မြန်မာနိုင်ငံရှိဒီရေတောနယ်​မြေများအပေါ် စီမံခန့်ခွဲမှုနှင့်ကာဗွန်စီးပွားရေး

မြန်မာနိုင်ငံသည်သစ်တော အမျိုးအစားပေါင်းမြောက်များစွာရှိပြီး ဇီဝမျိုးစုံမျိုးကွဲများစွာတို့နှင့်အတူ သဘာဝသယံဇာတများ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံတစ်ဝှမ်းလုံးရှိ မြေဧရိယာ၏ ၄၂.၉၂% ခန့်သည် သစ်တောများဖြင့် ဖုံးလွှမ်းလျှက်ရှိပြီး ၎င်းသည် ဟက်တာအားဖြင့် ၂၉ သန်းနှင့် ညီမျှသည်။1 မြန်မာနိုင်ငံတွင် အဓိကတွေ့ရှိရသော သစ်တောအမျိုးအစားပေါင်း ခုနစ်မျိုးရှိသည်။ ဒီရေတောများသည် ကမ်းရိုးတန်းတစ်လျှောက်ရှိ သယံဇာတအမျိုးမျိုးကို ပိုင်ဆိုင်လျှက်ရှိပြီး မြန်မာနိုင်ငံရှိ သစ်တောများ၏ (၁) ရာခိုင်နှုန်းခန့်သည် ဒီရေတောများဖြစ်ကြသည်။2

မြန်မာနိုင်ငံရှိ ဒီရေတောများသည် ကမ္ဘာ့ဒီရေတောများတွင်၄% ပါရှိပြီး အရှေ့တောင်အာရှရှိ ဒီရေတောများတွင်၈.၈% ပါဝင်ပါသည်။3မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဒီရေတောအပေါများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံတစ်ဝှမ်းတွင် ဒီရေတောမျိုးစိတ်ပေါင်း (၄၄) မျိုးရှိသည်။4 အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ရှိ ဒီရေတောများပြီးလျှင် မြန်မာနိုင်ငံသည် အာရှတိုက်တွင် ဒီရေတော အများဆုံးရှိပြီး ၎င်း၏ ကမ်းရိုးတန်း(၂၈၃၂ )ကီလိုမီတာ တစ်လျှောက်တွင် ဟက်တာအားဖြင့် (၅၀၀,၀၀၀) ခန့် ရှိသည်။မြန်မာနိုင်ငံတွင် ဒီရေတောများကို ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် တွေ့ရှိနိုင်သည်။ယင်းတို့အနက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ဒီရေတောအကျယ်အဝန်း အများဆုံးဖြစ်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ဒီရေတောမျိုးစိတ်ပေါင်း (၂၈)မျိုးတွေ့ရှိရသည်။5 မြန်မာနိုင်ငံ၏ ကျယ်ပြန့်လှသော လတ္တီကျု အကွာအဝေး နှင့် ကွဲပြားခြားနားသော ဂေဟဗေဒစနစ်တို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် “စစ်မှန်သော”ဒီရေတောမျိုးစိတ်ပေါင်း(၇၅) မျိုးရှိသည့်အနက် (၃၄)မျိုးသည်ရှင်သန်လျက်ရှိပြီး အာရှတွင် အင်ဒိုနီးရှားပြီးလျှင် ဒုတိယအဆင့်ရပ်တည် လျှက်ရှိသည်။

မြန်မာ့ဒီရေတောများသည် ကမ္ဘာတစ်ဝှမ်းလုံးနှင့်ဒေသတွင်း မျိုးသုဉ်းလုနီးပါးမျိုးစိတ် နှင့် တခြားသော တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်ရာဖြစ်ပြီး ဒေသတွင်းစီးပွားရေးတို့အတွက် အထောက်အပံ့ဖြစ်စေသည့် အပြင် ၎င်းသည် ကာဗွန် သိုလှောင်ခြင်း အပါအဝင် လူ၊ သဘာဝတရားနှင့် စီးပွားရေးလုပ်ငန်းများကို မုန်တိုင်းနှင့် ကမ်းရိုးတန်းရေတိုက်စားမှုများမဖြစ်အောင် ဟန့်တားပေးခြင်းဖြင့် ကာကွယ်ပေးထားသည်။ ထို့အပြင် ၎င်းတို့သည် ကမ်းရိုးတန်းနှင့် ပင်လယ်ရေနေသတ္တဝါ များအတွက် နေထိုင်ကျက်စားရာနေရာများလည်း ပေးထားသည့်အပြင် ကမ်းရိုးတန်းဒေသနေ ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုပါ ပံ့ပိုးပေးထားသည်။   ဝမ်းနည်းစရာကောင်းသည်မှာ အဆိုပါသစ်တောများသည် ပြုန်းတီးမှုကြီးကြီးမားမားနှင့်ကြုံတွေ့ရလေ့ရှိ သည်။

မြန်မာနိုင်ငံရှိ ဒီရေတောများသည် အလွန်ပင် အစိတ်စိတ်အမွှာမွှာ ကွဲပြားလျှက်ရှိပြီး လူနှင့် သဘာဝ အကြောင်းတရားများ၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသောကြောင့် သစ်တောပြုန်းတီးမှုနှင့် သစ်တောများ လျင်မြန်စွာပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။ UNDP Nature ၏  ခန့်မှန်းချက်များအရ “မြန်မာနိုင်ငံသည် ဒီရေတောများ သိသိသာသာ ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရကြောင်း ၎င်းသည် တစ်ကမ္ဘာလုံးတွင် အမြင့်ဆုံးနှုန်းထားများထဲမှ တစ်ခုအဖြစ် ရင်ဆိုင်နေရကြောင်း” ညွှန်းဆိုထောက်ပြထားသည်။ 6  ၎င်းဒီရေတောမျိုးစိတ်များသည် ၁၉၈၁ ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ ၃၇ နှစ် အတွင်း အဆင့် ၄၅ မှ ၃၀ အထိ လျော့ကျခဲ့သည်။7 ဒီရေတောဂေဟစနစ်များအနက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုနှုန်းအမြင့်ဆုံးဒေသတစ်ခုအဖြစ် လူသိများသည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသရှိ ဒီရေတော ၈၀ ရာခိုင်နှုန်း ပျက်စီးခဲ့သည်။8 ဒီရေတော ဂေဟစနစ် ဆုံးရှုံးခြင်းသည် မျိုးသုဉ်းလုနီးပါး တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်ကျက်စားမှုများ၊ ရပ်ရွာလူထု၏ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများနှင့် ဝင်ငွေရရှိမှု တို့ကိုခြိမ်းခြောက်လျှက်ရှိသည့်အပြင်  ပြင်းထန်သော ရာသီဥတုများ ၊ ရေတိုက်စားမှုများ နှင့် ကမ္ဘာကြီး ပူနွေးလာမှုတို့အား မဖြစ်စေရန် ကမ်းရိုးတန်းဒေသမှ ကာကွယ်ပေးထားသဖြင့်လည်း ၎င်းတို့ကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။

ဒီရေတောတည်နေရာများအပေါ်ခြုံငုံသုံးသပ်ချက်

ပုံ: မြန်မာနိုင်ငံရှိ ကမ်းရိုးတန်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ အထူးသဖြင့် (က) ဧရာဝတီ တိုင်းဒေသကြီး၊ (ခ) ရခိုင်ပြည်နယ်၊ (ဂ)၊ တနသာင်္ရီတိုင်းဒေသကြီး၊ (ဃ) ပဲခူးတိုင်းဒေသကြီး၊ (င) မွန်ပြည်နယ်၊ (စ) ရန်ကုန်တိုင်း ဒေသကြီးတစ်ခုစီရှိ ရွေးချယ်ထားသော နေရာများ အား လိမ္မော်ရောင်အမှတ်များဖြင့် ရွေးချယ်ပြသထားရာတွင်( ၁၉၉၆၊ ၂၀၀၇၊ ၂၀၁၆)ခုနှစ်အချိန်ကာလ(၃)ခုအတွင်း စုစုပေါင်း ဒီရေတောများ ပြောင်းလဲမှု။

Figure 2: Gross mangrove change over three time periods.

အရင်းအမြစ်-Jose Don T De Alban et al 2020 Environ. Res. Lett. 15 034034. License under the CC BY 3.0. 

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် အကျယ်ပြန့်ဆုံးဖြစ်သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်၊ တနင်္သာရီကမ်းရိုးတန်းနှင့် ရခိုင်ပြည်နယ်တို့အပါအဝင် ကမ်းရိုးတန်းဒေသတစ်လျှောက်တွင် ဒီရေတောများ အများအပြားဖြင့် ဖြန့်ကျက်တည်ရှိလျှက်ရှိသည်။

(က) ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ နယ်နိမိတ်ချင်းထိစပ်လျှက်ရှိသော ဧရာဝတီတိုင်းဒေသကြီးတွင် တည်ရှိပြီး တောင်ဘက်နှင့် အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် နယ်နိမိတ်ချင်းထိစပ်လျှက်ရှိသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံတွင် ကျယ်ပြောလှသော နုန်းတင်လွင်ပြင်များတည်ရှိသည့် အနိမ့်ဆုံးမြေပြန့် လွင်ပြင်ဖြစ်ပြီး မြစ်ချောင်းများနှင့် ပြည့်နှက်လျှက်ရှိသည်။ ၎င်းသည် အရှေ့တောင်အာရှရှိ အကျယ်ပြန့်ဆုံးမြစ်ဝကျွန်းပေါ်ဒေသစနစ်နှစ်ခုအနက်မှ တစ်ခုဖြစ်ပြီး ဟက်တာ ၂၇၀,၀၀၀ ကျော်ကျယ်ဝန်းသည်။.9ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ကုန်းမြေနှင့် ပင်လယ်တို့ ဆုံတွေ့သည့်နေရာများ၌ ဒီရေတောများ များပြားစွာ တည်ရှိလျှက်ရှိသည်။

အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ထင်ရှားသည့် ဒီရေတောများ ကျယ်ပြန့်စွာ ပါဝင်သော မြန်မာ့အကြီးဆုံးနှင့် ဇီဝမျိုးစုံမျိုးကွဲ ဒီရေတောများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် တစ်ချိန်က ကျယ်ပြောလှသော ဒီရေတောများ တည်ရှိရာ နေရာလည်းဖြစ်သည်။ သို့ရာတွင် ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် သစ်ခုတ်ခြင်းလုပ်ငန်းများသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ဒီရေတောများကို ယုတ်လျော့စေသည်။ ၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း ရှိဒေသကြီး  နှစ်ခုတွင် ဒီရေတော ဟက်တာ ၃၅၀၀၀ ခန့် ပျက်စီးခဲ့ရ သည်။.10 ဂြိုလ်တုဓာတ်ပုံ အပေါ်လေ့လာတွေ့ရှိချက် အရ မြစ်ဝကျွန်းပေါ်ဒေသသည် ၁၉၇၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ၁,၆၈၅ ကီလိုမီတာ (၆၅၁ မိုင်) ဆုံးရှုံးခဲ့သည်ဟု ခန့်မှန်းထားသည်။.11ထို့အပြင်၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း တည်ငြိမ်လျှက်ရှိသော ဒီရေတောဧရိယာသည် ၂၀၂၃ခုနှစ်FAO၏လေ့လာတွေ့ရှိချက်တွင်၁၆.၆ ဟက်တာ ဆုံးရှုံးကာ ၁၂.၅ ဟက်တာ တိုးလာကြောင်း တွေ့ရှိရသည်။12

