နယ်မြေရှာဖွေ ခိုလှုံနေကြ ရသည့် မြန်မာ ဒုက္ခသည်များ

ဘားမားဟုလူသိများသည့် မြန်မာနိုင်ငံသည် မဲ​ခေါင်မြစ်ဝှမ်း​အောက်ပိုင်း​ဒေသ၏ အစိတ်အပိုင်းတစ်ခုဖြစ်၍ အ​ရှေ့​တောင်အာရှ​ဒေသအတွင်း တည်ရှိကာ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ တရုတ် ၊ လာအို ၊ ထိုင်းနိုင်ငံတို့နှင့် နယ်န မိတ်ချင်း ထိစပ်လျက်ရှိပြီး လူဦး​ရေ စုစု​ပေါင်း ၅၄.၆ သန်း မှီတင်း​နေထိုင်ပါသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစု​ပေါင်း (၁၃၅) မျိုး​ကျော် ​နေထိုင်လျှက်ရှိပြီး အဆိုပါ တိုင်းရင်း သား အများစုမှာ ပြည်နယ် (၇) ခုအတွင်း မှီတင်း​နေထိုင်လျှက် ရှိကြပါသည်။ ဗမာ (တရားဝင်အ​ခေါ် ဘားမားနှင့် ဒေသတွင်းအ​ခေါ် ဗမာ) လူမျိုး များ သည် မြန်မာနိုင်ငံစုစု​ပေါင်းလူဦး​ရေ၏ (၇၀) ရာခိုင်နှုန်းနီးပါးရှိ၍ အများစုမှာ ဗုဒ္ဓဘာသာ ဝင်များ ဖြစ်ကြပါ သည်။ မြန်မာနိုင်ငံသည် (၁၉၄၈) ဗြိတိသျှထံမှ […]

ဘားမားဟုလူသိများသည့် မြန်မာနိုင်ငံသည် မဲ​ခေါင်မြစ်ဝှမ်း​အောက်ပိုင်း​ဒေသ၏ အစိတ်အပိုင်းတစ်ခုဖြစ်၍ အ​ရှေ့​တောင်အာရှ​ဒေသအတွင်း တည်ရှိကာ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ တရုတ် ၊ လာအို ၊ ထိုင်းနိုင်ငံတို့နှင့် နယ်န မိတ်ချင်း ထိစပ်လျက်ရှိပြီး လူဦး​ရေ စုစု​ပေါင်း ၅၄.၆ သန်း မှီတင်း​နေထိုင်ပါသည်။ 1 မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစု​ပေါင်း (၁၃၅) မျိုး​ကျော် ​နေထိုင်လျှက်ရှိပြီး အဆိုပါ တိုင်းရင်း သား အများစုမှာ ပြည်နယ် (၇) ခုအတွင်း မှီတင်း​နေထိုင်လျှက် ရှိကြပါသည်။2 ဗမာ (တရားဝင်အ​ခေါ် ဘားမားနှင့် ဒေသတွင်းအ​ခေါ် ဗမာ) လူမျိုး များ သည် မြန်မာနိုင်ငံစုစု​ပေါင်းလူဦး​ရေ၏ (၇၀) ရာခိုင်နှုန်းနီးပါးရှိ၍ အများစုမှာ ဗုဒ္ဓဘာသာ ဝင်များ ဖြစ်ကြပါ သည်။ 3

မြန်မာနိုင်ငံသည် (၁၉၄၈) ဗြိတိသျှထံမှ လွတ်လပ်​ရေးရချိန်မှစ၍ ကမ္ဘာ့သမိုင်းတွင် အရှည်ကြာဆုံး​သော ပြည်တွင်း စစ်ဒဏ်ကို ခံစား​နေရဆဲ နိုင်ငံတစ်ခုဖြစ်ပါသည်။ အဆိုပါလက်နက်ကိုင်ပဋိပက္ခသည် လက်နက်ကိုင် စစ်အုပ်စုနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရန် တိုက်ပွဲဝင်​နေသည့် ​တိုင်းရင်းသားတော်လှန်​ရေးအင်အားစုများ အကြား ဖြစ်ပွား​နေခြင်း ဖြစ်ပါသည်။ 4မြန်မာနိုင်ငံအတွင်း ဆယ်စုနှစ်​ပေါင်း (၇) ခု​ကျော်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိ ပက္ခများ၊ နှိပ်စက်ညှင်းပန်းမှု၊ ဆိုးရွားပြင်းထန်သည့် လူ့အခွင့်အရေးချိုး​ဖောက်မှုများ၏ အကျိုးဆက်အဖြစ် ဒုက္ခသည်အများအပြားသည် ထိုင်း ၊ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် နှင့် မလေးရှားစသည့် အိမ်နီးချင်း နိုင်ငံများထံ ထွက်​ပြေးတိမ်း​ရှောင်နေကြရပါသည်။ သို့ရာတွင် အချို့​သော ဒုက္ခသည်များမှာ အ​မေရိကန်ပြည်​ထောင်စု၊ က​နေဒါ၊ သြစ​တေးလျနှင့် ဥ​ရောပနိုင်ငံများ အစရှိသည့် ပိုမို​ဝေးကွာရာ​ဒေသများတွင် အ​ခြေချ​နေထိုင်ရန် အခွင့်အလမ်းကို ရှာ​ဖွေ​လေ့ရှိကြပါသည်။

မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားလျှက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် နှိပ်စက်ညှင်းပန်းမှု များ ကြောင့် (၂၀၁၇ အတွင်း ဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာအ​ရေးသည် ထင်ရှား​သော သာဓကတစ်ခုဖြစ်ပါသည်။) ပြည်တွင်းနှင့် ပြည်ပ စစ်​ဘေး​ရှောင်​ပေါင်း သိန်းနှင့်ချီ၍ ​ဘေးလွတ်ရာသို့ ထွက်​ပြေးတိမ်း​ရှောင်ခဲ့ကြရပါသည်။ အဆိုပါ ကာလရှည်ပဋိပက္ခများအတွင်း ရိုဟင်ဂျာများ၏ ဥပ​ဒေ​ကြောင်းရာနှင့်လူ့အခွင့်အ​ရေးဆိုင်ရာ ကိစ္စရပ် များသည်လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး (၂၀၁၆) အကုန်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း ​ပေါ်ပေါက်ခဲ့သည့် ပဋိပက္ခများအတွင်း အဆိုပါအ​ရေးကိစ္စများအ​ပေါ် စိတ်ဝင်စားခံရမှု ပိုမိုမြင့်တက်လာခဲ့ရပါသည်။ အဆိုပါ မြင့် တက်လာသည့် လူ့အခွင့်အ​ရေးဆိုင်ရာ အကျပ်အတည်းများ​ကြောင့် ရိုဟင်ဂျာ သိန်းနှင့်ချီ၍ ဘင်္ဂလားဒေ့ရှ် စသည့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်​ပြေးခိုလှုံရသည့် ဖြစ်စဥ်များ ​ပေါ်​ပေါက်လာခဲ့ပါသည်။

