ပို့ကုန်များအား သတ်မှတ်ထားသည့် ကုန်သွယ်မူ ပမာဏ သို့ ရောက်ရန် ဦးစားပေး ဆောင်ရွက်မည်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တရားဝင် စာရင်းဇယားများအရ ယခုနှစ် ဘဏ္ဍာနှစ် ဇန်နဝါရီ လကုန်အထိ ကုန်သွယ်မူ ပမာဏမှာ အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံ အထိရှိခဲ့ကြောင်း သိရသည်။ ဝန်ကြီး ဌာနမှ ကုန်သွယ်မူ ပမာဏအား အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိ သတ်မှတ်ခဲ့ရာ လာမည့် နှစ်လ ကျော်အတွင်း သတ်မှတ်ထားသည့် ပမာဏ သို့ ရောက်ရှိရန် ဆက်လက် ကြိုးစား သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက် အတွင်းရေးမူး ဦးခင်မောင်လွင် က ပြောသည်။

Keep reading (English)