သတင်းများ
လောင်စာဆီ မူဝါဒများအား တန်းတူညီတူ ပြောင်းလဲမည် ဟု ဝန်ကြီးပြော
မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များနှင့် ပုဂ္ဂလိက Super Markets များကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လိုသူများ အား လုပ်ကိုင်ခွင့် ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း စီးမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်းက မတ်လ ၁၈ရက်နေ့၌ နိုဗိုတယ်ဟော်ဟိုတယ်တွင် ပြုလုပ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဆွေးနွေးပွဲတွင် ပြောသည်။Keep reading ...
ရခိုင်ပြည်နယ်၏ ရေကြောင်း ကဏ္ဍ တွင် ပျက်စီးနစ်မြှပ်မှုများ မဖြစ်ပေါ်ရန် ရေယာဉ်တစ်စီး လှုဒါန်း
ရခိုင်ပြည်နယ်အတွင်း ကုန်စည် စီးဆင်းမှု မြန်ဆန်စေရန်နှင့် ခရီးသည်အများအပြား ပို့ဆောင်နိုင်စေရန် အတွက် ဂျပန်နိုင်ငံမှ ယန်း ၂၆၇.၃ဝဝ သန်း တန် ရေယာဉ် တစ်စီး ထောက်ပံ့ ကူညီထားကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ သိရသည်။ အဆိုပါ ကမ်းရိုးတန်းနှင့် ခရီးသည် တင်ရေယာဉ်သည် ဂျပန်နိုင်ငံ ကိုဘေးမြို့မှ ရခိုင်ပြည်နယ်၏ ရေကြောင်းကဏ္ဍအတွက် ကူညီ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ကျောက်ဖြူဆိပ်ကမ်း သို့ မတ်လ ၁၅ရက်နေ့ သို့ ရောက်ရှိပြီး ရေယာဉ် တင် သင်္ဘောပေါ်မှ ရေချခဲ့ကြောင်း သိရသည်။Keep reading ...
သီးနှံစိုက်ပျိုးသူထုတ်လုပ်သူများမှ အစိုးရအနေဖြင့် ရန်ကုန်တွင် ရုံးပိတ်ရက် လက်ကားဈေးကွက် တစ်ခု တည်ဆောက်ပေးရန် တောင်းဆို
Yangon Agricultural Master Plan တွင် သီးနှံစိုက်ပျိုးသူများ ကိုယ်တိုင်လာရောက် ရောင်းချနိုင်မည့် ဈေးများကို ရန်ကုန်မြို့၏ အထင်ကရနေရာများတွင် သတ်မှတ်ဖွင့်လှစ်ပေးရန် ဆိုသည့်အချက်ကို ထည့်သွင်းရေးဆွဲ အတည်ပြုပေးရန် အကြံပြုထားသည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်း အလုပ်အမှုဆောင် ဦးတင်အောင်က ပြောသည်။Keep reading ...
မဲပေးသည့် နေ့တွင် စက်ရုံများ ပိတ်ပေးရန် ပြော
လှိုင်သာယာရှိ စက်ရုံများက ကြားဖြတ်ရွေးကောက်ပွဲ တွင် အလုပ်သမားများ သူတို့ မြို့နယ်တွင် မဲထည့်ရန် မဲပေးသည့် နေ့တွင် စက်ရုံများကို ပိတ်ထားရန် ပြောကြားသည်။Keep reading (English) ...
လှိုင်သာယာ မှ စက်ရုံ အလုပ်သမားများ သင်္ကြန်ပိတ်ရက် ထက်ဝက် လျှော့ချလိုက်ခြင်းအား ဆန္ဒပြ
လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံပေါင်း ၁၅ရုံမှ အလုပ်သမား၅ဝဝခန့်သည် သင်္ကြန် ပိတ်ရက်ကို ဆယ်ရက်မှ ငါးရက်သို့ လျှော့ချလိုက်သည့် အစိုးရ၏ဆုံးဖြတ်ချက် အပေါ် မကျေနပ်သဖြင့် ပြီးခဲ့သည့် အပတ်က ဆန္ဒပြခဲ့ကြကြောင်း သိရသည်။Keep reading ...