(၂၀၂၁) ​ဖေ​ဖော်ဝါရီ (၁) စစ်အာဏာသိမ်းမှု ဖြစ်စဥ်​ကြောင့် ​ပြည်တွင်းပြည်ပ ထွက်​ပြေးတိမ်း​ရှောင်ရမှုများ ထပ်မံ၍ သိသာထင်ရှားစွာ ပိုမိုမြင့်တက်လာခဲ့ပါသည်။ ကရင်၊ ကချင်နှင့် ရှမ်းစသည့် တိုင်းရင်းသား လူမျိုးစု များသည်လည်း ဖြစ်ပွားလျှက်ရှိသည့် ပဋိပက္ခများနှင့် လူ့အခွင့်​အရေး ချိုး​ဖောက်ခံရမှုများ​ကြောင့် ထိုင်း ၊ အိန္ဒိယနှင့် မလေးရှား ကဲ့သို့​သော အိမ်နီးချင်းနိုင်ငံများသို့ ထွက်​ပြေးခိုလှုံခဲ့ကြရပါသည်။ ယခုလက်ရှိအချိန် အထိ မြန်မာနိုင်ငံမှ ကမ္ဘာတစ်လွှားသို့ ထွက်​ပြေးခိုလှုံ​နေရသူစုစု​ပေါင်းသည် (နိုင်ငံ့လူဦး​ရေ၏ ၂ ရာခိုင်နှုန်းခန့် ဖြစ်သည့် ၁.၃၅ သန်း) ရှိ​နေပြီဖြစ်​​ကြောင်း သိရပါသည်။ 5 

မြန်မာဒုက္ခသည်များ နှင့် အဓိပ္ပါယ် ဖွင့်ဆိုချက်များ(Who are “Myanmar Refugees”?)

“ဒုက္ခသည်များ” (Refugees) ဆိုသည်မှာ စစ်ပွဲ၊ အကြမ်းဖက်ခံရမှု၊ ပဋိပက္ခ (သို့မဟုတ်) နှိပ်စက်ညှင်းပန်းခံရမှု တို့မှ ထွက်​ပြေး၍ နိုင်ငံတကာနယ်နမိတ်တစ်ခုကို ​ကျော်ဖြတ်ကာ အခြားနိုင်ငံတစ်ခုတွင် ​ဘေးအန္တရာယ် လွတ်ကင်းရာ ရှာ​ဖွေသူများဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ​အေဂျင်စီ  UN Refugee Agency က သတ်မှတ်ဖွင့်ဆို ထားပါသည်။ 6 “နိုင်ငံ​ရေးခိုလှုံခွင့်​တောင်းခံသူ” (Asylum Seeker) ဆိုသည်မှာမူ နိုင်ငံတကာ၏ ကာကွယ်​စောင့်​ရှောက်မှု ရှာ​ဖွေ​နေသူတစ်ဦးဖြစ်​သော်လည်း ဒုက္ခသည်အဖြစ် ဥပ​ဒေ​ကြောင်းရာအရ အသိအမှတ် ပြုခြင်းမခံရ​သေးသည့် ၎င်း၏ခိုလှုံခွင့်​တောင်းခံမှုအ​ပေါ် ဆုံးဖြတ်ချက် ကို ​စောင့်ဆိုင်း​နေသူ (သို့မ ဟုတ်) ထိုသို့ ပြုလုပ်ရန် ရည်ရွယ်ထားသူကို ဆိုလိုပါသည်။ 7

အထက်​ဖော်ပြပါ သတ်မှတ်ဖွင့်ဆိုချက် နှစ်ခုလုံးသည် “ပြည်ပသို့​ရွှေ့​ပြောင်း​နေထိုင်သူ” (Migrant) (၎င်း စကား ရပ် နှင့်ပတ်သက်သည့် နိုင်ငံတကာ ဥပ​ဒေ​ကြောင်းရာ ဖွင့်ဆိုချက် မရှိ​သေးပါ) ဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် ကွဲပြားခြားနားပါသည်။ “ပြည်ပသို့​ရွှေ့​ပြောင်း​နေထိုင်သူ” (Migrant) ဟူသည် မိမိ​၏ သ​ဘောဆန္ဒအ​လျောက်  မိခင်နိုင်ငံမှ အခြားနိုင်ငံတစ်ခုသို့ ဘဝသစ်စတင်ထူ​ထောင်ရန် ထွက်ခွာသူ ၊   မိခင် နိုင်ငံသို့ ကန့်သတ်ချုပ်ချယ်ခံရမှု (သို့မဟုတ်) နှိပ်စက်ညှင်းပန်းခံရမှု တစ်စုံတစ်ရာမရှိ ပြန်လာနိုင်သူကို ဆိုလို ပါသည်။

သို့ဖြစ်၍ စစ်အုပ်စုနှင့် တိုင်းရင်းသား လက်နက်ကိုင် ​တော်လှန်​ရေးအင်အားစုများအကြား ဖြစ်ပွား​နေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ ​ဘေးအန္တရာယ်များ၊ လူ့အခွင့်အ​ရေးချိုး​ဖောက်ခံရမှုများ၊ အများအားဖြင့် နိုင်ငံ​ရေးဆိုင်ရာ ဖိနှိပ်ခံရမှုများ​ကြောင့် မြန်မာနိုင်ငံမှ ထွက်​ပြေး၍ အခြားနိုင်ငံတစ်ခုတွင် ​ဘေးအန္တရာယ် ကင်းလွတ်ရာ ရှာ​ဖွေရသူများသည် ဒုက္ခသည်များဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက် (The Definition of Refugee) နှင့် ကိုက်ညီ​ကြောင်း သတ်မှတ်နိုင်ပါသည်။

မြန်မာနိုင်ငံမှထွက်​ပြေးလာသည့် ဒုက္ခသည်များအ​နေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ သက်ဆိုင်ရာပြည်တွင်း ဥပ​ဒေများအရ လူ့အခွင့်အ​ရေးကာကွယ်​စောင့်​ရှောက်မှု အ​နေအထားကင်းမဲ့ခြင်း နှင့် ၎င်းတို့၏ ကုလသမဂ္ဂ လူ့ အခွင့်အ​ရေးဆိုင်ရာ အဓိက ပဋိဥာဥ်များနှင့် ဖြည့်စွက်ချက်များ (Key Conventions and Protocols) အ​ပေါ် အသိအမှတ်ပြုမှု ကင်းမဲ့ခြင်း ​(အောက်​ဖော်ပြပါဇယားတွင်ကြည့်ရှုပါ) တို့​ကြောင့် အဆိုပါနိုင်ငံများတွင် နိုင်ငံ​ရေးခိုလှုံခွင့် ရရှိရန်မဖြစ်နိုင်​ကြောင်း ​တွေ့ရှိရပါသည်။ အကျိုးဆက်ရလာဒ်အဖြစ် “ရိုဟင်ဂျာ” ကဲ့သို့​သော လူမျိုးစုများသည် နိုင်ငံမဲ့များ ဖြစ်မြဲဖြစ်​နေ၍ ကမ္ဘာတစ်လွှားရှိ နိုင်ငံမဲ့အုပ်စုကြီး၏ အကြီးမားဆုံး အစိတ် အပိုင်းအဖြစ် ဆက်လက်ပါဝင်​နေဆဲ ဖြစ်ပါသည်။ 8

