက်စိုးရိမ်စရာ အကြောင်းဖြစ်လာပါသည်။ ဤပြင်ဆင်သည့်ဥပဒေအရ မြေလွတ်၊ မြေလပ် သို့မဟုတ် မြေရိုင်းဟု ခွဲခြားသတ်မှတ်ထားသောမြေများပေါ်တွင် စိုက်ပျိုးလုပ်ကိုင်နေသူများသည် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိရန် ပြင်ဆင်သည့်ဥပဒေ (၂၀၁၈ ခုနှစ်) ပြဋ္ဌာန်းသည့်နေ့မှစ၍ ခြောက်လအတွင်း လျှောက်ထားရပါမည်။ 15 အဆိုပါမြေများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းသည် ပြစ်မှုမြောက်ပါသည်။ 16 ဒေသခံ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သတ်မှတ်မြေများသည် ဤပြင်ဆင်သည့် ဥပဒေနှင့် သက်ဆိုင်ခြင်းမရှိပါ။ သို့သော် ထိုသတ်မှတ်မြေများအတွက် အသုံးပြုခွင့်ကို သတ်မှတ်ရန် မူဘောင် မရှိသေးပါ။ ထိုမျှသာမက ဤပြင်ဆင်သည့်ဥပဒေကြောင့် ဓလေ့ထုံးတမ်းစဉ်လာအရ လယ်ယာမြေစီမံခန့်ခွဲမှု ကို အချိုးမညီမျှစွာ သက်ရောက်စေမည့်အပြင်  ယင်းစီမံခန့်ခွဲမှုကိုကျင့်သုံးနေသော လယ်သမားများအပေါ် ထိရောက်သည့်ဆိုးကျိုးများ ​ဖြစ်ပေါ်လာလိမ့်မည်ဟု စိုးရိမ်မှုများလည်း ရှိနေပါသည်။17

၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လက်ထက်) လွှတ်တော်က ပြည်သူ လူထုကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလျက်ရှိသည့် အမျိုးသား မြေယာအသုံးချမှု မူဝါဒသစ်အား အတည် ပြုခဲ့ပါသည်။ နောင်တက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် အမျိုးသား မြေယာအသုံးချမှု မူဝါဒကို အကောင်အထည်ဖော်မည့် အမျိုးသား မြေယာအသုံးချမှု ကော်မတီကို ဖွဲ့စည်းရန် ၂၀၁၈ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။ မူဝါဒသစ်သည်  တည်ဆဲဥပဒေများနှင့် ကိုက်ညီစေရန်နှင့် မြေယာဥပဒေသစ်ရေးဆွဲရေး၌ လမ်းညွှန်ပေးနိုင်ရန် ရည်ရွယ်ပါသည်။18 အဆိုပါ မူဝါဒတွင် ဓလေ့ထုံးတမ်းများနှင့် ကျား/မ တန်းတူဖြစ်စေရေး ကို ထည့်သွင်း စဉ်းစားထားပြီး လုပ်ကွက်ငယ်တောင်သူများနှင့် မြေယာမဲ့များအတွက် သာတူညီမျှ မြေယာအသုံးချခွင့်ကို အာမခံထားပါသည်။19 ရပ်ရွာလူထု အကျိုးစီးပွားကို ကျော်ပြီး ရင်းနှီးမြှုပ်နှံသူများကိုသာ မျက်နှာသာ ပေးထားသည့် အဆိုပါ အမျိုးသား မြေယာအသုံးချမှုမူဝါဒအား တိုင်းရင်းသားအဖွဲ့အစည်းများအပါအဝင် အခြားသူများက ဝေဖန်မှုများရှိနေစဉ်တွင် အချို့သော အရပ်ဖက်လူ့အဖွဲ့အစည်းနှင့် အလှူ ရှင်များက အဆိုပါ မူဝါဒသစ်၏ ညှိနှိုင်းတိုင်ပင်ခြင်းလုပ်ငန်းစဉ်နှင့် အောက်ခြေလူတန်းစားများအတွက် ရှေ့ရှု လုပ်ဆောင်ခြင်းများ အပေါ် ချီးမွှမ်းခဲ့ကြပါသည်။ 20 အငြင်းပွားမှုဖြေရှင်းရေးနှင့် တာဝန်ခံမှုရှိစေရေးတွင် အဓိကကျန်ရှိနေသည့်မေးခွန်းများမှာ မူဝါဒကို မည်သို့ အကောင်အထည်ဖော်မည်နည်း နှင့် ၂၀၁၂ ခုနှစ် ဥပဒေများ ကြီးကြပ်မှုကော်မတီကဲ့သို့သော ဆက်စပ်အဖွဲ့ အစည်းများက မူဝါဒကို မည်သို့ လက်ခံမည်နည်း ဟူ၍ ဖြစ်ပါသည်။21 မတူကွဲပြားသည့် အရပ်ဖက် လူမူအဖွဲ့အစည်း အုပ်စုများကြား ညှိနှိုင်းသည့် အခန်းကဏ္ဍမှ ပါဝင်ရန် မြေယာမဏ္ဍိုင်အဖွဲ့ကို ပြည်တွင်းနှင့် နိုင်ငံတကာ NGO များနှင့် သက်ဆိုင်သူ အသီးသီးက ၂၀၁၁ ခုနှစ်တွင် ရန်ကုန်မြို့၌ ဖွဲ့စည်းခဲ့ကြပါသည်။ 22

