မြန်မာနိုင်ငံတွင် သတင်းအချက်အလက် ရရှိနိုင်မှုနှင့် အရည်အသွေးတို့နှင့်စပ်လျဉ်း၍ လက်ရှိအခြေအနေ
သတင်းရယူပိုင်ခွင့်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (၁၉၄၈) ၏ အပိုဒ် ၁၉ တွင် အသိအမှတ်ပြုထားသည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၏ အခြေခံအခွင့်အရေးဖြစ်သည်။ ထိုအခွင့်အရေး ၌ သတင်းအချက်အလက်များနှင့် အကြံဉာဏ်များကို နယ်နိမိတ်များ ခွဲခြားထားမှုမရှိဘဲ မည်သည့်မီဒီယာမှ တဆင့် ရှာဖွေခြင်း၊ လက်ခံခြင်း၊ တင်ပြခြင်းတို့နှင့်ပတ်သက်သည့် လွတ်လပ်ခွင့်ပါဝင်ကြောင်း အပိုဒ် ၁၉ တွင် ဖော်ပြထားသည်။မြန်မာနိုင်ငံသည် ၎င်း၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတင်းရယူခွင့်ကို အခြေခံအခွင့် အရေးအဖြစ် ထည့်သွင်းရန်ပျက်ကွက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၂၀၁၂ခုနှစ်တွင် မြန်မာနိုင်ငံကို တကမ္ဘာလုံးနှင့် တခါးဖွင့်ပေးလိုက်ပြီးနောက် လွတ်လပ်စွာ သတင်းရယူခွင့်နှင့် သတင်းအချက်အလက်များ ထုတ်ဖော်ပြောဆိုခွင့်တို့သည်လည်း တိုးတက်လာခဲ့သည်။ သို့သော် မြန်မာနိုင်ငံ သည် ယခုအခါ သတင်းအချက်အလက်ရယူနိုင်မှုတွင် ကမ္ဘာပေါ်ရှိနိုင်ငံများနှင့် ဆက်သွယ်မှုအနည်းဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ အင်တာနက်ကို အကန့်အသတ်ဖြင့်သာ ရရှိခြင်း၊ […]
သတင်းရယူပိုင်ခွင့်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (၁၉၄၈) ၏ အပိုဒ် ၁၉ တွင် အသိအမှတ်ပြုထားသည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၏ အခြေခံအခွင့်အရေးဖြစ်သည်။ ထိုအခွင့်အရေး ၌ သတင်းအချက်အလက်များနှင့် အကြံဉာဏ်များကို နယ်နိမိတ်များ ခွဲခြားထားမှုမရှိဘဲ မည်သည့်မီဒီယာမှ တဆင့် ရှာဖွေခြင်း၊ လက်ခံခြင်း၊ တင်ပြခြင်းတို့နှင့်ပတ်သက်သည့် လွတ်လပ်ခွင့်ပါဝင်ကြောင်း အပိုဒ် ၁၉ တွင် ဖော်ပြထားသည်။1မြန်မာနိုင်ငံသည် ၎င်း၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတင်းရယူခွင့်ကို အခြေခံအခွင့် အရေးအဖြစ် ထည့်သွင်းရန်ပျက်ကွက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။2
၂၀၁၂ခုနှစ်တွင် မြန်မာနိုင်ငံကို တကမ္ဘာလုံးနှင့် တခါးဖွင့်ပေးလိုက်ပြီးနောက် လွတ်လပ်စွာ သတင်းရယူခွင့်နှင့် သတင်းအချက်အလက်များ ထုတ်ဖော်ပြောဆိုခွင့်တို့သည်လည်း တိုးတက်လာခဲ့သည်။ သို့သော် မြန်မာနိုင်ငံ သည် ယခုအခါ သတင်းအချက်အလက်ရယူနိုင်မှုတွင် ကမ္ဘာပေါ်ရှိနိုင်ငံများနှင့် ဆက်သွယ်မှုအနည်းဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ အင်တာနက်ကို အကန့်အသတ်ဖြင့်သာ ရရှိခြင်း၊ ဒစ်ဂျစ်တယ်အချက်အလက်များကို ရယူ ရန်ခက်ခဲစေခြင်းနှင့် ယုံကြည်စိတ်ချရသော နောက်ဆုံးရသတင်းအချက်အလက်များကို ရယူသုံးစွဲနိုင်မှုကို ထိခိုက်စေသည့် ဒစ်ဂျစ်တယ် အဆောက်အအုံများ လုံလောက်စွာမရှိခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။ ရွေး ကောက်ခံအစိုးရကို ဖေဖော်ဝါရီလ ၁ ရက်တွင် ဖြုတ်ချပြီးသည့်နောက်ပိုင်း၌ မြန်မာစစ်တပ်သည် သတင်းအချက်အလက် ရရှိနိုင်မှုအပေါ် ထိန်းချုပ်ရန်ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ပြည်သူတို့၏ သေရေးရှင်ရေးကိစ္စနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို ရယူရန် ပိုမိုခက်ခဲစေခဲ့သည်။