ရန်ကုန် အခြေစိုက် ဘဏ္ဍာရေး ဆိုင်ရာ နည်းပညာ ကုမ္ပဏီမှ အသေးစား ချေးငွေ လုပ်ငန်းများ အား အချက်အလက် ဆိုင်ရာ ဝန်ဆောင်မှု ပေး
မြန်မာနိုင်ငံတွင် အသေးစား ချေးငွေ ဝန်ဆောင်မှုများ လုပ်ကိုင်ဆောင်ရွက်နေသည့် ကုမ္ပဏီများအား ဒေတာများ တွက်ချက်နိုင်သည့် နည်းပညာပိုင်း ဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဖြစ်ကြောင်း ယင်းဝန်ဆောင်မှုကို ပေးအပ်မည့် ကုမ္ပဏီဖြစ်သည့် Thitsa Works Solution Myanmar ကုမ္ပဏီက မတ်လ၁၃ရက်နေ့က မိတ်ဆက်ခဲ့သည်။Keep reading ...
အဓိက မြို့ကြီးများကို ဖြတ်သန်းပြီး ဖိုက်ဘာ ကေဘယ်ကြိုးများ တပ်ဆင်သွားမည်
မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများကို ဖြတ်သန်းပြီး ဖိုက်ဘာ ကေဘယ်ကြိုးများ တပ်ဆင်သွားရန် Fibre မြန်မာက ရည်ရွယ်ထားပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမည့် အစီအမံအတွက် အမေရိကန်ဒေါ်လာ ၂၅မီလီယံ သုံးစွဲသွားမည်ဖြစ်သည်။ စင်ကာပူတွင် အခြေစိုက်သော ပင်မကုမ္ပဏီ က နိုင်ငံတစ်ဝန်း ဆက်သွယ်ရေး အခြေခံအဆောက်အအုံ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၈၆ဝမီလီယံ ရင်းနှီးမြှပ်နှံမည်ဖြစ်ပြီး ထိုစီမံကိန်းထဲတွင် ပင်လယ်ပြင် ဖြတ်သန်းကေဘယ် ကြိုး အစီအစဉ်နှင့် ရန်ကုန်-မန္တလေး-နေပြည်တော် တို့ ဆက်သွယ်မည့် ဖိုက်ဘာကြိုး တည်ဆောက်ရေး အစီအမံများပါဝင်သည်။Keep reading ...
ကချင်ကျောက်စိမ်း ရတနာခွန် ၁၂ ဘီလီယံကျော် ရရှိ
ကချင်ပြည်နယ်တွင် တစ်နှစ်အတွင်း ငွေကျပ် ၆၅ဘီလီယံ ကျော် တန်ဖိုးရှိသည့် ကျောက်စိမ်းတန်ချိန် နှစ်သောင်းကျော် ထုတ်ယူနိုင်ခဲ့ပြီး ရတနာအခွန်အဖြစ် စုစုပေါင်း ကျပ် ၁၂ဘီလီယံ ကျော် ကောက်ခံရရှိခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြောကြားသည်။Keep reading ...
ဆည် တည်ဆောက်ရေး စီမံကိန်းများ ရပ်တန့်ရန် တောင်းဆို
ရွာသူရွာသား ၄၀၀ ခန့်မှ ယင်းတို့၏ နေအိမ်များနှင့် မြေယာများ ရေနစ်မြှပ်သွားစေမည့် ဆည် တည်ဆောက်ရေး အား ဆန္ဒပြရန် ပြီးခဲ့သည့် အပတ် က ရှမ်းပြည်နယ်၊ သီပေါမြို့နယ် ရှိ နမ္မတူ မြစ်ကမ်းများပေါ်တွင် စုရုံးခဲ့ကြသည်။Keep reading (English) ...
စပါးခွံသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ မြန်မာတွင် ဖွင့်လှစ်
လျှပ်စစ်မီး ထုတ်လုပ်ရန် စပါးခွံကို သုံးပြုထားသည့် ဇီဝလောင်စာ ဓါတ်ငွေ့သုံး လျှစ်စစ် ဓါတ်အားပေး စက်ရုံအား မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေး အများပိုင် ကော်ပရေးရှင်း (MAPCO) က နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ကြောင်း ကုမ္ပဏီ၏ ဥက္ကဌ ဖြစ်သူ ဦးချစ်ခိုင်မှ ပြောသည်။Keep reading (English) ...