ရွှေအချောထည်ပစ္စည်းများကို ရောင်းချရာတွင် အခွန် ၁ ရာခိုင်နှုန်း ပေးဆောင်ရမည်

ရွှေအချောထည်ပစ္စည်းများကို ရောင်းချရာတွင် ဝယ်ယူသူများထံမှ ကုန်သွယ်လုပ်ငန်းခွန် အဖြစ် တစ်ရာခိုင်နှုန်း ကောက်ခံပေးရမည်ဖြစ်ကြောင်း၂၀၁၇ပြည်ထောင်စုအခွန်ကောက်ဥပဒေကြမ်းတွင်ဖေဖော်ဝါရီလ၂၄ရက်တွင် ပြင် ဆင်ပြဌာန်းလိုက်သည်။
ကနဦး ပြဋ္ဌာန်းထားသော ဥပဒေကြမ်းတွင် အဆိုပါ ရွှေအချောထည်ပစ္စည်းများကို သုံးရာခိုင်နှုန်း ကောက်ခံ ရမည်ဟု ပြဋ္ဌာန်းထားရာမှ ရွှေလုပ်ငန်းရှင်များ အသင်းမှ အရောင်းအဝယ် လျော့နည်းလာနိုင်သောကြောင့် တစ်ရာခိုင်နှုန်းအား ကောက်ခံရန် ပြန်လည်တင်ပြပြီးနောက် ယခုကဲ့သို့ ပြင်ဆင် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။

Keep reading