အချက်အလက် ရရှိနိုင်မှုနှင့် အရည်အသွေး
၂၀၂၁ခုနှစ် စစ်အုပ်ချုပ်ရေးကာလမတိုင်မီ အချက်အလက် အရည်အသွေးနှင့် ရရှိနိုင်မှုတို့ကို ကန့်သတ်ထားခဲ့သည်။ သို့သော် အရပ်ဖက်အစိုးရလက်ထက်တွင်မူ မြန်မာနိုင်ငံသည် နိုင်ငံအတွင်း သတင်းရယူပိုင်ခွင့်ကို ခိုင်မာစေရန်အတွက် အရေးကြီးသော အဆင့်အချို့ကို လုပ်ဆောင်ခဲ့သည်။ ဗဟိုစာရင်းအင်းအဖွဲ့(CSO)သည် မြန်မာနိုင်ငံတွင် အချက်အလက်စီမံခန့်ခွဲမှုကို ဦးဆောင်သည့် အစိုးရအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ၎င်းသည် အမျိုးသားစာရင်းအင်းစနစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပေါင်းစပ်ညှိနှိုင်းရေးကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသော စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ၏ ဦးဆောင်အဖွဲ့ဝင်ဖြစ် သည်။3
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)သည် အင်တာနက်ရယူသုံးစွဲခွင့်နှင့် သတင်းအချက်အလက်အပေါ် ကန့်သတ်ချက်များ တိုးမြှင့်ထားသောကြောင့်၊ အရပ်ဖက်ပြည်သူတို့သည် သတင်းအချက်အလက် လုံလောက်စွာ မရရှိနိုင်မှုနှင့် အရည်အသွေး ရှားပါးမှုကို ပိုမိုကြုံတွေ့နေကြရသည်။ ထို့အပြင် သတင်းမီဒီယာများ၊ ရုပ်မြင်သံကြားလိုင်းများနှင့် အမှီအခိုကင်းသော တိုင်းရင်းသားဝဘ်ဆိုက် အများအပြားကို ပိတ်ပင်ထားသည်။4 ၎င်းလုပ်ဆောင်ချက်သည် ပြည်သူများအား သတင်းအချက်အလက်များကို အွန်လိုင်းတွင် ရယူရန်၊ upload လုပ်ရန်နှင့် မျှဝေရန် အလွန်ခက်ခဲစေပြီး အချက်အလက် ရရှိမှုနှင့် အရည်အသွေးတို့ကို ထိခိုက်စေခဲ့သည်။
တကမ္ဘာလုံး၌ သတင်း၊ အချက်အလက်များ၏ အရေအတွက်၊ အရည်အသွေးနှင့် အမျိုးအမည်တို့ တိုးတက်လျက်ရှိသော်လည်း၊ မြန်မာနိုင်ငံတွင်မူ ၂၀၂၀ခုနှစ်မှစ၍ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ Open Data Watch ၏ အဆိုအရ မြန်မာနိုင်ငံတွင် အာဏာမသိမ်းမီက အချက်အလက်ပွင့်လင်းမှုအဆင့်မှာ ၁၈၇အနက် ၈၇ ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် ၁၉၃အနက် ၉၅ ရှိခဲ့သည်။5 ခြုံငုံသုံးသပ်ရလျှင် မြန်မာ့အချက်အလက် ပွင့်လင်းမှုသည် ၎င်း၏ အလုံးစုံရမှတ်အပေါ်အခြေခံ၍ ၂၀၂၀ ခုနှစ်တွင် ၅၁ မှ ၂၀၂၂ ခုနှစ်၌ ၅၀ အထိ (ဇယား ၁ တွင် ပြထားသည့်အတိုင်း) ကျဆင်းခဲ့သည်။ ရမှတ်များကို ၁ မှ ၁၀၀ အထိ တိုင်းတာထားသည်။ အောက်ဖော်ပြပါ သတင်းအချက်အလက်များသည် အချက်အလက်လွှမ်းခြုံမှုရမှတ်နှင့် ပွင့်လင်းမှုရမှတ်တို့ ပေါင်းစပ်ထား သော အလုံးစုံရမှတ်များကို ပြသထားပြီး၊ ၎င်းအလုံးစုံရမှတ်တွင် နိုင်ငံ၏ စာရင်းအင်းဆိုင်ရာ စွမ်းရည်အပေါ် အကဲဖြတ်မှုများ၊ သက်ဆိုင်ရာဥပဒေများနှင့် ချိတ်ဆက်ထားမှုများသာမက အချက်အလက်လွှမ်းခြုံမှု၊ ပွင်းလင်းမှု၊ အစိုးရ၏ ပွင့်လင်းမြင်သာမှုဆိုင်ရာ အခြားဆောင်ရွက်ချက်များနှင့်ပတ်သက်၍ နိုင်ငံ၏စွမ်းဆောင်ရည်အပေါ် နှိုင်းယှဉ်တိုင်းတာမှုတို့ ပါဝင်သည်။ သို့သော် the Global Data Barometer ၂၀၂၂ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ အချက်အလက် ရရှိနိုင်မှု၊ အရည်အသွေးတို့နှင့်စပ်လျဉ်း၍ မည်သည့်အချက်အလက်မှ မဖော်ပြဘဲ၊ သတင်း အချက်အလက်ရရှိနိုင်မှုနှင့် အရည်အသွေးတို့ကို ကန့်သတ်ထားကြောင်း ကောက်ချက်ချထားသည်။6
နောက်ဆုံးရ သတင်းအချက်အလက်များ ရရှိနိုင်မှု
နိုငံရေးနှင့်ကပ်ရောဂါ အကြပ်အတည်းများအတွင်း၊ နောက်ဆုံးရ ဒစ်ဂျစ်တယ်သတင်းအချက်အလက်များနှင့် ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်များအား ရယူအသုံးပြုနိုင်ခြင်းသည် ပြည်သူတို့အတွက် သေရေး၊ ရှင်ရေးနှင့်သက်ဆိုင်သည့် ကိစ္စရပ်တစ်ခု ဖြစ်လာနိုင်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနMOHS7 MIMU8Open Development Myanmar9 နှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ UN10တို့ ပါဝင်သော အွန်လိုင်း သတင်းအချက်အလက်များတွင် နောက်ဆုံးရ COVID-19 သတင်းအချက်အလက် ပလက်ဖောင်းများကို မြန်မာနိုင်ငံရှိ ပြည်သူများ၏ အသက်ရှင်သန်မှုများ ခိုင်မာလာစေရေးအတွက် စတင်ထုတ်လွှင့်ပေးခဲ့သည်။ အဆိုပါ ပလက် ဖောင်းများကို သတင်းအချက်အလက် ရယူသုံးစွဲမှုနှင့်ပတ်သက်၍ ယုံကြည်ရသော အရင်းအမြစ်များအဖြစ် ရှုမြင်ကြသည်။ သို့သော်လည်း မြန်မာအာဏာပိုင်များသည် ကပ်ရောဂါဖြစ်ပွားမှုအပေါ် အခွင့်ကောင်းယူကာ အမှီအခိုကင်းသော ဝဘ်ဆိုက်များ၊ သတင်းသမားများကို ညှင်းပမ်းနှိပ်စက်ခြင်း၊ မီဒီယာဆိုက်များကို ပိတ်ပစ်ရန် ကြိုးပမ်းခြင်းတို့အပြင် နောက်ဆုံးရ သတင်းအချက်အလက်များ ရရှိနိုင်မှုကို ထိခိုက်စေမည့် အများပြည်သူ ဝင်ရောက်ကြည့်ရှုခွင့်ကိုပါ ကန့်သတ်ထားသည်။
အထူးသဖြင့် အစိုးရထိန်းချုပ်နယ်မြေမဟုတ်သောနေရာများရှိ အရပ်သားပြည်သူတို့သည် ၎င်းတို့နှင့် ၎င်းတို့ မိသားစုအတွက် အချက်အလက်ပေါ်အခြေခံ၍ ဆုံးဖြတ်ချက်ချနိုင်ရန်အလို့ငှာ သတင်းအချက်အလက် လက်လှမ်းမမီနိုင်မှုကို ပိုမိုကြုံတွေ့ကြရပါသည်။ ပဋိပက္ခဇုံများရှိ ပြည်သူများသည် မြန်မာနိုင်ငံရှိ ပြည်သူအများစုမှ ယုံကြည်ထိုက်သည့် မီဒီယာများဟု ထင်မြင်ယူဆထားသော RFA Burmese၊ DVB၊ Mizzama နှင့် Khit Thit Media တို့အပါအဝင် ပင်မသတင်းမီဒီယာဌာနကြီးများမှ ၎င်းတို့လိုအပ်သော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ရလေ့မရှိကြပါ။11 ပြည်တွင်းမီဒီယာနှင့် လူမှုမီဒီယာဖြစ်သော အထူးသဖြင့် Facebookသည် ပဋိပက္ခနယ်မြေများနှင့် ကျေးလက်ဒေသနေပြည်သူများအတွက် နောက်ဆုံးရ သတင်းအချက်အလက် များရရှိရန် အဓိက အရင်းအမြစ် ဖြစ်လာသည်။
တိကျ၍ ယုံကြည်ထိုက်သော သတင်းအချက်လက်များ မရှိခြင်း
