စီးပွါးရေးနှင့် ကုန်သွယ်ရေး
ဘဏ်လုပ်ငန်းနှင့် ငွေကြေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ
အာမခံ လုပ်ငန်း အမျိုးအစား အားလုံးလုပ်ကိုင်ခွင့် ပြုရန် အဆိုပြု
ပုဂ္ဂလိက အာမခံလုပ်ငန်းများ၏ အာမခံလုပ်ငန်း အမျိုးအစားအားလုံးကို လုပ်ကိုင်ခွင့်ပြုရန်အတွက် အစိုးရက မြန်မာ့ဘဏ္ဍာရေးအာဏာပိုင်များထံ အဆိုပြုခဲ့သည်။ အာမခံလုပ်ငန်း အမျိုးအစား ၄ဝကို လုပ်ကိုင်ခွင့်ပေးထားပြီး ဆက်လက်၍ လယ်သမား အာမခံနှင့် ပြည်ပရောက်အလုပ်သမားများ၏ အသက်အာမခံကို ထပ်ပေါင်းလုပ်ကိုင်နိုင်ရန် အစိုးရက ခွင့်ပြုပေးသွားရန်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကပြောသည်။Keep reading ...
မြန်မာ့ အင်အားကြီးဘဏ်နှင့် တရုတ်နိုင်ငံ အခြေစိုက် Union Pay International တို့ ပူးပေါင်းကာ အကြွေးဝယ် ကတ် ထုတ်ဝေ
မြန်မာ့ အင်အားကြီး ပြည်တွင်း ဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇ ဘဏ်မှ တရုတ်နိုင်ငံ အခြေစိုက် Union Pay International (UPI) နှင့် ပူးပေါင်းပြီး ယင်း၏ ပြည်တွင်း ပြည်ပတွင် အသုံး ပြုနိုင်သော အကြွေးဝယ် ကတ် အား အင်္ဂါနေ့က စတင် မိတ်ဆက် ခဲ့သည်။Keep reading (English) ...