မဲ​ခေါင်​ဒေသနိုင်ငံများတွင် ခိုလှုံ​နေကြရသည့် ဒုက္ခသည်များ အခြေအနေ

ထိုင်းနိုင်ငံသည် မဲ​ခေါင်​ဒေသအတွင်း ဒုက္ခသည်ဦး​ရေအများဆုံး လာ​ရောက်ခိုလှုံ​နေသည့် နိုင်ငံဖြစ်ပါသည်။ သမိုင်း​ကြောင်းအရ ထိုင်းနိုင်ငံသည် ၁၉၇၀ ကာလများတွင် ​ဒေသတွင်း ပဋိပက္ခများ​ကြောင့် လာအိုနှင့် ဗီယက်နမ်စသည့် အိမ်နီးချင်းနိုင်ငံများမှ လှိုင်းလုံးပမာ ​​ရွှေ့​ပြောင်းလာသူအများအပြားကို အိမ်ရှင်အဖြစ် ကြိမ်ဖန်များစွာ လက်ခံခဲ့ရ ပါသည်။ 9၁၉၈၇ တွင် နိုင်ငံ​ရေးအကျပ်အတည်းနှင့် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများအ​ပေါ် စစ်တပ်မှဆင်နွှဲခဲ့သည့် စစ်ပွဲများ​ကြောင့် မြန်မာနိုင်ငံမှ လူအများအပြား  အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်​ပြေးတိမ်း​ရှောင် ခဲ့ကြရပါသည်။ 10 လွန်ခဲ့သည့် နှစ်​ပေါင်း (၃၀) အတွင်း  ​ထိုင်းနိုင်ငံ သည် မြန်မာနိုင်ငံမှ ဒုက္ခသည် (၉၀,၀၀၀) ခန့်ကို ယာယီစခန်း များအတွင်း လက်ခံထားရှိ​ပေးခဲ့သည့်အတွက် မဲ​ခေါင်​ဒေသအတွင်း ဒုက္ခသည်စီးဆင်းရာ အဓိက ခရီးဆုံးသဖွယ် ဖြစ်လာခဲ့ရပါသည်။

ယခင်ပြင်သစ်ကိုလိုနီ အင်ဒိုချိုင်းနားနယ်​မြေ (ကမ္ဘောဒီးယား ၊ ဗီယက်နမ်နှင့် လာအို) အတွင်း ၁၉၇၅ မှ ၁၉၉၇ အကြား ကာလများတွင် ဖြစ်ပွားခဲ့သည့် အင်ဒိုချိုင်းနား ဒုက္ခသည်အကျပ်အတည်း​ကြောင့် ၎င်းနိုင်ငံများမှ  ထွက်​ပြေးခိုလှုံလာသည့်  သန်း​ပေါင်းများစွာ​သော ဒုက္ခသည်များသည် မဲ​ခေါင်​ဒေသတွင်းရှိ အခြား အိမ်နီးချင်းနိုင်ငံများသို့ လှိုင်းများပမာ အလုံးအရင်းဖြင့် အဆက်မပြတ် စီးဝင်ခဲ့ပါသည်။ မဲ​ခေါင်​ဒေသ တွင်း နိုင်ငံများတွင် ကမ္ဘောဒီးယားနိုင်ငံမှအပ ဒုက္ခသည် ကာကွယ်​စောင့်​ရှောက်မှုအတွက် ဥပ​ဒေ​ကြောင်းရာ နှင့် အဖွဲ့အစည်းဆိုင်ရာ မူ​ဘောင်များ အားနည်းသည်ကို ​တွေ့ရှိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ဒုက္ခသည်များအဆင့်ဆိုင်ရာ ၁၉၅၁ ပဋိဥာဥ်  နှင့် ၁၉၆၇ ဖြည့်စွက်ချက်တို့ကို လက်ခံကျင့်သုံး​နေသည့် မဲ​ခေါင်​ဒေသ​အောက်ပိုင်းရှိ တစ်ခုတည်း​သော နိုင်ငံဖြစ်ပါသည်။ 11

ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ထွက်​ပြေးလာ​သော ဒုက္ခသည်လှိုင်းလုံးများကို လက်ခံ​နေရာချထား​ပေးခဲ့သည် မှာ နှစ်​ပေါင်း ၃၀ ​ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ၂၀၂၂ နှစ်ကုန်တွင် မြန်မာနိုင်ငံမှ ဒုက္ခသည် ၉၀,၀၀၀ ခန့်ကို ထိုင်းမြန်မာ နယ်စပ်အနီး ထိုင်းအစိုးရမှ စီမံအုပ်ချုပ်သည့် ယာယီအ​ခြေချ စခန်း ၉ ခုတွင် ​နေရာချ​ပေး​ထား ကြောင်း သိရှိရပါသည်။ 12  13ထိုင်းနိုင်ငံသည် ဒုက္ခသည်ဆိုင်ရာ အခွင့်အ​ရေးများကို ဥပ​ဒေ​ကြောင်းအရ တရားဝင် အသိအမှတ်မပြု​သော် လည်း ဒုက္ခသည် ယာယီစခန်းများ သတ်မှတ်​နေရာချထားခွင့်ကို ထိုင်း​တော်ဝင်အစိုးရ (RTG) မှ ခွင့်ပြု၍ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး  (UNHCR) ၊ နိုင်ငံတကာ​ အေဂျင်စီများနှင့် အစိုးရ မဟုတ်သည့်အဖွဲ့အစည်း (NGOs) များက ​ထောက်ပံ့ ကူညီလျှက်ရှိကြပါသည်။ ၂၀၂၁ ​ဖေ​ဖော်ဝါရီမှ အစပြု၍ မြန်မာနိုင်ငံမှ ဒုက္ခသည်  ၄၈,၄၀၁ ဦးခန့်သည် ထိုင်းနိုင်ငံသို့ ထွက်​ပြေးတိမ်း​ရှောင်၍ ကာကွယ်​စောင့်​ရှောက်မှုရရှိရန် ရှာ​ဖွေခဲ့ကြရပါသည်။ စစ်တပ်နှင့် တိုင်းရင်းသား တော်လှန်​ရေးအင်အားစု များအကြား  ​ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများ ​ကြောင့် မြန်မာနိုင်ငံမှထွက်​ပြေးလာသူ ဒုက္ခသည် အများစုမှာ ဗမာ၊ ကရင်နှင့် ကရင်နီ တိုင်းရင်းသားများ ဖြစ်ကြပါသည်။  14

ထိုင်းနိုင်ငံရှိ ယာယီ စခန်း ၉ ခုတွင် မူလက လာ​ရောက်ခိုလှုံလျှက်ရှိသည့် မြန်မာနိုင်ငံမှ ဒုက္ခသည်များမှာ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများ နှင့် ကရင်နီ၊ ကရင်နှင့် မွန်ပြည်နယ်တို့မှ အများစုဖြစ်ကြပါသည်။ ထိုင်းနိုင်ငံ ယာယီစခန်းများတွင် ကရင်ပြည်နယ်မှ တိမ်း​ရှောင်လာသည့် ဒုက္ခသည်များမှာ သိသာ​ပေါ်လွင်ပါသည်။ 15

Made with Flourish

ကမ္ဘောဒီးယားနိုင်ငံ

ကမ္ဘောဒီးယားနိုင်ငံသည် “ဒုက္ခသည်များဆိုင်ရာ ၁၉၅၁ ပဋိဥာဥ်” (1951 Refugee Convention) ကို လက်မှတ်​ရေးထိုးထားသည့် အ​ရှေ့​တောင်အာရှ​ဒေသနှင့် မဲ​ခေါင်​ဒေသတွင်း တစ်ခုတည်း​သော နိုင်ငံဖြစ်ပါ သည်။ အချက်အလက်များအရ ကမ္ဘောဒီးယားနိုင်ငံသည် လူမျိုး​ရေးနှင့် ဘာသာ​ရေးပဋိပက္ခများ​ကြောင့် မြန်မာ နိုင်ငံမှ တိမ်း​ရှောင်လာသည့် ရိုဟင်ဂျာများအပါအဝင် နိုင်ငံ​ရေးခိုလှုံခွင့်​တောင်းခံသူများကို ၂၀၀၆ မှ စတင် လက်ခံထားခဲ့ရာ ၃၄၅ ဦးအထိရှိပြီဖြစ်​ကြောင်း သိရပါသည်။ 