တိကျမှုမရှိဘဲ မှားယွင်းနေသည့် သတင်းအချက်အလက်များကို ရယူအသုံးပြုခြင်းသည် သတင်းအချက် အလက်များကို ရယူသုံးစွဲခွင့်မရရှိခြင်းထက် ပို၍ဆိုးပါသည်။ ကိုရိုနာဗိုင်းရပ်ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလ အတွင်း အင်တာနက်အသုံးပြုသူဦးရေမှာ တိုးမြင့်လာပါသည်။12လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု သတင်းအချက်အလက်များ13အပါအဝင် အွန်လိုင်းသတင်းအချက်အလက်များကို ရယူမျှဝေခြင်းသည် – ပို၍ အရေးပါလာပြီး၊ အထူးသဖြင့် နေအိမ်မှအပြင်သို့ လုံးဝထွက်ခွင့်မပြုခြင်း၊ လူမှုရေးအရ ခပ်ခွာခွာနေခြင်း14 ကဲ့သို့ ကပ်ရောဂါဆိုင်ရာအစီအမံများကြောင့် လူချင်းတွေ့ဆုံရန်ပင် ခက်ခဲလာစေပါသည်။ သို့သော် အများအားဖြင့် အချက်အလက်ထုတ်လုပ်သူများအပေါ်15ယုံကြည်မှုနည်းပါးခြင်းအပြင် အင်တာနက်ရယူအသုံးပြုမှုကို နှောင့်ယှက်ခြင်းကြောင့် ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို ကန့်သတ်ခံထားရခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုစနစ်16 ပြိုလဲသွားရန် ဖြစ်ပေါ်လာခဲ့သည်။ ၂၀၂၁ ခုနှစ် ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း မြန်မာနိုင်ငံတွင်COVID-19 ဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ စစ်အစိုးရမှကောက်ယူခဲ့သော အချက်အလက်များသည် နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ကပ်ရောဂါနှင့်ပတ်သက်၍ မှန်ကန်တိကျသော ခံစားချက်မျိုး မရရှိကြပေ။17
ကပ်ရောဂါဖြစ်ပွားမှုက အချက်အလက်ယုံကြည်စိတ်ချရမှုအပေါ် အာရုံစိုက်လာစေခဲ့ပါသည်။ ကပ်ရောဂါစတင် ဖြစ်ပွားပြီးနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန(MOHS)သည် ၎င်း၏အွန်လိုင်းပလက်ဖောင်းပေါ်တွင် နောက်ဆုံးရ အချက်အလက်များအပါအဝင် COVID-19 အကြောင်း သတင်းအချက်အလက်များကို စတင်ဖြန့်ဝေခဲ့သည်။18 ဖြစ်ရပ်များစွာတွင် အစိုးရသည် ဒေသတွင်း သတင်းအချက်အလက်များ ရယူခွင့်ကို ကန့်သတ်ရန် ကပ်ရောဂါဖြစ်ပွားမှုကို အသုံးချခဲ့သည်။ သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်မှ အာဏာလွှဲပြောင်းယူပြီးကတည်းက၊ တပ်မတော် သို့မဟုတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံအတွင်း COVID-19 ဖြစ်ပွားမှုကြောင့် အိမ်တွင်းသေဆုံးမှုများကို ရေတွက်ခြင်းမပြုတော့သဖြင့် သေဆုံးမှုများနှင့် ပတ်သက်သည့် အချက်အလက်များကို လျော့နည်းရေတွက်ထားခြင်း ရှိ၊မရှိ မေးခွန်းထုတ်စရာများရှိလာခဲ့သည်။19 ဥပမာအားဖြင့် ဒုက္ခသည် စခန်းများတွင်နေထိုင်လျက်ရှိသော မွတ်ဆလင်များအပေါ် ကူးစက်ခံရမှုများနှင့် ပတ်သက်၍ ရေတွက်ထားခြင်းလည်း မရှိပါ။20
တိုင်းရင်းသားလူနည်းစုများသည်လည်းCOVID-19 ဆိုင်ရာ သတင်းအမှားများနှင့်ပတ်သက်၍ အကြောင်းရင်းတစ်ရပ် ဖြစ်လာခဲ့ပါသည်။21အထူးသဖြင့် ရိုဟင်ဂျာများကို ပစ်မှတ်ထား၍ Facebook accounts အတုများကို ဖန်တီးပြီး မဟုတ်မမှန်သတင်းများကို တင်ပြခြင်းများ ရှိကြသည်။22အထူးသဖြင့် ဝေးလံခေါင်သီသော ဒေသ များရှိ မွတ်ဆလင်အသိုင်းအဝိုင်းသည် ပုံပြင်ဆန်ဆန် ကောလဟာလ သတင်းစကားများကို ပယ်ဖျက်ရန် သတင်းအချက်အလက်ရရှိမှု နည်းပါးသောကြောင့် (ဥပမာ ဗိုင်းရပ်စ်ပျောက်ဆေးများအကြောင်း) သတင်း အမှားများ၏ဒဏ်ကို