အရပ်ဘက်နှင့် နိုင်ငံရေး အခွင့်အရေး
လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှု
မြန်မာနိုင်ငံတွင် သတင်းအချက်အလက် ရရှိနိုင်မှုနှင့် အရည်အသွေးတို့နှင့်စပ်လျဉ်း၍ လက်ရှိအခြေအနေ
သတင်းရယူပိုင်ခွင့်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (၁၉၄၈) ၏ အပိုဒ် ၁၉ တွင် အသိအမှတ်ပြုထားသည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၏ အခြေခံအခွင့်အရေးဖြစ်သည်။ ထိုအခွင့်အရေး ၌ သတင်းအချက်အလက်များနှင့် အကြံဉာဏ်များကို နယ်နိမိတ်များ ခွဲခြားထားမှုမရှိဘဲ မည်သည့်မီဒီယာမှ တဆင့် ရှာဖွေခြင်း၊ လက်ခံခြင်း၊ တင်ပြခြင်းတို့နှင့်ပတ်သက်သည့် လွတ်လပ်ခွင့်ပါဝင်ကြောင်း အပိုဒ် ၁၉ တွင် ဖော်ပြထားသည်။1မြန်မာနိုင်ငံသည် ၎င်း၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတင်းရယူခွင့်ကို အခြေခံအခွင့် အရေးအဖြစ် ထည့်သွင်းရန်ပျက်ကွက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။2 ၂၀၁၂ခုနှစ်တွင် မြန်မာနိုင်ငံကို တကမ္ဘာလုံးနှင့် တခါးဖွင့်ပေးလိုက်ပြီးနောက် လွတ်လပ်စွာ သတင်းရယူခွင့်နှင့် သတင်းအချက်အလက်များ ထုတ်ဖော်ပြောဆိုခွင့်တို့သည်လည်း တိုးတက်လာခဲ့သည်။ သို့သော် မြန်မာနိုင်ငံ သည် ...