စက်ရုံလုပ်သားများ အတွက် စမတ်ဖုန်းဆော့ဝဲလ် မိတ်ဆက်

ဥရောပသမဂ္ဂနှင့် GIZ အဖွဲ့အစည်းတို့၏ ရန်ပုံငွေထောက်ပံ့ပေးမှုဖြင့် SMART Myanmar စီမံကိန်းမှ အကောင်အထည် ဖော်ဆောင်ရွက်သည့် စက်ရုံလုပ်သားများ အတွက်ရည်ရွယ်သော “Shwe Job” စမတ်ဖုန်းဆော့ဝဲလ် မိတ်ဆက်ပွဲ အခမ်းအနားကို မေလ (၁) ရက် May Day ကမ္ဘာ့အလုပ်သမားနေ့တွင်  ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ဆန်းဒေးကဖေး (၂) တွင်  သုံးပန်လှအဖွဲ့ဝင်အများပါဝင်၍ ပျော်ပွဲရွှင်ပွဲများနှင့်အတူကျင်းပပြုလုပ်ခဲ့ကြောင်း SMART Myanmar ၏ စီမံကိန်းမန်နေဂျာ မစုတေဇာလင်း ထံမှသိရသည်။

Keep reading