သဘာဝပါတ်ဝန်းကျင်နှင့် သဘာဝရင်းမြစ်များဆိုင်ရာမူဝါဒနှင့် အုပ်ချုပ်ရေး
သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက်ရောက်မှုလေ့လာချက်
မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) စနစ်
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းစနစ်၏ အရေးပါမှု မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှု ရေရှည်တည်တံ့စေရန် ကြိုးပမ်းအားထုတ်ရာတွင် သဘာဝသယံဇာတ ထုတ်လုပ်မှုမှရရှိသော ဝင်ငွေအပေါ် အထူးအားပြုမှီခိုနေရသောကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုများနှင့် မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရလျက် ရှိပါသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံသည် နိုင်ငံတော်အဆင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများကို ကောင်းမွန်စွာ လိုက်နာ ကျင့်သုံးနှိုင်မှုတွင် အဆင့် ၁၃၈ သာ ချိတ်ပါသည်။1 လွန်ခဲ့သော နှစ်အနည်းငယ်အထိ မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ဆိုင်ရာ တိကျသော ဉပဒေပြဌာန်းမှုများနှင့် ဥပဒေသက်ရောက်မှုများ မရှိခဲ့ခြင်းကြောင့် သက်ရောက်မှုပြင်းထန်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များသည် ပေါ်ပေါက်နေဆဲဖြစ်၍ ရင်းနှီးမြုပ်နှံသူများအတွက် မရေရာသော အခြေအနေတွင် ရှိနေပါသည်။ ၂၀၁၉ ခုနှစ်၊ ...