အထူးစီးပွားရေးဇုန်ဆိုသည်မှာ နိုင်ငံ၏နယ်နိမိတ်အတွင်း သို့မဟုတ် တလျှောက်၌ သီးခြားဥပဒေဖြင့် စီမံအုပ်ချုပ်သော နေရာတစ်ခုဖြစ်ပါသည်။ ကင်း လွတ်ဇုန်များ၊ လုပ်ငန်းမြှင့်တင်ရေးဇုန်များနှင့် လိုအပ်ချက်အရ အခါအား လျော်စွာ သတ်မှတ်သည့် အခြားဇုန်များဟူ၍ အမျိုးအစားကွဲပြားပါသည်။1
သမိုင်းကြောင်း
မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုံများနှင့်ပတ်သက်သည့် သဘောတရားကို သီလဝါနှင့် ထားဝယ် အထူးစီးပွားရေးဇုံ တည်ဆောက်ရာမှ စတင်သိမြင်လာခဲ့ကြသည်။ . မြန်မာနိုင်ငံ၌ အထူးစီးပွားရေးဇုံများ ဖွံ့ဖြိုးတိုးတက်မှုရှိနိုင်၊ မရှိနိုင်ကို ဆုံးဖြတ်ရန် အတွက် ၁၉၉၀ခုနှစ် နှစ်လည်ပိုင်းမှပင် လေ့လာမှုများ စတင်ပြုလုပ်ခဲ့ကြသည်။ 2သို့ရာတွင် ငွေကြေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ပတ်သက်သည့် စာချုပ်များကို ချိုးဖောက်မှုများကြောင့် သီလဝါအထူးစီးပွားရေးဇုံသည် ၂၀၁၅ ခုနှစ်အထိ ပြီးစီးခဲ့ခြင်းမရှိခဲ့ဘဲ ထားဝယ်အထူးစီးပွားရေးဇုံကိုလည်း ရပ်ဆိုင်းထားခဲ့ရသည်။ ။ 3 မြန်မာနိုင်ငံအစိုးရမှ ထားဝယ် အထူးစိးပွားရေးဇုံ ဖွံ့ဖြိုးတိုးတက်မှု အတွက် Italian-Thai Development Public Co.Ltd(ITD) ကုမ္ပဏီနှင့် ဆောင်ရွက်မည့် စာချုပ်များကို ပယ်ဖျက်လိုက် ကြောင်း ၂၀၂၁ခုနှစ်အစောပိုင်းတွင် ကြေငြာခဲ့သည်။ 4တတိယ မြောက် အထူးစီးပွားရေးဇုံတစ်ခုဖြစ်သော ကျောက်ဖြူ အထူးစီးပွားရေးဇုံကို ၂၀၁၃ခုနှစ်တွင် ကြေငြာခဲ့ပြီး လက်ရှိအခြေအနေတွင်လည်း ဖွံ့ဖြိုးတိုးတက်မှုများကို တည်ဆောက်နေဆဲဖြစ်သည်။5 ၂၀၂၁ခုနှစ် ဩဂုတ်လတွင် စစ်အစိုးရသည် ကျောက်ဖြူ အထူးစီးပွားရေးဇုံ နှင့်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ဥပဒေဆိုင်ရာဝန်ဆောင်မှုများပံ့ပိုးပေးရန် လေလံများ ဖိတ်ခေါ်ခဲ့သည်။6 တရုတ်နှင့် သဘောတူညီချက်တစ်ခုဖြစ်သည့် စတုတ္ထစီးပွားရေးဇုံတစ်ခုဖြစ်သော မြစ်ကြီးနား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုံ ( နမ်ဂျင်း စက်မှုဇုံ ဟုလည်းခေါ်ဆိုသည်) ကိုလည်း ၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်း တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း အဆိုပါစီမံကိန်းကို ပယ်ဖျက်ခဲ့သည်။ 7
ဥပဒေနှင့် မူဝါဒ
အထူးစီးပွားရေးဇုန်စီမံအုပ်ချုပ်ရေးစည်းမျဉ်းများသည် ရင်းနှီးမြှုပ်နှံသူနှင့် စီးပွားရေးလုပ်ငန်းအတွက် လွယ်ကူစေရန် ရည်ရွယ်ထားကာ နိုင်ငံဥပဒေများနှင့် သိသာစွာ ကွဲပြားနေပါသည်။ မြန်မာနိုင်ငံ၏ ကွဲပြားမှုအချို့မှာ အကောက်ခွန်နှင့် အခြားအခွန်အခများမှ ကင်းလွတ်ခွင့်၊ နိုင်ငံခြားသားများသည် ၁၀၀% ပိုင်ဆိုင်သူများ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများအဖြစ် လုပ်ကိုင်နိုင်ခြင်း