Sustainable Development Goals
မြန်မာနိုင်ငံ၏ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင် ၃ - ကောင်းမွန်သော ကျန်းမာရေးနှင့် သာယာဝပြောရေး
နိဒါန်း ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင် ၃ ဖြစ်သည့် “လူတိုင်းစေ့ ကျန်းမာရေးနှင့် ၎င်းတို့ဘဝ သာယာဝပြောမှုကို မြှင့်တင်ပေးရန်” တွင် အညွှန်းကိန်း (၂၆)ခုဖြင့် ရည်မှန်းချက်(၁၃)ချက် ပါဝင်သည်။ အဆိုပါရည်မှန်းချက်များထဲတွင် မိခင်ကျန်းမာရေး(၃.၁) ကလေးကျန်းမာရေး(၃.၂)၊ ကူးစက်တတ် သော (၃.၃)နှင့် မကူးစက်တတ်သော(၃.၄) ရောဂါများ၊ မူးယစ်ဆေးဝါးအလွဲသုံးမှု(၃.၅)၊ ယာဉ်မတော်တဆမှု (၃.၆)၊ လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှု(၃.၇)၊ တကမ္ဘာလုံးကျန်းမာရေးလွှမ်းခြုံမှု(၃.၈)၊ နှင့် သဘာဝပတ်ဝန်းကျင်အန္တရာယ်များ(၃.၉)တို့ ပါဝင်သည်။ ထို့အပြင် ဆေးရွက်ကြီးထိန်းချုပ်မှု (၃.က)၊ ကာကွယ်ဆေးနှင့် ဆေးဝါးများအတွက် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု (၃.ခ)၊ ကျန်းမာရေးရန်ပုံငွေနှင့် ကျန်းမာရေးလုပ်သား(၃.ဂ)နှင့် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများ(၃.ဃ) တို့ ကိုလည်း ရေရှည် ...
ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ် ၂၀၃၀ ကို အတည်ပြုခဲ့ပါသည်။ ထိုအစီအစဉ်တွင် ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်(SDGs) ၁၇ ခု ပါဝင်ပြီး ကမ္ဘာ့ အရေးကြီးပြဿနာများနှင့် ပတ်သက်၍ ၂၀၃၀ ခုနှစ်အထိ လျာထားဆောင်ရွက်ရန် ရည်ရွယ်ပါသည်။ ထိုပန်းတိုင်များကို ရည်မှန်းချက်ပေါင်း ၁၆၉ ခုနှင့် တိုင်းတာမှုပေါင်း ၂၃၀ ခု ခွဲထားပါ သည်။ 1 ၂၀၁၅ ခုနှစ်မတိုင်မီ ရရှိအောင်မြင်ရမည့် အချက် ၈ ချက်ပါဝင်သော ထောင်စုနှစ်ဖွံ့ဖြိုးရေး ...