လာအိုနိုင်ငံ

လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသည် “ဒုက္ခသည်များဆိုင်ရာ ၁၉၅၁ ပဋိဥာဥ်” (1951 Refugee Convention) ကို လက်မှတ်​ရေးထိုးထားခြင်းမရှိသည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် အပြည်ပြည်ဆိုင်ရာ ကာကွယ်​စောင့်​ရှောက်မှု (သို့) ဒုက္ခသည် ကာကွယ်​စောင့်​ရှောက်မှု လိုအပ်ချက်များကို ရှာ​ဖွေ​ဖော်ထုတ်သည့် ပြည်တွင်းဥပ​ဒေမူ​ဘောင် သတ်မှတ်ပြဌာန်းထားခြင်း မရှိ​ပါ။ သို့ရာတွင် ၁၉၇၀ ခုနှစ်အတွင်း လာအိုနိုင်ငံသည် မြန်မာနိုင်ငံမှ ဒုက္ခသည် ၇၀၀ ဦးကို လက်ခံထားရှိ​ကြောင်း သိရှိရပါသည်။ 16 သို့ရာတွင် ယခုလတ်တလောအချိန်အထိ တိကျ​သေချာသည့် စာရင်းအချက် အလက်များ မရရှိ​သေးသည့်အတွက် လာအိုနိုင်ငံတွင် မြန်မာမှဒုက္ခသည် မည်မျှလာ​ရောက်ခိုလှုံ​နေသည်ကို သိရှိရန် ခဲယဥ်း​နေပါ​သေးသည်။

အာရှဒေသအတွင်း မြန်မာဒုက္ခသည်များ၏ အခြေအနေ

ဘင်္ဂလားဒေ့ရှ် နိုင်ငံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှ ဒုက္ခသည်များ အများအပြားနေထိုင်ကြသည့် အကြီးဆုံး ဒုက္ခသည် စခန်း တည်ရှိရာ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ဒုက္ခသည် အများစုသည် လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မှ ထွက်ပြေးလာခဲ့ကြသည့် ရိုဟင်ဂျာ လူမျိုးများ ဖြစ်ကြသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်း၏ နောက်ဆုံးရ အစီရင်ခံစာအရ ဒုက္ခသည်ပေါင်း ၉၈၁,၀၀၀ ဦးကျော်သည် 17ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်တောင်းခံခဲ့ရာ အများစုသည်  ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းလည်း ဖြစ်သည့် Cox’s Bazar ဒေသရှိ Kutupalong ဒုက္ခသည်စခန်းတွင် နေထိုင်ခွင့် ရခဲ့ကြပါသည်။ 18

ဘင်္ဂလားဒေ့ရှ် အစိုးရမှ ၂၀၁၇ ခုနှစ်မှ စ၍ ၂၀၂၁ ခုနှစ်မတိုင်မီအထိ ဒုက္ခသည် ၃၀၀၀၀ ခန့်အား Cox’s Bazar ခရိုင်ရှိ လူစည်ကားသော စခန်း ၃၃ ခု တွင် လက်ခံထားခဲ့ပြီး ၂၀၂၁ တွင် ၎င်းတို့အား Noakhali ခရိုင်ရှိ Bhasan Char ကျွန်းသို့ ပြောင်းရွှေ့ထားခဲ့သည်။  19 အောက်ပါဇယားသည် လူဦးရေအများဆုံး စခန်း ၁၀ ခုရှိ ကျား၊ မ ဦးရေစာရင်းနှင့် စုစုပေါင်း အိမ်ထောင်စု စာရင်းများကို ဖော်ပြထားခြင်းဖြစ်ပါသည်။

အဆိုပါ စခန်းများအနက် စခန်း ၁၅  သည် Cox’s Bazar ခရိုင်တွင် တည်ရှိ၍ ဒုက္ခသည်ဦးရေ အများဆုံးကို လက်ခံထားပြီး စခန်း 13 နှင့် 1E တို့သည် ဒုတိယနှင့် တတိယမြောက် ဒုက္ခသည်ဦးရေ အများဆုံး လက်ခံ ထားသော စခန်းများအဖြစ် အသီးသီး မှတ်တမ်းတင်ထားပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသော ရိုဟင်ဂျာများထဲမှ  ၆၇ ရာခိုင်နှုန်းခန့်သည် မောင်တောမြို့နယ်မှ ဝင်ရောက်လာခဲ့သူများဖြစ်ကြပြီး  ၂၆ ရာခိုင် နှုန်းမှာ ဘူးသီးတောင်မြို့နယ်မှ ဖြစ်ကြ၍ ၆ ရာခိုင်နှုန်းသည် ရသေ့တောင်မြို့နယ်မှ ဖြစ်ကြပြီး ၁ ရာခိုင်နှုန်းခန့် သည် အခြားနေရာများမှ ရောက်ရှိလာကြသူများ ဖြစ်ကြပါသည်။ 20

မလေးရှားနိုင်ငံ

၂၀၂၄ ခုနှစ် ဧပြီလအထိ မလေးရှားနိုင်ငံသည် မြန်မာဒုက္ခသည်များအား ဒုတိယအများဆုံး လက်ခံသည့် နိုင်ငံဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် မေလကုန်အထိ UNHCR တွင် မှတ်ပုံတင်ထားသည့် မြန်မာဒုက္ခသည်ဦးရေသည် လူပေါင်း ၁၈၉,၃၄၀ ဦးအထိ ရှိနေပါသည်။  21 ထပ်မံ၍ အဆိုပါဒုက္ခသည် အများစုတွင် ၂၀၁၇ ခုနှစ် အကျပ်အတည်းအပြီး ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားသော ရိုဟင်ဂျာများ ပါဝင်ကြပါသည်။ လူမျိုး ရေး၊ ဘာသာရေး ဖိနှိပ်ခံရမှုများရှိခြင်း၊   ခရီးသွားလာရေး၌ ၎င်းတို့အတွက် ကြီးလေးသောကန့်သတ်ချက် များရှိခြင်း၊  စစ်တွေ၊ ပေါက်တောနှင့် ကျောက်ဖြူ မြို့နယ်များ၌ ၎င်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း များ နည်းပါးခြင်း စသည့်အချက်တို့ကြောင့် ရိုဟင်ဂျာလူမျိုး အများအပြားသည် မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံ သို့ ထွက်ခွာသွားခဲ့ကြပါသည်။ 22မလေးရှားနိုင်ငံတွင် ဒုက္ခသည်များအတွက် တရားဝင်နေထိုင်ခွင့်ရရန် အခြေအနေမရှိပေ။ 23၎င်းတို့အတွက် ဒုက္ခသည်စခန်းပုံစံမျိုးဖြင့် ခိုလှုံခွင့် ပေးထားခြင်း မျိုးလည်း မရှိပေ။ 24ဒုက္ခသည်အများစုသည် လူဦးရေထူထပ်သော ကျွန်းဆွယ်တစ်လျှောက်ရှိ    Klang Valley၊ Johor နှင့် Penang မြို့ကြီး၊ မြို့ငယ်များတွင် နေထိုင်ကြရပါသည်။