တို့ဖြစ်ပါသည်။ သို့သော် ဥပဒေတွင်ချမှတ်ထားသော တည်ဆဲအလုပ်သမားရေးရာ စံနှုန်းများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လိုအပ် ချက်များကို အသုံးပြုဆဲဖြစ်ပါသည်။8 မြန်မာနိုင်ငံရှိ အထူးစီးပွားရေး ဇုန်များကို ဗဟိုချုပ်ကိုင်စနစ်၊ အာဏာဖြန့်ဝေစနစ် နှစ်မျိုးဖြင့် စီမံအုပ်ချုပ်သည်ဖြစ်ရာ မြန်မာအစိုးရသည် အထူးစီးပွားရေးဇုန်တစ်ခုချင်းစီ၏ စီမံခန့်ခွဲမှုကော်မတီများသို့ တာဝန်ဝတ္တရားများအား ဝေမျှထားပါသည်။9 ယင်းကိစ္စသာမက အခြားဥပဒေရေးရာများကို ချမှတ်ထားသော၊ အထူးစီးပွားရေးဇုန်များနှင့်သက်ဆိုင်သည့် ဥပဒေပြုမူဘောင်မှာ ၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ ဖြစ်ပါသည်။ အထူးစီးပွားရေးဇုန်များ နှင့်သက်ဆိုင်သည့် ဥပဒေများကို ပိုမိုသိရှိလိုပါက မြန်မာနိုင်ငံရှိ အထူးစီးပွားရေး ဇုန်များအတွက် ဥပဒေပြု မူဘောင် ဟူသည့် ကျွန်ုပ်တို့၏စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။
အထူးစီးပွားရေးဇုန်များသည် မြန်မာအပါအဝင် မဲခေါင်ဒေသအောက်ပိုင်းရှိနိုင်ငံများအတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒများ၏ အဓိကအပိုင်းဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒ၌ အထူးစီးပွားရေးဇုန်များကို ထည့်သွင်းဖော်ပြကာ အထူးအားပေးခဲ့ပါသည်။10 အထူးစီးပွားရေးဇုန်များ သည် မြန်မာနိုင်ငံတွင် အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အထောက်အကူပြုရန်၊ အလုပ်အကိုင် တိုးတက်စေရန်၊ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန် ဥပဒေက ဖော်ပြထားပါသည်။ 11မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုံများတွင် အဓိကရင်းနှီးမြှုပ်နှံသူ များတွင် ဂျပန် (သီလဝါ) နှင့် တရုတ် (ကျောက်ဖြူ၊ နမ်ဂျင်း ) တိုပါဝင်သည်။
အကျိုးကျေးဇူးများနှင့် သက်ရောက်မှုများ
အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့သော ဘက်စုံဖွံ့ဖြိုးရေးဘဏ်များမှ ဖွံဖြိုးမှုအကောင် အထည်ဖော်ရန် အထူးစီးပွားရေးဇုံများကို ထည့်သွင်းစဉ်းစား၍ စနစ်တကျစီမံကြီးကြပ်ကွပ်ကဲမှုများရှိလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆက်လက် ဝင်ရောက်လာနိုင်ပြီး ပိုမိုကောင်းမွန်သော မူဝါဒပြုပြင် ပြောင်းလဲမှုများကိုအားပေး၍ ပြည်တွင်းစက်မှုလုပ်ငန်းများကိုလည်း တိုးတက်စေနိုင်မည်ဖြစ်သည်။ 12 မြန်မာနိုင်ငံတွင် မျှော်မှန်းထားသည့် စီးပွားရေးဇုံအားလုံးတွင် သီလဝါအထူးစီးပွားရေးဇုံတစ်ခုတည်းသာလျှင် လည်ပတ်နိုင်သည်ကိုတွေ့ရှိရသည်။