(ခ) ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်သည် ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ထိစပ်လျှက်ရှိသော အနောက်ဘက်ကမ်းရိုးတန်းဒေသတွင် တည်ရှိပါသည်။ ရခိုင်ပြည်နယ်ရှိ ဒီရေတောများသည် ဟက်တာ ၁၅၄၂၀၀ (၃၈၁,၀၃၆ ဧက) ကျယ်ဝန်းပြီး ၃၅,၂၉၆ ဟက်တာ (၈၇,၂၁၉ ဧက) ကို  နိုင်ငံတော်အစိုးရက ပိုင်ဆိုင်ထားသည်။ 13  ယမန်နှစ်က ရန်ဘူးကျွန်းရှိ ဝမ်ဘိုင်းဧရိယာတွင် ၅၁ ဟက်တာ (၁၂၅ ဧက) စိုက်ပျိုးခဲ့သည်။ ရခိုင်ပြည်နယ်ရှိ ဒီရေတောများသည် ငါး၊ ပုစွန်စသည့် ပင်လယ်သတ္တဝါများအတွက် မရှိမဖြစ်လိုအပ်ပြီး ကမ်းရိုးတန်းတိုက်စားမှုကိုလည်း ကာကွယ်ပေးပါသည်။

ရေနက်ဆိပ်ကမ်းများ၊ ဓာတ်ငွေ့ပိုက်လိုင်းများ၊ အခြေခံအဆောက်အအုံများနှင့် ဟိုတယ်များ အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများသည် ရခိုင်ပြည်နယ်ရှိ ဒီရေတောများကို ခြိမ်းခြောက်လျှက်ရှိသည့်အပြင် ပုစွန်မွေးမြူရေးလုပ်ငန်းကိုလည်းထိခိုက်မှုရှိသည်။ ၂၀၀၂ ခုနှစ် လေ့လာတွေ့ရှိချက်အရ ၁၉၇၄ ခုနှစ်မှ ၁၉၉၅ ခုနှစ်အတွင်း ရခိုင်ကမ်းရိုးတန်း ဒီရေတောများ၏ ၃၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့သော်လည်း နောက်ဆုံးရ အချက်အလက် များကိုမူ ကန့်သတ်ထားသည်။14 ဆုံးရှုံးမှုများကြောင့် ၂၀၀၀ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အချိန်နှင့်အမျှ အကဲဖြတ်မှုအပေါ် အခြေခံ၍ အဝေးမှ အာရုံခံဒေတာဖြင့်တိုင်းတာရာတွင်  ဂေဟစနစ်၏ ၄၀ % ခန့်ကို ၂၀၂၅ ခုနှစ်တွင် လျှော့ချနိုင် ရှိသည်ဟုဖော်ပြထား သည်။15 သို့သော် ဒေတာ များ သည်လည်း ကန့်သတ်ချက်ရှိနေပြန်သည်။

(ဂ) တနင်္သာရီတိုင်း ဒေသကြီး

မြန်မာနိုင်ငံ၏ တောင်ပိုင်းတွင် တည်ရှိသော တနင်္သာရီတိုင်းဒေသကြီးသည် ၎င်း၏ ဒီရေတော ဂေဟစနစ်ကြောင့် လူသိများသော နောက်ထပ် ဒေသတစ်ခု ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးရှိဒီရေတောများသည် ဟက်တာ ၁၅၀,၀၀၀ ကျော်ရှိပြီး သက်တမ်းရင့်သော ဒီရေတောကြီးများ ပါဝင်သည်။16 တနင်္သာရီ ဒီရေတောများကို ဒေသခံလူထုများမှ ဒီရေတောအနီး သို့မဟုတ် ဒီရေတောအတွင်းတွင် နေထိုင်ကာ ထိန်းသိမ်းထားသောကြောင့်အချိန်ကြာလာသည်နှင့်အမျှ ခံနိုင်ရည်ရှိလာပြီဖြစ်သည်။ ကံမကောင်းစွာဖြင့် ၎င်းတို့သည် မကြာသေးမီက သစ်တောပြုန်းတီးမှုအချို့ကို ရင်ဆိုင်နေကြရသည်။ ၂၄၈.၄ ဟက်တာခန့်ကျယ်ဝန်းသည့် ဒီရေတောသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း တည်ငြိမ် လျှက်ရှိခဲ့ပြီးနောက်ပိုင်းတွင် ၆.၇ ဟက်တာ ဆုံးရှုံးခဲ့ရပြီး ၉.၁ ဟက်တာ တိုးလာခဲ့သည်။17ယင်းတို့၏ အဓိကအကြောင်းရင်းမှာ ဆီအုန်းစိုက်ပျိုးခြင်း၊ ငါးပုစွန်မွေးမြူခြင်းနှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်းတို့ ကဲ့သို့သော စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရခြင်းတို့ကြောင့် ဆုံးရှုံးရခြင်းဖြစ်ပါသည်။ 18 ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့နှင့် နှိုင်းယှဉ်ပါက တနင်္သာရီတိုင်းဒေသကြီးသည် သမိုင်းတစ်လျှောက် သစ်တောပြုန်းတီးမှု နည်းပါးကြောင်းတွေ့ခဲ့ရသည်။

(ဃ) ပဲခူးတိုင်း ဒေသကြီး

ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး မုတ္တမကွေ့ကမ်းရိုးတမ်းတစ်လျှောက် သို့မဟုတ် ကပ္ပလီပင်လယ်ပြင်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော မုတ္တမကွေ့ တို့ပါရှိသည်။  ပဲခူးတိုင်းဒေသကြီးသည် ပြည်နယ်နှင့်တိုင်းဒေသကြီးများစွာနှင့် နယ်နိမိတ်ချင်းထိစပ်လျှက်ရှိသည်။ ပဲခူးတိုင်းဒေသကြီး၌ ဒီရေတောများကို ကဝမြို့နယ်တွင် တွေ့ရှိနိုင်သည်။ ကဝသည် စစ်တောင်းမြစ်နှင့် ပဲခူးမြစ်အကြားတွင် တည်ရှိသည်။ သို့သော်လည်း ပဲခူးတိုင်းဒေသကြီးရှိ ဒီရေတောများကို လေ့လာရန်မူ ကန့်သတ်ထားသည်။

ပဲခူးတိုင်းဒေသကြီးရှိ ဒီရေတောများအတွက် အဓိကခြိမ်းခြောက်မှုများမှာ စပါးစိုက်ပျိုးမှုနယ်မြေအဖြစ်သို့ ပြောင်းလဲခြင်းနှင့် ရပ်ရွာမြေအသုံးချမှုဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် ကန့်သတ်ထားခြင်း တို့ဖြစ်သည်။

(င) မွန်ပြည်နယ်

မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏တောင်ဘက်ပိုင်းတွင် တည်ရှိ ပြီး၎င်း၏ ဒီရေတောများကို မွန်ပြည်နယ်ရှိ ပေါင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်တို့ရှိ   မုတ္တမကွေ့နှင့် ကပ္ပလီပင်လယ်ပြင် ကမ်းရိုးတန်း တစ်‌လျှောက်တို့တွင် တွေ့ရှိရသည်။

မွန်ပြည်နယ်ရှိ ဒီရေတောများအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ စိုက်ပျိုးမြေအဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ဒီရေတောများကို ဖယ်ရှားပြီး ကဏန်းထိန်းသိမ်းမွေးမြူရေးဇုန်များနှင့် စပါးခင်းများအဖြစ် ပြောင်းလဲခြင်းသည် ဒီရေတောများကို ခြိမ်းခြောက်လျက်ရှိသည်။ ထို့အပြင် အခြား

ပြင်ပ စီးပွားရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ခြင်းသည်လည်း မွန်ပြည်နယ်ရှိ ဒီရေတောများအတွက် ခြိမ်းခြောက်မှုပင်ဖြစ်သည်။ ဥပမာအားဖြင့် ၂၀၀၃ ခုနှစ်တွင် မွန်ပြည်နယ်ရှိ စက်စဲ ဒီရေတောကို ပုစွန်မွေးမြူရေးလုပ်ငန်းအဖြစ် လုံးဝပြောင်းလဲခဲ့ကြောင်းကိုတွေ့ရှိရသည်။

(စ) ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ပြီး မြန်မာနိုင်ငံအောက်ပိုင်းရှိ အကြီးဆုံးမြို့လည်းဖြစ်ပြီး ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့တွေ့ဆုံရာနေရာသည် မုတ္တမပင်လယ်ကွေ့မှ ကီလိုမီတာ ၃၀ (၁၉ မိုင်) အကွာတွင် တည်ရှိသည်။ ဒီရေတောများသည် ကမ်းရိုးတန်းတစ်လျှောက် အထူးသဖြင့် ရန်ကုန်မြစ်နှင့် မုတ္တမပင်လယ်ကွေ့တို့ ထိစပ်နေသော ဒေသများတွင် တည်ရှိလျှက်ရှိပါသည်။

မြေပုံ- မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒီရေတော တည်နေရာများ

Open Development Myanmar , ၂၀၂၄ မှ ဖန်တီးထားပြီး CC BY SA 4.0 အောက်တွင် လိုင်စင်ထားသည်။

