အင်တာနက် စတင် အသုံးပြုသူများ အနေဖြင့် အန္တရယ် ကြုံတွေ့နေရကြောင်း Cyber လုံခြုံရေး စစ်တမ်းမှ ဖော်ပြ

ယခုနှစ် သုံးလအတွင်း အာရှနိုင်ငံများထဲ Cyber တိုက်ခိုက်ခံရမှုတွင် မြန်မာနိုင်ငံသည် အဆင့်၂၂နေရာ တွင် ရှိနေ ကြောင်း Microsoft မှ ကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုအရသိရသည်။
“Data တွေနဲ့ ပတ်သက်ပြီး လုံခြုံမှုမှာ ဘယ်ကဏ္ဍမှာ မလုံခြုံတယ်ဆိုတာမရှိပါဘူး။ အခုဆိုရင် Cyber ကနေ ပုံစံအမျိုးမျိုးနဲ့ ခိုးယူခံနေရပါတယ်။ အစိုးရဒေတာတွေ ရော ပုဂ္ဂလိက ဒေတာတွေရော စနစ်တကျနဲ့ ကို ခိုးယူနေကြပါတယ်။ ဒါတွေကို တစ်ဖက်က နေ ခိုးယူပြီး အသုံးချနေကြတာတွေ အများကြီးရှိပါတယ်။ Cyber Crimes တွေကိုကြည့်မယ်ဆိုရင် အစိုးရပိုင်းကော ပုဂ္ဂလိကပိုင်းကော ပြစ်မှုတော်တော်များများက နောက်ယောင်ခံဖို့ ခက်ခဲကြပါတယ်။ ဒါတွေကစိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်။ အခုမြန်မာနိုင်ငံမှာ ဆိုရင် ပွင့်လင်းလာပြီး အင်တာနက် အသုံးပြုမှုတွေဟာလည်းများလာပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာCyber Security နဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူ သိပ်မရှိဘူး” ဟု Microsoft မှ Regional Director Astrid S.Tuminez ကပြောသည်။

Keep reading