မြေယာအမျိုးအစား ခွဲခြားမှု

နိုင်ငံရေး အကူးအပြောင်း မတိုင်မီက မြန်မာနိုင်ငံရှိ မြေယာအများစုမှာ ဓလေ့ထုံးစံအရ သို့မဟုတ် အလွတ်သဘော အစီအမံများဖြင့်သာ လုပ်ကိုင်အသုံးပြုခဲ့ကြပါသည်။ စာချုပ်စာတမ်းများကို မြို့နယ် ရုံးများတွင် မှတ်ပုံတင်ခဲ့ကြသော်လည်း လူဦးရေ တဝက်နည်းပါးသာ မှတ်တမ်းတင်ထားသော အသုံးပြုခွင့် ရှိခဲ့ကြပါသည်။ မှတ်တမ်းထိန်းသိမ်းမှုနှင့် မြေပုံများသည် မှန်ကန် ပြည့်စုံခြင်း မရှိဘဲ  ခေတ်နောက်ကျနေပြီ ဖြစ်ပါသည်။ 23 ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေသည် ခရိုင်များအတွင်းရှိ မိရိုးဖလာ စပါးစိုက်ပျိုးခဲ့သော တောင်သူများအတွက် လွှဲပြောင်းနိုင်သော၊ အမွေဆက်ခံနိုင်သော၊ ပေါင်နှံနိုင်သော မြေယာလုပ်ပိုင်ခွင့်ပြု လက်မှတ်များ ထုတ်ပေးမည့် အပြောင်းအလဲ ဖြစ်ပါသည်။24 ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် GRET ၏ ရှာဖွေလေ့လာမှုအရ ဧရာဝတီမြစ်ဝကျွန်း ပေါ်၏ဒေသရှိ နမူနာ မြေပိုင်ရှင် ၇၁ ရာခိုင်နှုန်းမှာ မြေယာလုပ်ပိုင်ခွင့်များ ရရှိခဲ့သလို အပူပိုင်း ခြောက်သွေ့ဇုန် ဒေသရှိ မြေပိုင်ရှင် ၈၀ ရာခိုင်နှုန်းမှာလည်း မြေယာလုပ်ပိုင်ခွင့်များ ရရှိခဲ့ပါသည်။25 သို့သော် အခြားဒေသများတွင် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိမူ နည်းပါးပါသည်။ မြေယာ ရယူမှုနှုန်းသည် မြင့်မားလျက်ရှိရာ ကျေးလက်နေ အိမ်ထောင်စုများ၏ ၂၀ ရာခိုင်နှုန်းမှာ လယ်ယာမြေ ၆၉ ရာခိုင်နှုန်းအား ကြီးကြပ်လျက်ရှိပြီး ၂၀ ဟက်တာ သို့မဟုတ် ထို့ထက် ပိုသော မြေပိုင်ရှင်ကြီးများ၏ အရေအတွက်သည် တိုးပွားလျက်ရှိပါသည်။ မြေယာမဲ့အိမ်ထောင်စုများမှာ ဒေသအသီးသီးတွင် ၂၀ မှ ၆၀ ရာခိုင်နှုန်း အတွင်း ရှိကြောင်း ခန့်မှန်းကြပါသည်။

အောက်ဖော်ပြပါ ဇယားသည် မြန်မာနိုင်ငံ စာရင်းအင်းဆိုင်ရာ သတင်းအချက်အလက်များ ဝန်ဆောင်မှုမှ ဖော်ပြထားသော မြေအမျိုးအစားများ၏ စုစုပေါင်းဧရိယာ ဖြစ်ပါသည်။

လုပ်ပိုင်ခွင့်လျှောက်ထားရာတွင် “လယ်ယာမြေ” အဖြစ်သာ လျှောက်ထားနိုင်ပြီး သစ်တောမြေများအတွက် မလျှောက်ထားနိုင်ဘဲ ၎င်းတို့ကို  ဓလေ့ထုံးတမ်း လုပ်ပိုင်ခွင့်များအရသာ ဆက်လက်လုပ်ကိုင်ရပါသည်။26 တောင်ယာအများစုနှင့် စားကျက်မြေများသည် မြေပုံ နှင့်ဖေါ်ပြထားခြင်း သို့မဟုတ် မှတ်ပုံတင်ထားခြင်း မရှိပေ။ ကုန်းမြင့်ဒေသများတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ပြည်တွင်းရေး ပဋိပက္ခ သမိုင်းကြောင့် ပြည်သူများ အကြိမ်ကြိမ် ပြောင်းရွှေ့မူများ ကို ဖြစ်စေသည့်အပြင်  မြေယာအမျိုးအစားခွဲခြားမှုကို  ပိုမိုရှုပ်ထွေးစေပါသည်။27 ထို့ကြောင့် ကုန်းမြင့်ဒေသတွင် နေထိုင်သူများသည် မြစ်ဝ ကျွန်းပေါ်နှင့် အပူပိုင်းဒေသတွင် နေထိုင်သူများလောက် မြေယာဆိုင်ရာ ခိုင်မာသည့် အခွင့်အရေးများ မရရှိချေ။

အစိုးရသည် သစ်တောမြေကို ကြိုးဝိုင်းသစ်တောနှင့် ကြိုးပြင်ကာကွယ်တောမြေ အပါအဝင် ၎င်း၏ အမြဲတမ်း သစ်တောမြေအဖြစ် အမျိုးအစားသတ်မှတ်ပါသည်။28 နိုင်ငံ၏ ဝေးလံခေါင်ပါးသောဒေသများတွင် မူလအတိုင်း သစ်တောများ တည်ရှိနေသေးသော်လည်း သစ်တောထိန်းသိမ်းရေးသည် ပြဿနာတစ်ရပ်အဖြစ် ကျန်ရှိနေ ဆဲ ဖြစ်ပါသည်။29 မကြာမီကပင် ပြင်ဆင်ထားသည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော ရေးရာ ညွှန်ကြားချက်ရှိသော်လည်း ရွှေ့ပြောင်းတောင်ယာကို ဆက်လက်၍ တရားဝင် အသိအမှတ် မပြုတော့သဖြင့်် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်နေသော သစ်တောအခြေပြု လူထုသည် အခက်ကြုံတွေ့နေဆဲ ဖြစ်ပါသည်။30