သစ်တောပြုန်းတီးမှုနှင့်​ နေရင်း​ဒေသများဆုံးရှုံးမှု

မြန်မာနိုင်ငံသည် ဒီရေတောများ အများဆုံးတည်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ကမ္ဘာပေါ်တွင် သစ်ခုတ်မှုနှုန်းအမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်သည်။ ၂၀၀၀ခုနှစ်မှ၂၀၁၂ ခုနှစ်အတွင်း လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံတွင် ဒီရေတောဆုံးရှုံးမှု ဧရိယာမှာ ၂၇,၉၅၇ ဟက်တာရှိကြောင်း သိရှိရသည်။ 19 ၁၉၉၆ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၏ မှတ်တမ်းများအရ မြန်မာနိုင်ငံရှိ ဒီရေတောဂေဟစနစ်သည် တစ်နှစ်လျှင် ပျမ်းမျှ ၃.၆ မှ ၃.၉ ရာခိုင်နှုန်းအထိ ပျောက်ကွယ်သွားခဲ့ကြောင်းသိရှိရသည်။.20 မြန်မာနိုင်ငံတွင် အဓိကအားဖြင့် ရခိုင်ပြည်နယ်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် တနင်္သာရီတိုင်း ဒေသကြီးသုံးခုတို့တွင် ဒီရေတောပြုန်းတီးမှုများ အများဆုံးဖြစ်ပေါ်လျက်ရှိသည်။ သို့သော် တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံရှိ အခြားဒေသများထက် သစ်တောပြုန်းတီးမှု နည်းပါးကြောင်း သမိုင်းကြောင်းအတွေ့အကြုံများအရသိရှိခဲ့ရသည်။ ဒီရေတောများ ပျက်စီးခြင်း၏ အဓိက တွန်းအားပေးသောအချက်များတွင်တိုက်ရိုက်နှင့် သွယ်ဝိုက်ဖြစ်ပေါ်စေသော အချက်နှစ်မျိုးစလုံး ပါဝင်သည်။

ဒီရေတောများအား ပျက်စီးဆုံးရှုံးစေသော အချက်များ

စိုက်ပျိုးရေးလုပ်ငန်းများအဖြစ် ကူးပြောင်း လုပ်ကိုင်ခြင်း။

၂၀၁၆ ခုနှစ် လေ့လာတွေ့ရှိချက်တစ်ခုအရ စိုက်ပျိုးရေးလုပ်ငန်းများ အထူးသဖြင့် ဆန်စပါးတိုးချဲ့စိုက်ပျိုးမှုသည် မြန်မာနိုင်ငံရှိ ဒီရေတောဆုံးရှုံးမှုအတွက် အဓိက တွန်းအားပေးသော အချက်ဖြစ်ကြောင်း ဖော်ပြထားသည်။ ၂၀၀၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ပြုန်းတီးခဲ့သော ဒီရေတောဧရိယာ စုစုပေါင်း၏ (၈၇.၆) ရာခိုင်နှုန်း ခန့်သည် ဒီရေတောများကို စပါးစိုက်ခင်းများ အဖြစ် 21 အထူးသဖြင့် ဧရာဝတီမြစ်ဝ ကျွန်းပေါ် ဒေသ၌ ပြောင်းလဲ လုပ်ကိုင် ခဲ့ကြခြင်းကြောင့် ဖြစ်သည်။.22

ငါးပုစွန်မွေးမြူရေးလုပ်ငန်းများ အဖြစ်တိုးချဲ့ ဆောင်ရွက်ခြင်း။

ငါးပုစွန်မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုသည် ဒီရေတောဂေဟစနစ်ကို ခြိမ်းခြောက်နေသည့် လတ်တလောဖြစ်ပေါ်တိုးတက်မှုများထဲမှ တစ်ခုဖြစ်သည်။ ၁၉၈၀ခုနှစ်မှစတင်၍ ရေချို၊ ရေငံစပ် ပုစွန်မွေးမြူရေးကန် လုပ်ငန်းများ ကို ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ဒီရေတောများ အထိ ကျယ်ပြန့်စွာ ဆောင်ရွက် လာခဲ့ကြသည်။ ခန့်မှန်းခြေအားဖြင့် ဒီရေတော များ ပြုန်းတီးမှု၏ (၁.၆)ရာခိုင်နှုန်း ခန့်ကို  ငါးပုစွန်မွေးမြူရေး လုပ်ငန်းများ အဖြစ်သို့ ပြောင်းလဲခဲ့ခြင်း ကြောင့်ဖြစ်သည်။.23

သစ်ခုတ်ခြင်းနှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းများ။

ချက်ပြုတ်ခြင်း နှင့် အခြောက်ခံခြင်း လုပ်ငန်း များ အတွက် မီးသွေးနှင့် ထင်းများရရှိရန် သစ်များကို တရားဝင်နှင့် တရားမဝင် အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းသည် သစ်တောများ ပြုန်းတီး၊ ပျက်စီးမှုတို့ကို ကြီးမားစွာ ဖြစ်ပေါ်စေသည်။ ဒီရေတောများသည် ဒီရေတောနေရာ အနီးရှိဒေသခံပြည်သူများ အတွက် မီးသွေးရရှိနိုင်သောအရင်းအမြစ် ဖြစ်သည်။ ထို့အပြင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုတို့ကြောင့်လည်း ဒီရေတောများပြုန်းတီးမှုကို ဖြစ်စေသည်။ စစ်တပ်အာဏာသိမ်းမှုမတိုင်မီက ရခိုင်ပြည်နယ်ရှိ ကျေးလက်ဒေသခံများသည် ချက်ပြုတ်ရန်အတွက် ထင်းများကိုခုတ်ယူမှုများ ပိုများလာခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဒီရေတောပြုန်းတီးမှုမှာ သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။ “ရခိုင်ပြည်နယ် တစ်ဝှမ်းမှာ ဒီရေတောတွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်ဟာ ပြုန်းတီးသွားပြီ” ဟု ထိန်းသိမ်းရေးသမားများက ပြောကြသည်။ 24

မြို့ပြနှင့် အခြေခံအဆောက်အုံများ ဖွံ့ဖြိုး တိုးတက်ရေး

မြို့ပြဖွံ့ဖြိုးရေးအတွက် စက်မှုဇုန်များနှင့် ခရီးသွားအဆောက်အအုံများကဲ့သို့သော ကမ်းရိုးတန်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ခြင်းသည် ဒီရေတောဂေဟစနစ်ကို ပျက်စီးစေတတ်သည်။ ရခိုင်ပြည်နယ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ဆိပ်ကမ်းများ တည်ဆောက် ထားပြီး ဆိပ်ကမ်းတစ်လျှောက် လမ်းများသည်ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိလျှက်ရှိသော ကမ်းရိုးတန်း ဒီရေတောဧရိယာများကို ကြီးမားစွာ ထိခိုက်စေပါသည်။.25 ထို့အပြင် ထားဝယ်နှင့် မြိတ်ဒေသများတွင် အထူး စီးပွားရေးဇုန်များ တိုးချဲ့တည်ဆောက်ခြင်း ကြောင့် ဒီရေတောများကို ဆုံးရှုံးခဲ့ရသည်။

သတ္တုတွင်းလုပ်ငန်းများ

ကမ်းရိုးတန်းဒေသများတွင် ရွှေနှင့် ကျောက်စိမ်း တူးဖော်ခြင်းကဲ့သို့သောလုပ်ငန်းများအတွက် သဲများကို ထုတ်ယူသုံးစွဲခြင်းသည် ဒီရေတောများ အပေါ် တိုက်ရိုက်ပျက်စီးစေခြင်း ကိုဖြစ်ပေါ်စေ နိုင်သည်။

လူဦးရေဖိအား (လူဦးရေများပြားလာခြင်း ကြောင့်ဖြစ်ပေါ်လာနိုင်သောခြိမ်းခြောက်ခံရမှု)

လူသားတို့၏ စွန့်ပစ်ပစ္စည်းများ စုပုံခြင်းကဲ့သို့ လုပ်ဆောင်မှုများသည် ဒီရေတောများမှ အပင်များကိုသေဆုံးစေပြီး ဂေဟစနစ်ကို ကျဆင်းစေခြင်းတို့ ဖြစ်ပေါ်စေသည်။  ထို့အပြင် လူဦးရေတိုးပွားလာမှု‌ကြောင့် ပိုင်ဆိုင်မှုများ ပိုမိုလိုအပ်လာကြသည်။ ဥပမာအားဖြင့် ရန်ကုန်မြို့တွင် လူဦးရေ များလာခြင်းကြောင့် နှစ်စဉ် ထင်းတန်ချိန် (၇)သိန်း ခန့် လိုအပ်လာသည်။26

ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ

မုန်တိုင်းများ၏ ကြိမ်နှုန်းများနှင့် ပြင်းထန်မှုသည် ဒီရေတောများကို ထိခိုက်စေနိုင်သော်လည်း ‌ကောင်းမွန်ကြံ့ခိုင်သော ဒီရေတောများသည် ၎င်းတို့မှ ဖြစ်ပေါ်လာသောသက်ရောက်မှုများကို လျော့ပါးသက်သာစေပါသည်။ ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း ကဲ့သို့သော ဆိုးရွားပြင်းထန်သော ရာသီဥတု ဖြစ်ရပ်များကြောင့်လည်း ဒီရေတော ဧရိယာ ဟက်တာ ၃၅,၀၀၀အထိ ဆုံးရှုံးခဲ့ရသည်။

မူဝါဒနှင့် အုပ်ချုပ်မှုဆိုင်ရာ ပြဿနာများ

တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများကို ထိရောက်စွာ လိုက်နာဆောင်ရွက်မှုမရှိခြင်းနှင့် အုပ်ချုပ်မှုစွမ်းရည် အားနည်းခြင်းတို့ကြောင့် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ မြေယာအဖြစ် ပြောင်းလဲလုပ်ကိုင်ခြင်းနှင့် အခြားပျက်စီး စေတတ်သော လုပ်ငန်းများကို ဆက်တိုက် လုပ်ကိုင် လာစေသည်။ ဥပမာအားဖြင့်၊ ရခိုင်ပြည်နယ် ဝမ်းဘိုက်စားအိုး သစ်တော ကြိုးဝိုင်း တွင် ဒီရေတောများ၏ ၄၀ ရာခိုင်နှုန်းကို ပုစွန်မွေးမြူရေး လုပ်ငန်းများနှင့် စပါးစိုက်ခင်းများ အဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ကြသည်။.27 ထို့အပြင် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကျပ်အတည်းကြောင့် ရခိုင်ပြည်နယ်ရှိ သစ်တောများ၏၁၂% လျော့ကျမှုအပါအဝင် တရားမဝင်သစ်ခိုးထုတ်မှုများ တိုးလာခဲ့သည်။. 28

ဆင်းရဲနွမ်းပါးမှုနှင့် စာတတ်မြောက်မှုနှုန်း နည်းပါးခြင်း

ကမ်းရိုးတန်းဒေသလူ့အဖွဲ့အစည်းအတွက် ဆင်းရဲ နွမ်းပါးမှုသည် ၎င်းတို့ အသက်ရှင် ရပ်တည်နိုင်ရန်အတွက် ဒီရေတော အရင်းအမြစ်များကို ထုတ်ယူသုံးစွဲရန် တွန်းအားပေးလျှက်ရှိသည်။ အဆိုပါ လုပ်ဆောင်ချက်များအနက် မီးသွေး ထုတ်လုပ် ခြင်း၊ သစ်ခုတ်ခြင်းနှင့် ဒီရေတောများအား ပြောင်းလဲ၍ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ခြင်းတို့ ပါဝင်သည်။
 

