သဘာဝပါတ်ဝန်းကျင်နှင့် သဘာဝရင်းမြစ်များ

သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ရေး

သစ်တောများသည် မြန်မာ့သဘာဝသယံဇာတများ၏ အလွန်းအရေးကြီးသောအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သို့ရာတွင် ပြိုင်ဆိုင်လျက်ရှိသော စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တော ပြုန်းတီးမှုနှုန်းမှာ အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ရသည်။1 မြန်မာနိုင်ငံရှိ လယ်ယာမြေများနှင့် သစ်တောများအားလုံးကို နိုင်ငံတော်မှ ပိုင်ဆိုင်ထားသော်လည်း2 ပြင်ပစီးပွားရေးရင်းနှီးမြှုပ်နှံမှုများမှာ မြင့်တက်လျက်ရှိသည်။  ဒေသခံပြည်သူလူထုနှင့် တိုင်းရင်းသားလူမျိုးစုများတွင် ရိုးရာအစဉ်အလာနှင့် တရားဝင်အကျိုးစီးပွားများလည်း ရှိကြသည်။3 စီးပွားရေး အကျိုးစီးပွားအတွက် မြန်မာနိုင်ငံ တောင်ငူမြို့အနီး အုတ်ဖုတ်မီးဖိုရန်အတွက် စုဆောင်းထားသောထင်း။ World Resources Institute၊ James Anderson ၏ ဓာတ်ပုံကို Flickr မှတစ်ဆင့် CC BY-NC-SA 2.0 လိုင်စင်ဖြင့်ရယူထားသည်။ ကိုလိုနီခေတ်ကတည်းက သစ်တောစီမံခန့်ခွဲမှုကို နိုင်ငံတော်၏အစီအစဉ်တွင် ...

မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) စနစ်

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းစနစ်၏ အရေးပါမှု မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှု ရေရှည်တည်တံ့စေရန် ကြိုးပမ်းအားထုတ်ရာတွင် သဘာဝသယံဇာတ ထုတ်လုပ်မှုမှရရှိသော ဝင်ငွေအပေါ် အထူးအားပြုမှီခိုနေရသောကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုများနှင့် မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရလျက် ရှိပါသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံသည် နိုင်ငံတော်အဆင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများကို ကောင်းမွန်စွာ လိုက်နာ ကျင့်သုံးနှိုင်မှုတွင် အဆင့် ၁၃၈ သာ ချိတ်ပါသည်။1 လွန်ခဲ့သော နှစ်အနည်းငယ်အထိ မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ဆိုင်ရာ တိကျသော ဉပဒေပြဌာန်းမှုများနှင့် ဥပဒေသက်ရောက်မှုများ မရှိခဲ့ခြင်းကြောင့် သက်ရောက်မှုပြင်းထန်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များသည် ပေါ်ပေါက်နေဆဲဖြစ်၍ ရင်းနှီးမြုပ်နှံသူများအတွက် မရေရာသော အခြေအနေတွင် ရှိနေပါသည်။ ၂၀၁၉ ခုနှစ်၊ ...

မြန်မာနိုင်ငံ သစ်တောနှင့် သစ်တောလုပ်ငန်းကဏ္ဍ

မြန်မာ့သစ်တောများသည် ဥစ္စာဓနနှင့်အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများကို နှစ်ပေါင်းများစွာ ဖြည့်ဆည်းပံ့ပိုး ပေးခဲ့သော်လည်း ယခုအခါ ပျက်စီးပြုန်းတီးမှုဒဏ်မှ အလွန်အမင်းရုန်းကန်နေရပါသည်။ မြန်မာ့ရွေးချယ်ခုတ်လှဲ စနစ် (Myanmar Selection System) သည် လွန်ခဲ့သော ၁၉ ရာစုကတည်းကပင် မြန်မာနိုင်ငံ၌ စတင်အသုံးပြုခဲ့သည့် စဉ်ဆက်မပြတ်ထိန်းသိမ်းထားသော သစ်ထုတ်လုပ်ရေးဆိုင်ရာ သိပ္ပံနည်းကျစီမံ ခန့်ခွဲမှုစနစ် တစ်ခု ဖြစ်ပါသည်။ မြေယာလုပ်ပိုင်ခွင့်နှင့်ပဋိပက္ခများ၊ ရေတိုအကျိုးအမြတ်သာ အလေးပေးသည့် တရားမဝင် သစ်ထုတ်လုပ်မှုများ ၊ အထူးသဖြင့် လူကြိုက်အလွန်များသည့် မြန်မာ့ကျွန်းသစ် ပြည်ပသို့တင်ပို့ရောင်းချမှုများ ကြောင့် ၁၉၇၀ပြည့်လွန်နှစ်များမှအစပြု၍ သစ်တောအတန်းအစား အလွန်အမင်းကျဆင်းခဲ့ရပါသည်။ အစိုးရ အဆက်ဆက်အနေဖြင့် အချို့သောအရေးကိစ္စများကို အသိအမှတ်ပြုလက်ခံ၍ ကိုင်တွယ်ဖြေရှင်းရန် လုပ်ငန်း ...

မြန်မာ့သစ်တောမူဝါဒနှင့် စီမံအုပ်ချုပ်မှု

အရေးပါသောဥပဒေများ ၊ စည်းမျဉ်းစည်းကမ်းများနှင့်မူဝါဒများ ၁၉၉၂ မြန်မာနိုင်ငံသစ်တောဥပဒေ (၂၀၁၈ ပြင်ဆင်ချက်) – ဒေသခံပြည်သူအစုအဖွဲ့နှင့် အစိုးရဌာနများ အကြား သစ်တောစီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ဝတ္တရားသတ်မှတ်ခွဲဝေမှုများ ပါဝင်ပါသည်။ ၁၉၉၄ တောရိုင်းတိရစ္ဆာန်များ ၊သဘာဝအပင်များနှင့်သဘာဝနယ်မြေများ ကာကွယ်ရေး နှင့် ထိန်းသိမ်းရေးဥပဒေ ၁၉၉၅ သစ်တောနည်းဥပဒေများ (၂၀၁၉ ဖြည့်စွက်ပြင်ဆင်ချက်) ၁၉၉၅ မြန်မာ့သစ်တောမူဝါဒများ ၁၉၉၅ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများဆိုင်ရာညွှန်ကြားချက်များ (၂၀၁၆ နှင့် ၂၀၁၉ ပြင်ဆင်ချက်များ) ၂၀၁၂ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၈ ပြင်ဆင်ချက်) ၂၀၁၂ မြေလွတ် ၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ (၂၀၁၈ ပြင်ဆင်ချက်) ၂၀၁၄ ပြည်ပသို့သစ်အလုံးလိုက်တင်ပို့မှုများကိုနိုင်ငံအနှံ့တားမြစ်ပိတ်ပင်မှု ၂၀၁၆ ပဲခူးရိုးမဒေသတွင်သစ်ထုတ်လုပ်မှုများကို ၁၀ နှစ်ကြာတားမြစ်ပိတ်ပင်ခြင်း ၂၀၁၈ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ...

Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

jefz9
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!