နှစ်ဆခံစားခဲ့ကြရသည်။ ဥပမာအားဖြင့် KNU ထိန်းချုပ်နယ်မြေများနှင့် မြန်မာနိုင်ငံ၏ အရှေ့တောင်ဘက်ရှိ ရောနှောထိန်းချုပ်ထားသောနယ်မြေအချို့တွင် နေထိုင်သူများသည် COVID-19 ဖြစ်ပွားမှု နှင့်ပတ်သက်၍ အသိပညာ အားနည်းကြသည်။23 နောက်ထပ်ပြဿနာတစ်ခုမှာ သတင်းအချက်အလက်များကို ရရှိနိုင်လျှင်ပင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကပ်ရောဂါအကြောင်း သတင်းအချက်အလက်များသည် မြန်မာဘာသာစကားဖြင့်သာ တင်ပြထားခြင်းဖြစ်သည်။ ၎င်းသည် မြန်မာဘာသာစကားကို ဖတ်ရှုနားလည်ရန် အားနည်းသော တိုင်းရင်းသားပြည်သူများအတွက် နောက်ထပ်အခက်အခဲတစ်ခုဖြစ်သည်။ ထို့အပြင် သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရန် ဒစ်ဂျစ်တယ်အသိပညာ တတ်မြောက်ရေးကိရိယာများ ပိုမိုနည်းပါးသော တိုင်းရင်းသားလူနည်းစုများအတွက် သတင်းမှား/မဟုတ်မမှန်သတင်းများကို အဓိပ္ပာယ်မှားယွင်း စွာ ပြန်ဆိုခြင်း အန္တရာယ်သည် ပို၍များပါသည်။
သတင်းချက်အလက်များအား ရယူအသုံးပြုနိုင်မှု အားနည်းခြင်းသည် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းနှင့်ပတ်သက်သည့် ပြင်ပဗဟုသုတရရှိမှုကို ထိခိုက်စေသောကြောင့် သတင်းမှားပျံ့နှံ့ခြင်းကို အထောက်ကူပြုနေပါ သည်။ ဥပမာအားဖြင့် တိုင်းရင်းသာလူနည်းစုများနှင့် ဘေးဖယ်ခံထားရသောအုပ်စုများကို ဒစ်ဂျစ်တယ်အသိ ပညာတတ်မြောက်မှု အားနည်းခြင်းကြောင့် မကြာခဏ ခွဲခြားသတ်မှတ်ခံကြရပြီး၊ သတင်းမှားနှင့် အမုန်း စကားကို ဖန်တီးဖြန့်ဝေခြင်းအတွက် အပြစ်တင်ကြသည်။ မတူကွဲပြားမှုမှာ ကယန်းနှင့် ရခိုင်ပြည်နယ်တို့မှ ကောက်ယူထားသော စစ်တမ်းတစ်ခုတွင် ကယန်းဒေသမှ ကျေးလက်နေလူငယ်များသည် တိကျသော သတင်း အချက်အလက်များကို ရယူလိုပြီး၊ ထိုကဲ့သို့ရရှိရန် အရင်းအမြစ်များစွာကို အသုံးပြုနေကြကြောင်း ဖော်ပြထား သည်။24အောက်ဖော်ပြပါ (ဇယား ၂) တွင် တိုင်းရင်းသားလူငယ်များသည် ၎င်းတို့အသိုင်းအဝိုင်းအကြား သတင်း အချက်အလက်များ ရှာဖွေရန်နှင့် မေးခွန်းများမေးရန် Facebook အား အဓိကနည်းလမ်းအဖြစ် မည်သို့အသုံးပြု ပုံကို ဖော်ပြထားသည်။
၂၀၂၀ ခုနှစ်မတိုင်မီက အများသုံးဆိုရှယ်မီဒီယာဖြစ်သော Facebookပေါ်ရှိ ယုံကြည်စိတ်ချရသော သတင်းများ နှင့်စပ်လျဉ်း၍ ပဋိပက္ခနယ်မြေများတွင်နေထိုင်သည့် လူငယ်များ၏ ဆိုရှယ်မီဒီယာအသုံးပြုမှုအပေါ် လေ့လာချက်တွင် IDPဖြေဆိုသူများသည် မြို့ပြနှင့်ကျေးလက်မှ ဖြေဆိုသူများနှင့် နှိုင်းယှဉ်ပါက ဆိုရှယ်မီဒီယာပေါ်မှ သတင်းများကို ယုံကြည်မှုမှာ သိသိသာသာပိုမိုမြင့်မားကြောင်း တွေ့ရှိရသည်။ အဆိုပါလူငယ်များသည် ဆိုရှယ် မီဒီယာပေါ်တွင် အတွေ့အကြုံပိုမိုရရှိသောကြောင့် သတင်းမီဒီယာများအပေါ် ယုံကြည့်မှုနည်းပါးလာကြောင်း ဖြေဆိုကြသည်။ တနည်းအားဖြင့်ဆိုသော် ဆိုရှယ်မီဒီယာကို စတင်အသုံးပြုသူအသစ်များသည် သတင်းအတု များအပေါ် ယုံကြည်နိုင်ဖွယ်အရှိဆုံးသူများ ဖြစ်ကြသည်။ သတင်းအချက်အလက်များ၏ တိကျမှန်ကန်မှု အပေါ် စစ်ဆေးရန်အတွက် မိတ်ဆွေသူငယ်ချင်းများကို မေးမြန်းခြင်းနှင့် အခြား Facebook စာမျက်နှာများကို စစ်ဆေးခြင်းတို့အား တိကျမှန်ကန်မှု စစ်ဆေးရာတွင် အများအားဖြင့် ပြုလုပ်ကြသည်။
