ဆက်သွယ်ရေးလုပ်ငန်းများ
ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ မူဝါဒနှင့် အုပ်ချုပ်ရေး
အင်တာနက် စတင် အသုံးပြုသူများ အနေဖြင့် အန္တရယ် ကြုံတွေ့နေရကြောင်း Cyber လုံခြုံရေး စစ်တမ်းမှ ဖော်ပြ
ယခုနှစ် သုံးလအတွင်း အာရှနိုင်ငံများထဲ Cyber တိုက်ခိုက်ခံရမှုတွင် မြန်မာနိုင်ငံသည် အဆင့်၂၂နေရာ တွင် ရှိနေ ကြောင်း Microsoft မှ ကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုအရသိရသည်။“Data တွေနဲ့ ပတ်သက်ပြီး လုံခြုံမှုမှာ ဘယ်ကဏ္ဍမှာ မလုံခြုံတယ်ဆိုတာမရှိပါဘူး။ အခုဆိုရင် Cyber ကနေ ပုံစံအမျိုးမျိုးနဲ့ ခိုးယူခံနေရပါတယ်။ အစိုးရဒေတာတွေ ရော ပုဂ္ဂလိက ဒေတာတွေရော စနစ်တကျနဲ့ ကို ခိုးယူနေကြပါတယ်။ ဒါတွေကို တစ်ဖက်က နေ ခိုးယူပြီး အသုံးချနေကြတာတွေ အများကြီးရှိပါတယ်။ Cyber Crimes တွေကိုကြည့်မယ်ဆိုရင် အစိုးရပိုင်းကော ပုဂ္ဂလိကပိုင်းကော ပြစ်မှုတော်တော်များများက နောက်ယောင်ခံဖို့ ခက်ခဲကြပါတယ်။ ...