မြန်မာနိုင်င ံတွင် စက်သုံးဆီ အရောင်းဆိုင်ဖွင့်လှစ်ရန် နိုင်ငံခြားကုမ္ပဏီများ စုံစမ်း

မြန်မာနိုင်င ံ စက်သုံးဆီလုပ်ငန်း ကဏ္ဍတွင် အရောင်းဆိုင်ဖွင့်လှစ်ခြင်းအတွက် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လာရောက် စုံစမ်းမှုများ ရှိနေသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

“လောလောဆယ်တော့ စက်သုံးဆီနဲ့ ပတ်သက်ပြီး အဆိုပြုလွှာ တင်ထားတာတော့မရှိသေးဘူး။ တချို့လည်း ပြင်ဆင်နေတာ လေးတွေတော့ ရှိတယ်။ မကြာခင်တော့ တင်လာမယ်ထင်တယ်။ တရားဝင် တင်လာတာတော့ မရှိသေးဘူး။ လာရောက်လေ့လာသူတွေတော့ ရှိတယ်” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

Keep reading