Sustainable Development Goals
SDG 3 Good health and well-being
မြန်မာနိုင်ငံ၏ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင် ၃ - ကောင်းမွန်သော ကျန်းမာရေးနှင့် သာယာဝပြောရေး
နိဒါန်း ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင် ၃ ဖြစ်သည့် “လူတိုင်းစေ့ ကျန်းမာရေးနှင့် ၎င်းတို့ဘဝ သာယာဝပြောမှုကို မြှင့်တင်ပေးရန်” တွင် အညွှန်းကိန်း (၂၆)ခုဖြင့် ရည်မှန်းချက်(၁၃)ချက် ပါဝင်သည်။ အဆိုပါရည်မှန်းချက်များထဲတွင် မိခင်ကျန်းမာရေး(၃.၁) ကလေးကျန်းမာရေး(၃.၂)၊ ကူးစက်တတ် သော (၃.၃)နှင့် မကူးစက်တတ်သော(၃.၄) ရောဂါများ၊ မူးယစ်ဆေးဝါးအလွဲသုံးမှု(၃.၅)၊ ယာဉ်မတော်တဆမှု (၃.၆)၊ လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှု(၃.၇)၊ တကမ္ဘာလုံးကျန်းမာရေးလွှမ်းခြုံမှု(၃.၈)၊ နှင့် သဘာဝပတ်ဝန်းကျင်အန္တရာယ်များ(၃.၉)တို့ ပါဝင်သည်။ ထို့အပြင် ဆေးရွက်ကြီးထိန်းချုပ်မှု (၃.က)၊ ကာကွယ်ဆေးနှင့် ဆေးဝါးများအတွက် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု (၃.ခ)၊ ကျန်းမာရေးရန်ပုံငွေနှင့် ကျန်းမာရေးလုပ်သား(၃.ဂ)နှင့် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများ(၃.ဃ) တို့ ကိုလည်း ရေရှည် ...