ကာဗွန်ထုတ်လွှတ်ရန် ခွင့်ပြုသည့်ပမာဏနှင့် ကာဗွန်ထုတ်လွှတ်ခွင့် ​ရောင်းဝယ်သည့်စနစ်

ဒီ​ရေ​တောများသည် ကာဗွန်ဓါတ်​ငွေ့စုပ်ယူသိမ်းဆည်းရာတွင်အထူးထိရောက်မှုရှိ၍ ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာ​စေရန် အ​ထောက်အကူပြုပါသည်။ယခုအခါတွင် ဒီ​ရေ​တော အနည်းငယ်သာ ကျန်ရှိ​တော့၍ မြန်မာ့ဒီ​ရေ​တောဧရိယာ၏ ၃ ရာနှုန်းခန့်သာ ဥပ​ဒေ​ကြောင်းရာ ကာကွယ်ထိန်းသိမ်း​မှု​အောက်တွင် ရှိ​နေပါ​တော့သည်။သစ်တောများ ဆုံးရှုံးရခြင်းနှင့် သစ်​တော​မြေမှထိန်းသိမ်းသို​လှောင်ထားသည့် ကာဗွန် ဓါတ်ငွေ့များ ဆုံးရှုံးရခြင်းသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်စပ်လျှက်ရှိ​နေပါသည်။ဒီ​ရေ​တောများသည် ကာဗွန်အမြောက်အများကို ၎င်းတို့၏ ဇီဝဒြပ်ထုနှင့် ပတ်ပတ်လည်ရှိ ​မြေဆီလွှာများတွင် သိမ်းဆည်းသို​လှောင်ထား၍ ၎င်းကာဗွန်အများစုသည် ဒီ​ရေ​တောများနှင့်ဆက်စပ်လျှက်ရှိသည့် ​မြေဆီလွှာများအတွင်း နက်ရှိုင်းစွာ တည်ရှိ​နေပါသည်။မြန်မာနိုင်ငံဒီ​ရေ​တောများ၏ ဇီဝဒြပ်ထုနှင့် ဆက်စပ်လျှက်ရှိသည့်​မြေဆီလွှာများတွင် ကာဗွန်တန်ချိန်​ပေါင်း ၁၁၉ သန်း သို​လှောင်ထားရှိထားကြောင်း ခန့်မှန်းထားပါသည်။29မြန်မာနိုင်ငံအမျိုးသားသစ်​တော ဘက်စုံပင်မအစီအစဉ် (The Myanmar National Forestry Master Plan) အရဒီ​ရေ​တောသဘာဝထိန်းသိမ်း​ရေးနယ်​မြေ ဧရိယာကို ၂၀၃၀ မတိုင်မီ ၁၀ ရာခိုင်နှုန်းတိုးမြှင့်ရန် ရည်ရွယ်ထားပါသည်။သို့ရာတွင် ကျန်ရှိနေ​သော ဒီ​ရေ​တောအရင်းအမြစ်များ​ပေါ်တွင် ကျ​ရောက်​နေ​သော အန္တရာယ်ဖိအားသည်မြင့်တက်နေဆဲ ဖြစ်ပါသည်။

နိုင်ငံ​တော်၏ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် နိုင်ငံတကာ ကတိကဝတ်များကို ပြည့်မီ​စေရန်”သစ်​တောများ ပြန်လည်တည်​ထောင်​ရေး စီမံကိန်း”၂၀၁၇မှ ၂၀၂၆ ၊ “တောရိုင်းတိရိစ္ဆာန်များ၊ သဘာဝအပင်များနှင့် ယင်းတို့၏ ​နေရင်း​ဒေသများကို ပြန်လည်ထူ​ထောင်​ပေး​ရေး အစီအစဥ်”၂၀၁၉ မှ ၂၀၂၉၊ “အမျိုးသားသစ်​တောပြုန်းတီးမှုနှင့် သစ်​တောအတန်းအစား ကျဆင်းမှုတို့​ကြောင့် ကာဗွန်ထုတ်လုပ်မှု​လျှော့ချခြင်းနှင့် သစ်​တောကာကွယ်ထိန်းသိမ်းခြင်း၊ စဥ်ဆက်မပြတ်စီမံအုပ်ချုပ်ခြင်းနှင့် သစ်​တောကာဗွန်ရင်းမြစ်များ ပိုမိုတိုးမြင့်​စေခြင်း” (REDD+) အစီအစဉ်၊မြန်မာနိုင်ငံတရားဝင်သစ်ဖြစ်​ကြောင်း အာမခံသည့်စနစ် (MTLAS) အစီအစဉ်နှင့်သစ်​​တောဥပ​ဒေ စိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ လျာထားချက် (FLEGT) အစီအစဉ်အပါအဝင်အောက်ပါအစီအစဉ်များကို စတင်ခဲ့ပါသည်။30 အဆိုပါ အစီအစဥ်များတွင် ရာသီဥတုပြောင်းလဲမှုလျော့ပါးသက်သာစေရေးဆိုင်ရာ အမျိုးသားအဆင့် သတ်မှတ်ထည့်ဝင်ဆောင်ရွက်မှုများ (NDCs)၊ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များ (SDGs)၊ ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်စောင့်ရှောက်မှု ရည်မှန်းချက်ပန်းတိုင်အစု (Aichi Targets)၊ အရည်အသွေးနိမ့်ကျပျက်စီး၍ တောပြုန်းနေသည့်သစ်တောမြေများကို မူလအနေအထားသို့ အသက်သွင်းပေးရေး ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင် (Bonn Challenges)၊ သစ်တောများ ကာကွယ်ထိန်းသိမ်းရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်ချက်ပေါ်ထွန်းရေး နယူးယောက် ကြေညာချက် (New York Declaration on Forests)စသည်တို့ ပါဝင်ပါသည်။

မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့သော “သစ်​တောပြုန်းတီးမှုနှင့် သစ်​တော ပျက်စီးခြင်း အခြေအနေ ကျဆင်းခြင်းမှ  ကာဗွန်ထုတ်လုပ်မှု​လျှော့ချစေရန်  သစ်​တောကာကွယ်ထိန်းသိမ်းခြင်း၊ စဥ်ဆက်မပြတ်စီမံအုပ်ချုပ်ခြင်းနှင့် သစ်​တောကာဗွန်ရင်းမြစ်များ ပိုမိုတိုးမြင့်​စေခြင်း” (REDD+) အစီအစဉ်ကို အကောင်အထည်ဖော်ခြင်းအားဖြင့် ကာဗွန်စျေးကွက်စနစ်မှ အကျိုးခံစားမှုရရှိစေရန် ရည်ရွယ်ထားပါသည်။မြန်မာနိုင်ငံသည် ရာသီဥတု​ပြောင်းလဲမှုတိုက်ဖျက်​ရေးဆိုင်ရာ ပဲရစ်သ​ဘောတူညီချက် (The Paris Agreement) အဖွဲ့ဝင်နိုင်ငံအဖြစ် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်သည့် အဓိကမူဝါဒ စာရွက်စာတမ်းများကို ပြင်ဆင်ပြုစုခဲ့ပြီး ၎င်းတို့တွင် မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ MCCP၂၀၁၉ ၊ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ မဟာဗျူဟာMCCS နှင့် မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာပင်မစီမံကိန်း MCCMP ၂၀၁၈ မှ၂၀၃၀ တို့ ပါဝင်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ ရာသီဥတု​ပြောင်းလဲမှု လိုက်​လျောညီ​ထွေ တုန့်ပြန်​ဖြေရှင်း​ရေး အမျိုးသားအဆင့် အစီအမံNAPA ကို ၂၀၁၂ ခုနှစ်တွင် ပြုစု​ရေးဆွဲခဲ့ပြီး အဆိုပါအစီအမံအရ သစ်တောကဏ္ဍအတွက်  ဦးစားပေးစီမံကိန်း၄ ခု ရွေးချယ်၍အ​မေရိကန်​ဒေါ်လာ ၁၅၅ သန်း သတ်မှတ်လျာထား​ပေးရန် အဆိုပြုတင်ပြထားပါသည်။ဖော်ပြပါ ဦးစား​ပေးစီမံကိန်း ၄ ခု အနက် ၁ ခုမှာ သစ်​တောအတန်းအစားကျဆင်းပြီး ထိလွယ်ခိုက်လွယ်ဖြစ်​နေသည့် ကမ်းရိုးတန်း​ဒေသများ​နေ​ကျေးလက်ပြည်သူတို့၏ အသက်​မွေးဝမ်း​ကျောင်းမှုများ အဆင်​ပြေ​ချော​မွေ့​စေ​ရေးနှင့် ရာသီဥတုဒဏ်ခံ ​ဂေဟစနစ်များ ပြန်လည်အား​ကောင်းလာ​စေ​ရေးအတွက် ဒေသခံပြည်သူအစုအဖွဲ့ပိုင် ဒီ​ရေ​တောများ တစ်ဖန် ပြန်လည်စိုက်ပျိုး​ပေး​ရေးဖြစ်၍ ယင်းအတွက် ၃ နှစ်အတွင်း အ​မေရိကန်​ဒေါ်လာ ​ ၂ သန်းခွဲ ချထား​ပေးရန် လျာထားသတ်မှတ်ထားပါသည်။31

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ (UN-REDD) အစီအစဥ် ကနဦးလုပ်​ဆောင်ချက် 32  အရ မြန်မာနိုင်ငံ (REDD+)  အစီအစဥ် ​ဖော်​ဆောင်မှုများအတွင်းသို့ ဒီ​ရေ​တောများကို ​ပေါင်းစပ်ထည့်သွင်းခြင်းဖြင့် ဒီ​ရေ​တောများ၏ အခန်းကဏ္ဍကို အ​လေး​ပေးကာ ဖန်လုံအိမ်ဓါတ်​ငွေ့ထုတ်လွှတ်မှုများကို ​လျှော့ချရန် ရည်ရွယ်ထားပါသည်။ဤကနဦးလုပ်​ဆောင်ချက် အစီအစဉ်သည် ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရေး အမျိုးသား အဆင့် သတ်မှတ်ထည့်ဝင် ဆောင်ရွက်မှု (NDCs) များ ၊ မြန်မာနိုင်ငံ (REDD+)  အစီအစဥ်များနှင့် ကိုက်ညီ​​စေလျှက် ကုလသမဂ္ဂ ရာသီဥတုပြုပြင်​ပြောင်းလဲမှုအဖွဲ့  (UNFCCC) ဆိုင်ရာ မိမိဆန္ဒအ​လျောက် ကတိကဝတ်များကို ပြည့်မီစေရန် ရည်ရွယ်လုပ်​ဆောင်​နေခြင်း ဖြစ်ပါသည်။