အိန္ဒိယနိုင်ငံ

၂၀၂၂ ခုနှစ်တွင် UNHCR India သည် ဒုက္ခသည် ၄၆,၀၀၀ ကျော် ကို စာရင်းသွင်းခဲ့ပြီး အများစုမှာ မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့မှ ဒုက္ခသည်များဖြစ်ကြသည်။ 25 ၂၀၂၁  ဖေဖေါ်ဝါရီ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် နိုင်ငံမဲ့ရိုဟင်ဂျာ လူမျိုးများနှင့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အခြားတိုင်းရင်းသားလူမျိုးများ အပါအဝင် အိုးမဲ့အိမ်မဲ့ပြည်သူများသည် ၎င်းတို့ ဘဝ ဘေးကင်း လုံခြုံရေးအတွက်  အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ခိုလှုံခွင့် တောင်းခံခဲ့ကြပါသည်။26 နှိပ်စက်ညှဉ်းပန်းမှုများကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများ ဖြစ်သည့်အပြင် မကြာသေးမီကမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ ရောက်ရှိလာသည့် ရိုဟင်ဂျာလူမျိုး အများပြား တို့သည် Delhi ၊ Hyderabad ၊ Jammu၊ Noida နှင့် Nuh မြို့များရှိ ဒုက္ခသည်စခန်းများ၌  တရားဝင် နေထိုင် ခိုလှုံမှုများရှိနေသည်ကို တွေ့ရှိနိုင်ပါသည်။  ၂၀၂၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ ဒုက္ခသည် ၉၉,၄၀၃ ဦးကျော်ကို လက်ခံခဲ့ရာ 27    ဒုက္ခသည် ၅၄,၁၀၀ ဦး သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်ပါသည်။ 28 ဒုက္ခသည်အများစုသည်  အရှေ့မြောက်ဘက်ဒေသများတွင် ခိုလှုံနေထိုင်ကြပြီး  မီဇိုရမ်နှင့် မဏိပူရပြည်နယ် များတွင် အဓိကအများဆုံး ခိုလှုံနေထိုင်ကြပါသည်။

အင်ဒိုနီးရှားနိုင်ငံ

အင်ဒိုနီးရှားနိုင်ငံသည် UNHCR မှ  ထည့်သွင်းစဉ်းစားရန် ရည်ရွယ်မထားသော နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း ရိုဟင်ဂျာလူမျိုး ဒုက္ခသည် ၉၀၀ ခန့် သည် အင်ဒိုနီးရှားသို့ ထွက်ပြေးသွားခဲ့ပါသည်။ 29၂၀၂၂ မတ်တွင် ရိုဟင်ဂျာလူမျိုး ၁၁၄ ဦးပါဝင်သောအဖွဲ့သည် ပင်လယ်ပြင်တွင် ၂၅ ရက်ကြာနေထိုင်ပြီးနောက် Aceh ဒေသသို့ရောက်ရှိ လာခဲ့ကြပါသည်။ ၎င်းတို့အများစုမှာ ယခုအခါ် အာချေးဒေသရှိ မတူညီသော နေရာသုံးခု ဖြစ်သည့် Lhokseumawe၊ Pidie နှင့် Aceh Besar (Ladong) ဒေသတို့တွင် လာရောက် ခိုလှုံ နေထိုင်ခဲ့ကြပါသည်။ 30အာချေးဒေသသို့ မထင်မှတ်ဘဲ ရောက်ရှိခဲ့သော ရိုဟင်ဂျာလူမျိုးများကို ယခုအခါ Lhokseumawe ရှိ လူဝင်မှုကြီးကြပ်ရေးရုံးဟောင်းတွင် လက်ခံထားရှိပါသည်။ အင်ဒိုနီးရှားအစိုးရ သည် “ဒုက္ခသည်များဆိုင်ရာ ၁၉၅၁ ပဋိဥာဥ်” (1951 Refugee Convention)  သို့မဟုတ် ၁၉၆၇ ဖြည့်စွက်ချက် တို့ကို   လက်မှတ်ရေးထိုးထားခြင်း မရှိပေ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ UNHCR ၊ IOM နှင့် အခြားအဖွဲ့အစည်းများသည် အဆိုပါ ဒုက္ခသည်များနှင့် လာရောက်ခိုလှုံသူများအတွက် မရှိ မဖြစ်လိုအပ်သော အရာများကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။ ၂၀၂၄ ခုနှစ် ဧပြီလအထိ UNHCR ၏ ဒေတာများအရ အင်ဒိုနီးရှားနိုင်ငံတွင် နေထိုင်သူ မြန်မာဒုက္ခသည်ဦးရေမှာ  ဒုက္ခသည် စုစုပေါင်း အရေအတွက်၏ ၂.၅ ရာခိုင်နှုန်းနှင့် ညီမျှလျှက်ရှိသော ဒုက္ခသည်ဦးရေ ၃,၂၀၀ ဦး ခန့်ရှိကြောင်းဖော်ပြထားပါ သည်။ 31 ၎င်းတို့အနက် ရိုဟင်ဂျာလူမျိုး ဒုက္ခသည်ဦးရေမှာ  အများဆုံးဖြစ်ကြောင်း တွေ့ရပါသည်။

ကမ္ဘာပေါ်ရှိ မြန်မာ ဒုက္ခသည်များကို ပြန်လည်နေရာချ ထားရေး

မြန်မာလူမျိုး ဒုက္ခသည်အများစုသည် ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် အိန္ဒိယ နိုင်ငံတို့ရှိ ယာယီ ဒုက္ခသည်စခန်းများသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ ဒုက္ခသည်အချို့သည် UNHCR မှ ပြန်လည်နေရာ ချထား ရေး အစီအစဉ်ဖြင့် တတိယနိုင်ငံများတွင် အခြေချနေထိုင်ရန် ၎င်းတို့၏အိမ်ရှင်နိုင်ငံများမှ ထွက်ခွာရန် အတွက် နည်းလမ်းရှာဖွေကြသည်။ UNHCR ၏ အဆိုအရ ပြန်လည်နေရာချထားရေး ဆိုသည်မှာ ရေရှည် သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့် အဆင့်အတန်းအပေါ် အခြေခံ၍ နေထိုင်ခွင့်ရှိသော တတိယနိုင်ငံတစ်နိုင်ငံအား အကာ အကွယ်ရယူထားသော နိုင်ငံတစ်နိုင်ငံမှ ဒုက္ခသည်များကို ရွေးချယ်ပေးခြင်းနှင့် လွှဲပြောင်းခြင်းတို့ ဖြစ်ပါသည်။ 32  ပြန်လည်နေရာချထားရေးအစီအစဉ်သည် ဒုက္ခသည်များ၏အဆင့်အတန်းနှင့်သက်ဆိုင်သည့် “ဒုက္ခသည်များ ဆိုင်ရာ ၁၉၅၁ ပဋိဥာဥ်” (1951 Refugee Convention)  နှင့် ၎င်း၏ ၁၉၆၇ ဖြည့်စွက်ချက်တို့ မှ ထွက်ပေါ်လာပြီး နိုင်ငံတကာ ဒုက္ခသည်များ၏ အခက်အခဲများအတွက် ခိုင်မာသော ရေရှည်ဖြေရှင်းချက်များကိုရှာဖွေပေးရန် လုပ်ပိုင်ခွင့်ကို ပေးထားသည့် UNHCR တည်ထောင်ခြင်းတို့မှ ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ ခိုင်မာသောဖြေရှင်းချက် နည်းလမ်းများမှာ –

