လူဦးရေနှင့် သန်းခေါင်စာရင်း
နယ်မြေရှာဖွေ ခိုလှုံနေကြ ရသည့် မြန်မာ ဒုက္ခသည်များ
ဘားမားဟုလူသိများသည့် မြန်မာနိုင်ငံသည် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းဒေသ၏ အစိတ်အပိုင်းတစ်ခုဖြစ်၍ အရှေ့တောင်အာရှဒေသအတွင်း တည်ရှိကာ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ တရုတ် ၊ လာအို ၊ ထိုင်းနိုင်ငံတို့နှင့် နယ်န မိတ်ချင်း ထိစပ်လျက်ရှိပြီး လူဦးရေ စုစုပေါင်း ၅၄.၆ သန်း မှီတင်းနေထိုင်ပါသည်။ 1 မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုပေါင်း (၁၃၅) မျိုးကျော် နေထိုင်လျှက်ရှိပြီး အဆိုပါ တိုင်းရင်း သား အများစုမှာ ပြည်နယ် (၇) ခုအတွင်း မှီတင်းနေထိုင်လျှက် ရှိကြပါသည်။2 ဗမာ (တရားဝင်အခေါ် ဘားမားနှင့် ဒေသတွင်းအခေါ် ဗမာ) လူမျိုး များ ...