ဒီ​ရေ​တော သဘာဝထိန်းသိမ်း​ရေး နယ်​မြေများ

ရာသီဥတုပြောင်းလဲမှု ဖိအားတိုးမြင့်လာခြင်းနှင့် မြန်မာနိုင်ငံ၌ ကျန်ရှိနေသေးသည့် ဒီ​ရေ​တောများကို ကာကွယ် ထိန်းသိမ်းရန် အ​ရေးတကြီး လိုအပ်နေပါသည်။​သို့ရာတွင် အဆိုပါ ဒီ​ရေ​တောများအနက် မိန်းမလှကျွန်း သစ်​တောကြိုးဝိုင်းနှင့် လန်ပိ အဏ္ဏဝါ အမျိုးသားဥ ယျာဥ် (Lampi Marine National Park)အတွင်းရှိ မြန်မာ့ ဒီ​ရေ​တောစုစု​ပေါင်း၏ ၁ ရာခိုင်နှုန်းခန့် ဒီ​ရေ​တောများ အပါအဝင် ​​အနည်းငယ်မျှ​သော အစိတ်အပိုင်းများသာ ကာကွယ်ထိန်းသိမ်းမှု​အောက်တွင် ရှိ​နေပါသည်။၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရေဝပ်​ဒေသ ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ ရမ်ဆာ သ​ဘောတူညီချက် Ramsar Convention အရ ကမ်းရိုးတန်း​ရေတိမ်​ဒေသ ၂ ခုကို ရမ်ဆာဒေသRamsar Sites များအဖြစ် ပထမဆုံးအကြိမ် သတ်မှတ်ထိန်းသိမ်းခဲ့ပါသည်။မိန်းမလှကျွန်း​ဒေသအပြင် မုတ္တမပင်လယ်​ကွေ့ အစိတ်အပိုင်းများကိုပါ ရမ်ဆာဒေသRamsar Sitesများအဖြစ် သတ်မှတ်ထိန်းသိမ်းထားခြင်းဖြင့် ဒီ​ရေဝင်လတာပြင် ဧရိယာ ဟက်တာ​ပေါင်း ၉၀,၀၀၀ ကို ကမ်းရိုးတန်း ဒီ​ရေ​တော သဘာဝထိန်းသိမ်း​ရေးနယ်​မြေများအဖြစ် ထပ်မံ ဖြည့်စွက်နိုင်ခဲ့ပါသည်။33

၁၃,၀၀၀ ဟက်တာ အကျယ်အဝန်းရှိသည့် မိန်းမလှကျွန်း ​တောရိုင်းတိရိစ္ဆာန် ​ဘေးမဲ့​တောကို ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး သစ်တောဦးစီးဌာနမှ ထိန်းသိမ်းစီမံ ကာကွယ်လျက်ရှိပါသည်။၂၀၁၇ ခုနှစ်တွင် ထို မိန်းမလှကျွန်း ​တောရိုင်းတိရိစ္ဆာန် ​ဘေးမဲ့​တော၏ အကျယ်အဝန်းကို ၅၀,၀၀၀ ဟက်တာခန့်အထိ တိုးချဲ့ခဲ့ပြီး မြန်မာနိုင်ငံ၏ တတိယမြောက် ရမ်ဆာဒေသRamsar Site အဖြစ် သတ်မှတ် ထိန်းသိမ်း ထားခဲ့ပါသည်။

လန်ပိ အဏ္ဏဝါ အမျိုးသားဥယျာဥ် Lampi Marine National Parkသည် မြိတ်ကျွန်းစုအတွင်း၌ တည်ရှိပြီး ၁၉၉၆ ခုနှစ်တွင် ရမ်ဆာဒေသ Ramsar Site အဖြစ် သတ်မှတ်ခဲ့ပါသည်။၎င်း လန်ပိ အဏ္ဏဝါ အမျိုးသားဥယျဥ်Lampi Marine National Park တွင် အကြီးဆုံးဖြစ်သည့်လန်ပိကျွန်းနှင့် အတူ ပတ်ပတ်လည်ရှိ ကျွန်းငယ် ၂၀ ခု ပါဝင်ပါသည်။ဤ လန်ပိ အဏ္ဏဝါ အမျိုးသားဥယျာဉ်တွင်လမု​​တောများ ၊ ပင်လယ်ကမ်းခြေများ၊ သဲ​သောင်ပို့များ၊ သန္တာ​ကျောက်တန်းများ၊ ပင်လယ်​ရေ​အောက် မြက်ခင်းကြမ်းပြင်များ အပါအဝင် ကြွယ်ဝ​သော ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ထိန်းသိမ်း ​ပေးထားပါသည်။

မြန်မာနိုင်ငံ သစ်တောဥပဒေ ၂၀၁၈34 အပိုဒ် ၆ အပိုဒ်ခွဲ င အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဝန်ကြီးဌာနသည် တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ၁၅၉၄ ဧက ကျယ်ဝန်းသည့် စခန်းသစ်ကျွန်းဧရိယာကို ဒီ​ရေ​တော သဘာဝထိန်းသိမ်း​ရေးနယ်​မြေအဖြစ် ၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့တွင် သတ်မှတ်ထိန်းသိမ်း​ပေးခဲ့ပါသည်။

ဒီ​ရေ​တောများ ပြန်လည်စိုက်ပျိုး​ပေးခြင်း

ကုလသမဂ္ဂUN REDD စီမံကိန်းက လက်ရှိ ဒီ​ရေ​တောများကိုကာကွယ်​ထိန်းသိမ်းပေးခြင်း၊ ဒီ​ရေ​တော စိုက်ခင်းများ ထပ်မံတိုးချဲ့​ပေးခြင်းတို့ဖြင့် သစ်တောအတန်းအစားကျဆင်း​နေ​သော ဒီ​ရေ​တောဧရိယာများတွင် မူလ အ​ခြေအ​နေ​ရောက်​အောင် ပြန်လည်စိုက်ပျိုး​​​ပေးခြင်းအပြင် အပြာ​ရောင်ကာဗွန်သို​လှောင်ထိန်းသိမ်းစွမ်း မြင့်တက် လာ​စေရန် ရည်ရွယ်ထားပါသည်။ဒီ​ရေ​တောများ ပြန်လည်စိုက်ပျိုး​ရေး (ပြန်လည်အသက်သွင်းပေး​ရေး) လုပ်ငန်းစဥ်များသည် ​ဒေသခံ သစ်​တောအသုံးပြုသူများ၊ အစိုးရနှင့် အစိုးရမဟုတ်သူအဖွဲ့အစည်းများ၏ ပါဝင်ကူညီမှု​ကြောင့် လက်ရှိအချိန်အထိ ​အောင်မြင်​နေသည်ကို ​​တွေ့ရှိရပါသည်။သစ်တောဦးစီးဌာန၏ ပြန်လည်ထူ​ထောင်ရေးအစီအစဉ်များက ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများရှိ သဘာဝ ဒီ​ရေ​တောများ ပြန်လည်စိုက်ပျိုး​​ပေးခြင်းနှင့် ကာကွယ်ထိန်း​သိမ်း​​ပေးခြင်းအပါအဝင် ဒီ​ရေ​တောဧရိယာအချို့ကို ပြန်လည် အဆင့်မြှင့်တင်​ပေးနိုင်ခဲ့ပါသည်။35 ၁၉၈၀ ပြည့်နှစ်များမှစ၍ ဧရာဝတီမြစ်ဝကျွန်း​ပေါ်​ဒေသအတွင်း ဒီ​ရေ​တော ဟက်တာ ၁၃,၀၀၀ ခန့် ပြန်လည် စိုက်ပျိုး​ပေးနိုင်ခဲ့ပါသည်။သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဝန်ကြီးဌာနသည် ဒိန်းမတ်နိုင်ငံနှင့် မိတ်ဖက်အဖြစ် ပူး​ပေါင်း ၍  ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများတွင် ဒီ​ရေ​တောကာကွယ်ထိန်းသိမ်း​ရေး စီမံကိန်းတစ်ခုကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ပါသည်။ကုလသမဂ္ဂ ပညာ​ရေး ၊ သိပ္ပံနှင့် ယဥ်​ကျေးမှု ယူနက်စကို အဖွဲ့ ဇီဝအဝန်းနယ်​မြေများ ထူ​ထောင်​ရေး UNESCO Biosphere Reserves နှင့် ရမ်ဆာ​ရေဝပ်ဒေသ သတ်မှတ်ထိန်းသိမ်း​ရေး Ramsar Wetlands လုပ်ငန်းစဥ်များအပါအဝင် ​ဖော်ပြပါ အားထုတ်​​မှုများကို ချိတ်ဆက်​ဆောင်ရွက်ခြင်းဖြင့် ဒီ​ရေ​တော ​ပေါက်ပွားရှင်သန်ရာနေရင်း​ဒေသများ ဆုံးရှံးခြင်းကို ကိုင်တွယ်​ဖြေရှင်းရာနှင့် အဓိကဂေဟစနစ်ဆိုင်ရာ ဝန်​ဆောင်မှုများ စဥ်ဆက်မပြတ် ပံ့ပိုးရာတို့တွင် ထိ​ရောက်​ကြောင်း ​တွေ့ရှိရပါသည်။36

သစ်တော အမျိုးအစား ခွဲခြားခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဝန်ကြီးဌာနMONREC မှ သတ်မှတ်ခွဲခြားထားသော မြေ အမျိုးအစား ၃ မျိုးရှိပါသည်။၎င်းတို့မှာ ကြိုးဝိုင်း​တော RF ၊ ကြိုးပြင်ကာကွယ်​တော PPF နှင့် သဘာဝထိန်းသိမ်း​ရေးနယ်​မြေများ PA များ ဖြစ်ကြပါသည်။ကြိုးဝိုင်း​တောများသည် အရည်အ​သွေး အ​ကောင်းဆုံးနှင့် ကုန်သွယ်မှုတန်ဖိုး အမြင့်ဆုံးဖြစ်သော်လည်း အများပြည်သူ ရယူပိုင်ခွင့် မရှိပါ။ကြိုးပြင်ကာကွယ်​တော PPF များသည် ကုန်သွယ်မှုတန်ဖိုး နိမ့်ကျ၍ အများပြည်သူ ဝင်​ရောက်ခွင့်ပိုမိုရရှိကာ ရယူပိုင်ခွင့် အချို့လည်း ရှိပါသည်။ကြိုးဝိုင်း​တော RF များနှင့် ကြိုးပြင်ကာကွယ်​တော PPFများကို ​ အမြဲတမ်း သစ်​တော​နယ်မြေ PFEအဖြစ် ​ပေါင်းစပ်ဖွဲ့စည်းထား​လေ့ရှိပါသည်။သဘာဝထိန်းသိမ်း​ရေးနယ်​မြေများ PA များသည် မြန်မာနိုင်ငံ၏ ကြွယ်ဝ​သော မျိုးစိတ်​ပေါင်းစုံနှင့် ကွဲပြားစုံလင်​သော ​ဂေဟစနစ်များကို ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ထားပါသည်။37