ရေရှည်ဖွံ့ဖြိုးတိုးတက်မည့် နည်းလမ်းတစ်ခုအဖြစ် အကြံပြုထားသော်လည်း အလားအလာကောင်းသော အကျိုးအမြတ်များကိုမူ လူတိုင်းမမြင်နိုင်ကြပေ။ အရှေ့တောင်အာရှဒေသရှိ အထူးစီးပွားရေးဇုံအများအပြားသည် ညံဖျင်းသော အစီအမံများကြောင့် ၎င်းတို့တည်ရှိရာ နိုင်ငံတွင်း စီးပွားရေးနှင့် ချိတ်ဆက်ဆောင်ရွက်မှုနည်းပါးသည့် နယ်မြေများ ဖြစ်လာသည်။ 13 ဥပမာအားဖြင့် ထားဝယ်အထူးစီးပွားရေးဇုံ သို့ သွားရန် စီစဉ်ထားသော လမ်းများအပေါ်သက်ရောက်မှုများရှိနိုင်ပြီး ၎င်းမှတစ်ဆင့် သတင်းအချက်အလက်များ လုံလောက်စွာ မရရှိနိုင်ခြင်း၊ စားဝတ်နေရေးနှင့်အသက်မွေးဝမ်းကျောင်းမှုအပေါ် သက်ရောက်မှုများရှိနေခြင်းနှင့် မြေယာများအား သိမ်းပိုက်ခြင်းတို့ကြောင့် ဒေသခံပြည်သူ လူထုကို ထိခိုက်နစ်နာစေခဲ့ခြင်းဖြစ်သည်။ 14
အထူးသဖြင့် အထူးစီးပွားရေးဇုံ ဥပဒေ သည် သဘာဝပတ်ဝန်းကျင်နှင့် အလုပ်သမားဥပဒေများကို လိုက်နာရမည် ဟု ပါရှိသော်လည်း Earthrights International ကဲ့သို့ အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် ဆောက်လုပ် ရေး ကာလအတွင်း ထားဝယ်စီးပွားရေးဇုံ တည်ဆောက်မှုတွင် ချိုးဖောက်မှုများရှိနေကြောင်းကို အစီရင်ခံစာ တွင် ဖော်ပြထားသည်။ 15 အခြားလူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ဖြစ်လာနိုင်ချေ များကို ဝေဖန်သူများမှ ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ 16
References
- 1. ပြည်ထောင်စုလွှတ်တော်၊ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ၊၂၀၁၄ ခုနှစ်၊ စာမျက်နှာ ၁၆၊ ဇွန် ၁၃၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
- 2. Thame, Charlie. ၂၀၁၇။ မဲခေါင်ဒေသမှ အထူးစီးပွားရေးဇုံများနှင့် တန်ဖိုးထုတ်ယူခြင်း ။ ၂၀၁၉ခုနှစ်၊ ဇွန်လ၂၄ရက်နေ့တွင် ရရှိသည်။
- 3. သီလဝါ အထူးစီးပွားရေးဇုံ ၂၀၁၉ခုနှစ်ဇွန်လ၂၄ရက်နေ့တွင် ရရှိသည်။
- 4. Thai PBS World’s Business Desk. ၂၀၂၁. ထိုင်းနှင့်မြန်မာတို့ အကြား ပြဿနာတက်နေသော ထားဝယ် အကြီးစားစီမံကိန်း၏ အတွင်းကျကျ အဖြစ်အပျက်။ ၂၀၂၁ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ရရှိသည်။
- 5. ကျောက်ဖြူအထူးစီးပွားရေးဇုံ၊ ၂၀၁၉ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ရရှိသည်။
- 6. ဧရာဝတီ ၂၀၂၁။ မြန်မာအာဏာသိမ်း စစ်အစိုးရသည် တရုတ်၏ ကျောထောက်နောက်ခံ ဖြစ်သော ကျောက်ဖြူအထူးစီးပွားရေးဇုံနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက် ဆောင်ရွက်ရန် တွန်းအားပေးလျှက်ရှိသည်။ ၂၀၂၁ခုနှစ် ဩဂုတ်လ၁၈ရက်နေ့တွင် ရရှိသည်။
