သတင်းများ
ပုဂ္ဂလိက ကဏ္ဍ ကုန်သွယ်မှုပမာဏ မြင့်တက်လာရာ စုစုပေါင်း ကုန်သွယ်မှု ၂၅ဘီလီယံ ကျော် ရောက်ရှိ
၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိက ကဏ္ဍ၏ ကုန်သွယ်မှုပမာဏများမှာ မြင့်တက်လာပြီး လက်ရှိတွင် ကုန်သွယ်မှု ပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ဘီလီယံ ကျော်ရောက်ရှိနေပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က မတ်လ ၁၃ရက်တွင် UMFCCI တွင်ပြုလုပ်သည့် ဆန်စပါး ကဏ္ဍကုန်သွယ်မူ တိုးတက်ရေး သင်တန်းဆင်းပွဲ တွင် ပြောသည်။“အခုကုန်သွယ်မှုကအရင်နှစ်ထက်မြင့်တက်လာတယ်။အထူးသဖြင့်ပုဂ္ဂလိကကဏ္ဍပို့ကုန်၊သွင်းကုန်ပိုင်းမှာတက်လာတာ။အခုဆိုရင်ယခင်နှစ်ထက်အမေရိကန်ဒေါ်လာ၃ဒသမ၆ဘီလီယံနီးပါးတိုးတက်လာတယ်”ဟု၎င်းကပြောသည်။Keep reading ...
ပို့ကုန်များအား သတ်မှတ်ထားသည့် ကုန်သွယ်မူ ပမာဏ သို့ ရောက်ရန် ဦးစားပေး ဆောင်ရွက်မည်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တရားဝင် စာရင်းဇယားများအရ ယခုနှစ် ဘဏ္ဍာနှစ် ဇန်နဝါရီ လကုန်အထိ ကုန်သွယ်မူ ပမာဏမှာ အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံ အထိရှိခဲ့ကြောင်း သိရသည်။ ဝန်ကြီး ဌာနမှ ကုန်သွယ်မူ ပမာဏအား အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိ သတ်မှတ်ခဲ့ရာ လာမည့် နှစ်လ ကျော်အတွင်း သတ်မှတ်ထားသည့် ပမာဏ သို့ ရောက်ရှိရန် ဆက်လက် ကြိုးစား သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက် အတွင်းရေးမူး ဦးခင်မောင်လွင် က ပြောသည်။Keep reading ...