Open Development Myanmar , ၂၀၂၄ မှ ဖန်တီးထားပြီး CC BY SA 4.0 အောက်တွင် လိုင်စင်ထားသည်။

ဒီ​ရေ​တောများ၏ စုစု​ပေါင်း ၃၄ ရာခိုင်နှုန်းသည် သစ်​တောနယ်​မြေ Forest Land အဖြစ် တရားဝင် သတ်မှတ် ထား၍ အမြဲတမ်းသစ်​​တောနယ်​မြေ PFEs ဟုလည်း အများသိရှိကြသည့် ​ဒေသများအတွင်း တည်ရှိ​​နေ​ကြောင်း ​တွေ့ရှိရပါသည်။ထိုသို့​သော အချင်းအရာများ​ကြောင့် မြန်မာနိုင်ငံရှိ ဒီ​ရေ​တောများသည် ဥပ​ဒေ​ကြောင်းရာအရ ကာကွယ်​စောင့်​ရှောက်မှုကို အတိုင်းအတာတစ်ခုအထိ ရရှိ​နေပါသည်။ 38 ဒီ​ရေ​တော​ဂေဟစနစ် စုစု​ပေါင်း၏ ၃ ရာခိုင်နှုန်းသည် သဘာဝထိန်းသိမ်း​ရေးနယ်​မြေ PA များတွင် တည်ရှိ​နေပါသည်။39  သို့ရာတွင် ဒီ​ရေ​တောအများအပြားသည် ဥပ​ဒေ​ကြောင်းရာအရ ကာကွယ်ထိန်းသိမ်း​မှုမရသည့် အမျိုးအစား မခွဲခြား ရ​သေး​သော သစ်​တောများUnclassified Forests အဖြစ် ကျန်ရှိ​နေပါ​သေးသည်။

Made with Flourish

မြန်မာနိုင်ငံ သစ်တောဆိုင်ရာ  ဥပဒေများ၊ စည်းမျဥ်းစည်းကမ်းအမိန့်များနှင့် တရားဝင်စည်းကြပ်​ဆောင်ရွက်သည့် ဌာနများ

၂၀၀၈ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သည်မြေနှင့် ပင်လယ်များအားလုံးကိုပိုင်ဆိုင်ပါသည်။သစ်တောစီမံခန့်ခွဲမှုသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဝန်ကြီးဌာနMONREC အောက်ရှိ သစ်တောဦးစီးဌာန FD ၏ တာဝန်ဖြစ်ပါသည်။မြန်မာနိုင်ငံတွင် သစ်​တောများကို နှစ် ၃၀ သစ်​တောဘက်စုံပင်မ စီမံကိန်း ၂၀၀၁မှ၂၀၃၁၊ ခရိုင်သစ်​တောအုပ်ချုပ်လုပ်ကိုင်မှု ၁၀ နှစ် စီမံကိန်း ၊ နှစ်စဥ် သစ်​တောလုပ်ငန်း​ဆောင်ရွက်မှု အစီအစဥ်များနှင့်အညီ စီမံ​​ဆောင်ရွက်​လျှက် ရှိပါသည်။ အောက်ပါဇယားတွင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဝန်ကြီးဌာနMONREC ၏ ဖွဲ့စည်းပုံကို ဖော်ပြထားပါသည်။

ကားချပ်- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဝန်ကြီးဌာနMONREC ၏ ဖွဲ့စည်းပုံဇယား

Open Development Myanmar , ၂၀၂၄ မှ ဖန်တီးထားပါသည်။ မူရင်း – သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဝန်ကြီးဌာန. License under CC BY SA 4.0. 

သစ်​တောဦးစီးဌာနFD နှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဦးစီးဌာန ECD တို့သည် ပတ်ဝန်းကျင်ဆိုင်ရာ ကြီးကြပ်အုပ်ချုပ်မှုနှင့် စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အဓိက တာဝန်ယူ​ဆောင်ရွက်​နေသည့် မြန်မာနိုင်ငံ အစိုးရဌာန ၂ ခု ဖြစ်ပါသည်။သစ်​တောဦးစီးဌာနသည် ၁၉၉၅ မြန်မာနိုင်ငံသစ်​တောမူဝါဒမူ​ဘောင်မှ သတ်မှတ်ထားသည့် သစ်​တောထွက်ပစ္စည်းများ ထုတ်လုပ်​ရေးနှင့် ကာကွယ်​စောင့်​ရှောက်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များနှင့်အညီ နိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်​တောရင်းမြစ်များ ကာကွယ်​ရေး၊ ထိန်းသိမ်း​စောင့်​ရှောက်​ရေးနှင့် စဥ်ဆက်မပြတ် စီမံအုပ်ချုပ်​ရေးတို့ကို အဓိကတာဝန်ယူဆောင်ရွက်​နေသည့် အစိုးရဌာန ဖြစ်ပါသည်။

၂၀၁၂ တွင် တည်​ထောင်ခဲ့​သော အစိုးရဌာနသစ်တစ်ခုဖြစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဦးစီးဌာနသည် ရေရှည်တည်တံ့ခိုင်မြဲ​သော ပတ်ဝန်းကျင်ဖြစ်​ပေါ်ရန်အတွက် ပတ်ဝန်းကျင် စီမံခန့်ခွဲ​ရေးနှင့် ရေထု၊ ​လေထုနှင့် ​မြေထုအနှံ့ ညစ်ညမ်းမှု ထိန်းချုပ်​ရေးတို့အ​ပေါ် အ​လေး​ပေးလျှက် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ အ​ကောင်အထည်​ဖော်​ဆောင်​ရေးနှင့် အမျိုးသား​ရေရှည်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဥ်များတွင်ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို ​ပေါင်းစပ်ထည့်သွင်း​ရေးတို့ကို အဓိကတာဝန်ယူ ​ဆောင်ရွက်လျှက် ရှိပါသည်။

မြန်မာနိုင်ငံ ဒီ​ရေ​တောဆိုင်ရာ  ဥပဒေများ၊ မူဝါဒများနှင့် ညွှန်ကြားချက်များ

ပွင့်လင်းမြန်မာ ဖွံ့ဖြိုးတိုးတက်မှု OD Myanmarကနဦးလုပ်ငန်းစဥ်အဖွဲ့ ဝက်ဘ်ဆိုက်ပလက်​ဖောင်း “သစ်​တောမူဝါဒနှင့် ကြီးကြပ်အုပ်ချုပ်မှု” ​Forest Policy and Administrationကဏ္ဍ ​​ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် ကျင့်သုံးလျှက်ရှိသည့် ဥပ​ဒေများ၊ နည်းဥပ​ဒေများ၊ စည်းမျဥ်းစည်းကမ်းနှင့် မဟာဗျူဟာ​မြောက် ဘက်စုံပင်မစီမံကိန်းများကို ​အောက်တွင် ​တွေ့မြင်နိုင်ပါသည်။အဆိုပါ ဥပ​ဒေများ၊ နည်းဥပ​ဒေများ၊ စည်းမျဥ်းစည်းကမ်းနှင့် မဟာဗျူဟာ​မြောက် ဘက်စုံပင်မစီမံကိန်းများထုတ်ပြန်ကျင့်သုံးခြင်းဖြင့် သစ်​တောထွက်သယံဇာတများ စဥ်ဆက်မပြတ် ကြီးကြပ်စီမံ​​နိုင်ရန်၊ သဘာဝ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်း​စောင့်​ရှောက်​နိုင်ရန်နှင့် ရာသီဥတု​ပြောင်းလဲမှုကို ​လျော့ပါးသက်သာ​​စေ​ရေးနှင့် လိုက်​လျောညီ​ထွေ တုန့်ပြန်​ဖြေရှင်း​ရေး ​အစီအမံများမှတစ်ဆင့် ​​ဖြေရှင်း​ဆောင်ရွက်​နိုင်ရန် ရည်ရွယ်ထားပါသည်။ မြန်မာနိုင်ငံ ဒီ​ရေ​တော ကာကွယ်​ရေးနှင့် ထိန်းသိမ်း​စောင့်​ရှောက်​ရေးဆိုင်ရာ ​ ဥပ​ဒေများ၊ နည်းဥပ​ဒေများနှင့်စည်းမျဥ်းစည်းကမ်းများတွင် ၂၀၀၈ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေအပိုဒ် ၄၅ အရ နိုင်ငံ​တော်သည် သဘာဝပတ်ဝန်းကျင်ကို  ကာကွယ်ထိန်းသိမ်း​စောင့်​ရှောက်ရမည်ဟု ​ဖော်ပြထားပြီးအပိုဒ် ၃၉၀ အရ နိုင်ငံသားတိုင်းသည် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်း​စောင့်​ရှောက်ရန်တာဝန်ရှိသည် ဟု​ဖော်ပြထားပါသည်။ ထို့အပြင် သစ်​တောဥပ​ဒေ ၁၉၉၂40 နှင့်သစ်​တောဆိုင်ရာ နည်းဥပ​ဒေများ၁၉၉၅41နှင့်တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်​ရေးနှင့် သဘာဝနယ်​မြေများ ထိန်းသိမ်း​စောင့်​ရှောက်​ရေးဥပ​ဒေ ၁၉၉၄ 42 နှင့်အမျိုးသား ​မြေအသုံးချမှုမူဝါဒ ၂၀၁၆၊မြန်မာနိုင်ငံအမျိုးသား ပတ်ဝန်းကျင်​ရေးရာ မူဝါဒ ၂၀၁၉၊ မြန်မာနိုင်ငံ ရာသီဥတု​ပြောင်းလဲမှုဆိုင်ရာ မူဝါဒ၂၀၁၉၊ ပြည်ထောင်စုလွှတ်​တော်မှပြဌာန်းသည့် သစ်​တောဥပ​ဒေသစ် ၂၀၁၈ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း​​ရေးနယ်​မြေများ ကာကွယ်​စောင့်​ရှောက်ခြင်းဆိုင်ရာ ဥပ​ဒေ ၂၀၁၈နှင့်မြေထု၊ တောရိုင်းတိရိစ္ဆာန်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန် အ​လေးမူထားသည့်ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်​​တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်တို့ပါဝင်ပါသည်။

ကားချပ်- ဥပ​ဒေပိုင်းဆိုင်ရာ ဆင့်ကဲပြောင်းလဲတိုးတက်မှုများ။ ရွေး​ကောက်ခံ အရပ်သား ပြည်သူ့အစိုးရလက်ထက်တွင် ပြဌာန်းခဲ့သည့် ဥပ​ဒေများ။

