မြေအရင်းအမြစ်
မြန်မာနိုင်ငံရှိဒီရေတောနယ်မြေများအပေါ် စီမံခန့်ခွဲမှုနှင့်ကာဗွန်စီးပွားရေး
မြန်မာနိုင်ငံသည်သစ်တော အမျိုးအစားပေါင်းမြောက်များစွာရှိပြီး ဇီဝမျိုးစုံမျိုးကွဲများစွာတို့နှင့်အတူ သဘာဝသယံဇာတများ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံတစ်ဝှမ်းလုံးရှိ မြေဧရိယာ၏ ၄၂.၉၂% ခန့်သည် သစ်တောများဖြင့် ဖုံးလွှမ်းလျှက်ရှိပြီး ၎င်းသည် ဟက်တာအားဖြင့် ၂၉ သန်းနှင့် ညီမျှသည်။1 မြန်မာနိုင်ငံတွင် အဓိကတွေ့ရှိရသော သစ်တောအမျိုးအစားပေါင်း ခုနစ်မျိုးရှိသည်။ ဒီရေတောများသည် ကမ်းရိုးတန်းတစ်လျှောက်ရှိ သယံဇာတအမျိုးမျိုးကို ပိုင်ဆိုင်လျှက်ရှိပြီး မြန်မာနိုင်ငံရှိ သစ်တောများ၏ (၁) ရာခိုင်နှုန်းခန့်သည် ဒီရေတောများဖြစ်ကြသည်။2 ပုံ-၁။အဓိကသစ်တောအမျိုးအစားများကို ဟက်တာအလိုက် ဖြန့်ကျက်လေ့လာခြင်း။ မြန်မာနိုင်ငံရှိ ဒီရေတောများသည် ကမ္ဘာ့ဒီရေတောများတွင်၄% ပါရှိပြီး အရှေ့တောင်အာရှရှိ ဒီရေတောများတွင်၈.၈% ပါဝင်ပါသည်။3မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဒီရေတောအပေါများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံတစ်ဝှမ်းတွင် ဒီရေတောမျိုးစိတ်ပေါင်း (၄၄) မျိုးရှိသည်။4 ...
မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များမှ နေရာရွှေ့ပြောင်းခြင်း
ကုလသမဂ္ဂ လူဝင်မှုကြီးကြပ်ရေးအေဂျင်စီသည် “လူတစ်ဦး၏ တရားဝင်အဆင့်အတန်း မည်သို့ပင်ရှိ စေကာမူ အပြည်ပြည်ဆိုင်ရာနယ်နမိတ်ကိုကျော်သည်ဖြစ်စေ၊ တိုင်းပြည်အတွင်း၌ဖြစ်စေ၊ မိမိနေထိုင်ရာနေရာမှ ဝေးရာသို့ ပြောင်းရွှေ့လျှင်” (၁) အဆိုပါပုဂ္ဂိုလ်၏ ဥပဒေဆိုင်ရာအနေအထား (၂) မိမိဆန္ဒအလျောက် သို့မဟုတ် မိမိဆန္ဒမပါ ဘဲရွှေ့ပြောင်းသွားလာမှု (၃) ရွှေ့ပြောင်းသွားလာမှု၏ အကြောင်းအရင်း (၄) နေထိုင်မှု သက်တမ်း မည်မျှရှိကြောင်း စသည်တို့အား ထည့်သွင်းစဉ်းစားမည်မဟုတ်ဘဲ အဆိုပါပုဂ္ဂိုလ်အား ရွှေ့ပြောင်း လုပ်သားတစ်ဦးဟု သတ်မှတ်သည်။1 မြန်မာနိုင်ငံ၏အထူးစီးပွားရေးဇုန်များသည် ရွှေ့ပြောင်းခြင်းအား နည်းလမ်း နှစ်မျိုးဖြင့် အားပေးနေရာ ပထမတစ်ချက်အနေဖြင့် ၎င်းတို့သည် အလုပ်အကိုင်ဖန်တီးရန်အတွက် ဆောင်ရွက်ထားခြင်းကြောင့် ပြည်သူတို့သည် အလုပ်လုပ်ရန် ထိုနေရာသို့ပြောင်း ရွှေ့ကြလိမ့်မည်။2 ...
