သစ်တောများ နှင့် သစ်တောရေးရာ
သစ်တောမြေဧရိယာ ဖုံးလွှမ်းမှု
မြန်မာနိုင်ငံရှိဒီရေတောနယ်မြေများအပေါ် စီမံခန့်ခွဲမှုနှင့်ကာဗွန်စီးပွားရေး

မြန်မာနိုင်ငံသည်သစ်တော အမျိုးအစားပေါင်းမြောက်များစွာရှိပြီး ဇီဝမျိုးစုံမျိုးကွဲများစွာတို့နှင့်အတူ သဘာဝသယံဇာတများ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံတစ်ဝှမ်းလုံးရှိ မြေဧရိယာ၏ ၄၂.၉၂% ခန့်သည် သစ်တောများဖြင့် ဖုံးလွှမ်းလျှက်ရှိပြီး ၎င်းသည် ဟက်တာအားဖြင့် ၂၉ သန်းနှင့် ညီမျှသည်။1 မြန်မာနိုင်ငံတွင် အဓိကတွေ့ရှိရသော သစ်တောအမျိုးအစားပေါင်း ခုနစ်မျိုးရှိသည်။ ဒီရေတောများသည် ကမ်းရိုးတန်းတစ်လျှောက်ရှိ သယံဇာတအမျိုးမျိုးကို ပိုင်ဆိုင်လျှက်ရှိပြီး မြန်မာနိုင်ငံရှိ သစ်တောများ၏ (၁) ရာခိုင်နှုန်းခန့်သည် ဒီရေတောများဖြစ်ကြသည်။2 မြန်မာနိုင်ငံရှိ ဒီရေတောများသည် ကမ္ဘာ့ဒီရေတောများတွင်၄% ပါရှိပြီး အရှေ့တောင်အာရှရှိ ဒီရေတောများတွင်၈.၈% ပါဝင်ပါသည်။3မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဒီရေတောအပေါများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံတစ်ဝှမ်းတွင် ဒီရေတောမျိုးစိတ်ပေါင်း (၄၄) မျိုးရှိသည်။4 အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ရှိ ...