သစ်တောဥပဒေများနှင့် မူဝါဒများ ခုနှစ်
မြန်မာနိုင်ငံ သစ်တော​ရေးရာ မူဝါဒ 1995
ပတ်ဝန်းကျင်ထိန်းသိမ်း​ရေး ဥပ​ဒေ 2012
အမျိုးသား ​မြေအသုံးချမှုမူဝါဒ   2016
မြန်မာနိုင်ငံသစ်​တောဥပ​ဒေသစ် 2018
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း​​ရေးနယ်​မြေများ ကာကွယ်​စောင့်​ရှောက်ခြင်းဆိုင်ရာ ဥပ​ဒေ 2018
မြန်မာနိုင်ငံအမျိုးသား ပတ်ဝန်းကျင်​ရေးရာ မူဝါဒ 2019
မြန်မာနိုင်ငံ ရာသီဥတု ​ပြောင်းလဲမှုဆိုင်ရာ မူဝါဒ 2019
ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်​​တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် 2019

Open Development Myanmar , ၂၀၂၄ မှ ဖန်တီးထားပြီး CC BY SA 4.0 အောက်တွင် လိုင်စင်ထားသည်။

မြန်မာနိုင်ငံ သစ်တော​ရေးရာ မူဝါဒ၁၉၉၅43

ဂေဟစနစ် ​ပေါင်းစည်းမှုကို ခိုင်မာ​စေ၍ လူမှု၊ ပတ်ဝန်းကျင်နှင့် စီးပွား​ရေးဆိုင်ရာ အကျိုးအမြတ်များအတွက် သစ်​တောထွက် သယံဇာတများကို စဥ်ဆက်မပြတ် ​ရေရှည်တည်တံ့စွာ ကြီးကြပ်စီမံနိုင်ရန်အလို့ငှာ သစ်တောမူဝါဒ၁၉၉၅ ကို ​ရေးဆွဲပြဌာန်းခဲ့ခြင်း ဖြစ်ပါသည်။ သစ်တောမူဝါဒ၆ချက်ရှိပြီး ၎င်းတို့မှာ သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ခြင်း၊သစ်တောသယံဇာတ အရင်းအမြစ်များကို ထာ၀စဉ်တည်တံ့စေခြင်း၊ပြည်သူတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊သစ်တောသယံဇာတများမှ စီးပွားရေး အကျိုးအမြတ်များအကောင်းဆုံးရရှိရေး စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေခြင်းနှင့်သစ်တောများ စီမံအုပ်ချုပ်ခြင်းနှင့်ဇီ၀မျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ရေးတွင် ပြည်သူလူထုပူးပေါင်း ပါ၀င်ဆောင်ရွက်လာစေခြင်းတို့ဖြစ်ပါသည်။မြန်မာနိုင်ငံ သစ်တောမူဝါဒသည် ပတ်ဝန်းကျင် စီမံကြီးကြပ်​ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့အကြား ထိန်းညှိ​ဆောင်ရွက်​နေသည့် အစိုးရ၏ ကတိကဝတ်နှင့် အခန်းကဏ္ဍကို ထင်ဟပ်​ပေါ်လွင်​စေပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်း​ရေး ဥပ​ဒေ၂၀၁၂44 

ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဥပ​ဒေကို ၂၀၁၂ တွင် ပြဌာန်းခဲ့ပြီးမြန်မာနိုင်ငံပတ်ဝန်းကျင်ထိန်းသိမ်း​ရေးမူဝါဒကိုအကောင်အထည်​ဖော်​​ဆောင်နိုင်ရန်အတွက်စဥ်ဆက်မပြတ် ဖွံ့ဖြိုး​ရေးလုပ်ငန်းစဥ်များတွင် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ ကိစ္စရပ်များ စနစ်တကျ ​ပေါင်းစပ်ထည့်သွင်း​ဆောင်ရွက်ရန်၊ ​ကောင်းမွန်ပြီးသန့်ရှင်းသည့် ပတ်ဝန်းကျင် ဖြစ်​ပေါ်လာ​စေရန်၊ အနာဂတ်မျိုးဆက်များ၏အကျိုးအတွက် သဘာဝနှင့် ယဥ်​ကျေးမှုအ​မွေအနှစ်များကို ထိန်းသိမ်း​စောင့်​ရှောက်နိုင်ရန်အဓိက ရည်ရွယ်ပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဥပ​ဒေ၂၀၁၂မှ အထက်​ဖော်ပြပါ အ​ခြေခံမူများနှင့်အညီ လုပ်ငန်းလမ်းညွှန်မှုများ ချမှတ်ထားပြီး နိုင်ငံ​တော်၏ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်​စောင့်​ရှောက်​ရေးလုပ်ငန်းစဥ်များကို ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေး​ကော်မတီတစ်ရပ် ဖွဲ့စည်းရန် အခွင့်အာဏာသတ်မှတ်​ပေးထားပါသည်။

အမျိုးသား ​မြေအသုံးချမှုမူဝါဒ ၂၀၁၆45

၂၀၁၆ တွင် စတင် အကောင်အထည်​ဖော်​​ဆောင်ခဲ့သည့် အမျိုးသား ​မြေအသုံးချမှုမူဝါဒသည် အမျိုးသား​မြေဥပ​ဒေ ပေါ်​ထွက်လာနိုင်​ရေးနှင့် လက်ရှိကျင့်သုံး​နေ​သော ဥပ​ဒေများနှင့် ဟန်ချက်ညီညီ ဖြစ်​စေ​ရေးတို့အ​ပေါ် အ​လေးမူလျှက် ​မြို့ပြနှင့်​​ကျေးလက်​ဒေသအားလုံးရှိ မြေအသုံးချမှုနှင့် ​မြေလုပ်ပိုင်ခွင့်တို့ကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် အဓိက ရည်ရွယ်ပါသည်။ အမျိုးသား ​မြေအသုံးချမှုမူဝါဒ အ​ကောင်အထည်​ဖော်​ဆောင်မှုများကို ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် ဒုတိယသမ္မတ ၂ က ဥက္ကဌအဖြစ်၎င်း၊ သက်​ဆိုင်ရာ ပြည်​ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များက အဖွဲဝင်အဖြစ်၎င်း ပါဝင်သည့် “အမျိုးသား​မြေအသုံးချမှု​ကောင်စီ” ကို ဖွဲ့စည်းတာဝန်​ပေးအပ်ထားပါသည်။ “အမျိုးသား ​မြေအသုံးချမှုကောင်စီ”သည် မြေအသုံးချမှုဆိုင်ရာမူဝါဒရည်မှန်းချက်များ ပြည့်မီ​စေခြင်း၊ ​မြေအသုံးချမှုနှင့် ​မြေလုပ်ပိုင်ခွင့်ချထားမှုဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ခြင်း၊ ညှိနှိုင်း​ဆောင်ရွက်ခြင်းများအတွက် အဓိကတာဝန်ရှိ​သော အဖွဲ့အစည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံသစ်​တောဥပ​ဒေသစ် ၂၀၁၈46 

မြန်မာနိုင်ငံသစ်​တောဥပ​ဒေ ၁၉၉၂ တွင်ပါဝင်သည့် ပြစ်မှုနှင့်ပြစ်ဒဏ်များအပါအဝင် သစ်​တော​နယ်မြေစီမံခန့်ခွဲမှု၊ ထိန်းသိမ်း​စောင့်​ရှောက်မှု၊ ကာကွယ်မှုနှင့်ကြီးကြပ်အုပ်ချုပ်မှု​ဆိုင်ရာ အဓိကနယ်ပယ်များကို​ခေတ်နှင့်အညီ မွမ်းမံပြင်ဆင်လျှက် ပိုမိုအား​ကောင်းသည့် အစီအမံများနှင့် စည်းမျဥ်းစည်းကမ်းများ ဖြည့်စွက်ထည့်သွင်းကာ မြန်မာနိုင်ငံသစ်​တောဥပ​ဒေသစ် ၂၀၁၈အဖြစ် ပြဌာန်းခဲ့ပါသည်။ မြန်မာနိုင်ငံသစ်​တောဥပ​ဒေသစ် ၂၀၁၈တွင် အ​ခြေခံမူရည်ရွယ်ချက် ၉ ချက်နှင့်တကွ ကဏ္ဍအပိုဒ်ပေါင်း ၅၈ ခုကို အခန်း​ပေါင်း ၁၃ ခန်းဖြင့် ခွဲခြား​ဖော်ပြထားပါသည်။ အဆိုပါကဏ္ဍများတွင် သစ်​တော​ရေးရာစီမံခန့်ခွဲခြင်း၊ သစ်​တောနယ်​မြေ၊ သစ်​တောစိုက်ခင်းနှင့် သစ်အ​ခြေခံအသုံးပြုသည့် စက်ရုံများ တည်​ထောင်ခြင်းတို့နှင့်တကွ ​ဒေသခံတိုင်းရင်းသားပြည်သူများ၏ ရပိုင်ခွင့်များ ပါဝင်ပါသည်။ ဤမြန်မာနိုင်ငံသစ်​တောဥပ​ဒေသစ် ၂၀၁၈က သစ်​တော​ရေးရာ စီမံခန့်ခွဲမှုများတွင် ပြည်သူတို့၏ ပူး​ပေါင်းပါဝင်မှုနှင့် သစ်​တောလုပ်ငန်းဖွံဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းစဥ်များတွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်မှုနှင့် သဘာဝသယံဇာတများတိုးပွားလာ​စေရန်နှင့် ​ဒေသခံပြည်သူအစုအဖွဲ့ကို​လေ့ကျင့်ပညာ​ပေးမှု စသည်တို့ကို အား​ပေးမြှင့်တင်ရန် စသည့် အခန်းကဏ္ဍများကို လွှမ်းခြုံ​ဖော်ပြထားပါသည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း​​ရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ၂၀၁၈47 

