ဇွဲကပင် တောင်တွင် ပလတ်စတစ် ကင်းစင်ရေး ဇုန် လှုပ်ရှားမူ ပြုလုပ်မည်

ပထမဆုံး ပလတ်စတစ် ကင်းစင်ရေး ဇုန် လှုပ်ရှားမူအား ဇွဲကပင် တောင်တွင် မတ်လ ၁၁ ရက်မှ ၁၄ ရက် အထိ ပြုလုပ်သွားမည် ဖြစ်သည်။

ကရင်ပြည်နယ် တပေါင်းပွဲတော်နှင့် တပြိုင်နက် ကျင်းပမည့် အဆိုပါ လှုပ်ရှားမူတွင် ဘားအံ ကျောင်းသားများ သမဂ္ဂ၊ ကျောင်းသားအဖွဲ့အစည်း များနှင့် ဘားအံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် အဖွဲ့အစည်း အသီးသီးမှ စေတနာ့ ဝန်ထမ်း ၃၅၀ ခန့် ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။

Keep reading (English)