- 7. ကချင်သတင်းဌာန KNG၊ ၂၀၂၀။ နမ်ဂျင်း စီးပွားရေး ဇုံကို ဆိုင်းငံ့ ထားမည်ဟု အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ပြောကြားသည်။ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် ရရှိသည်။ မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ ပိုးလမ်းမကြီးစီမံကိန်းနှင့် ဆက်စပ်လျှက်ရှိသော စီးပွားရေးဇုံ အတွက် လက်မှတ်ရေးထိုးရန် ။ ၂၀၁၉ခုနှစ် အောက်တိုဘာလ ၁၁ရက်နေ့တွင် ရရှိသည်။
- 8. ပြည်ထောင်စုလွှတ်တော်၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ၊ ၂၀၁၄ ခုနှစ်။ ဇွန် ၁၃၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
- 9. Ibid.
- 10. မြန်မာရင်းနှီးမြှုပ်နှံမှုကော်မတီ။ ၂၀၁၆ ခုနှစ်။ ရင်းနှီးမြှုပ်နှံမှု မူဝါဒ။ ဇွန် ၂၄၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
- 11. ပြည်ထောင်စုလွှတ်တော်။ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ၊ ၂၀၁၄ ခုနှစ်။ စာမျက်နှာ ၄၊ ၅။ ဇွန် ၁၃၊ ၂၀၁၉ ခုနှစ်တွင် ရရှိသည်။
- 12. အာရှဖွံ့ဖြိုးရေးဘဏ် ၂၀၁၅။ အာရှဒေသ စီးပွားရေးပူးပေါင်းမှု အစီရင်ခံစာ ၂၀၁၅ ။ အထူးစီးပွားရေးဇုံများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မည်သို့အထောက်အကူပြု နိုင်သနည်း။ ၂၀၁၉ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ရရှိသည်။
- 13. Ibid
- 14. ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း ၊ ၂၀၁၄။. မြေပြင်မှ ပြည်သူ့အသံများ- ထားဝယ်အထူးစီးပွားရေးဇုံနှင့် ဆက်စပ်စီမံကိန်းများအပေါ် စိုးရိမ်မှုများ ။ ၂၀၁၉ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ရရှိသည်။ မဲခေါင်လိပ်ပြာ ၂၀၁၈။ လမ်များချိတ်ဆက်ဖောက်လုပ်မှုတွင် ပြည်သူ့အသံများ တစ်လမ်းသွား နှင့်နှစ်လမ်းသွားလမ်းဖောက်လုပ်ခြင်း အကျိုးကျေးဇူး ၂၀၁၉ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ရရှိသည်။ ယနေ့ အာဆီယံ၊ ၂၀၂၁။ . မြန်မာအစိုးရသည် နာမည်ဆိုးနှင့် ကျော်ကြားနေသော ထိုင်းနိုင်ငံမှ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်သူအား အစိုးရမှထုတ်ပယ်လိုက်သောအခါ မြန်မာနိုင်ငံရှိ ထားဝယ် အထူးစီးပွားရေးဇုံသည် တဖန် ပြန်လည် ရပ်တံ့သွားပြန်သည်။ ၂၀၂၁ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ရရှိသည်။
- 15. Earthrights International. ထားဝယ်အထူးစီးပွားရေးဇုံ စီမံကိန်း။ ၂၀၁၉ခုနှစ် ဇွန်လတွင် ရရှိသည်။
- 16. နိုင်ငံတကာဥပဒေပညာရှင်များကော်မရှင် ၂၀၁၇။ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုံများနှင့် လူ့အခွင့်အရေးကာကွယ်ရန် နိုင်ငံတော်၏တာဝန် ။ ၂၀၁၉ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ရရှိသည်။