ပုဂ္ဂလိက ကဏ္ဍ ကုန်သွယ်မှုပမာဏ မြင့်တက်လာရာ စုစုပေါင်း ကုန်သွယ်မှု ၂၅ဘီလီယံ ကျော် ရောက်ရှိ

၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိက ကဏ္ဍ၏ ကုန်သွယ်မှုပမာဏများမှာ မြင့်တက်လာပြီး လက်ရှိတွင် ကုန်သွယ်မှု ပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ဘီလီယံ ကျော်ရောက်ရှိနေပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က မတ်လ ၁၃ရက်တွင် UMFCCI တွင်ပြုလုပ်သည့် ဆန်စပါး ကဏ္ဍကုန်သွယ်မူ တိုးတက်ရေး သင်တန်းဆင်းပွဲ တွင် ပြောသည်။
“အခုကုန်သွယ်မှုကအရင်နှစ်ထက်မြင့်တက်လာတယ်။အထူးသဖြင့်ပုဂ္ဂလိကကဏ္ဍပို့ကုန်၊သွင်းကုန်ပိုင်းမှာတက်လာတာ။အခုဆိုရင်ယခင်နှစ်ထက်အမေရိကန်ဒေါ်လာ၃ဒသမ၆ဘီလီယံနီးပါးတိုးတက်လာတယ်”ဟု၎င်းကပြောသည်။

Keep reading