အထူးစီးပွားရေးဇုန်များ
အထူးစီးပွားရေးဇုန်ဆိုသည်မှာ နိုင်ငံ၏နယ်နိမိတ်အတွင်း သို့မဟုတ် တလျှောက်၌ သီးခြားဥပဒေဖြင့် စီမံအုပ်ချုပ်သော နေရာတစ်ခုဖြစ်ပါသည်။ ကင်း လွတ်ဇုန်များ၊ လုပ်ငန်းမြှင့်တင်ရေးဇုန်များနှင့် လိုအပ်ချက်အရ အခါအား လျော်စွာ သတ်မှတ်သည့် အခြားဇုန်များဟူ၍ အမျိုးအစားကွဲပြားပါသည်။1 သမိုင်းကြောင်း မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုံများနှင့်ပတ်သက်သည့် သဘောတရားကို သီလဝါနှင့် ထားဝယ် အထူးစီးပွားရေးဇုံ တည်ဆောက်ရာမှ စတင်သိမြင်လာခဲ့ကြသည်။ . မြန်မာနိုင်ငံ၌ အထူးစီးပွားရေးဇုံများ ဖွံ့ဖြိုးတိုးတက်မှုရှိနိုင်၊ မရှိနိုင်ကို ဆုံးဖြတ်ရန် အတွက် ၁၉၉၀ခုနှစ် နှစ်လည်ပိုင်းမှပင် လေ့လာမှုများ စတင်ပြုလုပ်ခဲ့ကြသည်။ 2သို့ရာတွင် ငွေကြေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ပတ်သက်သည့် စာချုပ်များကို ချိုးဖောက်မှုများကြောင့် သီလဝါအထူးစီးပွားရေးဇုံသည် ၂၀၁၅ ခုနှစ်အထိ ပြီးစီးခဲ့ခြင်းမရှိခဲ့ဘဲ ထားဝယ်အထူးစီးပွားရေးဇုံကိုလည်း ...
အာဆီယံမူဝါဒနှင့် မြန်မာအထူးစီးပွားရေးဇုန်
နိဒါန်း အရှေ့တောင်အာရှနိုင်ငံများအသင်းသည် အထူးစီးပွားရေးဇုန်များ အကောင် အထည်ဖော်ရန် လမ်းညွှန်ချက် ၁ စုံကို အသင်းဝင်နိုင်ငံများ (မြန်မာ၊ ဗီယက် နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ပါဝင်သော) အတွက် ၂၀၁၆ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။1 လမ်းညွှန်ချက်များတွင် စုစုပေါင်း ၁၈ ချက်ပါသော အခန်း ၅ ခု ပါရှိပါသည်။2 ယေဘုယျအားဖြင့် လမ်းညွှန်ချက်များသည် နည်းဗျူဟာကျသော ပြတ်သားမှု၊ ရှင်း လင်း၍ သီးသန့်ရှိသော တာဝန်များ၊ တာဝန်လွှဲအပ်ခြင်းနှင့် ညှိနှိုင်းဆောင် ရွက်ခြင်းသာမက အာဆီယံအဖွဲ့ဝင်များအကြား ခိုင်မာသော အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်နိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်စေရန် ရည် ...
အထူးစီးပွားရေးဇုန်များအတွက် ဥပဒေပြုမူဘောင်
မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်အားလုံးနှင့် သက်ဆိုင်သော လွှမ်းခြုံဥပဒေသည် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ လ (၂၃) ရက်တွင် ပြဌာန်းခဲ့သည့် ၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ ဖြစ်ပါသည်။ 1 ဤဥပဒေတွင် အထူးစီးပွား ရေးဇုန် အကောင်အထည်ဖော်ခြင်းကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိအဖွဲ့များဖြစ်သော ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှုကော်မတီကို သတ်မှတ်ဖွဲ့စည်းခဲ့ပါသည်။2 အထူးစီးပွားရေးဇုန်များ တည်ဆောက်ရေးလုပ်ငန်းစဉ်၊3 အထူးစီးပွားရေးဇုန်အမျိုးအစားများ၊4 ရင်းနှီးမြှုပ်နှံသူများကိုပေးသည့် အကျိုး ကျေးဇူးများကိုလည်း ဖော်ပြထားပါသည်။5 ဥပဒေ၏ရည်ရွယ်ချက်များတွင် အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို အထောက်အကူပြုရန်၊ အလုပ်အကိုင် တိုးတက်စေရန်၊ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန် ပါဝင်ပါသည်။6 သက်ဆိုင်ရာ စီမံခန့်ခွဲရေး ...