မြန်မာနှင့် တောင်ကိုရီးယား ကုမ္ပဏီများမှ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မည်

မြန်မာနှင့် တောင်ကိုရီးယား နှစ်နိုင်ငံ အကြား နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ရန်အတွက် နှစ်နိုင်ငံ သဘောတူ နားလည်မှု စာချွန်လွှာကို လက်မှတ်ထိုး ခဲ့ကြောင်းသိရသည်။ ထိုနားလည်မှု စာချွန်လွှာကို မြန်မာစက်မှုဝန်ကြီးဌာနနှင့် တောင်ကိုရီးယား နိုင်ငံမှ the Korea Institute for Advancement of Technology (KIAT) တို့က ပြီးခဲ့သည့် ကြာသပတေးနေ့က နေပြည်တော် တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

Keep reading