သစ်တောများ နှင့် သစ်တောရေးရာ
သစ်တောမူဝါဒ နှင့် အုပ်ချုပ်ရေး
မြန်မာနိုင်ငံရှိဒီရေတောနယ်မြေများအပေါ် စီမံခန့်ခွဲမှုနှင့်ကာဗွန်စီးပွားရေး

မြန်မာနိုင်ငံသည်သစ်တော အမျိုးအစားပေါင်းမြောက်များစွာရှိပြီး ဇီဝမျိုးစုံမျိုးကွဲများစွာတို့နှင့်အတူ သဘာဝသယံဇာတများ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံတစ်ဝှမ်းလုံးရှိ မြေဧရိယာ၏ ၄၂.၉၂% ခန့်သည် သစ်တောများဖြင့် ဖုံးလွှမ်းလျှက်ရှိပြီး ၎င်းသည် ဟက်တာအားဖြင့် ၂၉ သန်းနှင့် ညီမျှသည်။1 မြန်မာနိုင်ငံတွင် အဓိကတွေ့ရှိရသော သစ်တောအမျိုးအစားပေါင်း ခုနစ်မျိုးရှိသည်။ ဒီရေတောများသည် ကမ်းရိုးတန်းတစ်လျှောက်ရှိ သယံဇာတအမျိုးမျိုးကို ပိုင်ဆိုင်လျှက်ရှိပြီး မြန်မာနိုင်ငံရှိ သစ်တောများ၏ (၁) ရာခိုင်နှုန်းခန့်သည် ဒီရေတောများဖြစ်ကြသည်။2 မြန်မာနိုင်ငံရှိ ဒီရေတောများသည် ကမ္ဘာ့ဒီရေတောများတွင်၄% ပါရှိပြီး အရှေ့တောင်အာရှရှိ ဒီရေတောများတွင်၈.၈% ပါဝင်ပါသည်။3မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဒီရေတောအပေါများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံတစ်ဝှမ်းတွင် ဒီရေတောမျိုးစိတ်ပေါင်း (၄၄) မျိုးရှိသည်။4 အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ရှိ ...
မြန်မာ့သစ်တောမူဝါဒနှင့် စီမံအုပ်ချုပ်မှု

အရေးပါသောဥပဒေများ ၊ စည်းမျဉ်းစည်းကမ်းများနှင့်မူဝါဒများ ၁၉၉၂ မြန်မာနိုင်ငံသစ်တောဥပဒေ (၂၀၁၈ ပြင်ဆင်ချက်) – ဒေသခံပြည်သူအစုအဖွဲ့နှင့် အစိုးရဌာနများ အကြား သစ်တောစီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ဝတ္တရားသတ်မှတ်ခွဲဝေမှုများ ပါဝင်ပါသည်။ ၁၉၉၄ တောရိုင်းတိရစ္ဆာန်များ ၊သဘာဝအပင်များနှင့်သဘာဝနယ်မြေများ ကာကွယ်ရေး နှင့် ထိန်းသိမ်းရေးဥပဒေ ၁၉၉၅ သစ်တောနည်းဥပဒေများ (၂၀၁၉ ဖြည့်စွက်ပြင်ဆင်ချက်) ၁၉၉၅ မြန်မာ့သစ်တောမူဝါဒများ ၁၉၉၅ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများဆိုင်ရာညွှန်ကြားချက်များ (၂၀၁၆ နှင့် ၂၀၁၉ ပြင်ဆင်ချက်များ) ၂၀၁၂ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၈ ပြင်ဆင်ချက်) ၂၀၁၂ မြေလွတ် ၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ (၂၀၁၈ ပြင်ဆင်ချက်) ၂၀၁၄ ပြည်ပသို့သစ်အလုံးလိုက်တင်ပို့မှုများကိုနိုင်ငံအနှံ့တားမြစ်ပိတ်ပင်မှု ၂၀၁၆ ပဲခူးရိုးမဒေသတွင်သစ်ထုတ်လုပ်မှုများကို ၁၀ နှစ်ကြာတားမြစ်ပိတ်ပင်ခြင်း ၂၀၁၈ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ...