သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ရေး

သစ်တောများသည် မြန်မာ့သဘာဝသယံဇာတများ၏ အလွန်းအရေးကြီးသောအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သို့ရာတွင် ပြိုင်ဆိုင်လျက်ရှိသော စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တော ပြုန်းတီးမှုနှုန်းမှာ အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ရသည်။1 မြန်မာနိုင်ငံရှိ လယ်ယာမြေများနှင့် သစ်တောများအားလုံးကို နိုင်ငံတော်မှ ပိုင်ဆိုင်ထားသော်လည်း2 ပြင်ပစီးပွားရေးရင်းနှီးမြှုပ်နှံမှုများမှာ မြင့်တက်လျက်ရှိသည်။  ဒေသခံပြည်သူလူထုနှင့် တိုင်းရင်းသားလူမျိုးစုများတွင် ရိုးရာအစဉ်အလာနှင့် တရားဝင်အကျိုးစီးပွားများလည်း ရှိကြသည်။3

စီးပွားရေး အကျိုးစီးပွားအတွက် မြန်မာနိုင်ငံ တောင်ငူမြို့အနီး အုတ်ဖုတ်မီးဖိုရန်အတွက် စုဆောင်းထားသောထင်း။ World Resources Institute၊ James Anderson ၏ ဓာတ်ပုံကို Flickr မှတစ်ဆင့် CC BY-NC-SA 2.0 လိုင်စင်ဖြင့်ရယူထားသည်။

ကိုလိုနီခေတ်ကတည်းက သစ်တောစီမံခန့်ခွဲမှုကို နိုင်ငံတော်၏အစီအစဉ်တွင် ထည့်သွင်းထားပြီးဖြစ်သည်။4 သို့ရာတွင် ၁၉၇၀ပြည့်လွန်နှစ်များမှစ၍ သစ်တောပြုန်းတီးမှုတွင် ပဋိပက္ခများ၊ မြေယာသိမ်းယူမှုများနှင့် တရားမဝင်၊ ရေရှည်တည်တံ့ခိုင်မြဲမှုမရှိသော သစ်ခုတ်လှဲခြင်းတို့၏ အခန်းကဏ္ဍကို ပိုမိုနားလည်လာခဲ့ကြသည်။5 နိုင်ငံတော်သည် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းအပါအဝင် သစ်တောများထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပတ်သက်သော မူဝါဒများနှင့် ဥပဒေများကို ရေးဆွဲထားသော်လည်း ပြင်ပမှလုပ်ငန်းရှင်များသည် ရေရှည်အတွက်မဟုတ်သည့် တရားမဝင်သစ်ထုတ်လုပ်ခြင်း လုပ်ထုံးလုပ်နည်းများကို ဆက်လက်တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်၏အခန်းကဏ္ဍကို ပိုမိုအလေးထားအာရုံစိုက်လာကြသည်။ ကဏ္ဍပြောင်းလဲခြင်းအတွက် ပြင်ပယန္တရားများသည် ယေဘုယျအားဖြင့် စီးပွားရေးပိတ်ဆို့မှုများအပေါ်၊ အထူးသဖြင့် စစ်တပ်ကို ထောက်ပံ့ရာတွင် သစ်တောလုပ်ငန်းကဏ္ဍကို ကန့်သတ်ရန်အတွက် အာရုံစိုက်လေ့ရှိသည်။6, 7 သို့ရာတွင် ဤသို့ပြုမူခြင်းသည် မြန်မာနိုင်ငံ၌ သစ်တောပြုန်းတီးမှုများနှင့် တရားမဝင်သစ်ခိုးထုတ်မှုများအား တိုးပွားလာနိုင်ကြောင်း ဝေဖန်သူများမှ အကြံပြု ထောက်ပြထားသည်။8

ရော်ဘာနှင့် ဆီအုန်းစိုက်ခင်းများ သို့မဟုတ် သတ္တုတူးဖော်ရေးကဏ္ဍသည် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် သက်ရောက်မှုရှိသည်။ မြန်မာနိုင်ငံရှိ ကန်ပါနီကဲ့သို့ ရွာများကို အိုးအိမ်မဲ့ကျေးရွာများဖြစ်စေသည့် သက်ရောက်မှု။ NFNPA ၏ ဓာတ်ပုံကို Flickr မှတစ်ဆင့် CC BY-NC-SA 2.0 လိုင်စင်ဖြင့်ရယူထားသည်။

သစ်တောများကာကွယ်စောက်ရှောက်ရေးဆိုင်ရာ ဥပဒေနှင့် မူဝါဒမူဘောင်

မြန်မာ့သစ်တောများကို မတူညီသောမူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများစွာတို့ဖြင့် စီမံအုပ်ချုပ်ထားသည်။ စာရင်းအပြည့်အစုံကို သစ်တောမူဝါဒနှင့် စီမံခန့်ခွဲရေးစာမျက်နှာ တွင်ဖတ်ရှုနိုင်သည်။

အစိုးရ၏အခန်းကဏ္ဍ

မြန်မာနိုင်ငံအမျိုးသား REDD+ မဟာဗျူဟာများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ဝန်ကြီးများ အစည်းအဝေးကို နေပြည်တော်တွင် ပြုလုပ်ခဲ့ခြင်း။ REDD Plus Myanmar ၏ ဓာတ်ပုံကို Flickr မှတစ်ဆင့် CC BY-NC-SA 2.0 လိုင်စင်ဖြင့်ရယူထားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) အောက်ရှိ သစ်တောဦးစီးဌာနသည် သစ်တောလုပ်ငန်းစီမံခန့်ခွဲမှုအတွက် အဓိကတာဝန်ရှိသော အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သည်။ သို့ရာတွင် ထို MONREC ဝန်ကြီးဌာနအောက်ရှိ အခြားဌာနများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကဲ့သို့ သစ်တောများအတွက် တာဝန်ရှိကြသည်။ MONREC ၏ မကြာသေးမီက စစ်ဘက်မှခန့်အပ်ထားသောဝန်ကြီး၏ ထုတ်ပြန်ချက်9  တွင်သစ်များတင်ပို့မှုအပါအဝင် သစ်တောစီမံခန့်ခွဲမှုသည် ယခုအခါ စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ဖော်ပြထားသည်။ အစိုးရစီမံခန့်ခွဲမှုအကြောင်းကို ပိုမိုသိရှိလိုပါက  သစ်တောမူဝါဒနှင့် စီမံခန့်ခွဲရေးစာမျက်နှာ တွင် ဖတ်ရှုနိုင်သည်။

သစ်တောဦးစီးဌာနမှရေးဆွဲသော အနှစ် (၃၀) အမျိုးသား သစ်တောလုပ်ငန်း ပင်မစီမံကိန်း (NFMP) (2001/2–2030/1) သည် (၁၀) နှစ်တာ သစ်တောစီမံခန့်ခွဲမှုစီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို လမ်းညွှန်ထားသည်။  ဓလေ့ထုံးတမ်းအစဉ်အလာ10 အရ လုပ်ပိုင်ခွင့်ရသည့် မြေယာအများစုအား ‘စွန့်ပစ်မြေ’ ဟုခေါ်ဆို၍ ထိုမြေယာများကို အသုံးပြုရခြင်း၏ ရည်ရွယ်ချက်မှာ သစ်တောကြိုးဝိုင်းများနှင့် ကြိုးပြင်ကာကွယ်တောများအဖြစ်သို့ အကြမ်းဖျဉ်းအားဖြင့် ဟက်တာ(၄)သန်းခန့်အထိ တိုးမြှင့်သွားရန်ဖြစ်သည်။11 သစ်တောများအမျိုးအစားခွဲခြားခြင်း စနစ်အကြောင်းကို ထပ်မံသိရှိလိုပါက  သစ်တောမူဝါဒနှင့် စီမံခန့်ခွဲရေး စာမျက်နှာတွင် ဖတ်ရှုနိုင်သည်။

၂၀၁၅ ခုနှစ် အရပ်သားအစိုးရသည် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၃၀ အစီအစဉ်ကို အတည်ပြုထောက်ခံကြောင်း ကြေညာခဲ့သည်။12 ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်သော REDD+တွင် ပါဝင်ခြင်းနှင့်  UNFCCC ၏ အဖွဲ့တစ်ဖွဲ့အနေဖြင့် အမျိုးသားအဆင့် သတ်မှတ်ထားသော ပံ့ပိုးမှုများကို ဆောင်ရွက်ပေးခြင်းတို့သည် မဟာဗျူဟာစီမံချက်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။  သစ်တောများသည် အဆိုပါရာသီဥတုပြောင်းလဲမှုအစီအစဉ်များတွင် အဓိကကျသောအခန်းကဏ္ဍတစ်ခု ဖြစ်သည်။ နိုင်ငံတော် အစိုးရသည် မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ (၂၀၁၉)၊ အမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒ (၂၀၁၉) နှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာ (၂၀၁၈-၂၀၃၀) တို့ကိုလည်း အတည်ပြုထောက်ခံကြောင်း ကြေညာခဲ့သည်။13

အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ

၂၀၂၁ခုနှစ် စစ်တပ်အာဏာမသိမ်းမီအချိန်က မြန်မာနိုင်ငံရှိ အစိုးရမဟုတ်သောအဖွဲ့အစည်း (၄၅) ဖွဲ့ကျော်နှင့် အရပ်ဖက်အဖွဲ့အစည်းများသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်နေခဲ့ကြသည်။14 အဆိုပါသစ်တောဆိုင်ရာအဖွဲ့အစည်းများတွင် ပြည်သူနှင့်သစ်တောဆိုင်ရာဗဟိုဌာန (RECOFTC)၊  (မြန်မာ့ပတ်ဝန်းကျင်ထူထောင်ထိန်းသိမ်းရေးကွန်ယက် (MERN)၊  ကရင်ပြည်နယ် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးလှုပ်ရှားမှုကွန်ယက် (KESAN) နှင့် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့ (KDNG) တို့ ပါဝင်သည်။ RECOFTC နှင့် MERN တို့သည် သစ်တောကာကွယ်ရေးနှင့် သစ်တောပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြှင့်တင်ရန်အတွက် အစိုးရနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ 

၂၀၁၇ ခုနှစ်တွင် နေပြည်တော်၌ ကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား။ REDD Plus Myanmar ၏ ဓာတ်ပုံကို Flickr မှတစ်ဆင့် CC BY-NC-SA 2.0 လိုင်စင်ဖြင့်ရယူထားသည်။

သို့ရာတွင် စစ်အစိုးရမှ အာဏာသိမ်းပြီးကတည်းက အစိုးရမဟုတ်သောအဖွဲ့အစည်းအများစုသည် တိုးတက်မှုများ ဆောင်ရွက်ရန်မတတ်နိုင်ခဲ့ပေ။ ဥပမာအားဖြင့် သစ်များရောင်းဝယ်ဖောက်ကားမှုကို စုံစမ်းစစ်ဆေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော ပတ်ဝန်းကျင်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအေဂျင်စီနှင့် ဆောင်ရွက်လျက်ရှိသည့် သစ်တောစောင့်ကြည့်သူများသည် သစ်တောလုပ်ငန်းဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းအများစုက ရွှေ့ပြောင်းရန် သို့မဟုတ် လုပ်ဆောင်ရန် မတတ်နိုင်တော့သောကြောင့် အချက်အလက်များကို စုဆောင်းနိုင်မှု မရှိကြပေ။ PEFC အသိအမှတ်ပြုလက်မှတ်ဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော သစ်တောစီမံခန့်ခွဲမှုများကို မြှင့်တင်သည့် အခြားအဖွဲ့အစည်းသည် ကဏ္ဍဆိုင်ရာအသိအမှတ်ပြုလက်မှတ်စံနှုန်းများအတွင်း ကွဲလွဲမှုများကြောင့် ယခုအခါ အသိအမှတ်ပြုလက်မှတ်များ မပေးနိုင်သေးပေ။15

ဒေသခံပြည်သူလူထု၏အခန်းကဏ္ဍ

သစ်တောများကိုပြုစုစောက်ရှောက်ရာတွင် တိုင်းရင်းသားလူနည်းစုများ16 ဖြစ်သော ဒေသခံပြည်သူလူထုသည် အခြေခံကျသောအခန်းကဏ္ဍမှ ပါဝင်သည်။ မြန်မာနိုင်ငံလူဉီးရေ၏ (၇၀) ရာခိုင်နှုန်းသည် ကျေးလက်ဒေသနေ ပြည်သူများဖြစ်ကြပြီး ၎င်းတို့၏အခြေခံလိုအပ်ချက်များအတွက် သစ်တောများအပေါ်တွင် မှီခိုနေကြရသည်။17 ကျေးလက်ဒေသရှိကျေးရွာအများစုသည် သစ်တောများနှင့် စိတ်ပိုင်းဆိုင်ရာအပြင် မိသားစုသဖွယ် တရင်းတနှီး ရှိနေကြသော တိုင်းရင်းသားလူနည်းစုများ သို့မဟုတ် ဌာနေတိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည်။ ဓလေ့ထုံးတမ်းအလေ့အကျင့်များ၊ ရိုးရာအစဉ်အလာဗဟုသုတတို့နှင့်အတူ ဓလေ့ထုံးတမ်းဆိုင်ရာပိုင်ဆိုင်ခွင့် အရင်းအမြစ်များသည် ၎င်းတို့၏ သစ်တောစီမံအုပ်ချုပ်ရေးနည်းလမ်းများကို လမ်းညွှန်ပေးထားသည်။

ကြည့်စမ်းဆွေကျေးရွာရှိ စိုက်ပျိုးရေးသစ်တောစီမံကိန်းအတွက် MONREC နှင့် CF တို့ကြား ကွင်းဆင်းတွေ့ဆုံပွဲ။ FLEGT Myanmar ၏ ဓာတ်ပုံကို Flickr မှတစ်ဆင့် CC BY-NC-SA 2.0 လိုင်စင်ဖြင့်ရယူထားသည်။

မြန်မာနိုင်ငံတွင် ဓလေ့ထုံးတမ်းဆိုင်ရာမြေယာပိုင်ဆိုင်ခွင့်ကို တရားဝင်အသိအမှတ်မပြုသေးပေ။ သို့ရာတွင် အမျိုးသားမြေယာအသုံးချမှုမူဝါဒ (၂၀၁၆)တွင် မြေယာဥပဒေမူကြမ်း18 19  အရ အကြံပြုထားသော မြေယာ ကာကွယ်မှုများအပါအဝင် ဓလေ့ထုံးတမ်းဆိုင်ရာပိုင်ဆိုင်မှုကို စီမံခန့်ခွဲခြင်းနှင့် အသိအမှတ်ပြုခြင်းဆိုင်ရာ အခြေခံမူများပါဝင်သည်။  နိုင်ငံတော်အစိုးရသည် ဓလေ့ထုံးတမ်းဆိုင်ရာမြေယာပိုင်ဆိုင်ခွင့်ကို လက်တွေ့တွင် အကန့်အသတ်ဖြင့် ဖော်ပြရန်ခွင့်ပြုထားသည်။20

ဒေသခံပြည်သူများသည် ၎င်းတို့၏ရိုးရာအစဉ်အလာအရ အထွတ်အမြတ်ထားရာ သစ်တောများကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။  အချို့ကိစ္စများတွင် ၎င်းသည် အမျိုးသားဥပဒေမူဘောင်အရ မဟုတ်သော၊ ကာကွယ်ထားသည့် သစ်တောနယ်မြေများ ဖြစ်ပေါ်လာစေသည်။21 အထူးသဖြင့် အစိုးရမအုပ်ချုပ်သည့်နယ်မြေများတွင် ဤကိစ္စမျိုးရှိခဲ့သည်။ လူသိများသောဥပမာမှာ “ကော်” သို့မဟုတ် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ဖြစ်သည်။ အဆိုပါဥယျာဉ်ကို ကရင်လူမျိုးတစ်စုက ၎င်းတို့၏ယဉ်ကျေးမှုအမွေအနှစ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အား ကာကွယ်ရန် ၎င်းတို့၏ ဓလေ့ထုံးတမ်းဆိုင်ရာမြေယာများတွင် ထူထောင်ခဲ့ခြင်းဖြစ်သည်။

KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ကရင်ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော။ NFNPA၏ ဓာတ်ပုံကို Flickr မှတစ်ဆင့် CC BY-NC-SA 2.0 လိုင်စင်ဖြင့်ရယူထားသည်။

အစိုးရမအုပ်ချုပ်သည့်နယ်မြေ (NSA) မှ သစ်တောလုပ်ငန်းလုပ်ဆောင်သူများသည် အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အမျိုးသားအာဏာပိုင်များထံ မှတ်ပုံတင်ရန်လိုအပ်သည်။22 သို့သော် NSA သစ်တောလုပ်ငန်း လုပ်ဆောင်သူတစ်ဉီးသည် သစ်တောနှင့်ပတ်သက်သည့် သက်သေခံလက်မှတ်အတွက် မည်သည့်အာဏာပိုင်အဖွဲ့ထံ လျှောက်ထားရမည်ကို ရှင်းရှင်းလင်းလင်းမရှိပေ။23 ဆိုလိုသည်မှာ NSA သစ်တောတစ်ခုစီကို နိုင်ငံတော်အစိုးရမှ ကွဲပြားစွာ အသိအမှတ်ပြုထားသည်။ “ကော်” ကို  နိုင်ငံတော်အစိုးရမှ နှစ်ရှည်ငှားရမ်းထားပေးသော်လည်း ၎င်းသည် ကရင်ပြည်နယ်သစ်တောဦးစီးဌာနမှ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ကို ရရှိထားသည်။ 24  

ကရင်နီ၊ ကချင်၊ ကရင်ပြည်နယ်25 နှင့် တနင်္သာရီတိုင်းဒေသကြီး26 တို့တွင် အစိုးရမအုပ်ချုပ်သည့်နယ်မြေများရှိ ရပ်ရွာလူထုအဖွဲ့အစည်းများမှ စောင့်ရှောက်ထားသော အခြားသစ်တောများ၌ ၎င်းတို့၏ ဓလေ့ထုံးတမ်းဥပဒေများ၊ အုပ်ချုပ်မှုစနစ်များ၊ ဗဟုသုတများနှင့် သစ်တောစီမံခန့်ခွဲမှုဆိုင်ရာ အလေ့အကျင့်များအတိုင်း လိုက်နာကျင့်သုံးခဲ့ကြသည်။27 “ကော်” အပြင် “သောသိတောအူ” ဌာနေတိုင်းရင်းသားဉယျာဉ်ကို ၂၀၁၉ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။28  

အစိုးရမအုပ်ချုပ်သည့်နယ်မြေများရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင်ကာကွယ်ထားသည့် သစ်တောများတွင် အကျိုးစီးပွားများ အပြိုင်အဆိုင်ရှိတတ်သည်။29 ဥပမာအားဖြင့် ၂၀၁၉ခုနှစ် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် (CFI) သည် သစ်တောစီမံခန့်ခွဲမှုတွင် တိုင်းရင်းသားများအတွက် စီမံအုပ်ချုပ်ရေးကို ကန့်သတ်ထားသည်။30 ထို့အပြင် သစ်တောနှင့်သက်ဆိုင်သည့် ဥပဒေအမျိုးမျိုးသည် ရပ်ရွာလူထုကဦးဆောင်လုပ်ကိုင်နေသော သစ်တောကာကွယ်ရေးလုပ်ငန်းများနှင့် ဆန့်ကျင်နေတတ်သည်။ ဥပမာအားဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေသည် တိုင်းရင်းသားလူမျိုးများ၏ လုပ်ရိုးလုပ်စဉ်နည်းလမ်းဖြစ်သည့်  ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းကို တားမြစ်ထားသည်။  ရေရှည်တွင် အစိုးရမအုပ်ချုပ်သည့်နယ်မြေများရှိ သစ်တောများအပါအဝင် သစ်တောများအားလုံးကို  မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ကြရသည်။ ဤနယ်မြေများကို “ပေါင်းစပ်ထိန်းချုပ်ထားသော နယ်မြေများ”ဟု ခေါ်သည်။ မြေပုံ(၁)တွင် ကြည့်ရှုပါ။   

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း

နိုင်ငံတော်အစိုးရ၏မူဝါဒတွင် ရေရှည်တည်တံ့ခိုင်မြဲသောသစ်တောလုပ်ငန်းကို အထောက်အကူပြုရန် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း (CF) ပါဝင်သည်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း(CF)သည် ဓလေ့ထုံးတမ်းဆိုင်ရာလုပ်ပိုင်ခွင့်များ၊ တာဝန်ဝတ္တရားများနှင့်အညီ ဆောင်ရွက်နေသည့် တိုင်းရင်းသားလူနည်းစုများ၏ ဒေသအလိုက် သစ်တောထိန်းသိမ်းရေးလုပ်ငန်းဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်သော်လည်း ဤအပိုင်းတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း(CF)ဟူသော စကာလုံးများကို သုံးစွဲထားပြီး ၎င်းအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းသည် အမျိုးသားမူဘောင်အောက်တွင်ရေးဆွဲထားသည့်  အုပ်ချုပ်မှုပုံစံများတွင် ဒေသခံပြည်သူလူထု ပါဝင်လုပ်ကိုင်နေသော သစ်တောများကိုသာ ရည်ညွှန်းထားခြင်းဖြစ်သည်။  

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတွင် ကျွန်းစိုက်ခင်း။FLEGT Myanmar၏ ဓာတ်ပုံကို Flickr မှတစ်ဆင့် CC BY-NC-SA 2.0 လိုင်စင်ဖြင့်ရယူထားသည်။

အမျိုးသား ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း မူဘောင်ကို သစ်တောလုပ်ငန်းဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၀၁-၂၀၃၁)၊ သစ်တောဥပဒေ (၂၀၁၈)၊ နှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ (၂၀၁၈) တို့ဖြင့် ဆောင်ရွက်ထားပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာညွှန်ကြားချက် (CFIs) ၁၉၉၅၊ ၂၀၁၆ နှင့် ၂၀၁၉တို့ဖြင့် အကောင်အထည်ဖော်ခဲ့သည်။31 ရပ်ရွာလူထုမှဦးဆောင်လုပ်ကိုင်နေသော သစ်တောထိန်းသိမ်းခြင်းနှင့်မတူဘဲ နိုင်ငံတော်မှဆောင်ရွက်နေသော အစုအဖွဲ့ပိုင်သစ်တောများတွင် အသိအမှတ်ပြုလက်မှတ်တစ်ခု ရရှိရန်အတွက် လျှောက်ထားသူများအား နိုင်ငံတော်အစိုးရမှ မှတ်ပုံတင်ပေးရန်လိုအပ်သည်။ အစုအဖွဲ့ပိုင်သစ်တော ဆောင်ရွက်ခွင့်လက်မှတ်တစ်ခုရရှိပြီးသည်နှင့် မှတ်ပုံတင်၍အသုံးပြုသူများသည် အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းကို အခြေခံသော စီးပွားရေးလုပ်ငန်းများ(CFEs) နှင့် အစုအဖွဲ့ပိုင်သစ်တောအသုံးပြုသူအဖွဲ့များ (CFUGs) တွင် ပါဝင်ဆောင်ရွက်နိုင်ကြသည်။32   ယင်းမှတစ်ဆင့် မှတ်ပုံတင်ထားသောအဖွဲ့အစည်းများသည် ပျက်စီးယိုယွင်းနေသောသစ်တောများ ပြန်လည်ဖြစ်ထွန်းမှုကို ပံ့ပိုးပေးလျက် သစ်တောထွက်ကုန်များ ရောင်းချနိုင်ခြင်းအား အနှစ် (၃၀) ကာလအထိ သက်တမ်းတိုးမြှင့် ဆောင်ရွက်နိုင်သည်။33 အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းကိုအခြေခံသော စီးပွားရေးလုပ်ငန်းများ  (CFEs) နှင့် အစုအဖွဲ့ပိုင်သစ်တောအသုံးပြုသူအဖွဲ့များ(CFUGs) အတွက် လုပ်ငန်းခွင်သင်တန်းနှင့် ငွေကြေးပံ့ပိုးပေးသောကြောင့် နိုင်ငံတော်မှအသိအမှတ်ပြုထားသော အစုအဖွဲ့ပိုင်သစ်တောများသည် NSA သစ်တောများထက် စီးပွား‌ရေးအခွင့်အလမ်း ပိုမိုရရှိပြီး၊ (CFEs) များသည် ကျွန်းနှင့်သစ်တောများကို တရားဝင်ရောင်းချနိုင်သည်။34 အစုအဖွဲ့ပိုင်သစ်တောများကို ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အပါအဝင် ရေရှည်သစ်တောပြုန်းတီးမှုရှိသော နယ်မြေဒေသများ35 တွင် တွေ့ရှိနိုင်သည်။ နိုင်ငံတော်မှပံ့ပိုးထားသော အစုအဖွဲ့ပိုင်သစ်တော ၉၂၀,၀၀၀ ဟက်တာ ကို ၂၀၃၀ ခုနှစ်36 မတိုင်မီ တည်ထောင်ရန် ရည်မှန်းထားသော်လည်း အစုအဖွဲ့ပိုင်သစ်တော ၂၄၈,၉၆၇ ဟက်တာကိုသာ ၂၀၁၉ ခုနှစ်37 မတိုင်မီတွင် တည်ထောင်နိုင်ခဲ့သည်။

သစ်တောလုပ်ငန်းတွင် ကျား၊မ ပါဝင်မှု အခန်းကဏ္ဍ

ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကွဲပြားမှုနှင့် စီးပွားဖြစ်လုပ်ငန်းများတိုးမြှင့်လာသည်နှင့်အမျှ လူတို့၏ လူနေပုံစံများ ပြောင်းလဲလာမှုကြောင့် သစ်တောလုပ်ငန်းတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် ကွဲပြားခြားနားလျက်ရှိသည်။ ယေဘုယျအားဖြင့် ကျေးလက်နေအမျိုးသမီးများသည် ထင်း၊ ဟင်းသီးဟင်းရွက်နှင့် အစားအစာများ ရှာဖွေစုဆောင်းခြင်းကဲ့သို့သော အိမ်တွင်းလိုအပ်ချက်များအတွက် သစ်တောများနှင့် ထိတွေ့ဆောင်ရွက်နေမှုများ ရှိတတ်ကြသည်။38 မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် မျိုးစေ့များနှင့်အပင်များပျိုးထောင်ခြင်း၊ ဒေသမျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်ကြခြင်းဖြင့် သစ်တောထိန်းသိမ်းကာကွယ်ရေးအသိပညာများ ရရှိကြသည်။39 တစ်ဖက်တွင်လည်း အမျိုးသားများသည် သစ်တောများနှင့်ထိတွေ့မှုရှိကြသော်လည်း ထိန်းသိမ်းခြင်းထက် ထုတ်ယူခြင်းအပေါ်သာ ပိုမိုအာရုံစိုက်ကြသည်။40 ကရင်ကဲ့သို့သော အချို့ရပ်ရွာအဖွဲ့အစည်းများတွင် အမျိုးသမီးများသည် အချို့အပင်များနှင့် ဆေးဘက်ဝင်အပင်များအကြောင်းကို အထူးနားလည်ကျွမ်းကျင်ကြသည်။41 ထို့အပြင် အချို့သစ်တောများတွင် အမျိုးသမီးများသည် “ကော်” ကဲ့သို့သော သစ်တောစီမံခန့်ခွဲမှုလုပ်ငန်းများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြသည်။42 သို့သော် ခြုံငုံကြည့်လျှင် အမျိုးသားအများစုသည် ရပ်ရွာအဖွဲ့အစည်းမှဦးဆောင်သော သစ်တောလုပ်ငန်းများ၌ ဆုံးဖြတ်ချက်ချမှတ်ရာတွင် လွှမ်းမိုးချုပ်ကိုင်ထားတတ်ကြသည်။43

