အိမ်ထောင်မပြုသည့် အမျိုးသမီးများ များပြားလာမှု ထိန်းချုပ်နိုင်ရန် လူဦးရေမူဝါဒ ရေးဆွဲမည်

မြန်မာနိုင်ငံတွင် အိမ်ထောင်မကျသည့် အမျိုးသမီး ရာခိုင်နှုန်းမြင့်တက်မှုနှင့်အတူ ကလေးမွေးဖွားနှုန်းလည်း ကျဆင်းလာသောကြောင့် ယင်းကိစ္စမှာ တိုင်းပြည်၏ အနာဂတ်နှင့်ပါ သက်ဆိုင်နေသဖြင့် လူဦးရေ ထိန်းညှိနိုင်ရန် “လူဦးရေမူဝါဒ” တရပ်ကို ရေးဆွဲ ပြဌာန်းရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံ၍ တွက်ချက်မှုအရ ယခုအချိန်တွင် အမျိုးသမီးတယောက် ၏ ကလေးမွေးနှုန်းသည် ၂ ယောက်ခွဲနှုန်း ရှိကြောင်း၊ ထို့ကြောင့် ၁၀ စုနှစ်တခုတွင် ကလေးမွေးနှုန်းမှာ ၁ ဦးခန့် ကျဆင်းလာသည်ကို လေ့လာတွေ့ရှိရကြောင်း ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုးက ဆိုသည်။

Keep Reading