Burmese translated by ODMm
အနိမ့်ဆုံး လုပ်ခလစာ ကော်မတီ ပြန်လည် ဖွဲ့စည်း
မြန်မာနိုင်ငံ အနေဖြင့် တိုင်းပြည်အတွင်း လုပ်အားလာစာ တိုးတက်လာစေရန် အမျိုးသား အနိမ့်ဆုံး လုပ်ခလစာ ကော်မတီအား ပြန်လည်ဖွဲ့စည်း ခဲ့သည်။ ပြီးခဲ့သည့် အပတ်အတွင်း ဖွဲ့စည်းခဲ့သည့် အဆိုပါ ကော်မတီတွင် ဘဏ္ဍာရေး ကျွမ်းကျင်သူများ၊ ဝန်ကြီးဌာနများနှင့် အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။Keep reading (English) ...
ကျွမ်းကျင်လုပ်သား ရှားပါးမူ ပြဿနာ ကြုံတွေ့နေရဆဲ ဖြစ်
မြန်မာနိုင်ငံ သည် နှီးမြှပ်နှံမူများ ပိုမိုဝင်ရောက်ရန် ဆွဲဆောင်မူများ ရှိသကဲ့သို့ တိုင်းပြည် အနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်း၊ ခရီးသွား လုပ်ငန်း နှင့် ကုန်ထုတ်လုပ်မူ လုပ်ငန်း ကဏ္ဍများအတွက် ကျွမ်းကျင်လုပ်သား ရရှိရန် ရုန်းကန်နေရ သည်။Keep reading (English) ...
ပို့ကုန်များအား သတ်မှတ်ထားသည့် ကုန်သွယ်မူ ပမာဏ သို့ ရောက်ရန် ဦးစားပေး ဆောင်ရွက်မည်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တရားဝင် စာရင်းဇယားများအရ ယခုနှစ် ဘဏ္ဍာနှစ် ဇန်နဝါရီ လကုန်အထိ ကုန်သွယ်မူ ပမာဏမှာ အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံ အထိရှိခဲ့ကြောင်း သိရသည်။ ဝန်ကြီး ဌာနမှ ကုန်သွယ်မူ ပမာဏအား အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိ သတ်မှတ်ခဲ့ရာ လာမည့် နှစ်လ ကျော်အတွင်း သတ်မှတ်ထားသည့် ပမာဏ သို့ ရောက်ရှိရန် ဆက်လက် ကြိုးစား သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက် အတွင်းရေးမူး ဦးခင်မောင်လွင် က ပြောသည်။Keep reading ...
ဧရာဝတီ မြစ်တစ်လျှောက် ကျက်စားနေသည့် ငှက်များ လျော့ကျမည့် အန္တရယ် ရှိနေ
ဧရာဝတီ မြစ်ကြောင်း တလျောက် ကချင်ပြည်နယ် မြစ်ကြီးနား နှင့် မန္တလေးတိုင်း ဆင်ဘို ဒေသအတွင်းရှိ ရေငှက် မျိုးစိတ် အမျိုးမျိုး၏ အကောင် အရေအတွက်မှာ ကျက်စားရာ နေရာ ဆုံးရှုံးမူများ၊ ရွှေကျင်ခြင်း များကြောင့် ပြီးခဲ့သည့် ၁၄ နှစ်အတွင်း အနည်းဆုံး ကောင်ရေ ထက်ဝက်ခန့် တဖြည်းဖြည်း လျော့ကျခဲ့ကြောင်း စစ်တမ်းတစ်ခု တွင် ဖော်ပြထားသည်။Keep reading (English) ...
ကယားလွှတ်တော် ပြည်နယ် ဘတ်ဂျတ် များ စိစစ်
ကယားပြည်နယ် အစိုးရ မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျတ် ကျပ် ၅၁ ဘီလီယံ အဆိုပြုခဲ့ပြီး အဆိုပါ ဘတ်ဂျတ်များအား ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်ပြီး ကဏ္ဍအားလုံး အပေါ် အညီအမျှ သုံးစွဲသွားမည် ဖြစ်ကြောင်း ကယားပြည်နယ် လွှတ်တော် နာယက ဦးလှထွေး မှ ပြောကြားသည်။Keep reading (English) ...
လာမည့် သုံးနှစ်ကျော် ကာလအတွင်း စီးပွားရေး ပျမ်းမျှ ၇.၁ ရာခိုင်နှုန်း မြင့်တက်ရန် ခန့်မှန်း
မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ငွေကြေးဖောင်းပွမူ ဖြေလျော့ခြင်း အပါအဝင် အခြေခံ အဆောက်အဦများတွင် ရင်းနှီးမြှပ်နှံမူ နှင့် ကုန်ထုတ်လုပ်မူနှင့် ဝန်ဆောင်မူ လုပ်ငန်းများကဲသို့သော ကဏ္ဍများ များပြားလာမူကြောင့် လာမည့် သုံးနှစ်တွင် ပျမ်းမျှ အားဖြင့် ၇.၁ ရာခိုင်နှုန်း တိုးတက်လာရန် မျှော်လင့်ကြောင်း ကမ္ဘာ့ဘဏ်က တနင်္လာနေ့က ထုတ်ပြန်ခဲ့သည်။Keep reading (English) ...