  • မိမိဆန္ဒအလျောက် နေရပ်ပြန်ခြင်း – ဒုက္ခသည်များသည် မိမိတို့မူလ​နေထိုင်ရာနိုင်ငံသို့ဂုဏ်သိက္ခာရှိ လုံခြုံစွာဖြင့် ပြန်လည်​နေထိုင်ကြခြင်း။
  • ဒေသအလိုက် ပေါင်းစည်းနေထိုင်ခြင်း – ဒုက္ခသည်များသည် အိမ်ရှင်နိုင်ငံအတွင်း တရားဝင်အနေဖြင့် သော်၎င်း၊ စီးပွားရေးအရသော်၎င်း၊ သို့မဟုတ် လူမှုရေးအရသော်၎င်း ပေါင်းစည်းနေထိုင်ကြခြင်း။
  • ပြန်လည်နေရာချထားပေးခြင်း – ၎င်းလုပ်ငန်းစဥ်တွင် နိုင်ငံတစ်ခုတွင် လက်ရှိခိုလှုံ​နေ၍ တတိယနိုင်ငံတစ်ခုသို့ ဒုက္ခသည်အ​နေဖြင့် ၎င်းတို့၏ မိသားစု သို့မဟုတ် မှီခိုသူများနှင့်အတူ အမြဲတမ်း​နေထိုင်ခွင့် အဆင့်အတန်းနှင့် လာရောက်​ခွင့်ရှိသူများကို ​ရွေးချယ်ခြင်းနှင့် လွှဲ​ပြောင်း​ပေးခြင်းတို့ ပါဝင်ပါသည်။ ဤသို့အ​ခြေချ​နေထိုင်ခွင့် ရရှိသူများအ​​နေဖြင့် အဆိုပါနိုင်ငံ၏ တရားဝင်နိုင်ငံသားဖြစ်ခွင့်လည်း ရရှိမည် ဖြစ်ပါသည်။ 33

အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနှင့် ဥရောပနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားသည် မြန်မာနိုင်ငံမှ ဒုက္ခသည်များအား အမြဲတမ်းအခြေချနေထိုင်ရန်အတွက် ကမ်းလှမ်းကြရာ( မတူကွဲပြားသော နိုင်ငံ၊ ဒေသ အနှံ့အပြားရှိ  ပြန်လည်နေရာချထား ​ပေးခြင်းခံရ​သော မြန်မာဒုက္ခသည်များအား  ပုံ ၄ တွင် ကြည့်ရှုပါ)  အများ စုမှာ အမေရိကန်၌ အခြေချနေထိုင်ကြပါသည်။ ၂၀၂၄ ခုနှစ်တွင် UNHCR သည် ရိုဟင်ဂျာလူမျိုး ဒုက္ခသည် ၃၁,၄၀၀ ဦး ခန့်ကို ပြန်လည်နေရာချထားရန် စီစဉ်ထားသည်။ 34

 

ဒုက္ခသည်များ၏ အနာဂတ်အလားအလာ

မြန်မာနိုင်ငံမှဒုက္ခသည်များသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်ခဲ့သော ပြည်တွင်းပဋိပက္ခများကြောင့် ၎င်းတို့၏ အိုးအိမ်နေရာတို့ကို စွန့်ခွာထွက်ပြေးခဲ့ကြရပြီး ဆယ်စုနှစ်ပေါင်းများစွာ နယ်မြေရှာဖွေခဲ့ကြသူများ ဖြစ်ကြပါသည်။ ဒုက္ခသည်ဆိုင်ရာ အကာအကွယ်ပေးမှုနှင့် အခွင့်အရေးများအား အသိအမှတ်ပြုမှု ကင်းမဲ့ခြင်း တို့ကြောင့် မြန်မာနိုင်ငံမှဒုက္ခသည် အများအပြားမှာ ယာယီစခန်းများတွင် ပိတ်မိနေကြပြီး ဒုက္ခသည် အနည်းစု သည်သာ  UNHCR ပြန်လည်နေရာချထားရေး အစီအစဉ်၏ တစိတ်တပိုင်းတစ်ခုအဖြစ် ကူညီပံ့ပိုးပေးထား သော တတိယနိုင်ငံများတွင် လုံခြုံစိတ်ချစွာ ခိုလှုံခွင့် ရရှိကြပါသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသော နိုင်ငံရေးမတည်ငြိမ်မှုများ၊ လူမျိုးရေးပဋိပက္ခများနှင့် ပြေလည်မှု မရရှိ ခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံများ၌ ဒုက္ခသည်ဦးရေ ပိုမိုတိုးပွားလာမည်သာဖြစ်သည်။ လာမည့်နှစ်များတွင် ဒုက္ခသည်ဦးရေ တိုးလာမည်ဟု ဒိန်းမတ်ဒုက္ခသည်ကောင်စီက ခန့်မှန်းထားပြီး မြန်မာနိုင်ငံမှ လူအများအပြားကို နေရပ်စွန့်ခွာကာ အခြားနိုင်ငံများသို့ ခိုလှုံရန် တွန်းအားပေးမှုများ ပိုမိုများပြားလာမည်ဟု ခန့်မှန်းထားသည်။ (35   ထို့ကြောင့် အချို့သော ဒုက္ခသည်များသည် အိမ်ရှင်နိုင်ငံ၌ ကြားခံ နိုင်ငံ အဖြစ်သာ ပြောင်းရွှေ့နေထိုင်၍ အလုပ်အကိုင် ရှာဖွေခြင်း၊ သို့မဟုတ် ပညာရေးနှင့် ပိုမိုကောင်းမွန်သော အခွင့် အလမ်းများနှင့် အခြေအနေများကို ရယူရန် ကြိုးပမ်းကောင်းကြိုးပမ်းကြမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့ အပါအဝင် အိမ်နီးချင်းနိုင်ငံများသည် ဒုက္ခသည်များ ရွှေ့ပြောင်းလာမည့် အခြေ အနေများအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သကဲ့သို့ အောင်မြင်သော ပေါင်းစပ်ဆောင်ရွက်မှု နည်းလမ်း များ ဖွံ့ဖြိုးတိုးတက်ရန်လည်း လိုအပ်ပြီး ဒုက္ခသည်များ၏ အဆင့်အတန်းနှင့် သက်ဆိုင်သည့် “ဒုက္ခသည်များ ဆိုင်ရာ ၁၉၅၁ ပဋိဥာဥ်” (1951 Refugee Convention) နှင့် ၁၉၆၇ ဖြည့်စွက်ချက်ပရိုတိုကော တို့ကို  အတည် ပြုရန်အတွက် UNHCR  နိုင်ငံများမှ ထပ်မံတောင်းဆိုမှုများပြုလုပ်ပေးရန် လိုအပ်ပါသည်။

