အဓိက မြို့ကြီးများကို ဖြတ်သန်းပြီး ဖိုက်ဘာ ကေဘယ်ကြိုးများ တပ်ဆင်သွားမည်

မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများကို ဖြတ်သန်းပြီး ဖိုက်ဘာ ကေဘယ်ကြိုးများ တပ်ဆင်သွားရန် Fibre  မြန်မာက ရည်ရွယ်ထားပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမည့် အစီအမံအတွက် အမေရိကန်ဒေါ်လာ ၂၅မီလီယံ သုံးစွဲသွားမည်ဖြစ်သည်။ စင်ကာပူတွင် အခြေစိုက်သော ပင်မကုမ္ပဏီ က နိုင်ငံတစ်ဝန်း ဆက်သွယ်ရေး အခြေခံအဆောက်အအုံ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၈၆ဝမီလီယံ ရင်းနှီးမြှပ်နှံမည်ဖြစ်ပြီး ထိုစီမံကိန်းထဲတွင် ပင်လယ်ပြင် ဖြတ်သန်းကေဘယ် ကြိုး အစီအစဉ်နှင့် ရန်ကုန်-မန္တလေး-နေပြည်တော် တို့ ဆက်သွယ်မည့် ဖိုက်ဘာကြိုး တည်ဆောက်ရေး အစီအမံများပါဝင်သည်။

Keep reading