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်မှ မြေယာပိုင်ဆိုင်မှုသင်တန်းတွင် အမျိုးသမီးများ၏ ပါဝင်မှု။ USAID ၏ ဓာတ်ပုံကို Flickr မှတစ်ဆင့် CC BY-NC-SA 2.0 လိုင်စင်ဖြင့်ရယူထားသည်။

အခြားနေရာများရှိအမျိုးသမီးများကဲ့သို့ပင် တိုင်းရင်းသားလူနည်းစုအမျိုးသမီးများသည် သစ်တောစီမံအုပ်ချုပ်မှု တွင်ပါဝင်ရန် နောက်ထပ်အတားအဆီးများကို ကြုံတွေ့ကြရသည်။ ၎င်းတို့သည် ၎င်းတို့၏လယ်ယာလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့်အတူ သာမန်အိမ်တွင်းမှုလုပ်ငန်းများကို လုပ်ကိုင်ရန်လိုအပ်ပြီး၊ သစ်တောစီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးပွဲများတွင် ပါဝင်ရမည့်အချိန်ကို ကန့်သတ်ထားခံရသည်။44  အမျိူးသမီးများအတွက် အစောင့်အကြပ်ထားရှိရန်လိုအပ်သည်ဟူသော ယဉ်ကျေးမှုစံနှုန်းများသည် အမျိုးသမီးများ၏သွားလာမှုအပေါ် သက်ရောက်မှုများရှိပြီး၊ အမျိုးသမီးများနှင့်မိန်းကလေးများအတွက် လုံခြုံမှုမရှိနိုင်ဟု ယူဆထားသည့် ဝေးလံခေါင်သီသောသစ်တောနယ်မြေများသို့ ရောက်ရှိရန် တစ်ညအိပ်ခရီး လိုအပ်နိုင်သည်။45ထို့အပြင် အချို့သော အစိုးရမဟုတ်သည့်အဖွဲ့အစည်းများပိုင် သစ်တောများတည်ရှိရာ ပေါင်းစပ်ထိန်းချုပ်ထားသည့်နေရာများသို့ သွားလာရာတွင်  လိင်အကြမ်းဖက်မှုအန္တရာယ်မှရှောင်ကြဉ်ရန် အမျိုးသမီးများအား အိမ်တွင်နေရစ်ခဲ့ရန်သာ ညွှန်ကြားထားကြသည်။46 ထို့အပြင် ဝေးလံခေါင်သီသည့် ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသူအမျိုးသမီးများသည် အထူးသဖြင့် ပညာသင်ယူခွင့် အကန့်အသတ်ရှိသည်။ ထိုအချက်သည် သစ်တောစီမံအုပ်ချုပ်မှုနှင့် အကောင်အထည်ဖော်ရေးလှုပ်ရှားမှုများတွင် ၎င်းတို့၏ပါဝင်နိုင်မှုကို  အားနည်းသွားစေခဲ့သည်။ 47

ကျေးလက်နေအမျိုးသမီးများသည် တောထဲမှ ဟင်းသီးဟင်းရွက်နှင့် အစားအစာများကို စုဆောင်းကြခြင်း။ FLEGT Myanmar၏ ဓာတ်ပုံကို Flickr မှတစ်ဆင့် CC BY-NC-SA 2.0 လိုင်စင်ဖြင့်ရယူထားသည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်မှ အာဏာသိမ်းပြီးကတည်းက သစ်တောဧရိယာများသို့ လူများဝင်ရောက်သွားလာရန် အန္တရာယ်ရှိလာသည်။ ဒေသခံပြည်သူ အထူးသဖြင့် အမျိုးသမီးများသည် ၎င်းတို့အတွက် လုံခြုံမှုကို ပိုမိုစိုးရိမ်လာကြသောကြောင့် သွားလာမှုများနည်းပါးလာခဲ့ပြီး ၎င်းတို့၏သစ်တောများ ပြုစုစောင့်ရှောက်နိုင်မှုနှင့် အရင်းအမြစ်များရရှိမှုတို့ကို ပိုမိုကန့်သတ်ခံနေရသည်။48