မြန်မာဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများ၏အနာဂတ်နှင့် ပတ်သက်၍  ပြန်လည်နေရာချထားရေးနှင့် အိုးမဲ့အိမ်မဲ့ဖြစ်ရသည့် အကြောင်းအရင်းများကို ဖြေရှင်းရာတွင် ဘက်ပေါင်းစုံမှ ချဉ်းကပ်၍  လူသားချင်းစာနာ ထောက်ထားမှု အကူအညီများနှင့်အတူ ပေါင်းစည်းဆောင်ရွက်မှုများအတွက် ရေရှည်မဟာဗျူဟာများဖြင့် ဖြေရှင်းရန် လိုအပ်ပါသည်။ ထို့အပြင် ဥပဒေမူဘောင်များ၊ အသက်မွေးဝမ်းကျောင်းမှု အစီအစဉ်များ၊ ပညာရေး နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးတို့ အားမြှင့်တင်ပေးခြင်းသည်  အိမ်ရှင်နိုင်ငံများ၌  ဒုက္ခသည်များလက်ရှိ ရင်ဆိုင်လျှက်ရှိသော အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အထောက်အကူ ဖြစ်စေပါသည်။

xxxxxxxxxxxxxxxxx

 

References

  • 1. ကမ္ဘာ့ကုလ သမဂ္ဂ လူဦး​ရေဆိုင်ရာ လုပ်ငန်းအဖွဲ့ (UNFPA) “ကမ္ဘာ့လူဦး​ရေအ​ခြေပြဇယား  မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ” (ထုတ်ပြန်ချက် ရက်စွဲမသိရ) World Population Dashboard မှ (၂၀၂၄) ဇွန်တွင် အချက်အလက် ရယူထား​ပါသည်။
  • 2. မြန်မာနိုင်ငံ လူနည်း စု အခွင့်အ​ရေးဆိုင်ရာ (၂၀၂၀) အစီရင်ခံစာ (Minority Rights Group 2020 Myanmar) Myanmar မှ (၂၀၂၄) ဇွန်တွင် အချက်အလက် ရယူထား​ပါသည်။
  • 3. Nina Evason ရေးသားသည့် “မြန်မာ့​ယဉ်ကျေးမှု နှင့် ကိုးကွယ်မှု ဆိုင်ရာ ၂၀၁၇ အစီရင်ခံစာ” Myanmar culture: Religion   မှ (၂၀၂၄) ဇွန်တွင် အချက်အလက် ရယူထား​ပါသည်။
  • 4. မြန်မာနိုင်ငံဒုက္ခသည်များဆိုင်ရာ ​ သြစတြေးလျ ကောင်စီ (Refugee Council of Australia) “မြန်မာနိုင်ငံမှဒုက္ခသည်များအတွက် အ​ရေးထားရမည့်ကိစ္စရပ်များဆိုင်ရာ (၂၀၂၁) အစီရင်ခံစာ” Key issues for refugees from Myanmar (Burma) မှ (၂၀၂၄) ဇွန်တွင် အချက် အလက် ရယူထား​ပါသည်။
  • 5. ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာ မင်းကြီးရုံး “မြန်မာနိုင်ငံအခြေအနေ ၂၀၂၃ အစီရင်ခံစာ” Myanmar situation. မှ (၂၀၂၄) ဇွန်တွင် အချက် အလက် ရယူထား​ပါသည်။
  • 6. ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး  “ဒုက္ခသည် များအဖြစ် ကာကွယ်​စောင့်​ရှောက်မှု ရပိုင်ခွင့်ရှိသူများ” အစီရင်ခံစာ (ထုတ်ပြန်ချက် ရက်စွဲမသိရ) Who we protect refugees မှ (၂၀၂၄) ဇွန်တွင် အချက်အလက် ရယူထား​ပါသည်။
  • 7. ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး  “နိုင်ငံ​ရေးခိုလှုံခွင့်​တောင်းခံသူအဖြစ် ကာကွယ်​စောင့်​ရှောက်မှု ရပိုင်ခွင့်ရှိသူများ” အစီရင်ခံစာ (ထုတ်ပြန်ချက် ရက်စွဲမသိရ) Who we protect Asylum-seekers မှ (၂၀၂၄) ဇွန် တွင် အချက်အလက် ရယူထား​ပါ သည်။
  • 8. Sheikh Saqib Muneer   ရေးသားသည့် “နိုင်ငံမဲ့သူတို့၏ ​နေရာများ” ၂၀၂၃ အစီရင်ခံစာ  States of Statelessness for the Rohingya မှ (၂၀၂၄) ဇွန် တွင် အချက်အလက် ရယူထား​ပါသည်။
  • 9. Sebastien Moretti ရေးသားသည့်   “အ​ရှေ့​တောင်အာရှ​ဒေသအတွင်း ဒုက္ခသည်ကာကွယ်​စောင့်​ရှောက်မှု”   ၂၀၂၃ အစီရင်ခံစာ  Refugee protection in Southeast Asia  မှ (၂၀၂၄) ဇွန်တွင် အချက်အလက် ရယူထား​ပါသည်။
  • 10. မဲ​​ခေါင်​ဒေသ ​ရွှေ့​ပြောင်း​နေထိုင်မှုကွန်ရက် (Mekong Migration Network) ၏  “မဟာမဲ​ခေါင်​ဒေသကြီးရှိ အစိတ်အပိုင်း များ (Greater Mekong Sub-region – GMS)     နောက်ခံအ​ထွေ​ထွေအ​ကြောင်းရင်းများ (ထုတ်ပြန်ချက် ရက်စွဲမသိရ) အစီရင်ခံစာ”  General Background မှ (၂၀၂၄) ဇွန် တွင် အချက်အလက် ရယူထား​ပါသည်။
  • 11. Sebastien Moretti ရေးသားသည့်   “အ​ရှေ့​တောင်အာရှ​ဒေသအတွင်း ဒုက္ခသည်ကာကွယ်​စောင့်​ရှောက်မှု   ၂၀၂၃ အစီရင်ခံစာ”  Refugee protection in Southeast Asia  မှ (၂၀၂၄) ဇွန် တွင် အချက်အလက် ရယူ ထား​ပါသည်။
  • 12. ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (ထုတ်ပြန်ချက် ရက်စွဲ မသိရ) “ထိုင်းနိုင်ငံဆိုင်ရာ ၂၀၂၃ အစီရင်ခံစာ”  Thailandမှ (၂၀၂၄) ဇွန်တွင် အချက်အလက် ရယူထား​ပါသည်။
  • 13. ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (ထုတ်ပြန်ချက် ရက်စွဲ ၂၀၂၃)“ထိုင်းနိုင်ငံဆိုင်ရာ အချက်အလက် သတင်းလွှာ”  UNHCR Thailand Fact Sheet  မှ (၂၀၂၄) ဇွန်တွင် အချက်အလက် ရယူထား​ပါသည်။
  • 14. ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး “ထိုင်း – မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များဆိုင်ရာ ကြိုတင်ပြင်ဆင်မှုနှင့် တုန့်ပြန်​ဆောင်ရွက်မှု အစီအစဉ် ၂၀၂၄ အစီရင်ခံစာ” (UNHCR: Refugee Preparedness & Response Plan, Thai-Myanmar Border, 2024) မှ (၂၀၂၄) ဇွန်တွင် အချက်အလက် ရယူထား​ပါသည်။
