သတင်းများ
ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ ဘဏ္ဍာရေးဖွံ့ဖြိုးရေး စီမံကိန်းအား ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ပေးမည်
ကမ္ဘာ့ဘဏ်နှင့် အစိုးရ ကိုယ်စားလှယ်များ ဧပြီလလယ်တွင် မြန်မာနိုင်ငံ ဘဏ္ဍာရေးဖွံ့ဖြိုးရေး စီမံကိန်းအား အမေရိကန် ဒေါ်လာ သန်း ၁၀၀ (ကျပ် ၁၃၄.၉ ဘီလီယံ) ချေးငှားရန် သဘောတူ စာချုပ် ရေးထိုးခဲ့သည်။Keep reading (English) ...
အစိုးရပိုင် လျှပ်စစ်ဓါတ်အားပေး လုပ်ငန်း နှစ်ခုမှ ကျပ်သန်း ၇၂၂ သန်း ရန်ပုံငွေ ရရှိ
၂၀၁၇ ခုနှစ် ပြည်ထောင်စု ဘဏ္ဍာငွေ အသုံးဆိုင်ရာ ဥပဒေ အရ ရန်ကုန်နှင့် မန္တလေး လျှပ်စစ် ကော်ပိုရေးရှင်းနှစ်ခုအတွက် ကျပ်သန်း ၇၂၂ သန်း ခွဲဝေ ရရှိရာ ရန်ကုန်လျှပ်စစ်မီးထောက်ပံ့ရေး ကော်ပိုရေးရှင်း မှ ကျပ်သန်း ၅၂၉ ရရှိမည်ဖြစ်ပြီး ကျန်ငွေ ကျပ်သန်း ၂၄၃ သန်းအား မန္တလေး လျှပ်စစ်မီး ထောက်ပံ့ရေး ကော်ပိုရေးရှင်းမှ ရရှိမည် ဖြစ်သည်။ အဆိုပါ လျှပ်စစ် ဓါတ်အားပေး လုပ်ငန်း နှစ်ခုစလုံးမှာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန လက်အောက်ရှိ အစိုးရပိုင် လုပ်ငန်းများ ဖြစ်သည်။Keep reading ...
စီးပွားရေး ဇုန်အသစ်များ ချဲ့ထွင်ရန်စီစဉ်
လက်ရှိ စက်မှုဇုန်များ၏ အရည်အသွေးမှာ သာမာန်သာ ရှိပြီး အဆင့်မြှင့်တင်ရန် ခက်ခဲမည် ဖြစ်သဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အနေဖြင့် စီးပွားရေးဇုန် အသစ်များနှင့် အထူးစီးပွားရေးဇုန်များ ချဲ့ထွင်ရန် စီစဉ်လျှက်ရှိကြောင်း မတ်လ (၂၀) ရက်နေ့ ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။Keep reading (English) ...