Frontier၏ လေ့လာချက်တွင် အာဏာမသိမ်းမီက နိုင်ငံပိုင်သတင်းစာများနှင့် ရုပ်သံလိုင်းများသည် အယုံကြည်ရဆုံး၊ စိတ်အချရဆုံး သတင်းများနှင့် အချက်အလက်များကို ပံ့ပိုးပေးသည်ဟု ကြည့်ရှုသူအများစုက ယုံကြည်ခဲ့ကြောင်း ဖော်ပြခဲ့သည်။25နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံအုပ်ချုပ်မှု နောက်ပိုင်းကာလတွင် အရပ်ဖက်ပြည်သူများသည် MRTV၊ မြဝတီနှင့် အလင်းတန်းမီဒီယာ အပါအဝင် စစ်တပ်ထိန်းချုပ်ထားသည့် မီဒီယာများနှင့်ဆက်စပ်နေသော မည်သည့် သတင်း၊ သတင်းစာနှင့် ရုပ်သံလိုင်းများကိုမျှ အယုံအကြည် မရှိကြ တော့ပါ။ ရုပ်မြင်သံကြားနှင့် သတင်းစာများကဲ့သို့ သမားရိုးကျတင်ဆက်နေသည့် သတင်းအချက်အလက် အရင်းအမြစ်များကို အသုံးမပြုကြတော့ပါ။26ယင်းအစား RIWI အချက်အလက်များက ဆိုရှယ်မီဒီယာ၊ မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများသည်သာ အယုံကြည်ရဆုံး သတင်းအရင်းအမြစ်များအဖြစ် ဆက်လက်တည်ရှိ နေကြောင်း ဖော်ပြခဲ့သည်။27(ဇယား ၃ တွင် ကြည့်ရှုလေ့လာပါ)
မြန်မာနိုင်ငံရှိ သတင်းအချက်အလက်ရရှိနိုင်မှု၊ အရည်အသွေးတို့နှင့်စပ်လျဉ်း၍ လက်ရှိအခြေအနေတွင် နိုင်ငံရေးမတည်မငြိမ်ဖြစ်မှု၊ အကန့်အသတ်ရှိသော နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံနှင့် နိုင်ငံ၏အချို့ နေရာများတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများအပါအဝင် အကြောင်းရင်းအမျိုးမျိုးတို့ကြောင့် စိန်ခေါ်မှုများ ရှိနေသည်။ အကျိုးဆက်အနေဖြင့် မူဝါဒချမှတ်သူများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများသည် ၎င်းတို့ချမှတ်ထားသော ဆုံးဖြတ်ချက်များကို အသိပေးရန်အတွက် တိကျပြီး ယုံကြည်စိတ်ချရသော အချက်အလက်များအား ရယူအသုံးပြုရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြရသည်။ ထို့အပြင် အချို့နယ်မြေများ အထူးသဖြင့် ပဋိပက္ခဇုံများ သို့မဟုတ် အစိုးရမဟုတ်သောအဖွဲ့အစည်းများက ထိန်းချုပ်ထားသည့် နယ်မြေများရှိ ပြည်သူများသည် ၎င်းတို့၏ သေရေး၊ ရှင်ရေးကိစ္စအပေါ် သက်ရောက်မှုရှိသည့် အရေးကြီးသော အွန်လိုင်း သတင်းအချက်အလက်များကို ရယူရန် ပိုမိုသိသာထင်ရှားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ရရှိနိုင်သော သတင်းအချက်အလက်များ၏ အရည်အသွေးနှင့် ယုံကြည်စိတ်ချရမှု မှာလည်း စိုးရိမ်စရာတစ်ခု ဖြစ်လာနိုင်သည်။ သတင်းမှားများနှင့် မှားယွင်းသော သတင်းအချက်အလက် ဖြန့်ဝေခြင်းများကြောင့် စိန်ခေါ်မှုများကို သိသိသာသာ ရင်ဆိုင်နေရသည့် လူ့အဖွဲ့အစည်းတစ်ခုတွင် သတင်းအချက် အလက်များ၏ တိကျမှုနှင့် ယုံကြည်စိတ်ချရမှုရှိရေးသည် အရေးကြီးပါသည်။ ဆိုရှယ်မီဒီယာ ထွန်းကားလာ ခြင်း၊ အကြောင်းအရာများကို မည်သူမဆို ဖန်တီးနိုင်ပြီး မျှဝေနိုင်ရန် လွယ်ကူလာခြင်းတို့ကြောင့် မီဒီယာတတ် မြောက်မှုနှင့် ဝေဖန်ပိုင်းခြားနိုင်မှု အရည်အချင်းတို့ ပိုမိုလိုအပ်လာသည်။
