သတင်းများ
မြန်မာနိုင်င ံတွင် စက်သုံးဆီ အရောင်းဆိုင်ဖွင့်လှစ်ရန် နိုင်ငံခြားကုမ္ပဏီများ စုံစမ်း
မြန်မာနိုင်င ံ စက်သုံးဆီလုပ်ငန်း ကဏ္ဍတွင် အရောင်းဆိုင်ဖွင့်လှစ်ခြင်းအတွက် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လာရောက် စုံစမ်းမှုများ ရှိနေသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။“လောလောဆယ်တော့ စက်သုံးဆီနဲ့ ပတ်သက်ပြီး အဆိုပြုလွှာ တင်ထားတာတော့မရှိသေးဘူး။ တချို့လည်း ပြင်ဆင်နေတာ လေးတွေတော့ ရှိတယ်။ မကြာခင်တော့ တင်လာမယ်ထင်တယ်။ တရားဝင် တင်လာတာတော့ မရှိသေးဘူး။ လာရောက်လေ့လာသူတွေတော့ ရှိတယ်” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။Keep reading ...
အာမခံ လုပ်ငန်း အမျိုးအစား အားလုံးလုပ်ကိုင်ခွင့် ပြုရန် အဆိုပြု
ပုဂ္ဂလိက အာမခံလုပ်ငန်းများ၏ အာမခံလုပ်ငန်း အမျိုးအစားအားလုံးကို လုပ်ကိုင်ခွင့်ပြုရန်အတွက် အစိုးရက မြန်မာ့ဘဏ္ဍာရေးအာဏာပိုင်များထံ အဆိုပြုခဲ့သည်။ အာမခံလုပ်ငန်း အမျိုးအစား ၄ဝကို လုပ်ကိုင်ခွင့်ပေးထားပြီး ဆက်လက်၍ လယ်သမား အာမခံနှင့် ပြည်ပရောက်အလုပ်သမားများ၏ အသက်အာမခံကို ထပ်ပေါင်းလုပ်ကိုင်နိုင်ရန် အစိုးရက ခွင့်ပြုပေးသွားရန်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကပြောသည်။Keep reading ...