ဓလေ့ထုံးတမ်းနှင့်ပတ်သက်၍ အနက်အဓိပ္ပာယ် ရှင်းလင်းစွာ ဖွင့်ထားသည့် စည်းကမ်းချက်များ မပါဝင်ဘဲ ဓလေ့ထုံးတမ်း ဥပဒေနှင့် လုပ်ပိုင်ခွင့်ကို အထပ်ထပ် ဖော်ပြထားသည့် အမျိုးသား မြေယာအသုံးချမှု မူဝါဒ သစ်တွင် ဓလေ့ထုံးတမ်း အလေ့အထများကို ပထမဆုံးအကြိမ် တရားဝင်အသိအမှတ်ပြုခဲ့ပါသည်။31 အမျိုးသား မြေယာအသုံးချမှု မူဝါဒတွင် ဒေသခံ လူမူအသိုင်းအဝိုင်းမှ အသိအမှတ် ပြုထားသော “တရားဝင် မြေယာလုပ်ပိုင်ခွင့် အခွင့်အရေးများ” အား “အသိအမှတ်ပြု ကာကွယ်စောင့်ရှောက်ပြီး ဥပဒေများနှင့်အညီ မှတ်ပုံတင်ကြရမည်” ဟုလည်း ဖော်ပြထားပါသည်။32 အထူးပြု မြေပုံ ဆော့ဖ်ဝဲများ ရရှိခြင်းကြောင့် ချောမွေ့စွာဆောင်ရွက်နိုင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သော မြေပုံနှင့် စာရွက်စာတမ်းများ ရရန် ကြိုးပမ်းအားထုတ်ရေး၌ စိတ်ဝင်စားစေရန် ဤစကားရပ်က လှုံ့ဆော်ပေးပါသည်။ ဥပမာ လုပ်ပိုင်ခွင့် အခွင့်အရေးများနှင့်ပတ်သက်၍ FAO ၏ အခမဲ့ရယူအသုံးပြုနိုင်သော အချက်အလက် ရင်းမြစ် မိုဘိုင်း အပလီ ကေးရှင်း “Open Tenure App” 33

အမျိုးသား မြေယာအသုံးချမှု မူဝါဒဖော်ထုတ်ရေးလုပ်ငန်းစဉ်တွင် အစိုးရသည် UNHABITAT ၏ မြေယာအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုအစီအစဉ် Land Administration and Management Program (LAMP) မှ နည်းပညာပံ့ပိုးမှုနှင့် အကြံဉာဏ်၊ LIFT အဖွဲ့အစည်း ကဲ့သို့ အလှူရှင်အမျိုးမျိုး၏ ရန်ပုံငွေများ ရရှိပါသည်။ မြေယာ အုပ်ချုပ်ရေးသို့ အခြားအလှုရှင်များတွင် USAID နှင့် ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွစ် အေဂျင်စီ (SDC) တို့ ပါဝင်ပါ သည်။34 ဆွစ်အေဂျင်စီသည် ၂၀၁၅ ခုနှစ် ကတည်းမှ Bern တက္ကသိုလ်၏ ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင် စင်တာ၊ မြေယာမဏ္ဍိုင်အဖွဲ့တို့အား လယ်ယာကိစ္စရပ်များတွင် အခမဲ့ရယူအသုံးပြုနိုင်သော အချက်အလက်များ ရှာဖွေနိုင်သည့် OneMap စီမံကိန်း စတင်ရန် ငွေကြေး ထောက်ပံ့ပေးခဲ့ပါသည်။35

မြေယာလွှဲပြောင်းခြင်းနှင့် လူထုအား မြေယာ ငှားရမ်းခြင်း

၂၀၁၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟို ကော်မတီ၏ တာဝန်မှာ “မြေလွတ်” သို့မဟုတ် “မြေလပ်” များအား ပြည်တွင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများထံသို့ နှစ် (၃၀) မှ နှစ် (၇၀) ကာလ ခွဲဝေချထားပေးရန်ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်မှ စတင်၍ မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်း အသုံးပြုခွင့် ပေးအပ်ခြင်းများ တဖြည်းဖြည်း တိုးလာပါသည်။36 အခြားကော်မတီ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား မြေယာအသုံးပြုခွင့် ပေးအပ်ရန် တာဝန်ယူထားရပါသည်။37 အဆိုပါ ဥပဒေများသည် ဗြိတိသျှ ကိုလိုနီခေတ် ထုံးတမ်း အစဉ်အလာ ယူ ၁၈၉၄ မြေယာသိမ်းမှု အက် ဥပဒေမှ “အများပြည်သူအတွက် ရည်ရွယ်သော” “စွန့်ပစ်မြေ” ကို နိုင်ငံနှင့် သင့်လျော်မှုရှိအောင် ပြင်ဆင်ထားကာ တံခါးဖွင့်စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့် တင်ရေး၏ လက်ရှိအခြေအနေတွင် ပြန်လည် ဖော်ပြထားပါသည်။.38  မြန်မာနိုင်ငံရှိ မြေယာအားလုံး၏ ၂၀ ရာခိုင်နှုန်းအား မြေယာလုပ်ပိုင်ခွင့် ခွင့်ပြု ပေးခဲ့ပြီး ဟတ်တာ ငါးသန်း (မြေယာအားလုံး၏ ၇.၅ ရာခိုင်နှုန်း) အား နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် အကျိုး တူ ရင်းနှီးမြှုပ်နှံသူများကို ပေးခဲ့ပြီး ဖြစ်ပါသည်။39


Source: Myanmar Information Management Unit. Created by ODI June 2016. Licensed under CC BY-SA 4.0. Explore the data.

