ကြိုးဝိုင်းဧရိယာများ
Protected forest
သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ရေး

သစ်တောများသည် မြန်မာ့သဘာဝသယံဇာတများ၏ အလွန်းအရေးကြီးသောအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သို့ရာတွင် ပြိုင်ဆိုင်လျက်ရှိသော စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တော ပြုန်းတီးမှုနှုန်းမှာ အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ရသည်။1 မြန်မာနိုင်ငံရှိ လယ်ယာမြေများနှင့် သစ်တောများအားလုံးကို နိုင်ငံတော်မှ ပိုင်ဆိုင်ထားသော်လည်း2 ပြင်ပစီးပွားရေးရင်းနှီးမြှုပ်နှံမှုများမှာ မြင့်တက်လျက်ရှိသည်။ ဒေသခံပြည်သူလူထုနှင့် တိုင်းရင်းသားလူမျိုးစုများတွင် ရိုးရာအစဉ်အလာနှင့် တရားဝင်အကျိုးစီးပွားများလည်း ရှိကြသည်။3 စီးပွားရေး အကျိုးစီးပွားအတွက် မြန်မာနိုင်ငံ တောင်ငူမြို့အနီး အုတ်ဖုတ်မီးဖိုရန်အတွက် စုဆောင်းထားသောထင်း။ World Resources Institute၊ James Anderson ၏ ဓာတ်ပုံကို Flickr မှတစ်ဆင့် CC BY-NC-SA 2.0 လိုင်စင်ဖြင့်ရယူထားသည်။ ကိုလိုနီခေတ်ကတည်းက သစ်တောစီမံခန့်ခွဲမှုကို နိုင်ငံတော်၏အစီအစဉ်တွင် ...