References
- 1. UNESCO. (n.d.)။ သတင်းအချက်အလက်များကို ရယူပိုင်ခွင့်ဥပဒေများ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက် ကြည့်ရှုနိုင်သည်။
- 2. Article 19. ၂၀၁၉။ အစီရင်ခံစာ– မြန်မာနိုင်ငံရှိ သတင်းအချက်အလက်များနှင့် သဘာဝသယံဇာတများဆိုင်ရာ အခွင့် အရေး။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
- 3. The Asia Foundation. ၂၀၂၀။ မြန်မာနိုင်ငံ၏ ဒေသတွင်း အခြေခံဂေဟစနစ်ဖွံ့ဖြိုးတိုတက်မှု။ ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
- 4. Kelly Koh, et al. ၂၀၂၂။ မြန်မာ– အင်တာနက်ဆင်ဆာဖြတ်တောက်မှု ၂၀၂၂ခုနှစ် အခြေအနေ။ ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
- 5. ODIN။ Country profile: မြန်မာ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
- 6. Tim Davies & Silvana Fumega. ၂၀၂၂။ Global Data Barometer (၂၀၂၂)။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဝင် ရောက်ကြည့်ရှုနိုင်သည်။
- 7. MOHS။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက်ကြည့်နိုင်သည်။
- 8. MIMU။ ကိုရိုနာဗိုင်းရပ်ရောဂါ (COVID-19)ကပ်ရောဂါ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
- 9. Open Development Myanmar. ၂၀၂၀။ မြန်မာနိုင်ငံတွင် COVID-19 နှင့်ပတ်သက်၍ မရှိမဖြစ်လိုအပ်သော သတင်း အချက်အလက်များ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
- 10. ကမ္ဘာ့ကျန်းမာရေးအဖွဲ့. ၂၀၂၂။ ပွင့်လင်းသော WHO Myanmar channel & Viber အသိုက်အဝန်းမှတဆင့် ဒေသ တွင်း ကြိုတင်ပြင်ဆင်နိုင်မှုစွမ်းရည်များနှင့် COVID-19 သတင်းအချက်အလက်များကို ရရှိမှုတို့ကိုမြှင့်တင်ခြင်း။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
- 11. Emilie Lehmann-Jacobsen, & Myat The Thitsar. ၂၀၂၂။ နိုင်ငံတကာမီဒီယာပံ့ပိုးမှု – ၅ မှ “သတင်းသည် ကျွနုပ်တို့အတွက် သေရေး၊ရှင်ရေးတမျှ အရေးကြီးကြောင်း – မြန်မာနိုင်ငံ၌အာဏာသိမ်းပြီးနောက် မီဒီယာပရိတ်သတ် များအပေါ် သိရှိနားလည်ခြင်း”။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၌ ဝင်ရောက်ကြည့်နိုင်သည်။
- 12. Freedom House နှင့် မြန်မာနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်. ၂၀၂၁။ မြန်မာနိုင်ငံရှိ အင်တာနက် လွတ်လပ်ခွင့်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက်ကြည့်နိုင်သည်။
- 13. Vandana Sharma et al. ၂၀၂၁။ COVID-19 နှင့် အာဏာသိမ်းမှုဖြစ်ရပ်တစ်ခု – အင်တာနက်နှင့် ဆိုရှယ်မီဒီယာသုံးစွဲ ခွင့် ပိတ်ဆို့ထားခြင်းသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် ကျား-မ အခြေခံ အကြမ်းဖက်မှုအန္တရယ်များကို ပိုမို ဆိုးဝါးစေပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
- 14. ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန. ၂၀၂၁။ stay home နေရန်ကြေငြာထားသည့်မြို့နယ်များစာရင်း။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