မြေယာ ရင်းနှီးမြှုပ်နှံမှု၏ အမြင့်ဆုံး ကောက်ကြောင်း ဥပမာများတွင် ဂျပန်၊ ထိုင်းနှင့် တရုတ်တို့မှ အသီးသီး ငွေကြေး ထောက်ပံ့ပေးထားသည့် အထူးစီးပွားရေးဇုန် သုံးခု ရှိပါသည်။40 ထိုအထဲမှ တစ်ခုတည်းသာ ဖွင့်နိုင်ခဲ့သေးသော်လည်း လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရမှ အဆိုပါ စီးပွားရေး ဇုန်များအား ဆက်လက် ပံ့ပိုးပေးသွားမည်ဟု ကတိပြုထားပါသည်။ ပြင်ပ အစီရင်ခံစာများက စီးပွားရေးဇုန်များသည် ဒေသခံများ၏ အတိုက်အခံ၊ ဆက်လက်ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး တင်းမာမှုများနှင့် သဘာဝပတ်ဝန်းကျင် စိုးရိမ်မှုများ စသည့် အန္တရယ်နှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားပါသည်။ 41ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ သတ္တုတွင်းနှင့် ရေအားလျှပ်စစ်ဆည်များကဲ့သို့ အငြင်းပွားဖွယ် အကြီးစား သယံဇာတဖော်ထုတ်ရေး စီမံကိန်းများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြောင်းသိရသည်။ သယံဇာတထုတ်ယူမှုတွင် များစွာသော ရင်းနှီးမြှုပ်နှံမူသည် အရှေ့နှင့် အရှေ့တောင်အာရှရှိ အခြားနိုင်ငံများရှိ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများမှ အကုန်လုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။42

သီလဝါ ဆိပ်ကမ်း။ . Photo by Harry and Rowena Kennedy, Flickr, taken 13 February 2015. Licensed under CC BY-NC-ND 2.0.

သီလဝါ ဆိပ်ကမ်း။ . Photo by Harry and Rowena Kennedy, Flickr, taken 13 February 2015. Licensed under CC BY-NC-ND 2.0.

စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ထုတ်လုပ်မှု၊ သတ္တုတူးဖော်မှုတို့နှင့် နှိုင်းယှဉ်လျှင် နည်းပါးပါသည်။  ၂၀၁၀-၁၃ ခုနှစ်များအတွင်း အကြီးစား စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်အတွက် ခွဲဝေချထား သော မြေယာသည် ၁၇၀ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပါသည်။ သို့သော် ထိုမြေယာများ၏ ငါးပုံ တစ်ပုံသာ စိုက်ပျိုးခဲ့ကြပါသည်။ 43 အထူးသဖြင့် တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ယခင်က သီးခြားတည်ရှိခဲ့သော နယ်စပ် ဒေသနှင့် တိုင်းရင်းသားဒေသများ၌ ရာဘာနှင့် အခြားစိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးပြုလုပ်ရန် မြေဝယ်ယူ ကြပါသည်။ 44 ထို့အပြင် ၂၀၁၁ ခုနှစ်ကတည်းက ဆီအုန်းစိုက်ပျိုးခြင်း ရင်းနှီးမြှုပ်နှံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့သည်။ 45

ဥပဒေများတွင် အသိပေးအကြောင်းကြားခြင်း၊ အယူခံခြင်း၊ လျော်ကြေးအတွက် ပါရှိသော်လည်း လယ်ယာမြေ လွှဲပြောင်းခြင်းများစွာ၌ ယင်းလုပ်ထုံးလုပ်နည်းများကို မလိုက်နာကြပါ။ အကျိုးဆက်အနေဖြင့် လူထုသည် မိမိတို့ကိုယ်တိုင် ဖယ်ထုတ်သကဲ့သို့ ဖြစ်နေပြီး သားစဉ်မြေးဆက်များအတွက် အသုံးပြုခဲ့ကြမြေပေါ်တွင် ကျူးကျော်မှုဖြင့် တရားပင် စွဲခံရပါသည်။46 ဗဟိုချုပ်ကိုင် မြေယာအသုံးချမှု စီမံချက်၊ ဝန်ကြီးဌာနအတွင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများသို့ မြေယာလွှဲပြောင်းခြင်းမှ ကျူးကျော်ဝင်ရောက်မှုများကြောင့် အထူးသဖြင့် ပဋိပက္ခဒေသများတွင် နေထိုင်ကြသော လုပ်ကွက်ငယ်တောင်သူများသည် ခိုင်မာမှုမရှိသော မြေယာ လုပ်ပိုင်ခွင့်ကို ရင်ဆိုင်နေကြရပါ သည်။

စိုက်ပျိုးရေးနှင့် သစ်တောမြေများအား လူမှုအသိုင်းအဝိုင်းမှ ချန်လှပ်ထားရခြင်း၏ နောက်ထပ် ကျယ်ပြန့်သည့် အကြောင်းရင်းမှာ မြေမြှုပ်မိုင်း ပြဿနာဖြစ်သည်။ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် အထူးသဖြင့် ထိုင်းနယ်စပ်အနီးရှိ ၅၆ မြို့နယ်တွင်နေထိုင်သည့် လူဦးရေ အနည်းဆုံး ငါးသန်းခန့်မှာ မိုင်းကြောင့် ထိခိုက်မှုများရှိကြောင်း သိရပါသည်။ [ref]Geneva Call. မြန်မာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှု အပေါ် မြေမြှုပ်မိုင်းများ၏ သက်ရောက်မှု၊ ၂၀၁၁ ခုနှစ်၊ စာမျက်နှာ ၉ မိုင်းကင်းလွတ်ရာ မြန်မာ။ ရန်ကုန်မြို့ တွင် ထုတ်ဝေသော၊ မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းထိန်းချုပ်ရေး အစီရင်ခံစာ၊ နိုဝင်ဘာ ၂၂၊ ၂၀၁၅ ခုနှစ်။ http://burmamineban.demilitarization.net/?p=659[/ref] နိုင်ငံတကာ အဖွဲ့အစည်းများက အဆိုပါ မရှင်းလင်းရသေးသည့် ဒေသများသို့ ကန့်သတ် နည်းပညာပိုင်းဆိုင်ရာ စစ်တမ်းများ ကောက်ယူခဲ့သော်လည်း ယနေ့ အထိ မြေယာရှင်းလင်းရေးများ လုပ်ဆောင်မှု မရှိသေးပေ။[ref] မြေမြှုပ်မိုင်းနှင့် ခဲယမ်းမီးကျောက် ထိန်းချုပ် ရေး။ မြန်မာ မြေမြှုပ်မိုင်း ဆောင်ရွက်ချက်၊ နိုဝင်ဘာ ၃၊ ၂၀၁၅ ခုနှစ်။http://www.the-monitor.org/en-gb/reports/2015/myanmar_burma/mine-action.aspx[/ref]