  • 15. ထိုင်း-မြန်မာ နယ်စပ် ယာယီစခန်းများရှိ ဒုက္ခသည် အ​ရေအတွက် ဧပြီ ၂၀၂၄ အစီရင်ခံစာ”  Refugee Camp Population: April 2024   မှ (၂၀၂၄) ဇွန်တွင် အချက်အလက် ရယူထား​ပါသည်။
  • 16. ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး  (UNHCR) “မြန်မာနိုင်ငံမှ လာအိုနိုင်ငံသို့ လာ​ရောက်သည့် ဒုက္ခသည်ဆိုင်ရာ အချက်အလက် ရှာ​ဖွေ​ရေး အစီရင်ခံစာ (ထုတ်ပြန်ချက် ရက်စွဲမသိရ) Myanmar to Lao People’s Dem. Rep. (LAO) မှ (၂၀၂၄) ဇွန်တွင် အချက်အလက် ရယူထား​ပါသည်။
  • 17. ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR လုပ်ငန်းစဉ် ဆိုင်ရာ အချက်အလက် လမ်းညွှန်ဝက်ဘ်ဆိုက်  ဘင်္ဂလားဒေ့ရှ် Operational Data Portal: Bangladesh မှ ၂၀၂၄ ခုနှစ် ဇွန်လတွင် အချက်အလက် ရယူထားပါသည်။
  • 18. ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းရှင်းလင်းချက် ၂၀၂၃ အစီရင်ခံစာ Rohingya Refugee Crisis Explained မှ ၂၀၂၄ ဇွန်တွင် အချက်အလက် ရယူထားပါသည်။
  • 19. လုပ်ငန်းစဉ်ဆိုင်ရာ အချက်အလက် လမ်းညွှန် ဝက်ဘ် ဆိုက်  ဘင်္ဂလားဒေ့ရှ် Operational Data Portal: Bangladesh  မှ ၂၀၂၄ခုနှစ် ဇွန်တွင် အချက်အလက် ရယူထားပါသည်။
  • 20. ဘင်္ဂလားဒေ့ရှ် ပူးတွဲအစိုးရ – UNHCR ၂၀၂၄ ခုနှစ် မတ်လအထိ လူဦးရေ အချက်အလက် သတင်းလွှာ Joint Government of Bangladesh – UNHCR Population Factsheet as of March 2024 မှ ၂၀၂၄ ဇွန်တွင် အချက်အလက် ရယူထားပါသည်။
  • 21.   UNHCR မလေးရှားနိုင်ငံဆိုင်ရာ ၂၀၂၄ အစီရင်ခံစာ   Malaysia. မှ ၂၀၂၄ခုနှစ် ဇွန်တွင် အချက်အလက် ရယူထားပါသည်။
  • 22.   Benar News လွန်ခဲ့သည့် ၆ လအတွင်း မလေးရှားနိုင်ငံသို့ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြသည့် ရာနှင့်ချီသော ရိုဟင်ဂျာများ ၂၀၂၂ အစီရင်ခံစာ Hundreds of Rohingya tried to flee to Malaysia in past 6 months မှ ၂၀၂၄ခုနှစ် ဇွန်တွင် အချက်အလက် ရယူထားပါသည်။
  • 23.   Jonathan Head။  မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံမှ ခိုလှုံခွင့်တောင်းခံသူများကို အဘယ်ကြောင့် ပြည်နှင် ဒဏ်ပေးသနည်း ၂၀၂၂ အစီရင်ခံစာ Why is Malaysia deporting Myanmar asylum seekers? မှ ၂၀၂၄ ဇွန်တွင် အချက်အလက် ရယူထားပါသည်။
  • 24.   Cahaya Surya Bakti  ဒုက္ခသည်တွေက ဘယ်သူတွေလဲ အစီရင်ခံစာ  (ထုတ် ပြန်ချက် ရက်စွဲမသိရ)  Who are refugees မှ ၂၀၂၄ ဇွန်တွင် အချက်အလက် ရယူထားပါသည်။
  • 25.   UNHCR  အိန္ဒိယနိုင်ငံဆိုင်ရာ အစီရင်ခံစာ (ထုတ်ပြန်ချက် ရက်စွဲမသိရ) India  မှ  ၂၀၂၄ခုနှစ် ဇွန်တွင် အချက်အလက် ရယူထားပါသည်။
  • 26.   Acaps  အိန္ဒိယရှိ မြန်မာဒုက္ခသည်များ ၂၀၂၃ အစီရင်ခံစာ India: Myanmar Refugees  မှ ၂၀၂၄ ဇွန်တွင် အချက် အလက် ရယူထားပါသည်။
  • 27.     UNHCR အိန္ဒိယနိုင်ငံဆိုင်ရာ အစီရင်ခံစာ (ထုတ်ပြန်ချက် ရက်စွဲမသိရ) India  မှ ၂၀၂၄ ခုနှစ် ဇွန်တွင် အချက်အလက် ရယူထားပါသည်။
  • 28.   Acaps  အိန္ဒိယရှိ မြန်မာဒုက္ခသည် များ ၂၀၂၃ အစီရင်ခံစာ India: Myanmar Refugees  မှ ၂၀၂၄ ဇွန်တွင် အချက်အလက် ရယူထားပါသည်။
  • 29.   UNHCR လုပ်ငန်းစဉ်ဆိုင်ရာ အချက်အလက် လမ်းညွှန်ဝက်ဘ်ဆိုက် – မြန်မာနိုင်ငံဆိုင်ရာ အခြေအနေ ၂၀၂၄ အစီရင်ခံစာ Operational Data Portal: Myanmar Situation  မှ ၂၀၂၄ ဇွန်တွင် အချက်အလက် ရယူထားပါသည်။
  • 30.   Uzair Thamrin ရိုဟင်ဂျာဒုက္ခသည်များ ရောက်ရှိလာမှုနှင့်အတူ   မှောင်ခို သမားများ၏ သံသယဖြစ်ဖွယ် အခန်းကဏ္ဍကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှု ၂၀၂၂ အစီရင်ခံစာ  Indonesian Police Probe Suspected Smugglers’ Role in Rohingya Arrival  မှ ၂၀၂၄ ဇွန်တွင် အချက် အလက် ရယူထားပါသည်။
  • 31.   UNHCR လုပ်ငန်းစဉ်ဆိုင်ရာ အချက်အလက် လမ်းညွှန်ဝက်ဘ်ဆိုက် – မြန်မာနိုင်ငံဆိုင်ရာ အခြေအနေ ၂၀၂၄ အစီရင်ခံစာ Operational Data Portal: Myanmar Situation  မှ ၂၀၂၄ ဇွန်တွင် အချက်အလက် ရယူထားပါသည်။
  • 32.   UNHCR ပြန်လည်​နေရာချထား​ရေးဆိုသည်မှာ အဘယ်နည်း ၂၀၂၄ အစီရင်ခံစာ What is resettlement  မှ ၂၀၂၄ ဇွန်တွင် အချက်အလက် ရယူထားပါသည်။
  • 33. Ibid. 
  • 34.   UNHCR လုပ်ငန်းစဉ်ဆိုင်ရာ အချက် အလက် လမ်းညွှန်ဝက်ဘ်ဆိုက် – မြန်မာနိုင်ငံဆိုင်ရာ အခြေအနေ ၂၀၂၄ အစီရင်ခံစာ Operational Data Portal: Myanmar Situation  မှ ၂၀၂၄ ဇွန်တွင် အချက်အလက် ရယူထားပါသည်။
  • 35.    ဒိန်းမတ် ဒုက္ခသည်ကောင်စီ “ရှေ့အလားအလာ ကြိုတင်​မြော်မြင်မှု နှင့် ခန့်မှန်းမှု များ (ထုတ်ပြန်ချက် ရက်စွဲမသိရ) အစီရင်ခံစာ”  Foresight: Displacement forecasts မှ ၂၀၂၄ ဇွန်တွင် အချက်အလက် ရယူထားပါသည်။