လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း
ရေအားလျှပ်စစ်ထုတ်ဆည်များ
ရခိုင်ပြည်နယ်ရှိ သူဌေးချောင်း လျှပ်စစ်ဓါတ်အားပေးဆည် ၅၀% ခန့် ပြီးစီး
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ဘီလီယံ ကျပ် သုံးရာ ကျော် အကုန်အကျခံ ကာ တည်ဆောက်နေသော ရေအားလျှပ်စစ် စီမံကိန်းမှာ ယခုအခါ ရာခိုင်နှုန်း ထက်ဝက်နီးပါး ပြီးစီးကာ လာမည့်နှစ် အနည်းငယ်အတွင်း ရခိုင်ပြည်နယ် အပါအဝင် လျှပ်စစ်မီး အပြည့်အဝရရှိရန် လိုအပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဖြန့်ဖြူးပေးနိုင်တော့မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။Keep reading ...
မြစ်ဆုံဆည်၏ အနာဂတ်မှာ စောင့်ကြည့်ဆဲသာဖြစ်
သမ္မတ ဦးထင်ကျော်၏ ယခုလ အစောပိုင်းက သွားရောက်ခဲ့သည့် တရုတ်နိုင်ငံ ခရီးစဉ်မှာ အောင်မြင်ခဲ့သည်ဟု ဆိုသော်လည်း အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံ တန်ဘိုးရှိ မြစ်ဆုံ ဆည်၏ ကံ ကြမ္မာမှာ စောင့် ကြည့်ဆဲ အဆင့်သာ ရှိသေးကြောင်း သိရသည်။Keep reading (English) ...
သမ္မတ ဦးထင်ကျော် တရုတ်နိုင်ငံ အလည်အပတ် ခရီးစဉ်အတွင်း မြစ်ဆုံ ဆည် အကြောင်း ဆွေးနွေးနိုင်ဖွယ်ရှိ
သမ္မတ ဦးထင်ကျော် အနေဖြင့် ယမန်နေ့က စတင်ခဲ့သည့် သူ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မြစ်ဆုံ ဆည် ကိစ္စအား ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း သိရသည်။ Keep reading ...
ဆည် တည်ဆောက်ရေး စီမံကိန်းများ ရပ်တန့်ရန် တောင်းဆို
ရွာသူရွာသား ၄၀၀ ခန့်မှ ယင်းတို့၏ နေအိမ်များနှင့် မြေယာများ ရေနစ်မြှပ်သွားစေမည့် ဆည် တည်ဆောက်ရေး အား ဆန္ဒပြရန် ပြီးခဲ့သည့် အပတ် က ရှမ်းပြည်နယ်၊ သီပေါမြို့နယ် ရှိ နမ္မတူ မြစ်ကမ်းများပေါ်တွင် စုရုံးခဲ့ကြသည်။Keep reading (English) ...
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့သူများက အစိုးရအနေဖြင့် မြစ်ဆုံရေကာတာတည်ဆောက်မှုကို ဖျက်သိမ်းပေးရန်တောင်းဆို
ဒေါသထွက် နေကြသော ရွာသူရွာသားများ၊ အစိုးရအဖွဲ့ဝင်များ၊ ကျွမ်းကျင်သူပညာရှင်များနှင့် ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများက ကချင်ပြည်နယ်တွင် အကောင်အထည်ဖော်လျက်ရှိသည့် မြစ်ဆုံရေကာတာ စီမံကိန်း၏ ပြဿနာများကို ဖော်ထုတ်ရန် စုစည်းလာကြသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို မြန်မာအစိမ်းရောင်ကွန်ယက် (Myanmar Green Network) က စီစဉ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ညွှန်ကြားထားသည့် ကော်မရှင်၏ စီမံကိန်း အစီရင်ခံစာတင်သွင်းရာ၌ သက်ရောက်မှုရှိစေရန် ထုတ်ဖော်ပြောဆိုမှုအချို့ ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့ကြောင်း သိရသည်။Keep reading ...
မိုးလေဝသပညာရှင်က အလွန်ကြီးမားသော မြစ်ဆုံဆည်ကြီးအစား သေးငယ်သောဆည်ငယ်ကလေးများဖြင့် ပြောင်းလဲရန် အကြံပြု
မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးဟောင်းတစ်ဦးဖြစ်သူက မြစ်စုံရေအားလျှပ်စစ်စီမံကိန်း၏ အဖြေရှာရန်ခက်ခဲနေဆဲ ပြဿနာအား ဖြေရှင်းနိုင်ရန် နည်းလမ်းသစ်တစ်ခုကို အဆိုပြုလိုက်သည်။ အဖျက်စွမ်းအားကြီးပြီး လူထုက ဝေဖန်မှုမြင့်တက်နေသော မဟာဆည်ကြီးတစ်ခု တည်ဆောက်မည့်အစား သေးငယ်သော ရေအားလျှပ်စစ်စီမံကိန်း ၄ ခု ပြောင်းလဲ ဆောင်ရွက်သင့်ကြောင်း ယင်း၏ Facebook စာမျက်နှာတွင် မနေ့ညက ရေးသားခဲ့ခြင်းဖြစ်သည်။Keep reading ...
Chinese paper calls opposition to Myanmar dams ‘extreme’
Opposition to Chinese-invested hydropower schemes in Myanmar is being orchestrated by “extreme” groups in the country and has been extremely damaging to joint investment projects, an influential Chinese newspaper wrote on Monday. Keep reading ...