မြေယာ အငြင်းပွားမှု ဖြေရှင်းခြင်း

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကာလအတွင်း၊ ယခင်နှင့် မကြာသေးမီက စစ်တပ်၊ အစိုးရနှင့် ၎င်းတို့၏ စီးပွားရေး မဟာမိတ်များက မြေယာ ရယူမှုများနှင့် ဆက်စပ်ပြီး မြေယာပဋိပက္ခများ မြင့်တက်လျက်ရှိသည် မှာ မျက်မြင်ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော လွှတ်တော်ကော်မတီ အနေဖြင့် ၂၀၁၅ ခုနှစ်၊  နိုဝင်ဘာလအထိ မြေယာအငြင်းပွားမှုများနှင့် ပတ်သက်သည့် တိုင်ကြားချက် ၁၇,၀၀၀ ခန့် ရရှိခဲ့ပါ သည်။47 ကရင်ပြည်နယ်၊ သံလွင်မြစ်ပေါ်ရှိ ဟတ်ကြီးရေလှောင်တမံ နှင့် စစ်ကိုင်းတိုင်းဒေသ ကြီးရှိ လက်ပတောင်း ကြေးနီသတ္တုတွင်း တို့ကဲ့သို့ အကြီးစားစီမံကိန်းများအပေါ် ပဋိပက္ခများသည် ဖြစ်ပွား နေဆဲဖြစ်ပါသည်။

၂၀၁၆ ခုနှစ်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်သည် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီနှင့်တကွ ပြည်နယ်နှင့်တိုင်း ကော်မတီများကိုလည်း ဖွဲ့စည်းခဲ့ပါသည်။48 ရည်ရွယ်ချက်မှာ မြေယာသိမ်းယူမှုများနှင့် အသိမ်းခံရမှုများ၏ အရှုပ်အရှင်းကို ဖြေရှင်းရန် ဖြစ်ပါသည်။ သို့ရာတွင် လုပ်ငန်းစဉ်သည် လက်တွေ့ဆောင်ရွက်ရန် ခက်ခဲပြီး တခါတရံ မူဝါဒနှင့် ကွဲလွဲနေပါသည်။49

လျင်မြန်စွာ တိုးတက်လာသော မြန်မာ့လူ့အဖွဲ့အစည်းသည် လုပ်ကွက်ငယ်တောင်သူများကို မြေယာကိစ္စများအား ရုံးတော်သို့ ရောက်ရှိစေပါသည်။  50 သို့သော် အငြင်းပွားမှုဖြေရှင်းခြင်း၏ တရားစီရင်ရေးကြီးကြပ်မှုကို ဥပဒေအရ ကန့်သတ်ထားဆဲ ဖြစ်ပါသည်။ 51 လူထုစည်းရုံးလှုံ့ဆော်ရေးအဖွဲ့များက ပံ့ပိုးပေးသော ပုဂ္ဂလိက စေ့စပ်ညှိနှိုင်းခြင်းနှင့် နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုအတွက် အယူခံခြင်းများသည် တရားစီရင်ခြင်းထက် ပိုမိုထိရောက်ကြောင်း တွေ့ရှိရပါသည်။ တောင်သူများအတွက် ဥပဒေရေးရာပညာပေးခြင်းနှင့် အောက်ခြေလှုပ်ရှားမှု တည်ဆောက်ခြင်းတို့တွင်လည်း စိတ်ပါဝင်စားမှု တိုးတက်လာပါသည်။ မြေယာလွှဲပြောင်းခြင်းနှင့် အငြင်းပွားမှုများကို အရှိန်မြှင့်ပေးသော ပြောင်းလဲမှုအင်အားများသည်လည်း လူမှုရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

မတ် ၂၁၊ ၂၀၁၉ ခုနှစ် တွင် နောက်ဆုံးပြင်ဆင်ထားပါသည်။

References

  • 1. စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၊ မြန်မာကို ရုတ်တရက် ကြည့်ခြင်း။ ဧပြီ၊ ၂၀၁၆ ခုနှစ်။

