ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း မှ တန်ဘိုးနည်း အိမ်ယာ စီမံကိန်းများ လုပ်ဆောင်သွားမည်

တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် တန်ဖိုးမျှတ အိမ်ရာများနှင့် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်သွားရန် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။

တန်ဖိုးမျှတအိမ်ရာ ၊တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်းကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရမှ အခြားသော ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်း ကိုရရှိထားပြီး အခြားသော တိုင်းနှင့်ပြည်နယ် အသီးသီးတွင် သက်ဆိုင်ရာ အစိုးရဖြင့် ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့မှ တာဝန်ပေးရန် စီစဉ်ထားမှုကို လက်ခံရရှိထားကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။

Keep reading