- 15. လွတ်လပ်သောအာရှရေဒီယို။ 2021။ မြန်မာ နိုင်ငံသားများသည် စစ်အစိုးရ၏ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်နှင့် တရုတ်COVID-19 ကာကွယ်ဆေးများကို ငြင်းပယ်ပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
- 16. ဧရာဝတီသတင်းဌာန၊ ၂၀၂၁။ ယခုအခါ မြန်မာနိုင်ငံ၏ တတိယလှိုင်းတွင် COVID-19 ကြောင့် သေဆုံးသူဦးရေသည် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် သေဆုံးသူဦးရေထက် ကျော်လွန်နေပြီဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
- 17. Vandana Sharma. ၂၀၂၁။ COVID-19 နှင့်အာဏာသိမ်းမှုဖြစ်ရပ်တစ်ခု။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက် ကြည့်ရှုနိုင်သည်။
- 18. Nan Lwin. ၂၀၂၀။ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ဖြစ်ပွားနေချိန်တွင် သတင်းအတုများကိုတိုက်ဖျက်ခြင်း။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
- 19. Ibid.
- 20. Reuters. ၂၀၂၁။ မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထွက်ပေါ်လာသော်လည်း စောင့်မျှော်နေသော ရိုဟင်ဂျာများ ကို ချန်ထားခြင်း။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
- 21. Article 19. ၂၀၂၀။ မြန်မာနိုင်ငံ၏ Covid-19 အပေါ် ဖြေဆိုမှု များနှင့်ပတ်သက်၍ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆိုင်ရာ စိုးရိမ်ပူပန်မှုများ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
- 22. Annie Gowen & Max Bearak. ၂၀၁၇။ Facebook ပေါ်မှ သတင်းတုများသည် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအတွက် အမုန်းမီးတောက်များကို ပိုမိုမီးထိုး လှုံ့ဆော်ပေးလိုက်ခြင်း။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။
- 23. KHRG. ၂၀၂၁။ နောက်ကွယ်မှ ကျန်ရစ်သူများ: တိုင်းရင်းသားလူနည်းစုများနှင့် မြန်မာနိုင်ငံ၏အရှေ့တောင်ဘက်ရှိ ကျေးလက်ဒေသများမှ COVID-19 နှင့်ပတ်သက်၍ ဖြေဆိုသူများ ၂၀၂၃ခုနှစ် အောက်တိုဘာလတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
- 24. Brad Ridout et al. ၂၀၂၀။ မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားရာနယ်မြေများတွင် နေထိုင်လျက်ရှိသော လူငယ်များ၏ ဆိုရှယ်မီဒီယာအသုံးပြုမှု။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
- 25. Frontier. 2018. နိုင်ငံပိုင်မီဒီယာသည် အယုံကြည်ရဆုံးဖြစ်ကြောင်း လေ့လာတွေ့ရှိချက်များ။ ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
- 26. Catherine Barker, Mercedes Fogarassy, and Shaelyn Laurie-၂၀၂၁။ မြန်မာနိုင်ငံရှိ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်အရင်းအမြစ်များ- အခု လူတွေ ဘာကို ယုံကြည်ကြသလဲ?. ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
- 27. ibid