    http://www.fao.org/myanmar/fao-in-myanmar/myanmar/en/

  • 2. M.L. Ingalls. ၂၀၁၉ ခုနှစ်။ State of Land in the Mekong Region. မတ် ၂၁၊ ၂၀၁၉ ခုနှစ်။
  • 3. ကမ္ဘာ့ဘဏ် World Development Indicators. ဧပြီ၊ ၂၀၁၆ ခုနှစ်။
  • 4. N Scurrah, P Hirsch and K Woods. မြန်မာနိုင်ငံတွင် မြေယာအုပ်ချုပ်မှု၏ နိုင်ငံရေးဆိုင်ရာ စီးပွားရေး၊ ၂၀၁၅ ခုနှစ်၊ စာမျက်နှာ ၄၊ ၇။ မဲခေါင်ဒေသတွင်း မြေယာအုပ်ချုပ်မှု။
  • 5. ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်), အပိုဒ် ၃၇။
  • 6. M.L. Ingalls. ၂၀၁၉ ခုနှစ်။ State of Land in the Mekong Region. မတ် ၂၁၊ ၂၀၁၉ ခုနှစ်။
  • 7. M Peel. “​မြေယာ အလုအယက် ရယူခြင်း၊ မြန်မာ၊ မြေယာသိမ်းခံရသူများ။ မတ် ၂၁၊ ၂၀၁၉ ခုနှစ်။ https://ig.ft.com/sites/land-rush-investment/myanmar/
  • 8. H Nixon, C Joelene, ကြည်ပြာချစ်စော၊ သက်အောင်လင်း and M Arnold. မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၊ ၂၀၁၃ ခုနှစ်၊ မြန်မာဖွံ့ဖြိုးမှုသုတေသန အဖွဲ့ အစည်း၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှု ဗဟိုဌာနနှင့် အာရှ​ဖောင်ဒေးရှင်း။
  • 9. M.L. Ingalls. ၂၀၁၉ ခုနှစ်။ State of Land in the Mekong Region. မတ် ၂၁၊ ၂၀၁၉ ခုနှစ်။[/refတိုင်းရင်းသား လူနည်းစုဒေသများတွင် ဒေသဆိုင်ရာ အစိုးရများနှင့် စစ်တပ်အရာရှိများသည် မြေယာမူဝါဒများအပေါ် သိသိသာသာ ဩဇာလွှမ်းမိုးမှုများရှိရာ ဥပမာအားဖြင့် ကရင် အမျိုးသား အစည်းအရုံး သည် ပြည်ထောင်စု အစိုးရက အသိအမှတ်ပြုထားခြင်း မရှိသော်လည်း ၎င်း၏ ကိုယ်ပိုင် မြေယာအသုံးပြု ခြင်းဆိုင်ရာ မူဝါဒနှင့် မှတ်ပုံတင်ခြင်း လုပ်ထုံးလုပ်နည်းများကို ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး ၂၀၁၆ ခုနှစ်၌ မွမ်းမံပြင်ဆင်ခဲ့သည်။ 52Karen National Union Land Policy. ဒီဇင်ဘာ၊ ၂၀၁၅ ခုနှစ်။
  • 10. M.L. Ingalls. ၂၀၁၉ ခုနှစ်။ State of Land in the Mekong Region. မတ် ၂၁၊ ၂၀၁၉ ခုနှစ်။
  • 11. A Wells-Dang, K Nyi Soe, L Inthakoun, P Tola, P Socheat, TTV Nguyen, A Chabada and W Youttananukorn. “မဲခေါင်ဒေသတွင်း ပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှုဆန်းစစ်ခြင်း၏ နိုင်ငံရေးဆိုင်ရာ စီးပွားရေးတစ်ရပ်” ရေအစားထိုး ၉:၁ (၂၀၁၆ ခုနှစ်) စာမျက်နှာ ၃၇၊ ၃၉။
  • 12. D Aguirre. “မြေယာပြုပြင်ပြောင်းလဲရေးအတွက် အခြေခံကောင်း” Frontier Myanmar, ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆ ခုနှစ်။ http://frontiermyanmar.net/en/sound-basis-land-reform
  • 13. R Obendorf. “မကြာမီက ပြဋ္ဌာန်းထားသော လယ်ယာမြေဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေအပေါ် ဥပဒေဆိုင်ရာ သုံးသပ်ချက် –  မြန်မာနိုင်ငံ၌ မြေယာစီမံခန့်ခွဲရေးနှင့် ပတ်သက်သော ဥပဒေနှင့် မူဝါဒရေးရာ မူဘောင်များကို တိုးတက်စေခြင်း”၂၀၁၂ ခုနှစ်။ စားနပ်ရိက္ခာဖူလုံရေးလုပ်ငန်းအဖွဲ့ – မြေယာမဏ္ဍိုင်အဖွဲ့ http://www.forest-trends.org/documents/files/doc_3274.pdf
  • 14. J Baver, B Jonveaux, R Ju, K Kitamura, P Sharma, L Wade and S Yasui. မြန်မာ့ကျေးလက်ဒေသတွင် ခိုင်မာသော အသက်မွေးမှုနှင့် မြေယာလုပ်ပိုင်ခွင့်၊ ၂၀၁၃ ခုနှစ်၊ စာမျက်နှာ၇၅-၇၇။ https://sipa.columbia.edu/sites/default/files/UN-HABITAT%20Final%20Report_17May2013.pdf 
  • 15. မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈ ခုနှစ်) http://www.burmalibrary.org/docs25/2018-09-11-VFV-amendment-en.pdf 
  • 16. Ibid.
  • 17. မြန်မာအစိုးရ၏ ဖိနှိပ်ထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ တိုးတက်စေရန် မကြာသေးမီက အဆိုပြုလွှာများ ခေါ်ယူခြင်းနှင့် ပတ်သက်၍ LIFT သို့ အိတ်ဖွင့်ပေးစာ https://lioh.org/wp-content/uploads/2018/12/LIOH_MATA_Open_letter_to_LIFT.pdf.
  • 18. အသက်မွေးမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေအဖွဲ့၊ မြေယာ၊ ဧပြီ၊ ၂၀၁၆ ခုနှစ်။ http://www.lift-fund.org/land
  • 19. ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသား မြေယာအသုံးချမှု မူဝါဒ၊ ၂၀၁၆ ခုနှစ် (အထူးသဖြင့် အခန်း ၁ ရည်ရွယ်ချက်များနှင့် အခန်း ၃ အခြေခံမူများ)
  • 20. တိုင်းရင်းသားလူထု ဖွံ့ဖြိုးရေးညီလာခံ၊ ဧပြီ ၂၀၁၆ခုနှစ်။ View in Datahub.
  • 21. D Aguirre. “မြေယာ ပြုပြင်ပြောင်းလဲ ရေးအတွက် အခြေခံကောင်း” Frontier Myanmar,  ၁၉ ဖေဖော်ဝါရီ၊ ၂၀၁၆ ခုနှစ်။ http://frontiermyanmar.net/en/sound-basis-land-reform[/ref]

    မြေယာပြဿနာများအပါအဝင် အမျိုးသား မြေယာအသုံးချမှု မူဝါဒအပေါ် တိုင်ပင်ဆွေးနွေးမှုလုပ်ငန်းစဉ်က မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုလုပ်ရန် ခွင့်ပြုသည့် နေရာလပ်များ ပိုမိုကျယ်ပြန့်လာခြင်းအဖြစ် ထင်ဟပ်လာခဲ့သည်။ အရပ်ဖက် လူ့အဖွဲ့အစည်းလှုပ်ရှားမှုများသည် ဤနေရာလပ်များကို မြေယာအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအပေါ်  စည်းရုံးလှုံ့ဆော်ရေးအတွက် အသုံးပြုကြပါသည်။ တောင်သူလယ်သမား အသင်းအဖွဲ့များနှင့် အခြားအောက်ခြေ အဖွဲ့အစည်းများသည် တိုင်းပြည်၏ဒေသ အသီးသီးတွင် ပေါ်ပေါက်ခဲ့ပါသည်။ 53N Scurrah, P Hirsch and K Woods. မြန်မာနိုင်ငံ မြေယာအုပ်ချုပ်မှု၏ နိုင်ငံရေးဆိုင်ရာ စီးပွားရေး၊ ၂၀၁၅ ခုနှစ်၊ စာမျက်နှာ ၂၂။ မဲခေါင်ဒေသတွင်း မြေယာအုပ်ချုပ်မှု။