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း​​ရေးနယ်​မြေများ ကာကွယ်​စောင့်​ရှောက်ခြင်းဆိုင်ရာ ဥပ​ဒေ ၂၀၁၈ကို​တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်​ရေးနှင့် သဘာဝနယ်​မြေများ ထိန်းသိမ်း​စောင့်​ရှောက်​ရေးဥပ​ဒေ ၁၉၉၄နေရာတွင် အစားထိုး၍ ၂၀၁၈ ​မေတွင် ပြဌာန်းခဲ့ပါသည်။ ဤဥပ​ဒေသည် ပူးတွဲစီမံခန့်ခွဲမှုလုပ်ငန်းစဥ်များမှတစ်ဆင့် ​ဒေသခံပြည်သူအစုအဖွဲ့၏ ပူး​ပေါင်းပါဝင်မှုကို အား​ပေးမြှင့်တင်ရန်၊ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ဥပ​ဒေအရကာကွယ်ထားသည့်​တောရိုင်းတိရိစ္ဆာန် မျိုးစိတ်များ CITES အစရှိသည့် နိုင်ငံတကာဆိုင်ရာ တာဝန်ဝတ္တရားနှင့်ကတိကဝတ်များကို ဖြည့်ဆည်းပံ့ပိုး​ရေးနှင့် ဥပ​ဒေ​ကြောင်းရာ ကျူးလွန်ဖောက်ဖျက်မှုများအ​ပေါ် ပြစ်ဒဏ်များ တိုးမြှင့်ချမှတ်ရန်တို့အတွက် အဓိကရည်ရွယ်ပါသည်။အထူးသိသာထင်ရှားသည့်အချက်မှာ ဤဥပ​ဒေတွင် “ဒေသခံပြည်သူအစုအဖွဲ့သဘာဝထိန်းသိမ်း​​ရေးနယ်​မြေများ” Community Protected Areasကို နယ်​မြေအမျိုးအစားတစ်ရပ်အဖြစ် အသိအမှတ်ပြု ​ဖော်ပြထားခြင်း ဖြစ်ပါသည်။ ​

မြန်မာနိုင်ငံအမျိုးသား ပတ်ဝန်းကျင်ရေးရာ မူဝါဒ ၂၀၁၉48 

ထို့ ၂၀၁၉ တွင် ကျင့်သုံးခဲ့​သော ဤမူဝါဒသည် မြန်မာနိုင်ငံ အမျိုးသား ပတ်ဝန်းကျင်​ရေးရာ မူဝါဒ ၁၉၉၄ တွင်ပါရှိ​သော ပင်မတန်ဖိုးများဖြစ်သည့်ဖွံ့ဖြိုး​ရေးလုပ်ငန်းများ လုပ်​ဆောင်ရာတွင် ပတ်ဝန်းကျင်​ရေးရာ ကာကွယ်​စောင့်​ရှောက်မှုကို ပဓါနကျ​သောရည်မှန်းချက်အဖြစ် ထာဝစဥ်ထားရှိရမည် ဟူသည့် အချက်ကိုပင် ထပ်မံအတည်ပြုထားပါသည်။ ဤမူဝါဒသစ်တွင်ရေရှည်တည်တံ့ခိုင်မြဲ​သော သဘာဝသယံဇာတပစ္စည်းများကို ကာကွယ်ထိန်းသိမ်း​ရေးသည် နိုင်ငံ​တော်နှင့် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဟူသည့် အချက်ကိုလည်း အ​လေးပြု​ဖော်ပြထားပါသည်။အပြင် ဤမူဝါဒသည်  မြန်မာ ၂၁ ရာစု အစီအစဥ် ၁၉၉၇၊  အမျိုးသားစဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ၂၀၀၉ တို့ကို ထပ်မံအတည်ပြုလျှက်  ပြည်​ထောင်စုသမ္မတ မြန်မာနိုင်ငံ​တော် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ၂၀၀၈ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဥပ​ဒေ၂၀၁၂ တို့တွင် ပြဌာန်းထားသည့်ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ဝတ္တရားများအ​ပေါ်တွင်လည်း အ​ခြေခံထားပါသည်။ထို့အပြင် အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၂၀၁၅ နှင့် မြန်မာနိုင်ငံ၏ ​ရေရှည်ဖွံ့ဖြိုးပြီး ဟန်ချက်ညီ​သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၀၁၈  တို့တွင် ပါဝင်​​သော ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ထပ်မံဖြည့်စွက်ထားသကဲ့သို့ ပါရီသ​ဘောတူညီချက် ၂၀၁၅ အပါအဝင် အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်​ရေးရာ သ​ဘောတူညီချက်များတွင် ပါဝင်​သော မြန်မာနိုင်ငံ၏ ကတိကဝတ်များကိုလည်း အသိအမှတ်ပြု ထည့်သွင်းထားပါသည်။

မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ၂၀၁၉49 

မြန်မာနိုင်ငံ ရာသီဥတု ​ပြောင်းလဲမှုဆိုင်ရာ မူဝါဒကို၂၀၁၉ တွင် အတည်ပြုကျင့်သုံးခဲ့ပြီး ​​လက်ရှိနှင့် အနာဂတ်မျိုးဆက်များအတွက် ရေရှည်တည်တံ့၊ ကြွယ်ဝချမ်းသာ၍ အားလုံးပါဝင်ခွင့်ရသည့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိ​သော၊ ကာဗွန်ထုတ်လုပ်မှု ​​လျော့နည်း​သော လူ့အဖွဲ့အစည်းတစ်ရပ် ​ပေါ်ထွန်းလာ​စေရန် ရည်မှန်းထားပါသည်။အဆိုပါမူဝါဒက ရာသီဥတု​ပြောင်းလဲမှုနှင့် လိုက်​လျောညီ​ထွေဖြစ်​စေ​ရေးနှင့် ​လျော့ချ​ရေးအစီအစဥ်များကို အမျိုးသားအဆင့် ဦးစား​ပေးလုပ်ငန်းများနှင့် အလွှာစုံကဏ္ဍအားလုံးတို့၏ လုပ်ငန်းများတွင် အ​လေးထား​ပေါင်းစပ်​ဆောင်ရွက်နိုင်ရန်အတွက် ​ရေရှည်လမ်းညွှန်မှုများကို ပံ့ပိုးဖြည့်ဆည်း​ပေးထားပါသည်။ထို့အပြင် ဤမူဝါဒကို စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ကာကွယ်တားဆီးခြင်း၊ ပတ်ဝန်းကျင်၏ ပြည့်စုံကြွယ်ဝခြင်း၊ တာဝန်ကိုယ်စီခွဲ​ဝေခြင်းနှင့် ပူး​ပေါင်း​​ဆောက်ရွက်ခြင်း၊ အားလုံးပါဝင်ခြင်း၊ ​ကောင်းမွန်​သောစီမံအုပ်ချုပ်ခြင်း၊ ရာသီဥတုဆိုင်ရာ သာတူညီမျှမှုနှင့် တရားမျှတမှုရှိခြင်းနှင့် ကျားမတန်းတူမှုရှိခြင်း စသည့် အ​ခြေခံမူများဖြင့် လမ်းညွှန်မှု ​ပေးထားပါသည်။

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်​​တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်၂၀၁၉50 

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်​​တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်အသစ်ကို သစ်​တောဦးစီးဌာနက ၂၀၁၉ တွင် ထုတ်ပြန်ခဲ့ပါသည်။ ဤညွှန်ကြားချက်သည် ယခင် ၁၉၉၅ မူ​ကို အစားထိုးပြီး အပိုဒ် ​၂၁ မှ ၂၆ အထိ ထပ်မံဖြည့်စွက် ​ဖော်ပြထားသည့်အပြင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်​တောဆိုင်ရာ ရည်မှန်းချက်များနှင့် အဓိပ္ပါယ်သတ်မှတ်ချက်များကို ရှင်းလင်းတိကျစွာ ဖွင့်ဆိုထားပါသည်။ဤညွှန်ကြားချက်မူအသစ်က​ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်​တောလုပ်ငန်းများတည်​ထောင်ခွင့်ကို သဘာဝထိန်းသိမ်း​ရေးနယ်​မြေများရှိ ကြားခံနယ်​မြေများ အပါအဝင် အခြားနယ်​မြေ​ဒေသအမျိုးများတွင် ထပ်မံခွင့်ပြု​ပေးထားသည့်အပြင် သစ်​တောထွက်ပစ္စည်းများထုတ်လုပ်ခြင်းကို မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများအတွက်သာမက အ​သေးစားမှ စီးပွားဖြစ်လုပ်ငန်းများအတွက်ပါ ဖြည့်ဆည်းပံ့ပိုး​ပေးထားပါသည်။ဤညွှန်ကြားချက်မူအသစ်တွင် မိတ်ဖက်လုပ်ကိုင်ခြင်း၊ ပူး​ပေါင်းပါဝင်ခြင်း နှင့် ဗဟိုချုပ်ကိုင်မှု​​လျှော့ချခြင်း၊ တစ်ကြိမ်လျှင် အနှစ် ၃၀ အထိ အကြိမ်ကြိမ်သက်တမ်းတိုးနိုင်သည့် ​ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်​တောလုပ်ငန်း​ဆောင်ရွက်ရန် ခွင့်ပြုခြင်း၊  သစ်​​တောဦးစီးဌာနမှ လိုအပ်​သော နည်းပညာနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ အကူအညီများ​ပေးခြင်းစသည့် အ​ခြေခံမူများအ​ပေါ်တွင် အ​လေးပြု​​ဖော်ပြထားပါသည်။

ပေါက်ပွားရှင်သန်ရာနေရင်း​ဒေသနယ်​မြေများဆုံးရှုံးမည့်အန္တရာယ် အဆိုးရွားဆုံး ခြိမ်းခြောက် ခံ​နေရသည့် မြန်မာနိုင်ငံ ​ဂေဟစနစ်များတွင် ဒီ​ရေ​တောများသည် တစ်ခုအပါအဝင်ဖြစ်​သော်လည်းအဆိုပါ ဂေဟစနစ်နယ်​မြေများသည် နိုင်ငံအတွင်း ကျန်ရှိ​နေ​သေးသည့် သစ်​တောနယ်​မြေစုစု​ပေါင်း၏ ထက်ဝက်​ကျော်​နေရာယူထားနိုင်ပါ​သေးသည်။ အဆိုပါအ​နေအထားက ဤအလွန်အမင်းအ​ရေးပါလှသည့် ​ဂေဟစနစ်နယ်​မြေများကို ထိန်းသိမ်းရန် သိသာထင်ရှားသည့် အခွင့်အလမ်းများ ရှိ​နေ​သေးသည်ဟူသည့်အချက်နှင့် ကမ်းရိုးတန်းသဘာဝထိန်းသိမ်း​ရေးနယ်​မြေများ သတ်မှတ်ထားရှိခြင်း၊ ငါးသား​ပေါက်မျိုးစုံနှင့်အခွံမာ​ရေသတ္တဝါများကို အကာအကွယ်​ပေးခြင်း၊ ကာဗွန်သို​လှောင်သိမ်းဆည်းမှုမြင့်တက်​စေရန် ပံ့ပိုး​​ဆောင်ရွက်​ပေးခြင်း စသည့်​ဂေဟစနစ်ဝန်​​ဆောင်မှုလုပ်ငန်းများ မရှိမဖြစ်လိုအပ်​နေသည်ဟူသည့်အချက်ကို မီး​မောင်းထိုးပြ​နေပါသည်။

References

Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

wbL3C
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!