ဝန်ကြီးဟောင်း နှစ်ပါး၊ လျှို့ဝှက်အေဂျင်စီနှင့် ဒေါ်လာသန်းချီတန် မြုပ်ကွက်များ

ဒေါ်လာသန်းပေါင်းများစွာတန်သော မြေကွက်များကို သိမ်းယူထားပြီး လူသိနည်းလှသည့် အစိုးရ အေဂျင်စီတစ်ခုအကြောင်း ဖော်ထုတ်ရန် လွှတ်တော်အမတ်အချို့နှင့် တိရစ္ဆာန် ဆေးကု ဆရာဝန်အချို့က ကြိုးပမ်းနေကြသည်။

ဂျိုက်ကာ (JICA) ခေါ် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီကိုတော့ လူတိုင်း ကြားဖူးကြမည်။ သို့သော် မိုက်ကာ (MICA) ခေါ် မြန်မာနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီကိုတော့ ကြားဖူးကြမည် မထင်ပေ။

ကမ႓ာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် မြန်မာနိုင်ငံက နိုင်ငံရပ်ခြား အကူအညီပေးရေး လုပ်ငန်းနှင့် မည်သို့မျှ သက်ဆိုင်ဖွယ် မရှိပါ။ ဂျိုက်ကာနှင့် မိုက်ကာတို့မှာ နာမည်ချင်း ဆင်သော်လည်း လုပ်ငန်းသဘာဝချင်း ခြားနားလှပေတော့သည်။

မိုက်ကာအကြောင်း သင်မကြားဖူး၊ မသိဖူးသည်မှာ မဆန်းပေ။ မိုက်ကာတွင် ဝက်ဘ်ဆိုက်လည်း မရှိပေ။ ဖေ့စ်ဘွတ်ခ်စာမျက်နှာပင် မရှိချေ။ နိုင်ငံပိုင် သတင်းမီဒီယာများတွင်လည်း တစ်ခါမျှ မဖော်ပြ မပါရှိဖူးသလောက်ပင် ဖြစ်သည်။ ၂၀၁၂ ခုနှစ်ကတော့ ဘလော့ဂ် blogspot တစ်ခု တင်ခဲ့ဖူးသည်။ ထိုနှစ်တွင် တင်ထားခဲ့သောပို့စ် post တွင် Myanmar International Cooperation Agency (MICA) ကို ၂၀၁၂ ခုနှစ်၊ သြဂုတ် ၇ ရက်တွင် တည်ထောင်ခဲ့သည်ဟုသာ ဖော်ပြထားသည်။

လက်ရှိအစိုးရအဖွဲ့အတွင်းမှာလည်း ဤအကြောင်းကို သိရှိသူ အနည်းငယ်သာ ရှိပုံရသည်။ ယင်းအေဂျင်စီအကြောင်း လွှတ်တော်တွင် ဖြေကြားရန် ဝန်ကြီးဌာနသစ်ဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် နှစ်ပတ်အချိန်ယူခဲ့ရသည်။ မိုက်ကာရုံးကို ကမာရွတ်မြို့နယ်၊ ဥယျာဉ်လမ်းတွင် ထားရှိပြီး ဝန်ကြီးဌာနမှ ဝန်ထမ်း ၇ ဦးကို လွှဲပြောင်းတာဝန်ပေးထားကြောင်း ဖြေကြားခဲ့သည်။

မိုက်ကာမှာ ဘာတွေရှိသနည်း။ မြေကွက်တွေရှိသည်။ မြေကွက်တွေ အများကြီး ရှိသည်။ မိုက်ကာကို ယခင်အစိုးရ လက်ထက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ယခု အစိုးရသစ်လက်ထက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပိုင် လယ်မြေများ၊ ငါးကန်များ၊ စက်ရုံများ ပါဝင်ပြီး နိုင်ငံပိုင်ခြံမြေနှင့် စက်ရုံဝင်း ၆၆ ခုထက်မနည်း ငှားရမ်းထားသည်။ ယင်းတို့၏ တန်ဖိုးကို အစိုးရက ထုတ်ဖော်မပြောသော်လည်း ဒေါ်လာသန်း ရာနှင့်ချီပြီး ရှိသည်။ ၂၀ ခန့်မှာ ရန်ကုန်တွင်ရှိပြီး ကြီးမားကျယ်ဝန်းသော ခြံမြေကြီးများ ဖြစ်ကြသည်။

Keep reading