  • 22. Erasmus University Rotterdam, Institute of Social Studies. မြေယာမဏ္ဍိုင်အဖွဲ့— မြန်မာ။ ဧပြီ၊ ၂၀၁၆ ခုနှစ်။ http://www.iss.nl/research/research_programmes/political_economy_of_resources_environment_and_population_per/networks/mosaic/partners_profiles/land_core_group_myanmar/
  • 23. အသက်မွေးမှုနှင့် စားနပ်ရိက္ခာဖူလုံမှု ရန်ပုံငွေအဖွဲ့၊ မြေယာ၊ ဧပြီ၊ ၂၀၁၆ ခုနှစ်။ http://www.lift-fund.org/land
  • 24. N Scurrah, P Hirsch and K Woods. မြန်မာနိုင်ငံ မြေယာအုပ်ချုပ်မှု၏ နိုင်ငံရေးဆိုင်ရာ စီးပွားရေး၊ ၂၀၁၅ ခုနှစ်၊ စာမျက်နှာ ၁၅။ မဲခေါင်ဒေသတွင်း မြေယာအုပ်ချုပ်မှု။
  • 25. M Boutry, C Allaverdian, M Mellac, စံသိန်းနှင့် တင်မျိုးဝင်း။ မြန်မာနိုင်ငံရှိ မြေနိမ့်ကျေးလက်ဒေသများတွင် မြေယာ လုပ်ပိုင်ခွင့် – Land tenure in rural lowland Myanmar: မြန်မာနိုင်ငံတွင် ပြည့်စုံသောမူဝါဒဆိုင်ရာ တွေ့ဆုံ ဆွေးနွေးရေး၌ ပါဝင်ရန်  ကျေးလက်ကိစ္စများကို နားလည်ခြင်း (အစီရင်ခံစာမူကြမ်း၊ GRET)၊ ၂၀၁၅ ခုနှစ်၊ စာမျက်နှာ ၁၄၃-၁၄၄
  • 26. J Baver, B Jonveaux, R Ju, K Kitamura, P Sharma, L Wade and S Yasui. မြန်မာ့ကျေးလက်ဒေသတွင် ခိုင်မာသော အသက်မွေးမှုနှင့် မြေယာလုပ်ပိုင်ခွင့်၊ ၂၀၁၃ ခုနှစ်၊ စာမျက်နှာ ၁၆။ https://sipa.columbia.edu/sites/default/files/UN-HABITAT%20Final%20Report_17May2013.pdf
  • 27. N Scurrah, P Hirsch and K Woods. မြန်မာနိုင်ငံတွင် မြေယာအုပ်ချုပ်မှု၏ နိုင်ငံရေးဆိုင်ရာ စီးပွားရေး၊ ၂၀၁၅ ခုနှစ်၊ စာမျက်နှာ ၁၆။ မဲခေါင်ဒေသတွင်း မြေယာအုပ်ချုပ်မှု။
  • 28. M.L. Ingalls. ၂၀၁၉ ခုနှစ်။ State of Land in the Mekong Region. မတ် ၂၁၊ ၂၀၁၉ ခုနှစ်။
  • 29. Ibid.
  • 30. M.L. Ingalls. ၂၀၁၉ ခုနှစ်။ State of Land in the Mekong Region. မတ် ၂၁၊ ၂၀၁၉ ခုနှစ်။
  • 31. အမျိုးသား မြေယာအသုံးချမှု မူဝါဒ၊ စာပိုဒ် ၆၄။
  • 32. အမျိုးသား မြေယာအသုံးချမှု မူဝါဒ၊ စာပိုဒ် ၁၆ (င)၊ ၁၇ (ခ)
  • 33. FAO. Land tenure: Open tenure App. http://www.fao.org/fileadmin/user_upload/nr/land_tenure/OPEN_TENURE.pdf
  • 34. USAID. ဗမာ အမျိုးသား မြေယာအသုံးချမှု မူဝါဒ မူကြမ်းအတွက် ပြည်သူလူထု နှင့် တိုင်ပင်ဆွေးနွေးခြင်း၊ နိုဝင်ဘာ ၁၇၊ ၂၀၁၄ ခုနှစ်။ ဧပြီ ၂၀၁၆ ခုနှစ်။ http://www.usaidlandtenure.net/commentary/2014/11/burma-draft-national-land-use-policy-public-consultations
  • 35. Bern တက္ကသိုလ်၏ ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင် စင်တာ၊ “OneMap Myanmar: New CDE project launched”, ဇူလိုင် ၈၊ ၂၀၁၅ ခုနှစ်။ https://cdeweb4.unibe.ch/Pages/News/149/OneMap-Myanmar-New-CDE-project-launched.aspx
  • 36. M.L. Ingalls. ၂၀၁၉ ခုနှစ်။ State of Land in the Mekong Region. မတ် ၂၁၊ ၂၀၁၉ ခုနှစ်။
  • 37. J Baver, B Jonveaux, R Ju, K Kitamura, P Sharma, L Wade and S Yasui. မြန်မာနိုင်ငံ ကျေးလက်ဒေသတွင် အသက်မွေးမှုနှင့် မြေယာလုပ်ပိုင်ခွင့် ခိုင်မာစေခြင်း၊ ၂၀၁၃ ခုနှစ်၊ စာမျက်နှာ ၁၆။ https://sipa.columbia.edu/sites/default/files/UN-HABITAT%20Final%20Report_17May2013.pdf
  • 38. မြေယာသိမ်းမှု အက်ဥပဒေ (၁၈၉၄ ခုနှစ်)၊ အခန်း ၂.၄ (၁)။