အစိုးရမှထိန်းချုပ်ထားသော ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းတွင် အမျိုးသမီးများ၏အခန်းကဏ္ဍ

NSA သစ်တောများကဲ့သို့ပင် အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများတွင် အမျိုးသမီးများအတွက် ကိုယ်စားပြုခြင်း နည်းပါးသည်။ တရားဝင်ပညာရေးသည် အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း စီမံအုပ်ချုပ်မှုပုံစံများတွင် အဓိကစံသတ်မှတ်ချက်တစ်ခုဖြစ်သော်လည်း ကျေးလက်နေအမျိုးသမီးများသည် ပညာသင်ယူရေးအခွင့်အလမ်းများ နည်းပါးသောကြောင့် ၎င်းတို့သည် မြန်မာစာတတ်မြောက်ရန်ပင် အလားအလာနည်းပါးလျက်ရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် သစ်တောလုပ်ငန်းအကြောင်းကို အတော်အတန်သိရှိထားကြသော်လည်း တရားဝင်ပြဌာန်းထားသော ပညာအရည်အချင်းနှင့် ပြည့်မီနိုင်ခြင်း မရှိကြပေ။ ပါဝင်ဆောင်ရွက်ရန်အခွင့်အလမ်းများကို အမျိုးသားများ လွှမ်းမိုးထားသောကြောင့် ပြဿနာများအား ဝင်ရောက်ဆွေးနွေးရန် အမျိုးသမီးများအတွက် ခြိမ်းခြောက်မှုများဖြစ်နိုင်ပြီး မလုံခြုံသကဲ့သို့ ခံစားရနိုင်သည်။ ထို့အပြင် ရပိုင်ခွင့်ဆိုင်ရာအသိပညာနည်းပါးမှု ပေါင်းစပ်လျက် အိမ်တွင်းမှုလုပ်ငန်းများကို လုပ်ကိုင်ရန် မေးစရာမလိုသော လိုအပ်ချက်တစ်ခု၊ အမျိုးသမီးများပါဝင်ဆောင်ရွက်မှုကို ကန့်သတ်ထားသော အမျိုးသားလွှမ်းမိုးမှု ဓလေ့တစ်ခုနှင့်အတူ၊ အစိုးရအုပ်ချုပ်သော အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းတွင် ကျား၊မ ပါဝင်မှုသည် အလွန်အမင်းကန့်သတ်ခြင်းခံထားရသည်။49

ပအိုဝ်းအမျိုးသမီးတစ်ဉီးသည် သူမ၏ကလေးကို လယ်ကွင်းထဲမှာ သူမနှင့်သယ်ဆောင်ခြင်း။ Paul Arps ၏ ဓာတ်ပုံကို Flickr မှတစ်ဆင့် CC BY-NC-SA 2.0 လိုင်စင်ဖြင့်ရယူထားသည်။

အစိုးရသည် အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းအုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များမှတစ်ဆင့် အမျိုးသမီးများ၏ပါဝင်မှုကို တိုးမြှင့်ပေးရန် ရည်မှန်းထားသော်လည်း50 အကျိုးအမြတ်ခွဲဝေမှုနှင့် သစ်တောသယံဇာတစီမံခန့်ခွဲမှုများတွင် ကျား၊မရေးရာနှင့်ပတ်သက်၍  ရှင်းရှင်းလင်းလင်း လမ်းညွှန်ဖော်ပြထားခြင်း မရှိသေးပေ။51

မြေပုံ(၁)- ၂၀၂၁ခုနှစ်၊ မတ်လ ၂၇ ရက်နှင့် ၂၈ ရက်များတွင် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်မြောက်ပိုင်းရှိ  သံလွင်ငြမ်းချမ်းရေးဥယျာဉ်နှင့် အနီးအနားပတ်ဝန်းကျင်ရှိ ကျေးရွာများကို လေကြောင်းဖြင့်တိုက်ခိုက်ခံရမှုပြ မြေပုံ။ အရင်းအမြစ်- သံလွင်ငြိမ်းချမ်းရေးဥယျာဉ်

 

References

Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

7XKN2
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!