  • 39. S Srinivas and ဦးစောလှိုင်။ မြေယာလုပ်ပိုင်ခွင့် ပြဿနာများ၊ ၄၃။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ရရှိသော မြေယာမဏ္ဍိုင်အဖွဲ့၏ အချက်အလက်။ ၂၀၁၀ ခုနှစ် မှ ၂၀၁၃ ခုနှစ်အတွင်း ပေးအပ်ခဲ့သော မြေယာလုပ်ပိုင်ခွင့်များ၏ သုံးပုံ နှစ်ပုံမှာ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဖြစ်ပါသည်။
  • 40. ၎င်းတို့မှာ သီလဝါ (ရန်ကုန်အနီး)၊ ထားဝယ် (တနင်္သာရီတိုင်းဒေသကြီးအတွင်း)နှင့် ကျောက်ဖြူ (ရခိုင်ပြည်နယ်)တို့ ဖြစ်ပါသည်။
  • 41. မြတ်ငြိမ်းအေး၊ Myat Nyein Aye. “အထူးစီးပွားရေးဇုန်များကို NLD မှ စိစစ်ရန်”၊ မြန်မာတိုင်းမ်၊ မတ် ၁၊ ၂၀၁၆ ခုနှစ်။http://www.mmtimes.com/index.php/business/19240-nld-to-scrutinise-special-economic-zones.html
  • 42. N Scurrah, P Hirsch and K Woods. မြန်မာနိုင်ငံတွင် မြေယာအုပ်ချုပ်မှု၏ နိုင်ငံရေးဆိုင်ရာ စီးပွားရေး၊ ၂၀၁၅ ခုနှစ်၊ စာမျက်နှာ ၈။ မဲခေါင်ဒေသတွင်း မြေယာအုပ်ချုပ်မှု။
  • 43. K Woods. မြန်မာနိုင်ငံတွင်ကုန်သွယ် စိုက်ပျိုးရေးချဲ့ထွင်မှု – သစ်တောပြုန်းတီးခြင်း၊ သစ်အဖြစ် ပြောင်းလဲခြင်းနှင့် မြေယာပဋိပက္ခများ၊ ၂၀၁၅ ခုနှစ်၊ စာမျက်နှာ vi, xi. View in Datahub.
  • 44. J Buchanan, T Kramer and K Woods. ကွာဟမှုကို ဖော်ထုတ်ခြင်း –  ဗမာ့နယ်စပ်ဒေသ များတွင် ဒေသဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု။ ၂၀၁၅ ခုနှစ်။ Transnational Institute and Burma Centre Netherlands. https://www.tni.org/files/download/tni-2013-burmasborderlands-def-klein-def.pdf
  • 45. M.L. Ingalls. 2019. State of Land in the Mekong Region. မတ် ၂၁၊ ၂၀၁၉ ခုနှစ်။
  • 46. D Aguirre. “မြေယာပြုပြင်ပြောင်းလဲရေးအတွက် အခြေခံကောင်း.” Frontier Myanmar, ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆ ခုနှစ်။ http://frontiermyanmar.net/en/sound-basis-land-reform
  • 47. M Peel. “မြေယာ အလု အယက် ရယူခြင်း၊ မြန်မာ၊ မြေယာသိမ်းခံရသူများ” Financial Times Investigations၊ မတ် ၁၊ ၂၀၁၆ ခုနှစ်။ https://ig.ft.com/sites/land-rush-investment/myanmar/[/ref] မြေယာပြဿနာများကို ပိုမိုမြင်လာရခြင်းသည် မီဒီယာဆင်ဆာဖြတ်တောက်ခြင်း၏ နိုင်ငံရေးလွတ်လပ်မှုနှင့် ဖြေလျော့မှုကို သာမက အထူးသဖြင့် ကုန်းမြင့်များနှင့်နယ်စပ်ဒေသများတွင် စီးပွားရေးနှင့် နိုင်ငံရေး၌ ရှိပြီးသား အကျိုးစီးပွားများ၏ ကြာရှည်တည်ရှိမှုကို ရောင်ပြန် ဟပ်စေပါသည်။ 54N Scurrah, P Hirsch and K Woods. မြန်မာ နိုင်ငံတွင် မြေယာအုပ်ချုပ်မှု၏ နိုင်ငံရေးဆိုင်ရာ စီးပွားရေး၊ ၂၀၁၅ ခုနှစ်၊ စာမျက်နှာ ၁၈။ မဲခေါင်ဒေသတွင်း မြေယာအုပ်ချုပ်မှု။
  • 48. ဧရာဝတီ၊ “မြေယာအငြင်းပွားမှုများအတွက် အဖွဲ့အစည်းအသစ်များ၊ အမြန်ဖြေရှင်းရမည့် ကိစ္စ ရပ်များ”၊ မေ ၉၊ ၂၀၁၆ခုနှစ်။http://www.irrawaddy.com/burma/new-bodies-formed-on-land-disputes-other-pressing-matters.html
  • 49. M.L. Ingalls. ၂၀၁၉ ခုနှစ်။ State of Land in the Mekong Region. မတ် ၂၁၊ ၂၀၁၉ ခုနှစ်။
  • 50. J Baver, B Jonveaux, R Ju, K Kitamura, P Sharma, L Wade and S Yasui. မြန်မာနိုင်ငံ၊ ကျေးလက်ဒေသတွင် အသက်မွေးမှုနှင့် မြေယာလုပ်ပိုင်ခွင့်ကို ခိုင်မာ စေခြင်း၊ ၂၀၁၃ ခုနှစ်၊ စာမျက်နှာ ၈၉။https://sipa.columbia.edu/sites/default/files/UN-HABITAT%20Final%20Report_17May2013.pdf
  • 51. Partner Asia. မြန်မာနိုင်ငံရှိ မြေယာ နှင့် ဥပဒေ။ ဧပြီ၊ ၂၀၁၆ ခုနှစ်။ View in Datahub.
Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

NcnVd
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!